Sunday, January 27, 2013

၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်


၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်
ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေးကိစ္စ ရပ်ဆိုင်းတော့မည်ဟု ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ (Principal Deputy Assistant Secretary for Bureau of population refugees and migration US Department of state) ဒေးဗစ်ရောဘင်ဆန် (Mr.David Robinson)က ယနေ့ ပြောကြားလိုက်သည်။

ဒုက္ခသည်များအား ခေါ်ယူခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတခုတည်းသာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဒေးဗစ်ရောဘင်ဆန် ပြောဆိုခဲ့ကြောင်း မယ်လစခန်း ဒု-ဥက္ကဌ စောသာကဲက ကေအိုင်စီသို့ ယခုလို ပြန်လည်ပြောဆိုသည်။

“သူလာရတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေကို အသိလာပေးတဲ့သဘောပဲ။ ဒါဟာ အမေရိကန်နိုင်ငံတနိုင်ငံအတွက်ပဲ သူ လာပြောသွားတာဖြစ်တယ်။ ကျန်နိုင်ငံတွေကတော့ မဆိုင်ဘူး။ ဒီနေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ အမေရိကန်နိုင်ငံ သွားလိုသူaတွကို နာမည်စာရင်းလာပေးရမယ်။ နောက်ဆိုရင် မလက်ခံတော့ဘူး။ စာရင်းပိတ်တော့မယ်ပေါ့” ဟု စောသာကဲက ပြောသည်။

ထို့အပြင် အမေရိကနိုင်ငံသို့ သွားရောက်အခြေချလိုသည့် ဒုက္ခသည်များသည် နာမည်စာရင်းလာသွင်းပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသောသူဖြစ်ပြီး UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင်ဆောင်ထားသည့် ဒုက္ခသည်များ မပါဝင်ကြောင်း သိရသည်။

သို့သော် PAB လက်မှတ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအတွက် နာမည်စာရင်း ပြန်လည်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ပြန်လည်လုပ်ပေးသင့်မသင့်ကို UNHCR အနေဖြင့် ပြန်လည်ပြုလုပ်ပေးသွားရန် ရှိကြောင်းလည်း စောသာကဲက ဖြည့်စွက်ပြောဆိုသည်။

ဆက်လက်၍ စခန်းအတွင်းရှိ ဒုက္ခသည်လက်မှတ်မရှိသော လူသစ်များအား အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနိုင်မည့် အခွင့်အလမ်းမရှိသလို ၎င်းနိုင်ငံအနေဖြင့်လည်း လက်ခံသွားမည့် အစီအစဉ် ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် မရှိသေးသူ မယ်လစခန်းနေ အောင်ခိုင်ထွန်းက “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် လူဟောင်းအဖြစ် အခွင့်အရေးရချင်တယ်။ အခု လာရှင်းပြတာက လူသစ်အတွက် ဘာမှပြောသွားတာ မရှိဘူး။ တကယ်လို့ မသွားဖြစ်လည်း မြန်မာနိုင်ငံကိုတော့ ပြန်မှာမဟုတ်ဘူး။ သူတို့စီစဉ်တဲ့အတိုင်း၊ ထားတဲ့အတိုင်း နေသွားမယ်” ဟု ပြောသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်ခိုလှုံခွင့် ရက်သတ်မှတ်လိုက်သည်နှင့် ပတ်သက်၍ ယနေ့မနက်တွင် မယ်လစခန်း ဘောလုံးကွင်း၌ ဒုက္ခသည်များအား လာရောက်ရှင်းလင်းပြောဆိုရာတွင် US Embassy, UNHCR, IOM နှင့် RSC ကိုယ်စားလှယ်များလည်း ပါဝင်သည်။

ယခုလ ဇန်န၀ါရီ ၁၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး (နိုင်ကျာရုဖုန် ရေယန်ဆုဝမ်)က မယ်လဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်၏ အခြေအနေများကို လာရောက်လေ့လာခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကို အတင်းပြန်ခိုင်းမည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ဘန့်ဒုံယမ်းနှင့် ထမ်းဟင် စသည့် UNHCR မှ အသိအမှတ်ပြုထားသော ကရင်ဒုက္ခသည်စခန်း ၇ ခုရှိပြီး ၂၀၀၆ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုအစိုးရက ဒုက္ခသည်များကို ၎င်းတို့ နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို အမေရိကန်အပြင် သြစတြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများမှလည်း ခေါ်ယူလျက်ရှိသည်။ 

......................................................................................................


BBC, 17-01-2013.

