Tuesday, February 28, 2012

တနှစ်စာ အလွဲများ

တနှစ်စာ အလွဲများ
ထက်အောင်ကျော် (၂၈-၀၂-၂၀၁၂)

မနှစ်က နွေဦးရာသီမှာကြုံခဲ့ရတဲ့ အော်စလို့မြို့တနေရာက ခါးသီးတဲ့အဖြစ်ပျက်တွေဟာ မနေ့ တနေ့ကလို စိတ်ထဲမှာ ခံစားနေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြက္ခဒိန်ကို အသေချာကြည့်မိတော့ အဲဒီ လိုဖြစ်ခဲ့တဲ့နေ့ဟာ ဒီနေ့ တနှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။ ကျနော်တို့ကို ဒီဗွီဘီ-တာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပစ်ခဲ့တာ ဒီနေ့ တနှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။

ဒီတနှစ်တာအတွင်း ဘာတွေတိုး တက်ပြောင်းလဲခဲ့သလဲ။ ဘတ်ဂျက်မရှိလို့ ကျနော်တို့ကို အ လုပ်ထုတ်ပစ်ရပါတယ်ဆိုတဲ့ ဒီဗွီဘီ-မှာ တကယ်ဘဲ့ ဘတ်ဂျက်မရှိတာလား။ တော်လှန်ရေး အလုပ်။ မီဒီ ယာ-အလုပ် ဆက်လုပ်မယ်ဆိုပြိး ကြွေးကြောခဲ့တဲ့ ကျနော့်ဖက်ကကော ပြော ထားတဲ့အတိုင်း တကယ် လုပ်ဖြစ်ပါရဲ့လား။ လွဲချော်ခဲ့တဲ့ တနှစ်တာ ခရီးစဉ်ကို ပြန်လည် သုံးသပ်ဖို့ ကျနော်မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ဒီဆောင်းပါးကို ရေးမိတယ် ဆိုပါတော့။


    ထင်ရှားတဲ့အလွဲများ

တနှစ်စာ အလွဲတွေထဲက အထင်ရှားဆုံး အလွဲတခုကို ပထမ-ဆုံးထောက်ပြရမယ်ဆိုရင် ဘတ်ဂျက်လိုငွေ ခရိုနာ ၃-သန်းပြနေလို့ ကျနော်တို့ ၀ါရင့်သတင်းထောက် ၃-ဦးကိုအလုပ်ထုတ်ရ ပါတယ်။ ရေဒီယို မနက်ပိုင်းအစီစဉ်ကိုရပ်ရပါတယ်။ တတိယ အထပ်ရုံးခန်းကိုပြန်အပ်ရပါတယ်။ ဖျော် ဖြေရေးဌာနကို ဖျက်ရပါတယ်ဆိုတဲ့ ဒီဗွီဘီ-မှာ ခရိုနာ ၂-သန်းနီးပါးတန် လာဒ်စားမှုဖြစ်နေပြီး အဲဒီအမှု ကို ဖေါ်ထုတ်နိုင်ဖို့ ခရိုနာ တသန်းကျော်တန် ရှေ့နေအဖွဲ့ကိုငှားထားနိုင်တဲ့ သာဓက-ပါဘဲ့။

ဆိုလိုတာကတော့ ခရိုနာ ၃-သန်းလိုနေလို့ သတင်းထောက် ၃-ဦးကိုအလုပ်ထုတ်ရပါတယ်ဆို တဲ့ ဒီဗွီဘီ-မှာ နောက်ထပ် ခရိုနာ ၃-သန်းနီးပါး ဘယ်ကနေရသလဲ။ ဘာကြောင့်လာဒ်းစားသူတွေကို အယင်အလုပ်မထုတ်ဘဲ အမှန်တရားပြောသူတွေကို အယင်ထုတ်ပစ်သလဲ။ ပရိတ်သတ်တွေ ဝေဖန် ဖို့နဲ့ စဉ်းစားနိုင်ဖို့ ပထမ-အချက်အဖြစ် တင်ပြချင်ပါတယ်။

