Wednesday, February 29, 2012

DVB ညွန်မှုးရဲ့ နေပြည်တော်ခရီးစဉ်။

နောက်ဆုံးရ သတင်းတပုဒ်...၁၆-၀၈-၂၀၁၂.

 
..........................................................................................................................
ဒီဗွီဘီသတင်းထောက်များ ပြည်တွင်းတွင် သတင်းလာယူခွင့် အစိုးရသေဘာတူ
DVB, February 29, 2012 by ပီတာအောင်

ဒီမိုကရက်တစ်မြန်မာ့​အသံက သတင်း​ထောက်​တွေ ပြည်တွင်း​မှာ တရား​ဝင်လာ​ရောက် သတင်း​ယူဖို့​ မြန်မာအစိုး​ရက သ​ဘောတူလိုက်ပါတယ်။

 
ဦး အေး ချမ်း နိုင်နှင့် ဦး ကျော်ဆန်း တွေ့ ဆုံစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)

မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ဒီဗွီဘီ ညွှန်ကြား​ရေး​မှူး​နဲ့​အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်နဲ့​ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​တို့​ဒီ​နေ့​နြေပည်​တော်မှာ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​နောက် သ​ဘောတူညီမှု ရခဲ့​တာလို့​ ဦး​အေး​ချမ်း​နိုင်က ​ပြောပါတယ်။

ဒါ့​အပြင် ဒီဗွီဘီရုံး​ခွဲ​တွေ မြန်မာနိုင်ငံမှာ ဖွင့်​လှစ်ခွင့်​ပြု​ရေး​ကိစ္စနဲ့​  ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်​တွေ တရား​ဝင် ရပ်တည်ခွင့်​ရဖို့​ကိစ္စကို​တော့​ အမြန်ဆုံး​ အ​လေး​အနက် စဉ်း​စား​ပေး​မယ်လို့​ဝန်ကြီး​ဦး​ကျော်ဆန်း​က ​ပြောကြား​တယ်လို့​သိရပါတယ်။


ဒီ​နေ့​တွေ့​ဆုံပွဲနဲ့​ ပတ်သက်ပြီး​ ဦး​အေး​ချမ်း​နိုင်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ဒီ​နေ့​ ​နြေပည်​တော်ကို သွား​ပြီး​တော့​ အစိုး​ရ အဖွဲ့​အစည်း​တွေနဲ့​ သွား​ပြီး​တော့​ ​တွေ့​တယ်လို့​ သိရပါတယ်။ ဘယ်သူ​တွေနဲ့​ ​တွေ့​ခဲ့​ပြီး​ ဘာ​တွေ​ဆွေး​နွေး​ခဲ့​သလဲ။

“ဒီ​နေ့​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​ရယ်၊​ ပြန်ကြား​ရေး​ဌာန ညွှန်ချုပ် ဦး​ရဲထွဋ်၊​ မြန်မာ့​အသံက ညွှန်မှူး​၊​ ရုံး​အဖွဲ့​မှူး​ ဦး​မြင့်​ထွေး​လည်း​ ပါပါတယ်။ အစည်း​အ​ဝေး​ လုပ်ပါတယ်။ အစည်း​အ​ဝေး​ လုပ်တဲ့​အခါမှာ ကျ​နော်တို့​ဘက်ကလည်း​ လိုအပ်တဲ့​ အချက်​တွေ ​တောင်း​ဆိုခဲ့​တာ​တွေ ရှိပါတယ်။ တခိျု့​အချက်​တွေကို​တော့​ ဝန်ကြီး​က သူစဉ်း​စား​ပြီး​မှ ​ဆောင်ရွက်​ပေး​မယ် ​ပြောပါတယ်။ တခိျု့​ အချက်​တွေကို​တော့​ တခါတည်း​ သ​ဘောတူတဲ့​ အချက်​တွေ ရှိပါတယ်။”

အဓိက အြကမ်း​ဖျင်း​ သ​ဘောတူခဲ့​တာကို နည်း​နည်း​လောက် အ​သေး​စိတ် ​ပြောပြ​ပေး​လို့​ရမလား​။ ဘယ်ကိစ0x081စ​တွေမှာ သ​ဘောတူခဲ့​တာလဲ။

“အ​သေး​စိတ်ကို​တော့​ သူတို့​နဲ့​ ပြန်ညှိပြီး​တော့​ ကျ​နော်တို့​ သတင်း​ထုတ်ပြန်ဖို့​ ရှိပါတယ်။ အြကမ်း​ဖျင်း​ ​ပြောရမယ်ဆိုရင်​တော့​ ပြည်တွင်း​မှာ သတင်း​ပြန်လာယူဖို့​ ကိစ0x081စပါ။၊​ ကျ​နော်တို့​ သတင်း​ထောက်​တွေ တရား​ဝင် ပြည်တွင်း​မှာ သတင်း​ပြန်လာယူဖို့​ ကိစ0x081စမျိုး​ကို​တော့​ ဝန်ကြီး​က သ​ဘောတူပါတယ်။ ကျ​နော်တို့​ ပုံမှန် သတင်း​ထောက် တဦး​ လာမယ့်​အ​ကြောင်း​၊​ ​လျှောက်လွှာတင်ဖို့​၊​ သတင်း​ထောက်က ​လျှောက်ဖို့​၊​ ပုံမှန် လုပ်ငန်း​စဉ် အတိုင်း​ သွား​ရမှာ​ပေါ့​။ ဒါကို သ​ဘောတူပါတယ်။”

