https://youtu.be/joBvBbGUNsI?si=s1TGK13LiUsEMkbT
''စစ်တပ်ရဲ့ ထိုးစစ်ကို တုန့်ပြန်တဲ့အနေနဲ့ AA က အရင် စစ်ရှိန်မြှင့်ထားတယ်လို့ မြင်ပါတယ်”
- ဆလိုင်းယောအောင် (စစ်ရေး လေ့လာသုံးသပ်သူ)
(၂၁ မေ ၂၀၂၆)
“ရက် ၁၀၀ စီမံကိန်းအရ စစ်တပ်ဖက်ကလုပ်လာနိုင်တဲ့ ထိုးစစ်ကို ကောင်တာလုပ်တဲ့အနေနဲ့ AA ဖက်က စစ်ရှိန်ကို အရင်မြှင့်ထားလိုက်တဲ့သဘော၊ တကယ်လို့ ကပစ တွေကိုသာ သိမ်းနိုင်ရင် ဒါဟာ ၁၀၂၇ နောက်ပိုင်း အကြီးမားဆုံး အောင်မြင်မှု ဖြစ်လာနိုင်တယ်” လို့ စစ်ရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။
ယောနယ်ဖက်ကနေ ပတ်ပြီး ရခိုင်ဖက်ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်နေတာ၊ ကပစ ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်လာနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- စစ်ကိုင်းတိုင်းထဲက စိုင်ပြင်ရဲစခန်းကို PDF သိမ်းပိုက်နိုင်မှုက ဗျုဟာအရ ဘယ်လောက်အရေးပါသလဲ...
- KIA နဲ့ AA ကို စစ်တပ်က တကယ်တိုက်မှာလား... ဗုံးကြဲပြီး စားပွဲဝိုင်းဆီလာအောင် ဖိအားပေးတာလား...
- ယောနယ်ကနေ ချင်းပြည်နယ်တောင်ပိုင်းကို ထိုးဖို့ပြင်နေတဲ့ စစ်ကြောင်းတွေကို စစ်ဦးကျိုးသွားအောင် ယောနဲ့ ချင်း တော်လှန်ရေးတပ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်သလဲ...
- KNU နဲ့ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မောတောင်မြို့ကြီး ခနလေးနဲ့ ပြန်ပါသွားတာ ဘာကြောင့်လဲ...
... စတဲ့ အကြောင်းအရာတွေအပါဝင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထူးခြားတဲ့ စစ်ရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment