Tuesday, October 31, 2023

“လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ရှိရှိ၊ လူထုထောက်ခံမှုမရှိရင် မရဘူး”


“လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ရှိရှိ၊ လူထုထောက်ခံမှုမရှိရင် မရဘူး”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၁- ၁၁- ၂၀၂၃)

“စစ်ကောင်စီဖက်မှာ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ပဲရှိရှိ၊ လူထုထောက်ခံမှုမရှိရင် ဘာမှလုပ်မရဘူး။ ဒီနေ့ စစ်ပွဲအခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၇၀ က ပုံစံနဲ့မတူတော့တဲ့အတွက် အရင်တုန်းကလို နောက်ဆုံးကျရင် စစ်တပ်ကပဲ ပြန်နိုင်မယ်ဆိုတာ ဒီနေ့မဖြစ်နိုင်တော့ဘူး” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ မှာ စတင်လိုက်တဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၅ ရက်လောက်အတွင်း မြို့ ၃ မြို့နဲ့ စစ်တပ်စခန်း ၈၀ လောက်ကို သိမ်းပိုက်ပြီးနောက်... စစ်တပ်လိုလားသူတွေဖက်က အရင်ပြောနေကြအတိုင်း နှစ် ၇၀ အတွင်း စစ်တပ်ကို နိုင်အောင်တိုက်နိုင်တဲ့ တော်လှန်ရေးတပ် မရှိဖူးဘူးဆိုတာ ဒီတကြိမ်မှာကော ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- နှစ် ၇၀ ကျော် ထင်ရာစိုင်းခဲ့တဲ့ စစ်တပ် ဒီပွဲမှာ တကယ်ခံရတော့မလား...

- အာဏာသိမ်း လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင်စစ်ဗိုလ်ဟောင်းတွေကြား သဘောထားကွဲမှု ပိုကြီးလာနေသလား..

- ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ တာသွားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, October 30, 2023

“ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်က တပ်တွေတင် မကဘူး၊ တနိုင်ငံလုံးက တပ်တွေကိုပါ စ...


“ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်က တပ်တွေတင် မကဘူး၊ တနိုင်ငံလုံးက တပ်တွေကိုပါ စိတ်ဓာတ်အင်အား ပျက်စီးစေတာဖြစ်တယ်“

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၃၁- ၁၀- ၂၀၂၃)

“ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်းက တပ်တွေကိုတင်မကပဲ တနိုင်ငံလုံးရှိ စစ်သားတွေကို စိတ်ဓာတ်အင်အားပျက်ပြားစေတဲ့အထိ အရှိန်အဟုန်ကောင်းနေတယ်။ တော်လှန်ရေးတပ်တွေအားလုံး ဒီတိုက်ပွဲမှာ အချိန်ကိုက်ပါဝင်ပြီး စစ်တပ် ဘယ်တော့မှ ခေါင်းပြန်မထောင်နိုင်အောင် ဆောင်ရွက်ဖို့လိုတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ မှာ စတင်လိုက်တဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်တပ်အတွင်း အကျအဆုံး ဘယ်လောက်များနေသလဲ၊ စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာအခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- စစ်တပ်ဖက်က ကြိုတင်ပြင်ချိန်မရတာလား၊ ကြိုတင်ပြင်ဆင်နိုင်စွမ်းတောင် မရှိတော့တာလား...

- ချင်းရွှေဟော်နဲ့ အခု တိုက်ပွဲဖြစ်နေတဲ့ဒေသတွေဟာ စစ်ရေးအရ ဘယ်လောက် အရေးပါသလဲ...

-  စခန်းတွေ ဆက်တိုက်အကျများနေခြင်းက အောက်ခြေစစ်သားတွေကို ဘယ်လောက်အထိ စိတ်ဓာတ်အင်အားပျက်စီးစေသလဲ...