ပြည်တွင်း​မှာရှိတဲ့​ ဒီဗွီဘီ သတင်း​ထောက်​တွေက​ကော ဘယ်လိုပုံစံနဲ့​ ရပ်တည်လို့​ရမလဲ။

“အဲဒီကိစ0x081စလည်း​ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ဝန်ကြီး​ပြောတာ​တော့​ တြခား​ဌာန​တွေကလည်း​ ဒီလိုမျိုး​ အလား​တူ ​တောင်း​ဆိုထား​တာ ရှိတယ်။ သူတို့​ နည်း​နည်း​လေး​ ထပ်ပြီး​တော့​ စဉ်း​စား​ရမယ်လို့​ ​ပြောပါတယ်။ ကျ​နော်တို့​ အခု အစည်း​အ​ဝေး​ ပြီး​တဲ့​အခါမှာ ​ရှေ့​ဆက်ပြီး​တော့​ တွဲလုပ်ဖို့​ဟာမျိုး​၊​ ​ရှေ့​ဆက်ပြီး​ ​ပြောခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကို ဆက်လုပ်ရမှာ​တွေ ရှိပါတယ်။ ဥပမာ တခုဆိုရင် ရုံး​ခန်း​ဖွင့်​ဖို့​ပေါ့​၊​ ကျ​နော်​ပြောတာ​တော့​ ယာယီရုံး​ခန်း​လေး​ အဲ့​ဒါကို အြမန်ဆုံး​ ဖွင့်​ချင်ပါတယ်လို့​ ​တောင်း​ဆိုပါတယ်။ ဝန်ကြီး​ကလည်း​ ဒီကိစ0x081စကို အြမန်ဆုံး​ စဉ်း​စား​ပေး​မယ်လို့​ ​ပြောပါတယ်။”

မနက်ဖြန်ကျရင်​ရော ဘယ်သူ​တွေနဲ့​တွေ့​ဖို့​ ရှိသလဲ။

“ရန်ကုန်ဆင်း​ပြီး​ မနက်ဖြန်မှာ​တော့​ ပြည်တွင်း​စာနယ်ဇင်း​က လူ​တွေနဲ့​တွေ့​ဖို့​ ရှိသလို နိုင်ငံတကာ စာနယ်ဇင်း​အသင်း​က အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဖို့​ ရှိပါတယ်။ အခု စာ​ပေ စိစစ်​ရေး​က ညွှန်ချုပ် ဦး​တင်​ဆွေနဲ့​ ​တွေ့​ပါမယ်။ သမ0x081မတရဲ့​ အြကံ​ပေး​ ​ဒေါက်တာ ​နေဇင်လတ်နဲ့​လည်း​ ​တွေ့​ပါမယ်။”

သာမန်ပြည်သူ​တွေနဲ့​ ​တွေ့​တဲ့​အခါမှာ​ကော ဒီဗွီဘီ ပရိသတ်​တွေနဲ့​ကော စကား​ပြောခွင့်​ရခဲ့​လား​။ သူတို့​အြမင်က​ကော ဘယ်လိုရှိလဲ။

“အခုချိန်ထိ​တော့​ ဗီဇာက၅ရက်ပဲ ရ​တော့​ သာမန် ပြည်သူ​တွေနဲ့​တွေ့​ဖို့​ သိပ်လည်း​ အချိန်မရ​တော့​ ဘယ်ကိုမှ မ​ရောက်ဖြစ်ပါဘူး​။ အဖွဲ့​အစည်း​ အစည်း​အ​ဝေး​တွေနဲ့​ပဲ အချိန်ကုန်သွား​တယ်။ပြီး​ခဲ့​တဲ့​ တနလင်0x081ာ​နေ့​က ​ရောက်ပြီး​ကတ့​ည်း​က နိုင်ငံ​ရေး​ အဖွဲ့​အစည်း​တွေ၊​ တိုင်း​ရင်း​သား​ အဖွဲ့​တွေ၊​ စာနယ်ဇင်း​သမား​တွေနဲ့​ ဦး​ဝင်း​တင်တို့​ရယ် ​တော်​တော်များ​များ​နဲ့​ ​တွေ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ ၂ ရက်က​ပေါ့​။ ​တွေ့​တဲ့​အခါမှာ​တော့​ တခု သတိထား​မိတာ​တော့​ အား​လုံး​တူတဲ့​အချက်က ဒီဗွီဘီက အ​ရေး​ကြီး​တဲ့​ သတင်း​ဌာနတခု ဖြစ်တယ်။ မရှိမြဖစ် လိုအပ်တဲ့​ သတင်း​ဌာန တခုဖြစ်တယ်ဆိုတာ ​တွေ့​တဲ့​လူတိုင်း​က​ပြောတာ တူပါတယ်။ ​နောက်ပြီး​တော့​ ဒီဗွီဘီက လွှင့်​နေတဲ့​ သတင်း​တွေအ​ပေါ်မှာလည်း​ အ​တော်ကို တန်ဖိုး​ထား​ကြတာကို ​တွေ့​ရတယ်။”

