Saturday, September 18, 2021

Interview with Minister of Human Right of NUG Part-2


“အားလုံးကိုစွန့်လွှတ်ပြီး တော်လှန်ရေးလုပ်နေစဉ်မှာ သွေးခွဲစကားမပြောသင့်”
-----------------------------------------
(၁၈/၉/၂၀၂၁)

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားလုံးကိုစွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေစဉ်မှာ အချင်းချင်း သွေးကွဲစေမယ့်စကားတွေပြောဆိုမှုကို ရှောင်သင့်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

NUG ရဲ့ နိုင်ငံတကာ သံတမန်ရေးတိုက်ပွဲ၊ နယ်စပ်နဲ့ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး BNN က ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်း အတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... D Day ကြေညာခြင်းအပေါ် NUG ရဲ့ရှုမြင်ချက်၊ စစ်တပ်ဖက်ကနေ လူငယ်တွေကို အစုအပြုံလိုက်ဖမ်းဆီး သတ်ဖြတ်လာတဲ့အပေါ် ဘယ်လိုတားဆီးနိုင်မလဲ၊ ဒလန် ရှင်းလင်းရေးစီမံကိန်းအပေါ် လူ့အခွင့်အရေးသမားတွေ ဘယ်လိုမြင်သလဲ၊ တော်လှန်ရေးကာလ နည်းနည်းကြာလာချိန်မှာ ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေအပေါ် NUG က ဘယ်လိုတုန့်ပြန်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More