ဒုတိယ-တချက်ကတော့ ကျနော်တို့ ၃-ဦးကို ထုတ်ပစ်တဲ့စာထဲမှာပါတဲ့အတိုင်း လိုငွေ ၃-သန်း ကာမိစေဖို့အတွက် ကျနော်တို့ ၃-ဦးကိုထုတ်တာနဲ့အတူ ရေဒီယို-မနက်ပိုင်းကိုရပ်မယ်။ ရေဒီယို-စတူဒီယို ရှိတဲ့ ဒီဗွီဘီ-ရုံးခန်း တတိယ-ထပ်ကိုပြန်အပ်မယ်။ ဖျော်ဖြေရေးဌာနကိုဖျက်မယ်ဆိုတဲ့အချက် တွေပါ။ ဒါပေမဲ့ အခု တနှစ်သာပြည့်သွားတယ်။ ကျနော်တို့ကိုထုတ်လိုက်တာဘဲ့အဖတ်တင်ကျန်ခဲ့ပြီး နောက်ဆက်တွဲ ၃-မျိုးကို အခုထိ အကောင်ထည်ဖေါ်တာမတွေ့ရသေးပါ။ မနက်ပိုင်းရေဒီယိုလွင့်နေဆဲ။ တတိယ-ထပ်မှာလဲ ဟိုလူ-ဒီလူတွေ ထိုင်နေဆဲ။ ဖျော်ဖြေးရေးဌာနတာဝန်ခံကလဲ အဲဒီခေါင်းစဉ်ကိုပေါ် တင် သုံးပြီး နိုင်ငံတော်စရိတ်နဲ့ နိုင်ငံတကာခရီးတွေသွားနေဆဲ။ ဝေဖန်ဖို့နဲ့ စဉ်းစားနိုင်ဖို့ ဒုတိယ-အချက်ဖြစ်ပါတယ်။

တတိယ-တချက်ကတော့ ဒီတနှစ်တာအတွင်း လူသိများဆုံးသတင်းတွေထဲမှာ ထိပ်တန်းက ပါခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃-သိန်းကျော် (ခရိုနာငွေ ၂-သန်းနီးပါး) တန် လာဒ်စားမှုကြီးတခု ဒီဗွီဘီ-အတွင်းဖြစ်ပွါးခဲ့တယ်ဆိုတဲ့ကိစ္စပါ။ ဒီအမှုဟာ ၂၀၁၀-ဘန်ဒါနှစ်အတွင်းဖြစ်ပွါးတယ်လို့ ပထမ-ပိုင်းမှာဆို ထားပေမဲ့ ဘန်ကောက်က ၂-သန်းတန်အိမ်ကို ၀ယ်တာဟာ ၂၀၀၈-ကတည်းကလို့ဆိုထား ပြန်တဲ့ အတွက် ရှေ့နောက်လွဲချော်မှုတွေရှိနေပါတယ်။

ဆိုလိုတာကတော့ ဒီလိုလာဒ်စားမှုဖြစ်နေတာ ကြာနေပြီဆိုတဲ့သဘော။ ဒါပေမဲ့ ကျနော်တို့ကို အလုပ်ထုတ်တဲ့ အချိန်မှာ "ခရိုနာ ၂၃-သန်းမှာ ၃-သန်း လိုငွေပြလို့ ကျနော်တို့ကိုအလုပ်ထုတ်တယ် ဆိုတော့ ကျန်တဲ့ သန်း ၂၀-ကို ခင်ဗျားတို့ဘယ်မှာဘယ်လိုသုံးထားတာလဲ။ အများပြည်သူကိုစာရင်း ရှင်းပြသင့်တယ်" ဆိုပြီး ပြောဆိုမှုကနေတဆင့် စာရင်းစစ်ရာကနေ ဒီအမှုကြီး ပေါ်လာတယ်လို့ သတင်းတွေလဲထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒီအတွက် တရားရုံးရဲ့ဆုံးဖြတ်ချက်ထွက် မလာသေးလို့ အဲဒီသတင်း မှန်-မမှန်။ ဘယ်သူတွေ ဘယ်လိုစားသလဲ။ ဘယ်သူတွေမှာ အပြစ်ရှိသလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။
   
    အလွဲထဲက အကောင်းတချို့

ဘ၀ရော။ အသက်ပါ ပုံအပ်ပြီး ဆယ်စုနှစ်တခုကျော်တာဝန်ထမ်းလာခဲ့တဲ့ ဒီအလုပ်ကနေ ဒီလို မျိုး ကန်ထုတ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကြိုတင်စဉ်းစားထားတာမရှိဖူးတဲ့အတွက် အလုပ်ထုတ်ခံ ရကာစက အတော့်ကိုခံစားလိုက်ရပါတယ်။ ဒါမေပဲ့ အချိန်တွေကြာလာတာနဲ့အမျှ ခံစားချက်တွေကို လျော့ချပြီး ဝေဖန်ဆန်းစစ်မှုဖက်ကို နဲနဲလုပ်လာနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒီဗွီဘီ-နဲ့ "မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက်" နော်ဝေးမှာနေထိုင်နေတယ်ဆိုတဲ့ ခံယူချက်ကနေ "ဒုက္ခသည်အဖြစ်နေထိုင်ခြင်း" ဆိုတဲ့ ခံယူချက်ကို ပြောင်းရတဲ့အလုပ်ဟာ သိပ်မလွယ်လှပါဘူး။

