Friday, October 31, 2025

ငါ့သရောက်တိုက်ပွဲ စစ်သား ၈ ဦးသေ... ရှမ်းမြောက်အပစ်ရပ်ပြီး ရခိုင်ကို ဗုံး...


ငါ့သရောက်တိုက်ပွဲ စစ်သား ၈ ဦးသေဆုံး... ရှမ်းမြောက်အပစ်ရပ်ပြီး ရခိုင်ကို ဗုံးကြဲမှုတိုးလာဟု AA သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ နိုဝင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၈ ဦးသေဆုံးတယ်လို့ (ပုဂံပြည် ဘီလူးတပ်) -  ညောင်ဦး ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉၊ မနက် ၈ နာရီခန့်မှာ ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်း အိုရင်းကျေးရွာအနီး ကန်နပေါက်ကန်သို့ ရောက်ရှိလာချိန်မှာ အနီးကပ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့၊ စစ်အုပ်စုရဲ့ အသည်းနှလုံး နေရာတွေကို ခြိမ်းခြောက်နိုင်ဖို့အတွက် အင်အားသစ်တွေ အများကြီးလိုအပ်နေပါတယ်၊ ❝တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်❞ လို့ မန်းတလေး PDF က ဖိတ်ခေါ်...

- စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်မှာ အပစ်ရပ်လိုက်မှုကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော်ရှိနေတဲ့နေရာအပြင် အာရက္ခပြည်သူတွေရှိနေတဲ့နေရာတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု တိုးပြီးလုပ်လာနေတဲ့အတွက် ၃ ရက်အတွင်း ပြည်သူ ၁၂ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်...

- ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ KNLA တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြော...

- မောင်းမကန်ကမ်းခြေရှိ မောင်းမကန် ရဲ စခန်းသိမ်းပိုက်မှု ဗီဒီယို မှတ်တမ်းကို ဒူရကစစ်ကြောင်းက ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“သမ္မတ ထရမ့်ဆီကနေ ဒီမိုကရေစီအရေး အကူအညီ မျှော်လင့်နေလို့မရဘူး”


“သမ္မတ ထရမ့်ဆီကနေ ဒီမိုကရေစီအရေး အကူအညီ မျှော်လင့်နေလို့မရဘူး”

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၃၁ အောက်တိုဘာ ၂၀၂၅)

“လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ပတ်သက်ပြီး မြန်မာဟာ အမေရိကန်ရဲ့ ဦးစားပေးထဲမပါဘူး။ ဒါဖြင့် ဒီမိုကရေစီရေးအရ အကူအညီကောပေးနိုင်သလား၊ သမ္မတ ထရမ့်ကိုယ်တိုင်က ဒီမိုကရေစီကိုဦးစားပေးသူမဟုတ်တဲ့အတွက် သူ့ဆီကနေ ဒီမိုကရေစီအရေး အကူအညီလည်း မျှော်လင့်နေလို့မရဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သမန်းက ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ အာရှဒေသခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲပတ်သက်ပြီး ဘာမှပြောမသွားတာဟာ မြန်မာဒီမိုကရေးအရေးတိုက်ပွဲဝင်မှုကို အမေရိကန်က စိမ်ဝင်စားမှု မရှိတဲ့သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သမ္မတ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာဟာ ဘာမှအရေးမပါဘူးလား...

- အာဆီယံရဲ့ ဆောင်ရွက်မှုတွေက ဒီမိုကရေစီအရေး ရုန်းကန်တိုက်ပွဲဝင်နေသူတွေကို ခွန်အားဖြစ်စေပါရဲ့လား...

- ရွေးကောက်ပွဲအတုကို အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံအချို့က အားပေး ထောက်ခံနေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှူ ပိုရလာအောင် တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။

အင်တာနက်လိုင်းနှေးတာ၊ ကွန်ပြူတာနှေးတာတွေကြောင့် ရုပ်ပုံလွှာ ရပ် ရပ် သွားတဲ့အပေါ် တောင်းပန်အပ်ပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, October 30, 2025

မောင်းမကန် စခန်းသိမ်းပွဲ သေနတ် ၂၀ ကျော်ရရှိ... ဝက်လက် တိုက်ပွဲ စစ်သား ၂၀...


မောင်းမကန် စခန်းသိမ်းပွဲ သေနတ် ၂၀ ကျော်ရရှိ... ဝက်လက် တိုက်ပွဲ စစ်သား ၂၀ နီးပါးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၁ အောက်တိုဘာ ၂၀၂၅)

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ မောင်းမကန်ကမ်းခြေရှိ မောင်းမကန် ရဲ စခန်းသိမ်းပွဲအတွင်း စစ်တပ်ဖက်က (၁၂) ဦးသေဆုံး၊ ၁၀ ကျော်ဒဏ်ရာရ၊ လက်နက်မျိုးစုံ ၂၁ လက် သိမ်းမိတယ်လို့ PDF အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆၊ မနက် ၅ နာီရခွဲမှာ စတင်တိုက်ခိုက်ပြီး ၉ နာရီခွဲမှာ စခန်းသိမ်းနိုင်တယ်၊ စခန်းတခုလုံးကို မီးရှိ့ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းမိလက်နက်တွေကတော့ ၆၀ မမ စိန်ပြောင်း ၂ လက်၊ Uzi (၆) လက်၊ G3 (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ခြောက်လုံးပြူး (၄) လက် အပါဝင် သေနတ် ၂၁ လက်နဲ့ jampar စက် (၂) လုံး၊ ခဲယမ်းတွေဖြစ်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဒေသ၊ ရေဖြူမြို့နယ်၊ မူဒူးရွာနဲ့ ဝက်ချောင်းရွာရှိ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး...

- အရာတော် မြို့နယ်၊ သလဲဘာ ပျူစောထီးရွာကနေ ဝက်လက်မြို့နယ် ကျောက်ကုန်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၆ ဦးသေ၊ ၃၀ ခန့် ဒဏ်ရာရ...

- ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၁၀ ကျော်အထိ သေဆုံး...

- လေးကေကော်မြို့သစ် တောင်ဘက်ရှိ  ရသေ့ဂူကျေးရွာ၊ မယ်ဝါးခီးရွာဖက်က တောင်ကြောတွေပေါ် စစ်ကောင်စီတပ်က Y12 လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ဖလူးဖက်ကိုပါ လေယာဉ်တွေ ဝဲနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, October 29, 2025

တရုတ်နယ်စပ် ပြည်သူ့စစ် စခန်း ၂ ခု KIA ထပ်သိမ်းပိုက်... စစ်ကောင်စီနဲ့ အပစ...


တရုတ်နယ်စပ်အနီးရှိ ပြည်သူ့စစ် စခန်း ၂ ခု KIA ထပ်သိမ်းပိုက်... စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်ပြီလို့ TNLA ကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀ အောက်တိုဘာ ၂၀၂၅)

ကန်ပိုင်တည်၊ လွယ်ဂျယ်၊ လိုင်ဇာ အပါဝင် ကချင်-တရုတ် နယ်စပ်ရှိ ဂိတ်တွေအားလုံးကို အောက်တိုဘာ ၂၅ မှာ တရုတ်ဖက်က ပြန်ဖွင့်ပေးလိုက်ပြီလို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါဟာ တရုတ်နဲ့အပေးအယူလုပ်ပြီး ဖွင့်တာမျိုးမဟုတ်ပဲ တရုတ်ဖက်က ပိတ်ထားတာတွကို တရုတ်ကပြန်ဖွင့်ပေးတာသာဖြစ်တယ်၊ လူထုအတွက် အခြေခံစားသောက်ကုန်တွေကို အဓိက တင်သွင်းနေတယ်လို့ ဗိုလ်မှူးကြီးက ရှင်းပြပါတယ်...

ဒါ့အပြင်...

- ခေါင်လန်ဖူးမြို့နယ်၊ တရုတ်နယ်စပ်အနီးရှိ စစ်ကောင်စီနဲ့ ဌာနေပြည်သူ့စစ် စခန်း ၂ ခုကို KIA နဲ့ မဟာမိတ်တွေက ထပ်မံသိမ်းပိုက်...

- တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနိုင်ပေးမှူအရ အောက်တိုဘာ (၂၉) ရက် ည သန်းခေါင်ချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ ၂ ဖက် အပစ်ရပ်ဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့ TNLA က ကြေညာ...

