Thursday, March 15, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၂)


နယ်မြေစိုးမိုးရေးနဲ့ တောတွင်းအုပ်ချုပ်ရေး

အဲဒီကာလ ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နေရာတွေကတော့ မြောက်ပိုင်းမှာဆိုရင် နတ်အိမ်တောင်စခန်းမှာ အခြေစိုက်ပြီးမွန်ပြည်သစ်ပါတီနဲ့ KNU နယ်စပ် နတ်ကြီးစင်၊ ရာဖူး၊ ကံပေါက်၊ ကလိန်အောင်ကနေ ထားဝယ်မြို့ အရှေ့ဘက်ရှိ မေတ္တာကျေးရွာနားအထိကို ဘိုင်သိန်းမြင့် ဦးဆောင်တဲ့ တပ်ခွဲ (၂) က တာဝန်ယူထားပါတယ်။ မေတ္တာ၊ ဖေါင်းတောဒေသကနေ ဘန်းချောင်းဒေသ၊ သရက်ချောင်းဒေသ၊ ပလောက်၊ ပြည်ခြားအထိကို ကိုဘုန်းကျော် ဦးဆောင်တဲ့ တပ်ခွဲ (၃) က တာဝန်ယူထားပါတယ်။ ပြည်ခြား၊ ထမင်းမစားကနေ မြိတ်မြို့အနီးက ပပြင်၊ ကျွဲကူးဒေသတွေအထိကို ကိုဖေသင် ဦးဆောင်တဲ့ တပ်ခွဲ (၁) က တာဝန်ယူထားပါတယ်။ (မြိတ်အောက်ပိုင်းနဲ့ တနင်္သာရီဒေသမှာတော့ တပ်ရင်း ၂၀၃ က လှုပ်ရှားနေပါတယ်)။

(၂၀၁) တပ်ရင်း တပ်ခွဲ (၂) မှ ကျောင်းသား စစ်သည်တချို့ကို ရေး-ထားဝယ် ကားလမ်းပေါ်တွင် တွေ့ရစဉ်

တကယ်ကတော့ ကျနော်တို့ ကျောင်းသားတပ်တွေ လှုပ်ရှားနေတဲ့ဒေသဟာ KNU တပ်မဟာ (၄) လှုပ်ရှားဒေသ သို့မဟုတ် အဲဒီကာလ ကျနော်တို့အခေါ် “အခြေခံဒေသ” တွေ ဖြစ်တဲ့အတွက် နေရာအတော်များများမှာ ABSDF-KNU ပူးတွဲ လှုပ်ရှားကြတာ ဖြစ်ပါတယ်။

Tuesday, March 13, 2012

ဧပြီ ၇-ရက်နေ့မှာ ABSDF အဖွဲ့ ရန်ကုန်ရောက်မည်

မဲဆောက်။ ၂၆-၀၃-၂၀၁၂

ABSDF ဒု-ဥက္ကဌ ကိုမျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦး ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တခုဟာ လာမဲ့ ဧပြီလ ၇- ရက်နေ့ကနေ  ၁၂- ရက်နေ့အထိ ရန်ကုန်မြို့ဆီသွားပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ နယ်စပ်သတင်းတွေအရသိရပါတယ်။  တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေး မယ်လို့ သိရပေမဲ့ ဘာတွေ ဆွေးနွေးမလဲဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။


ABSDF ကိုယ်စားလှယ်တွေဟာ နေရာ ၄-ခုကနေ ရန်ကုန်မြိုဆီ ထွက်ခွါကြမှာဖြစ်ပြီး မဲဆောက်ကနေ ထွက်ခွါမဲ့အဖွဲ့။ မယ်ဟောင်ဆောင်ဖက်ကနေ ထွက်ခွါမဲ့အဖွဲ့။ တရုတ်နယ်စပ်ကနေ ထွက်ခွါမဲ့အဖွဲ့နဲ့ အိန္ဒိယ နယ်စပ်နေထွက်ခွါမဲ့အဖွဲ့တွေဖြစ်တယ်လို့ မဲဆောက်ရှိ အတိုက်ခံသတင်းရပ်ကွက်တွေကပြောပါတယ်။

အစိုးရနဲ့ဆွေးနွေးတာအပြင် NLD ပါတီတာဝန်ရှိသူတွေ။ ၀ါရင့်နိုင်ငံရေးသမားတွေ။ တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ။ မင်းကိုနိုင်အပါဝင် ၈၈-မျိုးဆက်ကျောင်းသားတွေ။ ဗကသ-အဖွဲ့ဝင်တွေ။ Generation Wave အဖွဲ့ဝင်တွေ။ ABSDF အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့လဲ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

Thursday, March 8, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၁)

on March 8, 2012 6:06 pm
အောက်မေ့ဖွယ် /ဧရာဝတီ။

စခန်းကော်မတီသစ်နဲ့ မင်းသမီး-အမာရာ

ကန်ချနပူရီကနေ မင်းသမီးစခန်းဆီ ကျနော် ရောက်တဲ့အချိန်မှာ စခန်းကော်မတီက အသစ် ဖြစ်နေ ပါပြီ။ ရှေ့ပိုင်းမှာပြောခဲတဲ့ကိုမင်းအောင်၊ ကိုဌေးအောင်တို့ခေတ် မဟုတ်တော့။ မော်လမြိုင်တက္က သိုလ် နောက်ဆုံးနှစ် သမိုင်းကျောင်းသားတဦးဖြစ်သူ ကံပေါက်ဒေသမှ ကိုအောင်သန်းဝင်းက ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုတွဲဖက် အတွင်းရေးမှူး၊ အခု အမေရိကန်တွင် နေထိုင်)၊ ဒု ဥက္ကဋ္ဌကတော့ ဖွဲ့စည်းပုံအရ တပ်ရင်းမှူး ဖြစ်လာမယ့်သူ ကို ပေးမှာဖြစ်တဲ့အတွက် တပ်ရင်းမှူးရွေးပွဲကို စောင့်နေဆဲကာလ ဖြစ်ပါတယ်။

(စခန်းကော်မတီဝင် ၈ ဦးကို ရဲဘော်ထုရဲ့ဆန္ဒမဲနဲ့ တိုက်ရိုက်ရွေးချယ်ပြီး တပ်ရင်းမှူးကိုတော့ ကော်မတီ ရဲ့တင်ပြချက်အပေါ် အခြေခံကာ ဗဟိုစစ်ကော်မရှင်က အတည်ပြုခန့်အပ်ပါတယ်)။

မင်းသမီးဒေသရောက် ကျောင်းသားတွေရဲ့ ပထမဆုံး တပ်တည်နေ ရာ မောင်တော်စခန်းအား ၁၉၈၉ ခုနှစ် အစောပိုင်းက တွေ့ရပုံ

အတွင်းရေးမှူးအဖြစ် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ ထားဝယ်မှ ကိုမျိုးဝင်း (အခု လက်ရှိ ABSDF ဗဟို ဒုဥက္ကဋ္ဌ၊ DAB အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းနေဆဲ)၊ တွဲဖက်အတွင်းရေးမှူး ကတော့ ဖွဲ့စည်းပုံအရ ဒု တပ်ရင်းမှူး ဖြစ်လာသူကို ပေးရ မှာဖြစ်ပါတယ်။ ကော်မတီဝင်တွေထဲမှာတော့ ပုလောမှ ကျောင်းဆရာ ဦးဟန်လင်း က  ပြန်ကြားရေးတာဝန်ခံ၊ ကံပေါက်မိုင်းမှ ၀န်ထမ်း ကိုဉာဏ်စိုး က ထောက်ပံ့ရေးတာဝန်ခံ၊ ကံပေါက်မိုင်းကပဲ အင်ဂျင်နီယာ ကိုသိန်းဆောင်က ဘဏ္ဍာရေးတာဝန်ခံ၊ မြိတ်မြို့မှ ကျောင်း ဆရာ ကိုဂွမ်ရှီက စည်းကမ်းထိမ်းသိမ်းရေးတာဝန်ခံ၊ ဆေး တက္ကသိုလ် ကျောင်းသား ကိုဝင်းမင်းက ကျန်းမာရေးတာဝန်ခံ၊ အရန်ဗဟိုကော်မတီ ၀င်ဖြစ်သွားတဲ့ ကိုဌေးအောင်က ဗဟိုကို မသွားရသေးတဲ့အတွက် စခန်းစည်းရုံးရေး တာဝန်ခံအဖြစ် ဆက်လက်တာဝန်ယူ ထားဆဲလို့ မှတ်မိနေ ပါတယ်။