"ရှင်သန်နေထိုင်ခြင်းရဲ့အဓိပါယ်"ကို ဒီလိုခေါင်းစဉ်ပြောင်းနိုင်ပြီးနောက်မှာတော့ လက်တွေ့ ဘ၀ ကို ဖြတ်သန်းဖို့အင်အားတချို့ရလာခဲ့ပါတယ်။ ဆယ်နှစ်ကျော်ကြာနေထိုင်ခဲ့ပြီးသည်တိုင်အောင် ဒီနိုင်ငံ မှာ အခြေချမယ်လို့ တခါမှစိတ်မကူးမထားမိတဲ့အတွက် သင်ကြားဖို့မေ့လျော့နေတဲ့ နော်ဝေးစာ နဲ့ နော် ဝေးလူ့အဖွဲ့ စည်းအကြောင်းကိုလေ့လာသင်ယူရပါတယ်။ နော်ဝေးရောက် ဘ၀တူ မြန်မာနိုင်ငံသား ၃၀၀၀- ၀န်းကျင်ထဲက လူတချိုရဲ့ဘ၀တွေကို အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။

လွန်ခဲ့တဲ့တနှစ် ဒီလိုအချိန်က မခံချင်စိတ်နဲ့ ကြွေးကြော်ခဲ့တဲ့အတိုင်း တော်လှန်ရေးတာဝန် ဆက်ထမ်းနိုင်ဖို့အတွက်ပြင်ဆင်မှုတချို့ကိုလဲ လုပ်ခဲ့ရပါတယ်။ နယ်စပ်မှာအခြေပြန်စိုက်ပြီး တော်လှန် ရေး တာဝန်ကိုအချိန်ပြည့်ထမ်းဖို့မဖြစ်နိုင်သေးတဲ့အတွက် အဲဒီနယ်စပ်ကရဲဘော်တွေရဲ့ ပေးဆပ်မှု အ ကြောင်း။ ဒီဗွီဘီ-အယင် ကျနော်ရဲ့ဘ၀တာ ၁၀-နှစ်နီးပါးကိုပေးဆပ်ခဲ့ဖူးတဲ့ ABSDF သမိုင်းကြောင်းကို ရေးဖြစ်ခဲ့ တာဟာ အလွဲထဲက အကောင်းတခုအဖြစ် ကျနော်ရှုမြင်လာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မီဒီယာ အလုပ်ကိုတော့ ကြွေးကြော်ထားသလောက် မလုပ်နိုင်သေးတာကို ကျနော်ဝန် ခံရပါလိမ့်မယ်။ ပြည်တွင်းမှာ ပွင့်လင်းစပြုနေတဲ့ မီဒီယာ ရေစီးကြောင်းနဲ့အညီ ကျနော်အချိန်မှီ မလိုက် နိုင်သေးတဲ့အပေါ် အားမလိုအားမရဖြစ်နေမိပါတယ်။

    ရှေ့နှစ်မှာကော... ပရုတ်ဆီကွင်းထဲက ကျနော်တို့ရုန်းထွက်နိုင်ကြမလား

လာမဲ့နှစ်မှာတော့ ဒီလိုမျိး ထပ်လွဲစရာမရှိတော့ဘူးလို့ထင်ပါတယ်။ တနှစ်စာအလွဲတွေကို သ င်္ခန်းစာယူုပြီး ကျနော်ရော။ ကျနော်ကိုအလုပ်ထုတ်ခဲ့တဲ့အဖွဲ့စည်းကတာဝန်ရှိသူတွေပါ ခံစားချက်တွေ ကိုလျောချပြီး အလုပ်ဖြစ်ရေးကိုဦးစားပေးတဲ့အဆင့်ဆီ တက်လာနိုင်မယ်လို့ မျော်လင့်မိပါတယ်။ ကိုဇာ ဂနာရဲ့စကားလုံး ကိုငှားသုံးရမယ်ဆိုရင်တော့ "ပရုတ်ဆီအကွင်းခံထားရတဲ့ အ၀ိုင်းထဲက ပုရွတ်ဆိတ် ဘ ၀" ကနေ အားလုံး ရုန်းထွက်နိုင်မယ်လို့ ကျနော်မျော်လင့်ပါတယ်။

ကျနော်တို့မှာ လုပ်စရာတာဝန်တွေအများကြီးရှိနေပါသေးတယ်။ ပြောင်းလဲစပြုနေပြီဖြစ်တဲ့ နိုင် ငံရေး အခင်းအကျင်း။ မီဒီယာအခင်းအကျင်းနဲ့အညီ ကျနော်တို့ရဲ့လုပ်အားပေးတွေကို ပေးဆပ်ဖို့လိုနေပါ တယ်။ ကျောင်းတော်က ရန်စတွေကိုမေ့ပစ်ပြီး။ ပရုတ်ဆီအကွင်းခံထားရတဲ့ ဘ၀တွေကနေ ရုန်းထွက် ပြီး စိတ်သစ်လူသစ်နဲ့နဲ့ နိုင်ငံသစ်တည်ဆောက်ရေးမှာ ကျနော်တို့ ပါဝင်ဖို့အချိန်ရောက်နေပါပြီ။

ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More