- TNLA က အပစ်ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်ပေးမယ်လို့ ကြေညာပေမယ့် TNLA ရဲ့ မဟာမိတ် မန္တလေး PDF နဲ့ မိုးကုတ်ဗျုဟာ တို့က သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်...

- တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကောင်စီတပ်က အင်အားရာချီပြီး နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာရာကနေ ချင်းတော်လှန်ရေးတပ်တွေနဲ့ အောက်တိုက်ဘာ ၂၉ မှာ တိုက်ပွဲစဖြစ်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, October 28, 2025

နောက်ဆုံးရ တိုက်ပွဲသတင်းများ...


နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉  အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျုဟာကုန်းမှာ ပိတ်မိနေတဲ့ စစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်ကြောင်း ၂ ကြောင်းနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ရာမှာ စစ်ကြောင်းတခု လုံး၀ ပြုတ်သွားတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

အောက်တိုဘာ၂၈၊ မနက်ပိုင်းမှာ ကပစ(၁၄)နဲ့ ဇင်ပြွန်းရွာဖက်ကနေ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းတခုက လမ်းဟောင်းအတိုင်းတက်လာပြီး နောက် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတခုက လမ်းသစ်ဖက်ကနေ တပြိုင်တည်းထိုးလာတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ပထမ စစ်ကြောင်းကို ပဇီကျေးရွာအနီးအရောက်မှာ AA က တိုက်ခိုက်တာဖြစ်ပြီး စစ်ကြောင်းတခုလုံးပြုတ်သွားတယ်၊ အလောင်းတွေ လက်နက်တွေ အများကြီး သိမ်းမိတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ် ...


“စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ် လို့ထင်ပါတယ်”

- CDM ဗိုလ်ကြီးဇင်ယော် (စစ်ဖက်ရေးရာ ဝေဖန်သုံးသပ်သူ)

(၂၈ အောက်တိုဘာ ၂၀၂၅)

“၁၀၂၇ စစ်ဆင်ရေး ကာလလိုမျိုး မြို့သိမ်းတိုက်ပွဲတွေ လောလောဆယ်မြင်ရဖို့မရှိပေမယ့် စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ်ဆိုရင် စစ်ကောင်စီတပ်ကို မလှုပ်နိုင်အောင် ချုပ်ထားနိုင်မှာဖြစ်တယ်” လို့ စစ်ဖက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အခုရက်ပိုင်း စစ်တပ်အတွင်း ပြုလုပ်ခဲ့တဲ့ တိုင်းမှုး၊ တပ်မမှုး၊ စကခ မှုး အပြောင်းအလဲတွေအကြောင်း၊ တော်လှန်ရေးဖက်ကပြောနေတဲ့ အထွေထွေထိုးစစ်တွေအကြောင်း...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- တိုင်းမှူး၊ တပ်မမှူး၊ ဒကစ မှုးအပါဝင် ထိပ်တန်းစစ်ဖက်အရာရှိ ၃၀ ခန့် အပြောင်းအလဲလုပ်တာ ဘာကြောင့်လဲ...

- ရှမ်းမြောက်နဲ့ ရှမ်းအရှေ့မှာပဲ တိုင်းမှုးတွေပြောင်းပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်၊ ရခိုင်၊ ကရင်နဲ့ တနသာၤရီဖက်မှာ တိုင်းမှူးမပြောင်းတာ ဘာကြောင့်လဲ...

- ဒီအပြောင်းအလဲက စစ်တပ်ဖက်က တိုက်စစ်အရှိန်မြှင့်လာမှာလား... ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုကို အဓိကထားမှာလား...

- AA ရဲ့ တိုက်ခိုက်ရေးစွမ်းရည်... နတ်ရေကန်ဗျုဟာသိမ်းပိုက်ရေး- ကပစ တွေ သိမ်းပိုက်ရေး အလားအလာ ဘယ်လိုရှိသလဲ...

- အညာဒေသက PDF တွေအနေနဲ့ မြို့သိမ်း-စခန်းသိမ်းတိုက်ပွဲအစား စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်ကို အခြေခံပြီး စစ်တပ်ကို လှုပ်မရအောင် ထိန်းချုပ်ထားနိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More