Dawei Watch| ရန်ကုန် ၊ ဧပြီ ၂၄
(အစိုးရပြန်ကြားရေးဌာနနဲ့ အတိုက်ခံ DVB သတင်းဌာနတို့ ပူးတွဲကျင်းပတဲ့ ရန်ကုန်က စီမီနာတခု)
စာနယ်ဇင်းကောင်စီတွင် တိုင်းရင်းသား မီဒီယာကိုယ်စားလှယ်များ ပါဝင်ခွင့်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် တိုင်းရင်းမီဒီယာညီလာခံတွင် ဆွေးနွေးသွားမည်ဟု ညီလာခံဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်နေသည့် ဦးမင်းမင်းနွယ်က ပြောသည်။
မွန်ပြည်နယ် မောင်လမြိုင်မြို့တွင် ဧပြီလ ၂၅ မှ ၂၇ ရက်အထိ ကျင်းပမည့် အဆိုပါညီလာခံတွင် ယင်းကိစ္စ ထည့်သွင်းဆွေးနွေးရန် စီစဉ်ထားပြီး စာနယ်ဇင်ကောင်စီတွင် ပါဝင်ခွင့်အတွက် ရလဒ် တစ်ခုခုထွက်လာရန် မျှော်လင့်ထားသည်ဟု ၎င်းကပြောသည်။
“စာနယ်ဇင်းကောင်စီမှာ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရမယ်ဆိုရင် တိုင်းရင်းသားမီဒီယာနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်လာနိုင်မှာဖြစ်သလို ဥပေဒေကြောင်းအရ ခံစားခွင့်တွေ၊ တာဝန်ခံမှုတွေလည်း ရှိလာမယ်” ဟု ဦးမင်းမင်းနွယ်က ဆိုသည်။
လက်ရှိတွင် စာနယ်ဇင်းကောင်စီကို ယာယီသာ ဖွဲ့စည်းထားပြီး မီဒီယာဥပဒေ ထွက်ပေါ်လာပြီးနောက်တွင် အတည်ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီဖွဲ့စည်းပုံတွ
“စာနယ်ဇင်းကောင်စီမှာ တိုင်းရင်းသားမီဒီယာ ကိုယ်စားလှယ်တွေပါဝင်လာရင် တိုင်းရင်းသားမီဒီယာတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်စားပြု ပြောနိုင်တဲ့အတွက် ကောင်းတဲ့လက္ခဏာ တစ်ရပ်ပါ”ဟု ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။
မော်လမြိုင်မြို့ Strand ဟိုတယ်တွင်ကျင်းပမည့် တိုင်းရင်းမီဒီယာညီလာခံကို ပြည်တွင်းပြည်ပ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်း
မြန်မာနိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ်ကျင်းပသည့် တိုင်းရင်းသားမီဒီယာညီလာခံဖြစ်
0 comments:
Post a Comment