- သမိုင်းမှာ မရှိဘူးသေးတဲ့ ဒီလိုအခွင့်အခါကောင်းမှာ တော်လှန်ရေးအင်အားစုအားလုံး ဘယ်လို ပူးပေါင်းပါဝင်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဝန်ကြီးဟောင်း ဦးရဲထွတ် ဖမ်းဆီးခံရခြင်းအပါဝင် လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင် စစ်ခေါင်းဆောင်ဟောင်းတွေကြား သဘောထားကွဲမှုတိုးလာနေသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ရှမ်းမြောက်မှာ စစ်ရှုံးနေလို့ ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ကြောင်း လုပ...


“ရှမ်းမြောက်မှာ စစ်ရှုံးနေလို့ ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ကြောင်း လုပ်ကြံဝါဒဖြန့်တာပါ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

“ချင်းပြည်နယ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ဟာ လုပ်ကြံသတင်းသာဖြစ်ပြီး မြေမြင်မှာ ဘာမှပြောင်းလဲမှုမရှိဘူး။ ဒါဟာ ရှမ်းမြောက်မှာ စစ်ရှုံးတောကို တဖက်လှည့်နဲ့ ဝါဒဖြန့် နေခြင်းသာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ ထန်တလန်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထန်တလမြို့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- ကချင်ဒေသနဲ့ မြန်မာပြည်မြောက်ပိုင်းမှာ CNA တပ်တွေ အရင်ကတည်းက ရှိနေတာလား...

-  ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ CNF နဲ့ အခြား မဟာမိတ် ERO တွေ ဘယ်လိုပူူးပေါင်းပါဝင်နိုင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, October 28, 2023

“၁၀၂၇ စစ်ဆင်းရေးရဲ့အနှစ်ချုပ်က နွေဦးတော်လှန်ရေးမှာ ညီနောင် ၃ ဖွဲ့ ပါဝင်လ...


“၁၀၂၇ စစ်ဆင်းရေးရဲ့အနှစ်ချုပ်က နွေဦးတော်လှန်ရေးမှာ ညီနောင် ၃ ဖွဲ့ ပါဝင်လာပြီဆိုတာကို တရားဝင်ကြေညာတာဖြစ်တယ်”

ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈- ၁၀- ၂၀၂၃)

“အောက်တိုဘာ ၂၇ မှာ ကြေညာလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြေညာချက်ဟာ နွေဦးတော်လှန်ရေးထဲ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ပါလာပြီဆိုတာကို တရားဝင်ကြေညာတဲ့သဘောဖြစ်တယ်။ မြောက်ပိုင်းတပ်ပေါင်းစု လှုပ်ရှားမှုနဲ့အတူ တောင်ပိုင်းမဟာမိတ်တပ်ပေါင်းစုကလည်း ဟန်ချက်ညီဗျုဟာမြောက် လှုပ်ရှားမှူတွေ အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မနေ့က ၁၀၂၇ စစ်ဆင်ရေး ကြေညာချက်ထုတ်ပြီး ချင်းရွှေဟော်အပါဝင် မြို့အချို့နဲ့ စစ်စခန်း ၃၀ ခန့်ကိုတပြိုင်တည်းသိမ်းလိုက်တဲ့ ကိုးကန့်-MNDAA, တအောင်း-TNLA, နဲ့ ရခိုင်-AA  တို့ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရှမ်း-မြောက်ဒေသက တိုက်ပွဲ နောက်ဆုံးအခြေအနေ...

- ဒီကြေညာချက်ကြောင့် နွေဦးတော်လှန်ရေး ရှေ့တဆင့် တက်လာပြီလား...

- မြောက်ပိုင်းမဟာမိတ်တွေရဲ့ လှုပ်ရှားမှုနဲ့အတူ ဟန်ချက်ညီစေဖို့ တောင်ပိုင်းမဟာမိတ်တွေ ဘာလုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, October 27, 2023

“မြေပြင်ကို တော်လှန်ရေးတပ်တွေက ထိန်းထားလိုက်ပြီ။ လေယာဉ်တွေ၊ လက်နက်ကြီးတွ...