ဦး​အေး​ချမ်း​နိုင်တို့​က နှစ်​ပေါင်း​ ၂၀ ​ကျော်ကြာ မြန်မာပြည်နဲ့​ ကင်း​ကွာခဲ့​တယ်ဆို​တော့​ ပြန်​ရောက်တဲ့​အချိန်မှာ မြန်မာပြည်က သာမန်ပြည်သူ​တွေရဲ့​ဘဝက ဘယ်လိုအ​ခြေအ​နေ ရှိလဲ။ တိုး​တက် ​ကောင်း​မွန်​အောင် လုပ်ဖို့​ မြင်မိတာရှိပါသလား​။

“မြင်မိတာ​တော့​ ​တော်​တော်များ​များ​ လုပ်စရာ​တွေ ရှိပါတယ်။ ဥပမာ -  ​ပြောရရင် လူထု​တွေရဲ့​ ဘဝ​တွေကို ​တွေ့​ရတာက ကျ​နော်တို့​တွေ မထွက်ခင် လွန်ခဲ့​တဲ့​ ၂၃ နှစ်က အ​ခြေအ​နေနဲ့​ သိပ်မကွာလှဘူး​။ ဒါကျ​နော် မြို့​နယ်အပိုင်း​မှာ​ပေါ့​။ မြို့​ပြင်​တွေဘာ​တွေ ​ရောက်တယ်ဆိုရင်​တော့​ ဒီထက်ပိုဆိုး​ကောင်း​ ဆိုး​နိုင်ပါတယ်။ ကျ​နော်မြင်တာ​တော့​ တိုင်း​ပြည်တိုး​တက်ဖို့​ ပြုပြင်​ပြောင်း​လဲမှု လုပ်စရာ ​တော်​တော်များ​များ​ ရှိပါတယ်။”
.....................................................................................

ဒီဗွီဘီ-ညွန်မှုး ရန်ကုန်ရောက်ပြီ-
၂၇-၀၂-၂၀၁၂
DVB TV News's photo.

ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှုးနဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးအေးချမ်းနိုင်ဟာ ဒီကနေ့ တနလာင်္နေ့ ဖေဖေါ်ဝါရီလ ၂၇ရက်နေ့ မနက်ပိုင်းကစပြီး မြန်မာနိုင်ငံ တရားဝင်ခရီးစတင်လိုက်ပါတယ်။ 
သူ့ရဲ့ ငါးရက်တာ မြန်မာပြည် ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူတချို့နဲ့လဲ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး မြန်မာပြည်တွင်း သတင်း မီဒီယာ ဖွံ့ဖြိုးမှုအခြေအနေကို လေ့လာစုံစမ်းမှာ ဖြစ်ပါတယ်။ 
ဒါ့အပြင် မြန်မာပြည်တွင်းက သတင်းမီဒီယာမျိုးစုံ။ အဖွဲ့အစည်း အစုအဖွဲ့ အလွှာအသီးသီးမှာ ဦးဆောင်လှုပ်ရှားနေသူတွေ နဲ့လဲ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ အနှစ်၂၀ကျော်ကာလအတွင်း ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ ဦး အေးချမ်းနိုင်ရဲ့ ပထမဆုံး မြန်မာပြည် တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။

By: DVB TV News
.............................................................................................
 
ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ရဲ့ (၅) ရက်ကြာ မြန်မာပြည်ခရီးနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက် (၁)
Aye Chan Naing (Democratic Voice of Burma) ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ဟာ သတင်းထောက်ဗီဇာနဲ့ ရန်ကုန်နဲ့ ကြပ်ပြေးနေပြည်တော်ကို လေ့လာရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ (၂၇) ရက်မှစပြီး (၅) ရက်ကြာ သွားရောက်ခဲ့ပါတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ တာဝန်ရှိသူတဦးအနေနဲ့ မြန်မာပြည်ကို ဘာ့ကြောင့် သွားရောက်ခဲ့တယ်၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ လုပ်ငန်းစဉ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲ၊
နောက်တခါ ဒီမိုကရက်တစ် မြန်မာ့အသံက ငွေကြေး အလွဲသုံးစားမှုနဲ့ ဆက်နွယ်တဲ့ မြန်မာပြည်တွင်းက ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များရဲ့ သဘောထား၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ရှေ့လုပ်ငန်းစဉ် စသည်ဖြင့် ဦးအေးချမ်းနိုင်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့အကြောင်းအရာများကို နော်ဝေနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ဦးအေးချမ်းနိုင်အား ယနေ့မြန်မာသတင်းဌာန အယ်ဒီတာ ကိုညိုက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ 
အခု ဖော်ပြထားချက်များကတော့ ထို တွေ့ဆုံ မေးမြန်းချက် ပထမပိုင်း ဖြစ်ပါတယ်။ မေး။ ။ ဦးအေးချမ်းနိုင်တို့အနေနဲ့ ဘယ်လို စိတ်ကူးအစီအစဉ်တွေကနေ ဒီခရီးစဉ် ဖြစ်ပေါ်လာတာပါလဲ ခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့။ အပြင်မှာရှိတဲ့ သတင်းမီဒီယာတွေ အကုန်လုံးကလည်း ဗမာပြည် သွားခဲ့ပြီးပါပြီ။ ဒီမိုကရက်တစ် မြန်မာ့အသံအနေနဲ့ကလည်း အခု ပြည်တွင်းမှာ ပြောင်းလဲနေတဲ့အပြောင်းအလဲတွေ၊ အထူးသဖြင့်တော့ ပြည်တွင်းမီဒီယာ လုပ်ပိုင်ခွင့်ပေါ့ လေ။ အဲဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ပြည်တွင်းမီဒီယာတွေနဲ့ တွေ့မယ်။ နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တွေ့ပြီးတော့ အပြောင်းအလဲကို ကျနော်တို့ လေ့လာချင်တာပါ။ နောက် မီဒီယာအသိုင်းအ၀ိုင်းတွေကြားမှာရော ဒီ အပြောင်းအလဲတွေအပေါ် ဘယ်လိုမြင်လဲ၊ ဘယ်လို ယူဆသလဲ၊ ဘယ်လောက် လုပ်ပိုင်ခွင့်တွေ ရှိလာပြီလဲ၊ အဲဒါတွေ လေ့လာချင်လို့ သွားခဲ့တာပါ။ 
ဒုတိယတခုက ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းနဲ့တွေ့ပြီးတော့ ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ လုပ်ငန်းတွေ ပြည်တွင်းမှာ ဘယ်လောက် လုပ်နိုင်မလဲ သွားရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။ မေး။ ။ ဟုတ်ကဲ့၊ အာဏာပိုင်တွေနဲ့ ဘယ်လို လုပ်ငန်းတွေအတွက် ဆွေးနွေး ဖြစ်ခဲ့ပါသလဲ။ ဖြေ။ ။ ကျနော်တို့ အခု ပထမဆုံး ညှိခဲ့တာကတော့ ပြင်ပမှာရှိတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်တွေ ပြည်တွင်းမှာ ပြန်လာပြီး သတင်းရယူခွင့်တွေ ပါ။ အဲဒါကို ၀န်ကြီးကလည်း လက်ခံမယ်လို့ ပြောပါတယ်။ နောက် တခြား ကျနော်တို့ ညှိနှိုင်းခဲ့တာတွေလည်း ရှိပါတယ်။ ဥပမာ - ပြည်တွင်းမှာရှိတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံသတင်းထောက်တွေကို တရားဝင် အသိမှတ်ပြုပြီး တရားဝင် သတင်းလုပ်ငန်း လုပ်ပိုင်ခွင့်တွေ၊ နောက်တခုက ဒီမိုကရက်တစ် မြန်မာ့အသံရုံးခွဲ ပြည်တွင်းမှာ တရားဝင်ဖွင့်လှစ်နိုင်ရေးကို ဆွေးနွေးခဲ့ပါတယ်။
