Wednesday, March 6, 2024

“ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေ...


“ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းက ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၃- ၂၀၂၄)

ရှမ်းမြောက်ဒေသရှိ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းဟာ ဟိုင်ဂင်သဘောတူညီချက် အပစ်ရပ်ရေးကိစ္စကို အခက်အခဲဖြစ်စေနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့က သဘောထားထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီအကြား ဇန်နဝါရီ ၁၁ ရက်နေ့မှာ အပစ်ရပ်ခဲ့ပြီး နောက်ဆက်တွဲဆွေးနွေးမှုတွေထဲက နောက်ဆုံးအကြိမ်ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တယ်။ 

ဒီလို ဟိုင်ဂင်သဘောတူညီချက်ကို တဆင့်ပြီးတဆင့်သွားနေစဉ်မှာ အခုလို မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တဲ့အပြင် ဟိုင်ဂင်သဘောတူညီချက်ပါ အပစ်ရပ်ရေးကိုလည်း  အခက်အခဲဖြစ်စေနိုင်တယ်လို့ ညီနောင် ၃ ဖွဲ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုံးတွေနဲ့ အကြိမ် ၁၀၀ နီးပါးအထိပစ်ခတ်တဲ့အတွက် ဆီဆိုင်ဆေးရုံအပါဝင် အဆောက်အဦးအချို့ ပျက်စီး...

- KIA  က သိမ်းပိုက်ထားတဲ့ မဂျီဂုန်ဗျူဟာစခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့  ဗုံးကြဲ...

- စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က MI 35 နဲ့ လေကြောင်းပစ်ကူလုပ်နေ...

- မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

- ကရင်နီပြည်၊ မိုးဗြဲမြို့နယ်မှာ အမှတ် (၁၀၀၇) မိုးဗြဲ PDF တပ်ရင်း (၂) ရဲ့ အပတ်စဉ် (၄) မွမ်းမံသင်တန်းနဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တနိုင်ငံလုံးတော်လှန်နေတဲ့အထဲမှာ မွန်တွေလည်းပါဖို့လိုတယ်၊ NMSP (AD) နဲ့ဆ...

“တနိုင်ငံလုံးတော်လှန်နေတဲ့အထဲမှာ မွန်တွေလည်းပါဖို့လိုတယ်၊ ပါဝင်ချင်တဲ့မွန်တွေအားလုံး NMSP (AD) နဲ့ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်”

- နိုင်ဗညားမွန် (ပြောခွင့်ရပုဂ္ဂိုလ် - NMSP-AD) 

(၆- ၃- ၂၀၂၄)

“စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တနိုင်ငံလုံးတိုက်ပွဲဝင်နေတဲ့အထဲမှာ မွန်တွေလည်းပါဝင်ဖို့လိုတယ်။ ဒီမိုကရေစီအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌဏ်းခွင့်ကိုလိုချင်တဲ့ မွန်အမျိုးသားတိုင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ NMSP (AD) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ဗညားမွန်က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အဖွဲ့ရဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) အပေါ် လူထုထောက်ခံမှု အခြေအနေ...

- NMSP (AD) နဲ့ ဒေသတွင်းရှိ မဟာမိတ်များ ဆက်ဆံရေးအခြေအနေ...

- မုဒုံမြိုနယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေကို ဖမ်းဆီး-လက်နက်သိမ်းလိုက်ခြင်းရဲ့ သတင်းစကားက ဘာလဲ...

- NMSP (AD) နဲ့ MLA (မွန်ပြည် လွတ်မြောက်ရေး တပ်တော်) တို့ ဘယ်လို စုဖွဲ့ပြင်ဆင်နေကြသလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, March 5, 2024

“ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ AA ကြေညာ... မုဒုံက ပြည်...


“ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီကင်းစင်ပြီလို့ AA ကြေညာ...  မုဒုံက ပြည်သူ့စစ်တွေကို (NMSP-AD)က လက်နက်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၆- ၃- ၂၀၂၄)

ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီကင်းစင်ပြီ၊ မြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီစခန်း ခလရ (၅၅၀) ကို ဖေဖော်ဝါရီလ (၂၁) ရက်မှာ စတင်ထိုးစစ်ဆင်ပြီး ၁၃ ရက်အကြာ မတ်လ ၄ ရက်မှာမှ အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်ကနေ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေတဲ့အတွက် အခုလိုအချိန်ယူခဲ့ရတာလို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုတော့  ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းက သိမ်းထားပြီးဖြစ်တဲ့အတွက် အခုဆိုရင် ပုဏ္ဏားကျွန်းမြို့ကို လုံး၀ ထိန်းထားနိုင်ပြီ၊ တနည်းအားဖြင့် ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ တောပြို-လက်ဝဲနဲ့ အခု ပုဏ္ဏားကျွန်းအပါဝင် ၈ မြို့ကို AA က သိမ်းထားနိုင်ပြီဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း အလံဖြူထောင်သူ၊ လက်နက်ချသူအများအပြားကို ကယ်တင်နိုင်ခဲ့ပေမယ့် လက်နက်မချတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်အပါဝင် အများအပြားကိုတော့ အသေဖမ်းမိတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းများစွာကိုလည်းသိမ်းမိတယ်လို့ပြောပါတယ်။ တချိန်တည်းမှာပဲ မတ်လ (၃) ရက်နေ့က ခမရ (၅၅၀) ဆီ စစ်ကူလာတဲ့ ဇက်သင်္ဘော (၃) စီးကိုလည်း AA အထူးတိုက်ခိုက်ရေးတပ်က ဟန့်တားနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အခုဆိုရင် ပုဏ္ဏားကျွန်းမြို့ဟာ စစ်ကောင်စီကင်းစင်တဲ့ နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီး ရက္ခိုင်ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်ရေးအတွက် AA က မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံရွာဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်း အင်အား ၆၀ ဝန်းကျင်ကို KIA, KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံး...

- ရှမ်းတောင်ဒေသ၊ ဆီဆိုင်မြို့နယ်မှာတော့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၄၀ ကျော်အထိ ပစ်ခတ်ခဲ့...

- မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးကို ထိန်းသိမ်းပြီး လက်နက် ၁၅ လက်ကို သိမ်းဆည်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး (NMSP-AD) က ပြောဆို...

- တနသာင်္ရီတိုင်း၊ ထားဝယ်မြို့နယ်မှာတော့ ဇဟာကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်ရင်းကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“သမိုင်းမှာ အဆိုးဆုံးအခြေအနေကို စစ်ကောင်စီ ရောက်နေတာဖြစ်တယ်”


“သမိုင်းမှာ အဆိုးဆုံးအခြေအနေကို စစ်ကောင်စီ ရောက်နေတာဖြစ်တယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး - နိုင်ငံခြားရေးဝန်ကြီးဌာန - NUG)

(၅- ၃- ၂၀၂၄)

“တပ်မတော်သမိုင်းမှာပဲဖြစ်ဖြစ်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ပိုင်းသမိုင်းမှာပဲဖြစ်ဖြစ် လက်ရှိ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်အခြေအနေဟာ သမိုင်းတလျောက်အဆိုးဆုံးအနေအထားမှာရောက်နေတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီပြိုကျအောင် အရှိန်မြှင့်ဆောင်ရွက်ဖို့လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း ခရီးဘယ်လောက်ရောက်နေပြီလဲ၊ စစ်ကောင်စီပြုတ်ကျရေး ဘယ်လောက်နီးလာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် နိုင်ငံခြားရေးဝန်ကြီးက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ထိုင်းကိုထွက်ပြေးလာမယ့် မြန်မာလူငယ်တွေအတွက် NUG က ဘာတွေဆောင်ရွက်ပေးနိုင်မလဲ...

- ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး NUG နဲ့ ERO တွေကြားမှာ ဘယ်လောက်အထိ အခိုင်အမာ သဘောတူချက်ရထားပြီးပြီလဲ...

- တော်လှန်ရေး ၃ နှစ်တာအတွင်း စစ်ကောင်စီအခြေအနေအထား ဘယ်လောက်အထိ ပြိုကျနေပြီလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, March 4, 2024

“ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀) ကို AA သိမ်းပိုက်... TNLA သိမ်းပိုက်နယ်မြ...


“ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀) ကို AA သိမ်းပိုက်... TNLA သိမ်းပိုက်နယ်မြေတွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၅- ၃- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ "ခမရ (၅၅၀)” ကို AA ရက္ခိုင့်တပ်တော်က မတ်လ ၄ ရက်နေ့မှာ အပြီးသိမ်းလိုက်ပြီလို့ AA က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပေါင်းပြီး အပြင်းအထန်ခုခံနေတဲ့ကြားက အာရက္ခစစ်သည်တော်တွေက ရဲရင့်ပြောင်မြောက်စွာ သိမ်းလိုက်တာလို့ဆိုပါတယ်။

ဒီလိုစခန်းကျသွားတဲ့ စစ်ရှုံး- စစ်ကောင်စီတပ်ဟာ ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်း မှာရှိတဲ့ စေတီပြင်တံတားကို ညနေ (၅) နာရီဝန်းကျင်းမှာ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင် လာရောက်ပစ်ခတ်ဖျက်စီးခဲ့တယ်လို့ AA က ပြောပါတယ်။

AA က အစောပိုင်းထုတ်ပြန်တဲ့ကြေညာချက်တခုမှာတော့ သဘောင်္နစ်မြုပ်စဉ် ကယ်ဆယ်ထားသူတွေအပါဝင် ရာနဲ့ချီရှိတဲ့ စစ်သုံးပန်းမိသားစုပုံတွေကိုဖေါ်ပြထားပြီး သူတို့ကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီနဲ့ KIA ကြား တိုက်ပွဲပြင်းထန်နေ...

- တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်းကို ဒေသခံ PDF တွေက အပြီးသိမ်းပိုက်...

- ကလေးမြို့နယ်၊ ထိုမာရွာက ထွက်လာတဲ့ ခမရ- (၇၀၃) နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၆၀) ခန့်ပါစစ်ကြောင်းကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်...

- ဂန့်ဂေါမြို့နယ်မှာတော့ လက်နက်အပြည့်အစုံနဲ့အတူ အလင်းဝင်လာတဲ့ ပျုစောထီး (၅) ဦးကို ဆုငွေပေးအပ်တဲ့အခမ်းအနားကျင်းပ...

- ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်မှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် နေအိမ်အများအပြား မီးလောင် ပျက်စီး...

- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA က သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ စတဲ့မြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာ...

ပူပူနွေးနွေး မတ်လ ၁ ရက်ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံမှာ အပစ်ရပ်ခိုင်မာရေးအတွက် ထပ်မံဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက်နေစဉ်၊ AA ဒုတိယ စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ကိုယ်တိုင်က မနေ့ကကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ဒီလို တွေ့ဆုံရာမှာ အပစ်ရပ်ခိုင်မှာဖို့ဆွေးနွေးခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ဒေသကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဖြစ်ပါတယ်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ခွဲထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုုးက...


“ခွဲထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုုးကျပါတယ်”

- ခိုင်သုခ (ပြောခွင့်ရပုဂ္ဂိုလ် - ရက္ခိုင့်တပ်တော် - AA )

(၄- ၃- ၂၀၂၄)

“ရက္ခိတလမ်းစဉ်ဆိုတာဟာ ရက္ခိုင့်ကံကြမ္မာ ရက္ခိုင်ဖန်တီးရေးဖြစ်တယ်။ ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို လိုချင်တယ်။ သီးခြားခွက်ထွက်ရေး မခွဲထွက်ရေးဆိုတာက အတူတူနေလို့ရ မရဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်” လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့တွေတမြို့ပြီးတမြို့ သိမ်းပိုက်နေတဲ့ ရက္ခိုင့်တပ်တော် (AA) က အနာဂတ်မှာ ဘယ်လိုအုပ်ချုပ်ရေးပုံစံနဲ့သွားမှာလဲ။ ဖက်ဒရယ်မူလား- ကွန်ဖက်ဒရေးရှင်းလား- သီးခြားခွဲထွက်ရေးလား... စသဖြင့် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် ခိုင်သုခက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်အပြင် အခြားဘယ်ဒေသတွေမှာ လှုပ်ရှားနေသလဲ၊ ဒေသအသီးသီးက PDF တွေကို ဘယ်လိုသဘောထားသလဲ၊ အကူအညီပေးဖို့ ရှိသလား...

- ရက္ခိုင့်ပြည်အနာဂတ်ကို ရက္ခိတလမ်းစဉ်အတိုင်းသွားမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဖက်ဒရယ်လား- ကွန်ဖက်ဒရေးရှင်းလား- သီးခြားခွဲထွက်ရေးလား...

- စစ်ကောင်စီရဲ့ဖိနှိပ်တဲ့လုပ်ရပ်တွေက အတူတူမနေနိုင်တော့တဲ့အဆင့်အထိ ရောက်လာနေပြီလား...

... စတဲ့အကြောင်းအရာတွေကို မေးမြန်းတင်ပြထားပါတယ်။

(AA အဖွဲ့ရဲ့ သတင်းစာရှင်းပွဲက ထူးခြားချက်တွေကို အပိုင်းလိုက် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More