Thursday, February 9, 2012

ABSDF-နဲ့ အစိုးရဆွေးနွေး။ ဗဟု အဖွဲ့ ရန်ကုန်သွား။

ABSDF-နဲ့ အစိုးရဆွေးနွေး။ ဗဟု အဖွဲ့ ရန်ကုန်သွား။
၁၀-၀၂-၂၀၁၂

(ABSDF, DPNS, FDB အပါဝင် ၈၈-အဖွဲ့စည်းတွေ။ ကိုမိုးသီးဇွန်လို ပုဂိုလ်တွေ။ ကိုအောင်ဇော် လို သတင်းထောက်တွေ။ ကိုအောင်သူငြိမ်း။ ကိုအောင်နိုင်ဦးတို့လို ပညာရှင်တွေရဲ့ ရန်ကုန်ခရီးစဉ် တွေကိုပါ စုစည်းတင်ပြထားပါတယ်)
.............................................................................

အစိုးရနှင့် ABSDF ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမည်


မန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး အတွက် နှစ်ဘက် ကိုယ်စားလှယ်များ ပဏာမအဆင့် တွေ့ဆုံ ဆွေးနွေးပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ပြုလုပ်သည်။



ယနေ့ဆွေးနွေးပွဲတွင်တွေ့ရသော ABSDF ခေါင်းဆောင်များ(ဓာတ်ပုံ - ABSDF)

အစိုးရဘက်မှ ဗိုလ်မှူးကြီးစောခင်စိုး (ငြိမ်း) ဦးဆောင်ပြီး ABSDF ဘက် မှ ဒု ဥက္ကဌ ဦးမျိုးဝင်း အပါအ၀င် ခေါင်းဆောင်တချို့တို့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုဆွေးနွေးပွဲမှ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် နှင့် ငြိမ်းချမ်းရေး အတွက် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း ဦးမျိုးဝင်းက ဧရာဝတီသို့ ပြောသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
“ရှေ့ဆက် တန်းတူ ညီတူ ဆွေးနွေးသွားဖို့ အတွက် သဘောတူညီမှုရခဲ့တဲ့ အပေါ်မှာတော့ ဘာပဲပြောပြော အပြန်အလှန် လေးစား မှု ရှိရှိနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်”ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့်လဆန်းပိုင်းတွင် အစိုးရကိုယ်စားလှယ်များက ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူများကို တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး နောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နယ်စပ်ဒေသများတွင် အခြေစိုက်ကာ ဒီမိုကရေစီ အ ရေး၊ လူ့အခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အတွက် အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၂၃ နှစ် ကျော် ရှိပြီ ဖြစ်သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။

ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက သဘောတူ လက်မှတ်ရေးထိုးထား ကြသည်။
ယင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ငြိမ်းချမ်းရေး ယူထားကြသော်လည်း  မြန်မာပြည် မြောက်ပိုင်းရှိ ကချင်ပြည် လွတ် လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်သည့် ဒေသများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသေးကြောင်း သိရသည်။
................................................................................................................

ကိုမိုးသီးဇွန်နဲ့ ဝန်ကြီး ဦးအောင်မင်းတွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2012 - 01:44 GMT။ BBC

၈ လေးလုံး လူထုဆန0x081ဒပြကြီး ဖြစ်တုန်းက ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ ကိုမိုးသီးဇွန် ဟာ မြန်မာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ ဘန်ကောက်မြို့မှာ အဂင်0x081ါနေ့ကတွေ့ဆုံခဲ့ပါတယ်။

 
အမေရိကန်မှာ နေထိုင်နေတဲ့ ကိုမိုးသီးဇွန်တို့ မြန်မြာ
ပည် ပြန်မယ်ဆိုရင် ဘယ်လို အနေအထားတွေ ရှိမလဲဆိုတာကို ဆွေးနွေး မေးမြန်းခဲ့တယ်လို့ ကိုမိုးသီးဇွန်က ဘီဘီစီကို ပြောပါတယ်။ဒါပေမယ့် ကိုမိုးသီးဇွန်တို့ကို အစိုးရအနေနဲ့ တရားဝင် ခေါ်တာမျိုးတော့ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