 မေး။ ။ ဆွေးနွေးမှုရလဒ် အခြေအနေ သိခွင့်ရပါရစေ။
 ဖြေ။ ။ မြန်မာပြည်တွင်းက သတင်းထောက်တွေကို အသိအမှတ်ပြုဘို့ကိစ္စရော၊ ရုံးခွဲဖွင့်ဘို့ကိစ္စရော ကျနော်တို့ ထပ်ပြီး ဆွေးနွေးရအုံးမှာပါ။ လောလောဆယ် အပြင်က သတင်းထောက်တွေ အထဲဝင်ပြီး သတင်းရယူခွင့်ပဲ သဘောတူနိုင်ခဲ့ပါတယ်။ မေး။ ။ အဲဒီသဘောတူချက်မှာရော ဘယ်လို အကန့်အသတ်တွေ ရှိလဲဗျ။ အကြောင်းအရာ တိတိကျကျ ဆွေးနွေးတာမျိုးတွေရော ရှိခဲ့ပါသလား။ ဖြေ။ ။ အကန့်အသတ်ဆိုတာကတော့၊ ဘယ်သတင်းဌာနမဆို သတင်းထောက်ဗီဇာရမယ်ဆို လွတ်လွတ်လပ်လပ် သတင်းလုပ်ပိုင်ခွင့်တော့ ရှိရမှာပေါ့လေ။ အခု ကျနော်သွားတဲ့ခရီးစဉ်မှာလည်း သတင်းထောက်ဗီဇာ ထုတ်ပေးပါတယ်။ ကျနော် သွားချင်တဲ့နေရာ၊ တွေ့ချင်တဲ့ပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရပါတယ်။ 
လွတ်လွတ်လပ်လပ်ပါပဲ။ ဆိုတော့ အဲဒီလိုသဘောပါပဲ။ အပြင်က သတင်းထောက်တွေသွားရင်လဲ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရမှာပါ။ မေး။ ။ ဟုတ်ကဲ့၊ အစိုးရပိုင်းအပြင် အခြား တွေ့ဆုံခဲ့သူများ ရှိပါသလား။ တွေ့ဆုံခဲ့သူများရဲ့ တုန့်ပြန်မှုက ဘယ်လို ရှိပါသလဲ၊ သိပါရစေ။ ဖြေ။ ။ လွတ်လွတ်လပ်လပ်နဲ့ အတော်များများကို တွေ့ခဲ့ပါတယ်။ ဥပမာ - နိုင်ငံရေး အဖွဲ့အစည်းဆိုရင်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ အားလုံး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုရင် ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့၊ ဒေါ်ဖြူဖြူသင်းတို့၊ လူမှုရေးအပိုင်းကဆိုရင် ကိုကျော်သူတို့နဲ့ရော တွေ့ပါတယ်။ 
စာနယ်ဇင်းအပိုင်းကဆိုရင်လည်း ဆရာကြီးလူထုဦးစိန်ဝင်းတို့၊ တခြားမဂ္ဂဇင်းဂျာနယ်ကပုဂ္ဂိုလ်တွေ၊ အယ်ဒီတာတွေ၊ စာရေးဆရာ၊ စာနယ်ဇင်းသမားတွေနဲ့လည်း တွေ့ပါတယ်။ အားလုံးကတော့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ ပတ်သက်ပြီး ကျေနပ်အားရကြောင်း ပြောကြပါတယ်။ အထူးသဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံ ရုပ်မြင်သံကြားကို သဘောကျကြတယ်။ ဆက်လုပ်သွားဘို့ အားပေးကြတယ်။ 
 မေး။ ။ဟုတ်ကဲ့၊ အခု ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ပြည်တွင်းလုပ်ငန်းအပိုင်းမှာက နှစ်ပိုင်း ကွဲနေတယ် လေ။ လောလောဆယ် ဒီမိုကရက်တစ် မြန်မာ့အသံအတွက် လုပ်နေတဲ့ သတင်းထောက်တွေရယ်၊ ဘားမားဗီဂျေ (Burma VJ) ဆိုပြီး သီးခြားမီဒီယာအဖွဲ့တခုရယ် ပေါ့။ ဒီတော့ အဲဒီသတင်းသမားတွေနဲ့ရော ဆုံဖြစ်လား။ ပြန်လည် စုစည်းနိုင်ခဲ့ပါလား။
 ဖြေ။ ။ အထဲက သတင်းထောက်တချို့ကလည်း ကျနော့်ကို မေးပါတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ ငွေကြေးအရှုတ်တော်ပုံ တို့၊ စီမံချက်ကိစ္စ တို့၊ ကျနော်က ရှင်းပြပါတယ်။ ဒီကိစ္စတွေမှာ နားလည်မှု လွဲနေတာတွေ ရှိတယ်။ အခု ဖြစ်ပျက်ခဲ့တာတွေက ဒီမိုကရက်တစ် မြန်မာ့အသံ ငွေကြေး အရှုပ်တော်ပုံလည်း မဟုတ်ဘူး။ ဒီမိုကရက်တစ် မြန်မာ့အသံ အကွဲအပြဲလည်း မဟုတ်ဘူး။ ဒီမိုကရက်တစ် မြန်မာ့အသံထဲကို တာဝန်ခံပြီး ပြည်တွင်းအတွက် လုပ်နေတဲ့ တယောက်၊ နှစ်ယောက်လောက်က အလွဲသုံးစားလုပ်တဲ့ကိစ္စ၊ ဒါပေမဲ့ တချို့လူတွေက ခိုးတဲ့လူတွေ ၀ါဒဖြန့်တာကို သွားယုံနေကြတယ်။