“မြေပြင်ကို တော်လှန်ရေးတပ်တွေက ထိန်းထားလိုက်ပြီ။ လေယာဉ်တွေ၊ လက်နက်ကြီးတွေရှိပေမယ့် ကြည်းတပ် အားမရှိရင် ဘာမှလုပ်မရဘူး”

- ရဲဘော်မင်းဌေး (အမှတ် ၃ စစ်ကြောင်းမှူး- ABSDF)

(၂၇-၁၀-၂၀၂၃)

“နယ်မြေအတော်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားလိုက်တဲ့အတွက် စစ်ကောင်စီတပ်ဟာ တပ်စခန်းထဲကနေ အပြင်မထွက်ရဲတဲ့အထိဖြစ်နေပြီ။ လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ပဲရှိရှိ ကြည်းတပ်အားမကောင်းရင် စစ်ကောင်စီဖက်က ရှုံးဖို့များသွားပြီ” လို့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။

ABSDF ရဲ့ ၃၅ နှစ်တာဖြတ်သန်းမှု၊ PDF တွေရဲ့ ၃ နှစ်နီးပါးတာဖြတ်သန်းမှုအတွင်း စစ်ကောင်စီပြိုကျအောင် ဘယ်လောက်အထိ တိုက်ခိုက်နေပြီလဲ၊ တပ်ပေါင်းစု အခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ABSDF အမှတ် ၃ စစ်ကြောင်းနဲ့ PDF တွေ ဘယ်လိုပူးပေါင်းလှုပ်ရှားနေသလဲ...

- ABSDF အပါဝင် မဟာမိတ်တပ်တွေအပေါ် ကျေးဇူူးတင်ကြောင်း ထုတ်ပြောတဲ့ KIA ကြညာချက်က ဘယ်လိုခွန်အားဖြစ်စေသလဲ...

- GZ လူငယ်အများစုပါတဲ့ PDF နဲ့ ၈၈ မျိုးဆက်  ABSDF တို့ကြား ဘာတွေတူပြီး ဘာတွေကွာသလဲ...

- တော်လှန်ရေးတပ်ပေါင်းစုက နယ်မြေ ဘယ်လောက်များများ ထိန်းထားနိုင်ပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညီနောင် ၃ ဖွဲ့က Operation 1027 မကြေညာခင် တရက်အလိုမှာ မေးမြန်းထားတာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, October 25, 2023

စစ်ကောင်စီ ဖြုတ်ချက်ရေးအတွက် မဟာမိတ်တွေနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်...


စစ်ကောင်စီ ဖြုတ်ချက်ရေးအတွက် မဟာမိတ်တွေနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု KIO ဥက္ကဋ္ဌ ပြောကြား

(၂၆- ၁၀ -၂၀၂၃) 

“အခုချိန်ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖြုတ်ချရေးတိုက်ပွဲ အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် မဟာမိတ်တွေအားလုံးနဲ့လက်တွဲပြီး တိုက်ပွဲအရှိန်မြှင်သွားမှာဖြစ်တယ်” လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ ၆၃ နှစ်မြောက် KIO နေ့ မိန့်ခွန်းအတွင်း သူက အဲဒီလို ပြောသွားတာပါ။

ဒါ့အပြင် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူများ ပါဝင်ခြင်း မပြုရန်၊ ပြည်သူ့စစ်ဖွဲ့ခြင်းမှာလည်း ပါဝင်ခြင်းမပြုရန် တိုက်တွန်းခဲ့ပါတယ်။

မနေ့ကပြောကြားတဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက BNN အတွက် အခုလို ကောက်နှုတ်တင်ပြထားပါတယ်။ 

ဒါ့အပြင် KIA တပ်တွေနဲ့အတူ AA, CNF, ABSDF, K-DPF, PDF တပ်တွေ ပူးပေါင်းတိုက်ပွဲဝင်နေကြာင်းလည်း ဗိုလ်မှူူးကြီးနော်ဘူက ပြောပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More