''အစိုးရက ဖွင့်ပေးတယ်ဆိုရင် ကျွန်တော်တို့က ပြန်သွားမှာပါ။ ပြန်လုပ်မှာပါ'' လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေ တွေကို ပဏာမ အနေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။ပြည်ပရောက် မြန်မာ အတိုက်အခံတွေက အစိုးရကို အယုံအကြည် မရှိသေးဘူး ဆိုတဲ့ အကြောင်း ကိုလည်း သူက ဦးအောင်မင်းကို ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

ကိုမိုးသီးဇွန်တို့ ပြောတဲ့ အခြေအနေတွေကို ဦးအောင်မင်းကလည်း သမ0x081မတကြီးဆီကို တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ကိုမိုးသီးဇွန်က ပြန်ပြော ပြပါတယ်။ကိုမိုးသီးဇွန်ဟာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို ထူထောင်ခဲ့ သူလည်းဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရကိုလက်နက်ကိုင်ပြီး တော်လှန်ခဲ့တဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဥက0x081ကဌ အဖြစ်လည်း တာဝန် ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးအောင်မင်းဟာ အရင်နေ့တွေကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြည်ပရောက် မြန်မာအတိုက်အခံတွေ၊ တိုင်းရင်းသား အင်အားစု တခိျု့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
..................................................................................................

ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်


ချင်းမိုင် (မဇ္ဈိမ)။        ။ ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း
ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

"အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။
ပြန်ပြီးလုပ်ကြဖို့ ပြောတယ်" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
uaungmin
ပြန်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် ဖိတ်ခေါ် (ဓါတ်ပုံ မဇ္ဈိမ)

ထိုသို့ ဖိတ်ခေါ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေသည်သာ အဓိကကျပြီး ထိုအခြေအနေမျိုးကို အစိုးရအနေဖြင့် ပထမဆုံး ဖန်တီးပေးသင့်ကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သို့ တိုက်တွန်းခဲ့သည်ဟု
ဒေါက်တာအောင်နိုင်က ဆက်ပြောသည်။

"အပြင်မှာ ရောက်နေတဲ့သူတွေကော၊ တောထဲမှာ ရောက်နေတဲ့သူတွေကော ပြည်တွင်းထဲကလူတွေကော စိတ်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ နေနိုင်မယ့် အခြခံအုတ်မြစ်တွေကို ချဖို့လိုတယ်။ အဲဒါတွေ ရှိပြီဆိုရင် ဘယ်သူမှလည်း လက်နက်ကိုင် တိုက်မနေတော့ဘူး။ အဲဒါမျိုးဖြစ်ဖို့ အဓိက ကျတယ်ပေါ့။ အဲဒါမျိုး ဆောင်ရွက်စေချင်တယ်"
ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်ပေးရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် FDB က တင်ပြတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ အတည်ပြုပြီး စာရင်းအရ လက်ရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁၅ ယောက်ရှိသည်။

အထက်ပါ နိုင်ငံရေးအကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပေါ်တွင် တည်မှီနေ
ကြောင်းကို "သူတို့ ပြောတာကတော့ အထူးသဖြင့် မတရားသင်းနဲ့ ပတ်သက်တဲ့ လူတွေဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေးတွေ အောင်မြင်တာနဲ့အမျှ မတရားသင်းတွေ ပျက်ပြယ်သွားလို့ရှိရင် မတရားသင်းအမှုနဲ့ လွတ်သွားမှာပဲပေါ့" ဟု ဦးအောင်မင်းက ပြောကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြန်လည်ပြောပြသည်။

FDB ၏ တင်ပြတောင်းဆိုချက်များကို ဦးအောင်မင်း က ဦးသိန်းစိန် အစိုးရထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ကတိကဝတ်များ သဘောတူညီချက်များ မရရှိသေးဟုလည်း သိရသည်။ နောက်ထပ်တွေ့ဆုံမှုကို ကြားဖြတ်
ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်သည်ဟု FDB အဖွဲ့ဝင်များက ခန့်မှန်းထားသည်။