 နောက် ဗီဂျေ (VJ) ဆိုတာကလည်း တကယ်တမ်း ပြောရရင် ဒီမိုကရက်တစ် မြန်မာ့အသံဝန်ထမ်းတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်၊ ဗီဂျေ (VJ) ဆိုတာ အသင်းအဖွဲ့တခုလည်း မဟုတ်ဘူး။ ကျနော် အဲဒါတွေ သိတ်များများလည်း မပြောတော့ဘူး။ ကျနော်တို့ကတော့ အလိမ်ခံရပြီးပြီ။ ကျန်နေတဲ့သူတွေဆက်ပြီး အလိမ်ခံချင်တယ်ဆိုလည်း ဆက် ခံကြပေါ့။
 မေး။ ။ ခွဲထွက်သွားတဲ့ ဗီဂျေ (VJ) အဖွဲ့တွေနဲ့ရော တွေ့ဖြစ်ခဲ့ပါသလား။
 ဖြေ။ ။ သတင်းထောက်တွေနဲ့တော့ တွေ့ဖြစ်ပါတယ်၊ ကျနော်တို့ ပြည်တွင်းသတင်းကွန်ရက်ကို လျှို့ဝှက်ပြီး တည်ဆောက်ထားတာဆိုတော့ အမှန်အတိုင်းပြောရရင် သတင်းထောက်တွေအကုန်လုံးကို ကျနော်တို့ကိုယ်တိုင်လည်း မသိဘူး။ သိတဲ့လူလည်း ရှိတယ်၊ မသိတဲ့လူလည်း ရှိတယ် ပေါ့။ တရားဝင်လည်း ကျနော်တို့ ပြောထား၊ ကြေငြာထားပြီးပြီ။ ပြည်တွင်းမှာ ရှိတဲ့ သတင်းထောက်အားလုံး ပူးပေါင်းပြီး ပြန် လုပ်ကြဖို့ ပေါ့။ တချို့လည်း ဆက်သွယ်ပြီး ပြန် လုပ်နေတာ ရှိတယ်၊။ ကျနော်တို့က စ ဖွဲ့ကတည်းက လုံခြုံရေးကြောင့် နှစ်ယောက် စ၊ သုံးယောက်စနဲ့ အစုအဖွဲ့တွေ ဖွဲ့လုပ်ကြတော့ တချို့ကြတော့လည်း နီးစပ်မှုအရ၊ ယုံကြည်မှုအရ တဖက်က ပြောတာကိုပဲ လက်ခံသူတွေလည်း ရှိမှာပေါ့။ ဘာဘဲပြောပြော ကျနော်တို့ကတော့ ဒီမိုကရက်တစ် မြန်မာ့အသံမှာ လုပ်ခဲ့တဲ့သူတွေအပေါ် တာဝန်ယူပါတယ်၊ ဆက် လုပ်သွားမှာပါ။ဒုတိယပိုင်းကို ဆက်လက် ဖော်ပြပါမယ်။ 
မေး။ ။ဟုတ်ကဲ့၊ အဲဒီတော့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့အနာဂတ်ခရီးကို ဘယ်လို ကောက်ချက်ဆွဲမိပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော့်အနေနဲ့ကတော့ ပဏာမအဆင့် ၀န်ကြီးနဲ့ ဆွေးနွေးတဲ့အပိုင်းကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ဆက်တော့ လုပ်ကြည့်ရမှာပေါ့ လေ။ ဒီမိုကရက်တစ် မြန်မာ့အသံဆိုတာက တကယ်တမ်းပြောရရင် တခြားမီဒီယာတွေလို မဟုတ်ဘဲနဲ့၊ အထဲကိုပြန်တယ် ဆိုတာထက်၊ အထဲမှာ ပို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ကို အဓိကထားပါတယ်။ ဘာလို့လဲဆိုတော့၊ ကျနော်တို့သတင်းထောက်တွေက အပြင်ထက်စာရင် အထဲမှာ ပိုတောင် များပါတယ်။ အထဲကလူတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့်က ပို အဓိကကျပါတယ်။ ကျနော်တို့အထဲမှာ သတင်းလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်မှ၊ သတင်းတွေကို ပိုပြီး မှန်ကန် အောင်၊ တိကျအောင်၊ ဘက်မျှအောင် လုပ်နိုင်မှာပါ။ အစိုးရ၀န်ထမ်းတွေကိုလည်း ချဉ်းကပ် မေးမြန်းချင်ပါတယ်။ အဲဒီတော့သတင်းလုပ်ငန်းကို အထဲမှာ အကြောက်အရွံ့ကင်းကင်းနဲ့ လုပ်သွားချင်တာပါ။
 မေး။ ။ဟုတ်ကဲ့။ ကျနော်တို့အားလုံးရဲ့ အတွေ့အကြုံတွေအရ မြန်မာပြည်တွင်းမှာက သတင်းလွတ်လပ်ခွင့်ကို လိုသလို တင်းလိုက် ရှော့လိုက် လုပ်နေမယ်။ အပြင်မှာ လုပ်ရသလောက်တောင် လွတ်လပ်မှု မရှိဘူးဆိုရင် ဒီမိုကရက်တစ် မြန်မာ့အသံက ဘယ်လို စဉ်းစားမလဲ။ 
 ဖြေ။ ။ ကျနော့်အနေနဲ့လည်း အရင်တုံးကဖြစ်ခဲ့တာတွေကိုလည်း တဖက်က စဉ်းစားတာ ရှိပါတယ်။ ဒါပေမဲ့ အခု အပြောင်းအလဲတွေထဲမှာရော ဘယ်လောက် လုပ်နိုင်မလဲ၊ အပြောင်းအလဲတွေအပေါ် ဘယ်လောက် ပံ့ပိုး ကူညီနိုင်မလဲ။ သဘောကတော့ မီဒီယာတခုအနေနဲ့ အပြောင်းအလဲတခုကို ဘေးက ထိုင်ကြည့်ပြီး အားလုံးပြီးသွားမှ ငါတို့ ၀င်လာမယ်ဆိုတဲ့ပုံစံမျိုး မဖြစ်ချင်ဘူး။ ကျနော်တို့ကိုယ်တိုင် ဒီပြောင်းလဲမှုထဲ ၀င်လာပြီး တဒေါင့်တနေရာကနေ ဖော်ဆောင်သွားဖို့ ပါ။ ဒါပေမဲ့ စာပေနဲ့ သတင်းလွတ်လပ်ခွင့်မှာတော့ ကျနော်တို့ လွတ်လွပ်လပ်လပ်နဲ့ လုပ်သွားဘို့ပဲ ရှိပါတယ်။ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံ အပြင်မှာ ရပ်တည်နေရတာကိုက အထဲမှာ လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ ပြောဆိုခွင့်တွေ မရှိလို့ဆိုတာ ရှင်းပါတယ်။ အထဲမှာ လွတ်လပ်မှု မရှိရင် ကျနော်တို့ အပြင်ကနေ ဆက် လုပ်သွားမှာပါ။