Wednesday, March 7, 2012

စစ်ပွဲကြီးတွေ ပြီးတဲ့အခါ

ထက်အောင်ကျော် (၀၈-၀၃-၂၀၁၂)
(http://www.colourparliament.com ပါ ဆောင်းပါးကို ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်)

"မှောင်သောညတွေပြီးရင် တွေ့မယ် ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး...။ ဟေ့ တေးသံကြား တယ် တို့လူသားတွေ သဘောထားတွေပြောင်းကြ...။ ရန်ပွဲတွေရပ် ငြိမ်းချမ်းရေး ကို မြင်လား...။ တို့ လူသားတွေ ချစ်ခင်ကြဟေ့...။ စစ်မဖြစ်ရဘူး..."

တချိန်က နာမည်ကြီးခဲ့တဲ့ ကျော်ဟိန်းရဲ့ သီချင်းတပုဒ်ကို youtube ပေါ်ကနေ ကျနော်နား ထောင်နေတာပါ။

ဘာရယ်မဟုတ်ပါဘူး။ သူပုန်တွေနဲ့အစိုးရကြား ဆွေနွေးပွဲတွေလုပ်။ စစ်ရပ်စဲရေးစာ ချုပ်တွေချုပ်နေ တယ်ကြားလို့ "စစ်နဲ့ငြိမ်းချမ်းရေး" ဆိုပြီး Google Search မှာ ရိုက်ထည့်လိုက်ရာကနေ တဆင့်ပီးတဆင့် သွားရင်းနဲ့ ကျော်ဟိန်းသီချင်းဆီရောက် သွားတာပါ။

ကျနော်တို့နိုင်ငံမှာ တကယ်ဘဲ့စစ်ပွဲကြီးတွေရပ်တန့်နိုင်တော့မလား။ ကျော်ဟိန်းသီချင်းထဲက လို ငြိမ်း ချမ်းရေးကို တကယ်မြင်ရတော့မလား။ အဲဒီလို ငြိမ်းချမ်းရေးတကယ်ရပြီဆိုရင် ကျနော် ဘာကို ပထမ -ဦးစားပေးအလုပ်အဖြစ်ဆောင်ရွက်မလဲ

Tuesday, March 6, 2012

ABSDF ကိုယ်စားလှယ်များ ပြန်လာပြီ-

 ABSDF ၏ ဒုတိယ အကြိမ် ပဏာမ ဆွေးနွေးပွဲ

Monday, 12 March 2012 19:13, by ဖြူဖြူကို

ရွှေဟင်္သာ သတင်းဌာန


မန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကိုယ်စားလှယ် အဖွဲ့သည် ၊ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့မှ တာဝန်ပေးထားသော ကိုယ်စားလှယ်နှင့် သတ်မှတ်ထားသော ခရီးစဉ်ကိစ္စကို ပဏာ မဆွေးနွေးပြီး ယနေ့ မွန်းလွဲပိုင်းတွင် မဲဆောက်မြို့သို့ ပြန်လည် ရောက်ရှိ ခဲ့ပါသည်။ 

 

မတ်လ (၈) ရက်နေ့က ထွက်ခွာသွားသော ကိုယ်စားလှယ် အဖွဲ့တွင် ဦးမြင့်ဦး တွဲဖက် အတွင်းရေးမှူး (၁) က ဦးဆောင်ပြီး ကိုယ်စားလှယ် (၆) ဦး ပါပါသည်။ ဆွေးနွေးချက်မှားမှာ-

