Monday, September 20, 2021

Interview with Chairman of DPNS- Part 1


“နိင်ငံရေးအဖွဲ့အစည်းတွေက လူထုကိုအမီလိုက်နိုင်ဖို့ အတော်ကြိုးစားနေရတာဖြစ်တယ်”
----------------------------------------------
(၂၀/၉/၂၀၂၁)
နွေဦးတော်လှန်ရေးကို လူထုက ဦးဆောင်နေတာဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေက လူထုဦးဆောင်မှုနောက်ကို အမီလိုက်နိုင်ဖို့ အတော်ကြိုးစားနေရတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၈ လနီးပါးကြာ အခြေအနေနဲ့ပတ်သက်လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD အပြင် အခြားနိုင်ငံရေးပါတီတွေ ဘယ်လိုလှုပ်ရှားနေသလဲ၊ နိုင်ငံရေးပါတီတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲ၊ EAO တပ်တွေ PDF အတူ ပူးတွဲ တိုက်ပွဲမဝင်သေးတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(နယ်စပ်အခြေအနေ၊ နိုင်ငံတကာအခြေအနေ၊ စစ်တပ်အခြေအနေနဲ့ နွေဦးတော်လှန်ရေး ရှေ့အလားအလာတွေအကြောင်းတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More