ထိုင်း မြန်မာနယ်စပ် ဒုက္ခသည် စခန်းတွေက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ၂ နှစ် အတွင်း နေရပ်ရင်း ပြန်နိုင်အောင် ဆောင်ရွက် သွားမယ်လို့ ထိုင်းပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းက ထိုင်းနိုင်ငံ၊ တာခ် ခရိုင်၊ ထာ့ဆောင်းယန် မြို့နယ်ထဲက မဲလဒုက္ခသည် စခန်းကို လာရောက် ကြည့်ရှုစဉ် ထိုင်း ပြည်ထဲရေး ဝန်ကြီး နိုင်ကျာရုဖုန် ရေယန်ဆုဝမ် က ပြောခဲ့တာ ဖြစ်ပါတယ်။



ထိုင်းပြည်ထဲရေး ဝန်ကြီးဟာ ထိုင်း၊ မြန်မာနယ်စပ်က မြန်မာဒုက္ခသည် စခန်းတွေကို စောင့်ရှောက်နေတဲ့ ထိုင်းတာဝန် ရှိသူတွေ၊ နိုင်ငံတကာ အင်ဂျီအိုတွေနဲ့လည်း မဲလဒုက္ခသည် စခန်းမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ထိုင်းဘက်က အရင်ကတည်းက ဒုက္ခသည်တွေ ပြန်ပို့ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် လက်တွေ မဖြစ်ခဲ့ပဲ အခုအခါမှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် သူတို့ကို ပြန်ပို့ဖို့ ပိုပြီး ဆန္ဒရှိနေတာ တွေ့ရပါတယ်။

အာဆီယံအတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး၊ လွတ်လပ်စွာ အလုပ်သမားတွေ ရွှေ့ပြောင်း သွားလာ အလုပ်လုပ်နိုင်ရေး စတဲ့ စနစ်ကို ကျင့်သုံးတော့မှာ မို့လို့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာ မြန်မာ နိုင်ငံသား ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်နိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီးက သတင်းထောက် တွေကို ပြောပါတယ်။

''နေရပ်ရင်းပြန်မယ့် ဒုက္ခသည်တွေ ကိစ္စကို ဆောင်ရွက်ရာမှာ ကုလသမဂရဲ့ စံချိန်စံညွှန်းအတိုင်း ဖြစ် မှာပါ။ ပြီးတော့ နေရပ်ရင်း ပြန်မယ်သူတွေဟာ အရည်ချင်းရှိသူတွေဖြစ်အောင် ပညာရေးကို အဓိက ဆောင်ရွက်ထားတယ်။ သူတို့ဟာ လူမှု ပတ်ဝန်းကျင် အတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရ အောင်လည်း၊ သူတို့ကို သက်မွေးဝမ်းကြောင်း ပညာတွေကို ပို့ချပေးထားတယ်'' လို့ ဝန်ကြီးက ပြောပါတယ်။

ထိုင်းက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ သိန်းနဲ့ချီပြီး ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း အများစုက တိုက်ပွဲတွေကြောင့် စစ်ပြေး ဒုက္ခသည်အဖြစ် ရောက်ရှိလာသလို တခိျု့က နိုင်ငံရေး ဒုက္ခသည်တွေ ဖြစ်ပါတယ်။

ဒုက0x081ခသည်တွေ ဆန0x081ဒကို စစ်တမ်းကောက်ယူရာမှာတော့ ၆ % ပဲ နေရပ်ရင်း ပြန်ချင်ကြောင်း၊ ၆၁.၅၁ % က တတိယ နိုင်ငံတွေကို သွားပြီး အခြေချ ချင်ကြတယ်၊ ၃၇. ၃၁ % ထိုင်းနိုင်ငံ မှာ နေလိုကြပြီးတော့ ၀. ၄ % ဝေခွဲမရသူတွေ ဖြစ်တယ်လို့ စစ်တမ်း ကောက်ထားတဲ့ ထာ့ဆောင်းယန်မြို့ အုပ်ချုပ်ရေးမှူးက ပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

နေရပ်ရင်း ပြန်ချင်တဲ့သူတွေကိုလည်း အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ပရုပ်ဆီ၊ ဖယောင်းတိုင်၊ အမွှေးတိုင်နဲ့ ဆပ်ပြာချက် လုပ်နည်းတွေကို သင်တန်းပို့ချ ပေးထားတယ်လို့ ကိုးဝါးလို့ခေါ်တဲ့ နိုင်ငံတကာ အင်ဂျီအိုတခုက ပြောပါတယ်။

ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ရေးမှာ ထိုင်းနဲ့ မြန်မာအစိုးရအပြင် ကုလသမဂ0x081ဂ ဒုက0x081ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးတို့ သုံးပွင့်ဆိုင် ညှိုနှိုင်းမှုတွေ လုပ်ဖို့ အများကြီး လိုနေသေးသလို ဒီဒုက0x081ခသည်တွေကို နေရာချ ထားပေးမယ့် အိုးအိမ်တွေ၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာတွေကို အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်တာကြောင့် ဝန်ကြီးပြောတဲ့ အချိန်ထက် ပိုကြာ သွားနိုင်တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများ အရေးဆောင်ရွက်နေတဲ့ IOM လို့ခေါ်တဲ့ အင်ဂျီအို တာဝန်ရှိသူ Mr Pierre King က ထောက်ပြပါတယ်။

.........................................................................................................................

ဒီသတင်းကိုတွေ့တော့ တတိယနိုင်ငံဆီထွက်ဖို့စောင့်နေကြတဲ့ ရဲဘော်ဟောင်းတွေကို သွားသတိရမိပါ တယ်။ သူတို့တတွေအားလုံး ပြန်ပို့တဲ့အထဲမပါဘဲ တတိယ နိုင်ငံဆီအမြန်ထွက်ခွင့်ရပါစေ။



..........................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More