- ဖေဖေါ်ဝါရီလ (၉) ရက်နေ့က ယာယီ သဘောတူထားသည့် တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ထားရက်ကို အတည် ပြုကြောင်း ဆွေးနွေးခဲ့ပါသည်။
- မြန်မာဒေသ အသီးသီးမှာ ရှိနေသော ဆွေးနွေးပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ ခရီးစဉ်ကို ညှိနှိုင်းခဲ့သော ခရီးစဉ်ဖြစ်ပါသည်။

Thursday, March 1, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၂၀

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၂၀


ကန်ချနဘူရီ (သို့) မြန်မာ့တော်လှန်ရေးသမိုင်းထဲကမြို့

ကန်ချနဘူရီမှာ ကျနော်တို့ တည်းခိုလေ့ရှိတဲ့နေရာက River Kwai ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ V-Guest House ဖြစ်ပါတယ်။ ဘုရားသုံးဆူဘက်ကလာတဲ့ ကျောင်းသားတွေလည်း ဒီမှာတည်း လေ့ရှိ တယ်လို့ ကြားရပေမယ့် ကျနော်နဲ့တော့ တခါမှမဆုံဖြစ်ပါဘူး။ ကန်ချနဘူရီမြို့ဟာ ကျနော်တို့ မင်းသမီးခစန်းရှိတဲ့ ထိုင်းနယ်စပ်က ဖုနန်းလွန် သို့မဟုတ် ရေပူရွာ (အခု ကန်ချနပူရီ-ထားဝယ် အဝေးပြေးကားလမ်းပေါ်က ထိုင်းနယ်စပ်ရွာ) နဲ့ တနာရီခွဲ ခရီးလောက်သာရှိပေမယ့် အဲဒီခေတ်က လမ်းသိပ်မကောင်းသေးဘဲ မြေနီလမ်းအဆင့်ပဲ ရှိပါသေးတယ်။

နောက်တခါ ဖုနန်းလွန် နယ်စပ်ကနေ ထီးခီးကိုဝင်တဲ့လမ်း၊ အထူးသဖြင့် ထီးခီးကနေ ထီးထာ ဆင်းတဲ့လမ်းဟာ အတော်ဆိုးနေပါတယ်။ နယ်စပ်ရှိ KNU တပ်မဟာ (၄) ဌာနချုပ် ထီးခီးကနေ ကျနော်တို့ စခန်းရှိတဲ့ အမာရာဆီ နောက်ထပ် တနာရီကျော်ကျော် ထပ်မောင်းရပါသေးတယ်။ ဒါက နွေရာသီ ကို ပြောတာပါ။ မိုးရာသီဆိုရင်တော့ ထီးခီးအထိပဲ ကားသွားနိုင်ပြီး ထီးခီးကနေ ကျနော်တို့ စခန်းရှိရာ အမာရာရွာဆီ ၃ နာရီကျော်ခရီးကို ဆန်အိတ်တွေ၊ ရိက္ခာတွေထမ်းပြီး လမ်းလျှောက်သွားရပါတယ်။ နောက်တခါ ကန်ချနဘူရီကနေ နယ်စပ် ဖုနန်းလွန်ရွာဆီ အဲဒီကာလက လိုင်းကား မပြေးသေးပါဘူး။


အများတောင်ကြားလမ်းထိပ်အနီးမှာ စိုက်ထူထားတဲ့ ABSDF (၂၀၁) တပ်ရင်း ဆိုင်းဘုတ်

ဆိုလိုတာကတော့ မင်းသမီးခစန်းဟာ ကန်ချနဘူရီနဲ့အနီးဆုံး၊ ဘန်ကောက်နဲ့အနီးဆုံး စခန်းလို့ ပထ၀ီအနေအထားအရ ပြောနိုင်ပေမယ့် တကယ့်လက်တွေ့ ကားလမ်းအခြေနေအရတော့ ဘုရားသုံးဆူစခန်းနဲ့ နတ်အိမ်တောင်စခန်းတို့က ပိုပြီးအ၀င်အထွက်လုပ်လို့ ကောင်းတဲ့နေ ရာတွေဖြစ်နေပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More