တနင်္လာနေ့ FDB နှင့် ဆွေးနွေးပွဲတွင် ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ FDB အဖွဲ့မှလည်း ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ မနိုးနိုးထက်စံ၊ ကိုသွင်လင်းအောင်၊ ကိုမင်းနိုင် တို့ တက်ရောက်ခဲ့ကြသည်။

FDB ၏ အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗကသများ အဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD၊ People’s Defence Force (PDF)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့ ပါဝင်သည်။

ဦးအောင်မင်းသည် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)၊ မဇ္ဈိမသတင်းဌာန နှင့် ဧရာဝတီသတင်းဌာန တို့မှ တာဝန်ရှိသူများနှင့်လည်း တနင်္လာနေ့က လက်ခံ တွေ့ဆုံခဲ့သေး သည်။ တနင်္ဂနွေနေ့ကလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်သီးခြား တွေ့ဆုံ ဆွေးခဲ့ကြသေးသည်။
.......................................................................................................................

 အစိုးရနဲ့ လူ့ဘောင်သစ်ပါတီ၊ ပအို့ဝ် လွတ်မြောက်ရေး အဖွဲ့တို့ တွေ့

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2012 - 16:56 GMT။ BBC

ထိုင်းမြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)နဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) က ခေါင်းဆောင် တွေကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနဂင်0x081နွေနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်တယ်လို့ အဲဒီ အဖွဲ့ နှစ်ဖွဲ့စလုံးက ပြောပါတယ်။





မြန်မာနိုင်ငံတွင်းမှာ လူ့ဘောင်သစ် ပါတီ တရားဝင် ပြန်လည် ရပ်တည်ဖို့ ဆိုတာ ကာလ တခုအထိ အချိန်ယူရအုံးမှာ ဖြစ်ပြီး တဖက်နဲ့ တဖက် အပြန်အလှန် ထိတွေ့ ဆက်ဆံ အကြံပြုတာတွေ လုပ်ဖို့ လိုအုံးမှာ ဖြစ်တယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက0x081ကဌ ကိုအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်အောင် ပြင်ဆင်ဖို့ အများကြီး လိုနေသေးဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော အခြေအနေမှာ ပြင်ဆင်လို့ မရသေးတာမို့ ပြင်ဆင်နိုင်ဖို့ နည်းလမ်းတွေ ရှာနိုင်အောင် အခုလို တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်နေတာ ဖြစ်တယ်လို့ ကိုအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထု လုပ်ရှားမှု အပြီး ပြည်တွင်းမှာ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တခါ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ သီးခြား တွေ့ဆုံခဲ့တဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ကလည်း အခု တွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်ပြီး ပြည်ထောင်စု အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက် ရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်က တရားဝင် ကြေညာ ပေးဖို့နဲ့ အဲဒီလို ရပ်စဲအပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံမှုတွေ လုပ်ဖို့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ဖက်က တင်ပြ တောင်းဆိုခဲ့တယ်လို့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

သူတို့ တောင်းဆိုခဲ့ချက်တွေထဲမှာ တခိျု့အချက်တွေကို သမ0x081မတထံ ပြန်လည် တင်ပြ ပြီးမှ ဆက်လက် ဆွေးနွေးမယ်လို့ ဦးအောင်မင်းက တုန့်ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အကြေအလည် ဆွေးနွေး ပြောဆိုမှုတွေ ထပ်လုပ်ပြီးရင်တော့ သဘောတူချက် ထွက်လာနိုင်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ကို ပအို့ဝ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပအို့ဝ် အတိုက်အခံ နိုင်ငံရေး သမားတွေ စုစည်းပြီး ဒီနှစ်ထဲမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
........................................................................................................................

ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် မြန်မာပြည်သွားမည်



ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ စာနယ်ဇင်းသမားတဦး အနေဖြင့် သွားရောက်မည်ဖြစ်သည်။
ကိုအောင်ဇော်သည် စာနယ်ဇင်းသမား ဗီဇာ (Journalist Visa) ဖြင့် မြန်မာနိုင်ငံ၌ ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ၂၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်လေ့လာခြင်းဖြစ်သည်။


ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော် (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံ၌ ရောက်ရှိစဉ်အတွင်း အစိုးရအာဏာပိုင်များ၊ ပြည်တွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ စာပေ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံရန်ရှိသည်။
ကိုအောင်ဇော်သည် ၈ လေးလုံး အရေးတော်ပုံတွင် ကျောင်းသားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် ၁၉၈၈ စက်တင်ဘာလ တွင် ထိုင်း- မြန်မာနယ်စပ်သို့ ထွက်ခွာခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဧရာဝတီမဂ္ဂဇင်းကို အင်္ဂလိပ်ဘာသာဖြင့် တလနှစ်ကြိမ် ထုတ်ဝေပြီး မြန်မာနှင့် အရှေ့တောင်အာရှ ရေးရာများကို လေ့လာသည့် ပညာရှင်များ၊ မြန်မာ့အရေး လှုပ်ရှားတက်ကြွသူများ၊ သံတမန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူများသို့ ဖြန့်ချိခဲ့သည်။
ဧရာဝတီမဂ္ဂဇင်းသည် မြန်မာ့ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အတိုက်အခံများနှင့် ပတ်သက်၍  ပထမဆုံးလွတ်လပ်စွာ ထုတ်ဝေခဲ့သည့် မဂ္ဂဇင်းအဖြစ် ရပ်တည်ခဲ့သည်။

ကိုအောင်ဇော်သည် The Nation, Bangkok Post, Wall Street Journal, The Guardian, Time, Yale Global, Foreign Policy စသည့် ဒေသတွင်းနှင့် နိုင်ငံတကာ မီဒီယာများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ကိုအောင်ဇော်သည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ ဆောင်ရွက်လှုပ်ရှားသူအဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund ၏ Prince Claus Award ကို ချီးမြှင့်ခံရသည်။

မကြာသေးမီကလည်း ပြည်ပအခြေစိုက် မီဒီယာများမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကာ ပြည်တွင်း စာနယ်ဇင်းများ၏ လက်ရှိအခြေအနေများကို သွားရောက်လေ့လာခဲ့ကြသည်။
.......................................................................................................................

ဗဟု ခေါင်းဆောင်များ မြန်မာပြည်သွား
ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့က မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေသည့် အခန်းကဏ္ဍများ၌ ပါဝင်ကူညီပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။

ဗဟု ခေါင်းဆောင်များ ဖြစ်သော ဦးအောင်သူငြိမ်း၊ ဦးတင်မောင်သန်း၊ ဒေါက်တာ ဇော်ဦးနှင့် ဦးအောင်နိုင်ဦး (ဓာတ်ပုံ - ဗဟု ဖွံ့ဖြိုးရေး အဖွဲ့)

ဗဟု (Vahu Development Institute) အဖွဲ့ ခေါင်းဆောင်များဖြစ်သော ဦးအောင်သူငြိမ်း၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဒေါက်တာ ဇော်ဦး တို့သည် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ယနေ့ရောက်ရှိသွားပြီဖြစ်ပြီး သီတင်းပတ်၂ ပတ်ကြာ နေထိုင်မည် ဖြစ် သည်။

နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများ၌ ပါဝင်ကူညီနိုင်ရေး အတွက် သွားရောက်လေ့လာခြင်း ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော် တို့၌ ပြုလုပ်မည့် စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း တက်ရောက်ကြမည်ဟု ဗဟု အဖွဲ့မှ ဦးအောင်သူငြိမ်း က ဧရာဝတီကို ပြောသည်။

