Friday, September 17, 2021

Interview with Human Right minister of NUG part 1


လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် မေးမြန်းချက် (၁)
-----------------------------------------
(၁၇/၉/၂၀၂၁)

စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်ခံမလား၊ NUG ကိုယ်စားလှယ်ကို လက်ခံမလားဆိုပြီး နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အကြိတ်အနယ်ဆွေးနွေးမှုပြီးရင် NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ အခြေအနေ အလွန်ကောင်းနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

NUG ရဲ့ နိုင်ငံတကာ သံတမန်ရေးတိုက်ပွဲ၊ နယ်စပ်နဲ့ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး BNN က ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်း အတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ကုလ အထွေထွေညီလာခံအတွင်း မြန်မာ့အရေးဆွေးနွေးမှု နောက်ဆုံးအခြေနေ၊ ၉ နိုင်ငံပါဝင်တဲ့ ကိုယ်စားလှယ်စီစစ်ရေးကော်မီတီရဲ့ လုပ်ထုံးလုပ်နည်း၊ အထွေထွေညီလာခံက နိုဝင်ဘာရောက်ရင် ဘယ်သူ့ကို အသိအမှတ်ပြုနိင်သလဲ၊ နယူးယောက်နဲ့ ဂျီနီဗာရှိ ကုလသမဂ္ဂ စင်မြင့်တွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဘယ်လိုတိုက်ပွဲဝင်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(D Day ကြေညာခြင်း၊ ဒလန် ရှင်းလင်းခြင်း အပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး NUG ရဲ့ တုန့်ပြန်ချက်ကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမယ့် ဒုတိယ ပိုင်းမှာ တင်ပြပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More