Showing posts with label V. Show all posts
Showing posts with label V. Show all posts

Wednesday, June 12, 2024

မုံရွာမြို့က စစ်တပ်စခန်းကို PDF သိမ်းပိုက် ... ဆဒုံးမြို့ကို KIA သိမ်းပိ...


မုံရွာမြို့က စစ်တပ်စခန်းကို PDF သိမ်းပိုက် ... ဆဒုံးမြို့ကို KIA သိမ်းပိုက် ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၃-၆-၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ဌာနချုပ် အနီး ထီးတော်တင်ရွာမှာ ယာယီ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး လက်နက်မျိုးစုံ (၉) လက် သိမ်းမိတယ်လို့ ULF (Union Liberation Front) က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၃၅ ဦးခန့်ရှိတဲ့ ဒီစခန်းကို ဇွန် ၁၁ ရက်၊ ညနေ ၅ နာရီခန့်မှာ နာရီဝက်ခန့် တိုက်ခိုက်ပြီး  စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံး၊ ၅ ဦးကို အရှင်ဖမ်းမိ၊ ၆၀ မမ အပါအဝင် လက်နက်မျိုးစုံ ၉ လက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်-ကန်ပိုင်တည် လမ်းပေါ်ရှိ ဆဒုံး ဗျူဟာကုန်းနဲ့ စစ်ကောင်စီ စခန်းတွေအားလုံးကို သိမ်းပိုက်ပြီးနောက် ဆဒုံးမြို့တွင်း ရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ KIA ပြောခွင့်ရက ပြောကြား...

- ကန်ပက်လက်မြို့နယ်က အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ကျေးရွာကို စစ်ကောင်စီလေတပ်က ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ဗုံးကြဲလို့ အမျိုးသမီး တဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရပြီး စာသင်ကျောင်း အပါအဝင် အဆောက်အဦ ၂၄ ခု ပျက်စီး...

- အပစ်ရပ်ဒေသ သီပေါ-နမ္မတူ လမ်းမကို စစ်ကောင်စီတပ်က လမ်းမပေါ် မြေထိုးစက်တွေနဲ့ မြောင်းတွေဖောက်ပြီး ယာဉ်တွေ သွားလာလို့ မရအောင် နှောက်ယှက်ဖျက်ဆီးနေတယ်လို့ TNLA က သတင်းထုတ်ပြန်...

- ဆီဆိုင်မြို့နယ်၊ ထီဗွာ (ရေဖြူ) ကျေးရွာက ရွာသူရွာသား ၅၉ ဦးကို စစ်ကောင်စီတပ်နဲ့ PNO (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ပြည်သူ့စစ်တွေက ဓားစားခံအဖြစ်ဖမ်းထား...

- K.N.L.A  တပ်မဟာ ၃ နယ်မြေမှာ ရှေ့တန်းပြန် ရဲဘော်တွေကို ဒေသခံ ပြည်သူတွေက အခမ်းအနားနဲ့ ကြိုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, June 11, 2024

ဆဒုံးဗျုဟာကုန်းအပါဝင် အရေးကြီးစစ်စခန်း ၄ ခုကို KIA သိမ်းပိုက်...နောက်ဆုံ...