အစိုးရ အဖွဲ့ဝင် တချို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ NGO စသည့် အဖွဲ့ အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း လည်း ဦးအောင်သူငြိမ်းက ဆိုသည်။
၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့၌ အတွင်းရေးမှူး တာဝန် ထမ်းဆောင် ခဲ့သူ တဦးဖြစ်ပြီး ၂၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။

ဦးအောင်သူငြိမ်းက“အခုသွားတာက လေ့လာတဲ့အဆင့်ပါ၊ နောက်ပိုင်းမှာတော့ ရန်ကုန်မှာရုံးဖွင့်ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ ရှိပါတယ်”ဟု ဆိုသည်။
ဒေါက်တာဇော်ဦးသည် ပြီးခဲ့သည့် လအနည်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် အဆင့်ပြုလုပ်သည့် စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ စီးပွားရေးဆိုင်ရာ စာတမ်း တစောင်ဖတ်ကြားခဲ့သေးသည်။

ဗဟုအဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်နှင့်ချိတ်ဆက်ပြီး ပြည်တွင်းမှ သင်တန်းသားများခေါ်ယူ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘာသာရပ်များကို သင်ကြားပေးနေပြီး ထိုသင်တန်းသားများက မြန်မာနိုင်ငံတွင်း၌ သက်ဆိုင်ရာနယ်ပယ်များတွင် ပြန်လည် အသုံးချ လုပ်ကိုင်လျက် ရှိကြောင်း ဗဟုအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သူ ဦးအောင်နိုင်ဦး က ပြောပြသည်။

“ကျနော်တို့ သင်တန်းသားတွေဟာ မြန်မာနိုင်ငံထဲက ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီမှု လုပ်နေကြပါတယ်၊ နိုင်ငံ ရေး၊ စီးပွားရေး ကိစ္စ တချို့မှာလည်း ပါဝင်ကူညီပေးတာ ရှိပါတယ်”ဟု ဦးအောင်နိုင်ဦး က ဆိုသည်။

ပြည်တွင်းမှ သင်တန်းသား ၃၀၀ ကျော်အား သင်တန်းများပေးခဲ့ပြီး ရန်ကုန်အခြေစိုက် Myanmar Egress အဖွဲ့နှင့် ပူးပေါင်း ၍ ဆောင်ရွက်နေခြင်းများရှိကြောင်းလည်း သိရသည်။
ဗဟုအဖွဲ့သည် ချင်းမိုင် တက္ကသိုလ်၌ ဖွင့်လှစ်ထားသော Community Development and Civic Empowerment (CDCE) ၃ လ သင်တန်းသို့ ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူပြီး ကုန်ကျ စရိတ်များကို တာဝန်ယူ၍ သင်တန်းများ ပို့ချပေးခြင်း ဖြစ် ကြောင်း ဗဟု အဖွဲ့က ပြောသည်။

CDCE သင်တန်း တကြိမ်လျှင် လူဦးရေ ၃၅ ဦးဝန်းကျင်ခေါ်ယူ သင်တန်းပေးခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် CDCP ဂျာနယ်လစ်ဇင် သင်တန်းကိုလည်း ဘန်ကောက်မြို့၌ ၂ ကြိမ် ဖွင့်လှစ်ပြီးဖြစ် ကြောင်း၊ ထိုသင်တန်းများ အပြင် စီးပွားရေးဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြောင်း ဗဟု အဖွဲ့ဝင် တဦး က ဧရာဝတီ ကို ပြောပြသည်။
ဗဟုအဖွဲ့၏ လုပ်ငန်းများအတွက် ကုန်ကျငွေများကို ဥရောပ နိုင်ငံများမှ အဖွဲ့တချို့ နှင့် တခြားသော အလှုရှင်များက ကူညီပေး ကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၀၅ ခုနှစ်တွင် ဗဟုအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျေးလက်ဒေ သ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့၏ ဗဟို အလုပ်မှုဆောင်အဖွဲ့၌ ဒေါက်တာ ဇော်ဦး၊ ဦးအောင်နိုင်ဦး ၊ ဦးအောင်သူငြိမ်း၊ ဦးဝင်းမင်း စသည်တို့ ပါဝင်သည်။ ၎င်းတို့သည် ၁၉၈၈ အရေးတော်ပုံအပြီးတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ABSDFအဖွဲ့သို့ဝင်ရောက်၍ ထိပ်ပိုင်း ခေါင်းဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။
........................................................................................................................