 မေး။ ။ ကျနော် သိရသလောက်၊ ဒီကနေ့ မြန်မာ့အပြောင်းအလဲဟာ ပြည်တွင်းရဲ့ နိုင်ငံရေးအခြေအနေတွေ ပါဝင်သလို၊ တဖက်ကလည်း ပြည်ပနိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့၊ ပြီးတော့ အဓိကကျတဲ့ ငွေကြေးထောက်ပံ့ပေးတဲ့အဖွဲ့တွေရဲ့ တွန်းအားတွေလည်း ပါတယ်လို့ သုံးသပ်ချက်တွေ ရှိပါတယ်။ ဒီတော့ ဒီမိုကရက်တစ် မြန်မာ့အသံအနေနဲ့ကရော အဲဒီလို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဖိအားကို ကြုံနေရသလား။
 ဖြေ။ ။ ကျနော်တို့မှာ အဲဒီလို ဖိအားပေးတယ်ဆိုတဲ့ဟာမျိုးတော့ မရှိပါဘူး၊ ဒါပေမဲ့ လုံးဝ မရှိဘူးလို့တော့ မဟုတ်ဖူးပေါ့ လေ။ တစိတ်တပိုင်းတော့ ရှိပါတယ်။ ရှိတယ်ဆိုတာက ဖိအားပေးတယ်ဆိုတာထက် အထဲမှာ ပြောင်းနေပြီ၊ မင်းတို့အထဲမှာလည်း စမ်းပြီး လုပ်ကြည့်ကြပါလားဆိုတဲ့ ပြောဆိုမှုကတော့ ရှိပါတယ်။ ကျနော်မြင်တာ အဲဒါလည်း သဘာဝကျပါတယ်။ အခု ပြောသလို ပေါ့၊ အထဲမှာ မလွတ်လပ်လို့ ကျနော်တို့ အပြင်ကနေ လုပ်ရတယ်။ အထဲမှာ လွတ်လပ်ရင် ကျနော်တို့အပြင်မှာ ရပ်တည်စရာ မလိုဘူး။ ကျနော်တို့အနေနဲ့ ရွေးစရာလမ်းက နှစ်လမ်းပဲ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့အနေနဲ့ အထဲ ပြန်မလား၊ ဒါမှမဟုတ် ဒီမိုကရက်တစ် မြန်မာ့အသံဆိုတဲ့ အဖွဲ့ကို ဖျက်လိုက်မလား၊ ဒီ နှစ်ခုပဲ ရှိတယ်။ 
အထဲမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိရင် အပြင်ဘက်မှာ သတင်းလုပ်ရတာ အဓိပ္ပါယ် မရှိပါဘူး။ ဒီတော့ ထောက်ပံ့ပေးသူတွေ ဖိအားပေးတယ်လို့ ပြောကောင်း ပြောလို့ရသလို၊ လက်တွေ့ ဗမာပြည်ထဲက အပြောင်းအလဲတွေက ပိုပြီး အဓိကကျပါတယ်။ 
 မေး။ ။ ပြည်တွင်းသတင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။
 ဖြေ။ ။ ကျနော် ရန်ကုန်ရောက်တော့ ပြန်ကြားရေးဌာန ညွှန်ချုပ် ဦးရဲထွဋ်တို့၊ စာပေစိစစ်ရေးက ဗိုလ်မှူးတင့်ဆွေတို့နဲ့ရော တွေ့ပါတယ်။ သူတို့ကိုလည်း စာပေလွတ်လပ်ခွင့်ကိစ္စ မေးခွင့်ရပါတယ်။ သူတို့ လောလောဆယ် ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေဆိုတာကို ပြင်နေကြပါတယ်။ ကျနော်မြင်တာ နေ့ချင်းညချင်းကြီး လွတ်လပ်သွားမဲ့ အလားအလာတော့ မတွေ့ပါဘူး။ ဒါပေမဲ့ သူတို့နဲ့ ပြောကြည့်ရသလောက် ဒီနှစ်ထဲမှာ အတော်ကြီး ပြောင်းလဲလာမဲ့ အနေအထားတွေ တွေ့ရပါတယ်။
 မေး။ ။ လောလောဆယ် ကြားရတဲ့သတင်းတွေအရ ပြည်တွင်းဂျာနယ်တချို့မှာ ကိုအေးချမ်းနိုင် ရန်ကုန်ရောက်တုံး တွေ့ဆုံ မေးမြန်း အင်တာဗျူးတချို့ စီစစ်ရေးရဲ့ အပယ်ခံရတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကိုရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။
 ဖြေ။ ။ ဒီလို ပိတ်တယ်ဆိုရင်လည်း ကျနော် မအံ့သြပါဘူး။ ဟိုရောက်နေတုံးက စာနယ်ဇင်းသမားတွေလည်း ပြောပြပါတယ်။ အပေါ်ယံမှာ လွတ်လပ်သယောင် မြင်ရပေမဲ့ တကယ်တမ်း ဆောင်းပါးတွေ ဘာတွေ လွတ်လွတ်လပ်လပ်ရေးမယ်ဆို ပယ်တာတို့၊ ဖြုတ်တာတို့ရှိတဲ့အကြောင်း ပြောကြပါတယ်။ သူတို့ကိုယ်တိုင် ပြလို့ မြင်ခဲ့တာတွေလည်း ရှိပါတယ်။ မှင်နီတွေ မှင်နီတွေနဲ့ အများကြီး ပဲ။ အဲဒီတော့ ပြောင်းတာတော့ ပြောင်းတယ်၊ ဒါပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေတုံးဘဲ။