ဆဒုံးဗျုဟာကုန်းအပါဝင် အရေးကြီးစစ်စခန်း ၄ ခုကို KIA သိမ်းပိုက်...နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၂- ၆ -၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ ဆဒုံး - ကံပိုင်တည်သွားလမ်းပေါ်ရှိ ဗျုဟာအရအရေးပါတဲ့ စစ်ကောင်စီစခန်း ၃ ခုကို တပြိုင်တည်း သိမ်းပိုက်ပြီး ဆဒုံးဗျုဟာကုန်းကို သိမ်းပိုက်ရေး ဆက်လုပ်နေတယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဇွန် ၁၁ ရက်၊ မနက်ပိုင်းမှာ တပြိုှုင်တည်း ထိုးစစ်ဆင်ပြီး စခန်းငယ် (၃) ခုကို နယ်မြေရှင်းပြီးပြီ၊ ဗျုဟာကုန်းကိုတော့ တိုက်ဆဲနေဆဲဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မနေ့ညနေ ၇ နာရီခန့်က ဗိုလ်မှူးကြီးနော်ဘူပြောခဲ့တာပါ။ အခု ညနှောင်းပိုင်းဝင်လာတဲ့ သတင်းတွေအရ ဆဒုံး ဗျုဟာကုန်းကို KIA နဲ့ မဟာမိတ်တွေက သိမ်းလိုက်ပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ ဝိုင်းမော်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် အရပ်သား သေဆုံးမှုရှိပြီး ဘုရားကျောင်းတခုလည်း ပျက်စီးခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ပြီခဲ့တဲ့ လကုန်ပိုင်းမှာ ဝိုင်းမော်မြို့က အဓိကတပ်ရင်းတခုဖြစ်တဲ့ ခမရ ၃၂၁ ကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုင်ပြီးတဲ့နောက် မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းတွေကို ဆက်တိုက် သိမ်းနေတာလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို NMSP-AD  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် တလက်သိမ်းမိ...

- (AA) အာရက္ခတပ်‌တော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပေါက်တော မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၀ ဦး ပြင်းထန်းစွာဒဏ်ရာရ...

- ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်ရှိ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေဆုံး၊ အချို့ဒဏ်ရာရ...

- မေလအတွင်း ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- ချင်းအမျိုးသားကာကွယ်ရေးတပ် CNO/CNDF ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲကို ဇွန် ၈ ရက်က ချင်းတောင်တန်းပေါ်မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, May 30, 2024

မတူပီ ခရိုင်ရုံးကို CDF သိမ်းပိုက်... ဖာပွန်မှာ KNLA က စစ်ရှိန်မြှင့်...


မတူပီ ခရိုင်ရုံးကို CDF သိမ်းပိုက်... ဖာပွန်မှာ KNLA က စစ်ရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃၁- ၅ - ၂၀၂၄)

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ခရိုင်ရုံးကို CDF မတူပီ တပ်မဟာ ၂ - က သိမ်းပိုက်တယ်လို့ CDF.Matupi. Brigade 2 က သတင်းထုတ်ပြန်ပါတယ်။ 

မေ ၃၀၊ မနက်ပိုင်းမှာ အခုလို သိမ်းလိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖနိုင်ကျေးရွာဘက် ထွက်ပြေးသွားတဲ့အတွက် လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

မတူပီမြို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု မသိရသေးပေမယ့်
ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။ မတူပီမြို့မှာ ခလရ ၁၄၀၊ ခမရ  ၃၀၄ နဲ့ စစ်ဗျုဟာတခု အခြေစိုက်ရှိနေဆဲဖြစ်ပါတယ်။

ချင်းတော်လှန်ရေးတပ်တွေဟာ ပြီးခဲ့ရက်ပိုင်းကလည်း တီးတိန်မြို့ကို
ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့သတင်းပတ်ကတော့
တွန်းဇံနဲ့ ကျီခါးမြို့အပါဝင် မြိုငယ် ၁၀ ခုခန့် သိမ်းထားခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင်...

- ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ပျုနဲ့ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိ...

- ကချင်နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်းအခြေစိုက် တပ်မဟာအသစ်တခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်က ဖွဲ့စည်း...

- ဖာပွန်မြို့မှာ ကျန်ရှိနေဆဲဖြစ်တဲ့ စစ်ကောင်စီ တပ်ရင်းဌာနချုပ်တွေ၊ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် KNLA -ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ပိတ်ဆို့မှုတွေ အရှိန်မြင့်လုပ်ဆောင်နေ...

- စစ်မြေပြင်မှာရှုံးနိမ့်ပြီး အင်အားနည်းလာတဲ့ စစ်ကောင်စီတပ်က စစ်သားသစ်လည်းစုမရဖြစ်နေတဲ့အတွက် “တန်းပြည့်စစ်မှုထမ်းများအဖြစ်သတ်မှတ်ခြင်း” ဆိုတဲ့ အမိန့်တခုကို ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More