Vahu Founders Return to Burma


By NYEIN NYEIN / THE IRRAWADDY Friday, February 10, 2012


Four leading members of Vahu Development Institute (VDI) will participate in a couple of workshops in Naypyidaw next week and will attend several workshops in Rangoon during their two-week trip to Burma, according to Aung Naing Oo, the deputy director of VDI.

He said Zaw Oo, the director of Vahu, will attend the Education and Health Workshop, organized by the UNDP in Naypyidaw on Feb. 13, as well as the Small and Medium Enterprise (SME) workshop.

“We will also be attending workshops in Rangoon to represent issues related to economic development,” said Aung Naing Oo.

The workshops in Rangoon will be organized by the Union of Myanmar Federation of Chambers of Commerce and Industry and Myanmar Fishing Industry.
VDI deputy-director Aung Naing Oo returns to Burma after nearly 24 years in exile.
Four VDI founding members—Zaw Oo, Aung Naing Oo, Aung Thu Nyein and Tin Maung Than—return to Burma on Friday, Feb. 10. Senior Associate Aung Thu Nyein said the trip was an observation mission with a view to opening a VDI office in Burma.

'Our main intention of going there is to assess the situation and to see how we can help the current changes in the country', he added.
Over the fortnight they said they hope to meet with government officials, private businessmen, NGOs and student leaders.

It is not sure yet whether they will have an audience with Burmese pro-democracy leader Aung San Suu Kyi.

“We will try to get an appointment, but she is very busy with her campaign,” said Aung Thu Nyein.
Despite being in exile for more than two decades, “our souls are there [in Burma] even though we were not able to return,” he added. “Since 1988, we have worked for Burma. Now we can finally go back.”
VDI is a Thailand-based think-tank for research and training, dedicated to working for political reform in Burma, as well as economic and civic society development.

Director Zaw Oo attended the government’s economic forum in Naypyidaw in August last year.
..................................................................................................................


ABSDF Holds Peace Talks with Govt


By SAW YAN NAING / THE IRRAWADDY Thursday, February 9, 2012


ABSDF fighters at the frontline in Karenni State. (Photo: Paddy O’Hanlon)
Leaders of armed dissident group, the All Burma Students’ Democratic Front (ABSDF), held their first ever negotiations with a Burmese government delegation on Thursday at the Thai-Burmese border, and agreed to a further round of talks aimed at a ceasefire and a peace agreement.

Speaking to The Irrawaddy after the historic meeting in Mae Sot, ABSDF Vice-chairman Myo Win said the day's talks with Naypyidaw's Union-level Peace Discussion Group were a first step, but that no agreement had been signed. He confirmed that both sides had agreed to further negotiations.

“We received an agreement from them [government peace delegation] to hold further talks in Yangon,” he said. “And we agreed to solve political problems by political means.”

He said that no date had yet been set for the second round of talks.
The ABSDF was established by Burmese university student activists in 1988 after they fled to Burma’s border regions in the wake of a crackdown on pro-democracy demonstrators.
The government delegation was led by Saw Khin Soe, a retired army officer, in place of Aung Thaung, the head of the Naypyidaw peace delegation, who was unable to attend.

“We can say that we spoke frankly to each other and with respect,” said Myo Win, a former Rangoon University student who joined the ABSDF at its forming nearly 24 years ago.
The ABSDF is allied with ethnic rebels such as the Karen National Union (KNU) and the Karenni National Progressive Party, both of which helped students in 1988 when they arrived at the Thai-Burmese border by providing shelter, food, weapons and training.

The Naypyidaw peace delegation has already reached ceasefire agreements with several armed ethnic groups, including the KNU, Shan State Army–South and the United Wa State Army.

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More