 မေး။ ။ မီဒီယာဥပဒေဆိုတာကိုရော ဘယ်လို ရှုမြင်ပါသလဲ။
 ဖြေ။ ။ ဒီ ဥပဒေကို ကျနော်လည်း ဟိုရောက်မှ သိခဲ့ရတာပါ။ တကယ်တမ်း ပြောရရင် မီဒီယာဥပဒေ မဟုတ်ဘူးဗျ။ သူတို့ခေါ်တာ Publish Press ပုံနှိပ်ထုတ်ဝေရေး ဥပဒေ ပေါ့။ ၁၉၆၂ ခု ပုံနှိပ်ဥပဒေကို အစားထိုးမဲ့ ဥပဒေ တဲ့၊ အသေးစိတ်တော့ထုတ် မပြောသေးဘူး ပေါ့။ သိရသလောက်တော့ ဂျာနယ်တွေထုတ်မယ်ဆို လိုင်စင် လျှောက်တာတို့ ပေါ့။ အခုလိုမျိုး လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်သူတွေဆီကတဆင့် ဂျာနယ်ထုတ်မဲ့သူတွေက ချဉ်းကပ်ပြီး လုပ်ရတာမျိုးတွေ နောင မရှိတော့ဘူးပေါ့။ နောက်တခုက သတင်းထောက်တွေ လွတ်လပ်စွာရေးသားခွင့်ကို အာမခံတာတွေလည်းပါတယ် ပြောပါတယ်။အခု ဥပဒေက အာစီယံနိုင်ငံတွေဖြစ်တဲ့၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောရီးယားနိုင်ငံတွေက အခြေအနေတွေကို အခြေခံပြီး ဆွဲထားတယ်လို့ ပြောပါတယ်။ ထူးခြားတာက ဒီ ဥပဒေ ထွက်လာရင် စာပေစိစစ်ရေး ဆိုတာမရှိတော့ဘဲ၊ စာစောင်ထုတ်ပြီးတာနဲ့ ဈေးကွက်ထဲ ဖြန့်ချိနိုင်တယ် ပေါ့။ ကျနော် မြင်တာ ကန့်သတ်ချက်တချို့တော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုထက်စာရင် ပိုကောင်းမဲ့ အလားအလာတော့ တွေ့ရပါတယ်။
 မေး။ ။ တခြား ပြည်ပမီဒီယာတွေနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံတို့ ကွဲပြားတဲ့ အနေအထားက ဘာတွေ ရှိသလဲ။ အားသာချက်၊ အားနည်းချက်တွေကိုရော ပြောပေးနိုင်မလား ခင်ဗျ။
 ဖြေ။ ။ကျနော်တို့ကတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ မြန်မာအဖွဲ့အစည်း ပေါ့ လေ။ ဌာနကြီးတခုရဲ့ ကဏ္ဍခွဲလေးတခု မဟုတ်တော့ မီဒီယာတခုရဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်မှာ ကိုယ်ပိုင် ဆုံးဖြတ်ပြီး ကိုယ်တိုင် လှုပ်ရှားလို့ရတယ်။ အဲဒါက ထူးခြားချက် ပေါ့။ မြန်မာ့အရေးပဲ သီးသန့် အာရုံစိုက်နိုင်တယ်။ အားနည်းချက်တွေကလည်း ရှိပါတယ်။ တခြား ရေဒီယိုသတင်းဌာနတွေလို၊ အသံလွှင့်အားကောင်းတဲ့ စက်ပစ္စည်းတွေ မတတ်နိုင်ဘူး။ ပြီးတော့ အဓိကကျတဲ့ ငွေကြေးထောက်ပံ့မှုအပိုင်းမှာလည်း အားနည်းပါတယ်။
 မေး။ ။ အခုခရီးစဉ်အပေါ် ဘယ်လို သုံးသပ်မိပါသလဲ။ မြန်မာအာဏာပိုင်တွေနဲ့ ထပ်ဆွေးနွေးဖို့ နောက်ထပ်သွားမဲ့ အစီအစဉ်တွေ ရှိသေးလား။
 ဖြေ။ ။ အခုခရီးက ပထမဆုံးခြေလှမ်းပေါ့ လေ။ ဒီထက် အများကြီး ဆက်သွားစရာ ရှိနေပါတယ်။ သွားနိုင်မဲ့လမ်းတွေလည်း ပွင့်နေတာ ကျနော်တို့ တွေ့ရပါတယ်။ နောက်ထပ်သွားဘို့ အတိအကျ အစီအစဉ် ဆွဲထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် မတ်လ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စ်စကိုအဖွဲ့တို့ တွဲပြီးလုပ်မဲ့ အစီအစဉ်တခုမှာ ကျနော်တို့ကို ဖိတ်ထားတာ ရှိပါတယ်။ ဒီက ကိုယ်စားလှယ်တယောက် သွားမှာပါ။ ပြီးတော့ လာမဲ့ ရွေးကောက်ပွဲမှာ သတင်းသွားယူဘို့ ဒီမိုကရက်တစ် မြန်မာ့အသံက နှစ်ယောက် သွားမှာပါ။ နောက် တခြားအစီအစဉ်တွေလည်း ရှိပါသေးတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ဆက် ဆွေးနွေးရအုံးမှာပါ။ 
..................................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More