Tuesday, August 28, 2012

ABSDF ဥက္ကဌဟောင်း ၃-ဦး ပြည်တော်ပြန်မည်။

ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို

ရန်ကုန်၊ သြဂုတ် ၃၀

၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။

ဒေါက်တာနိုင်အောင်။ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။
(မူရင်းအတိုင်းတင်ထားတာဖြစ်ပါတယ်။ အမှန်က ဒေါက်တာနိုင်အောင်ဟာ မြောက်ပိုင်းဥက္ကဌမဟုတ်ပါ။ တဖွဲ့လုံးရဲ့ ဥက္ကဌဖြစ်ပါတယ်။ အဲဒီကာလ မြောက်ပိုင်းဥက္ကဌက ကိုအောင်နိုင်-ဖြစ်ပါတယ်)
...........................................................................
မိုးသီးဇွန်။ ထွန်းအောင်ကျော်နဲ့ အမေရိကန်ရောက် ၈၈-ကျောင်းသားခေါင်းဆောင်ဟောင်းတချို့ ဗီဇာရပြီ။ (BBC-သတင်းကိုနားထောင်ပြီးပြန်ရေးထားပါသည်)
ပြီးခဲ့တဲ့လပိုင်းကစပြီး မြန်မာနိုင်ငံဆီ ပြန်ဝင်လေ့လာမယ်လို့ သတင်းထွက်နေတဲ့ ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်။ ကိုမိုးသီးဇွန်အပါဝင် အမေရိကန်ရောက် ကျောင်းသားခေါင်း ဆောင်ဟောင်း ၇-ဦး ပည်ဝင်ခွင့် ဗီဇာရပြီလို့သိရပါတယ်။
အဲဒီပုဂိုလ်တွေကတော့ ကိုမိုးသီးဇွန်။ ကိုထွန်းအောင်ကျော်။ ကိုကိုလေး။ ကိုမူးသာ။ ကိုရင်အေး။ ကိုရွေစင်နဲ့ ကိုကိုအောင်တို့ဖြစ်တယ်လို့ ကိုထွန်းအောင်ကျော်က ဘီဘီစီ-ကိုပြောပါတယ်။ စနေနေ့က ၀ါရှင်တန်ရှိ မြန်မာ သံအမတ်နဲ့တွေ့ဆုံပြီးတဲ့နောက် အခုလို ဗီဇာ-အလွယ်တကူထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
လက်တလောဖြစ်ပေါ်နေတဲ့ ၀န်ကြီးနေရာအပြောင်းလဲအပါဝင် နိုင်ငံရေးပြောင်းလဲမှုတွေဟာ စစ်မှန်တဲ့ ပြောင်းလဲမှု ဆီဦးတည်နေတယ်လို့ သူထင်မြင်ကြောင်းလဲ ကိုထွန်းအောင်ကျော်ကပြောပါတယ်။ သူတို့ ခရီးစဉ်ရဲ့အဓိကရည် ရွယ်ချက်ကတော့ ပြည်တွင်းစစ်ရပ်စဲရေး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်း ပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက်ဖြစ်ကြောင်း။ စက်တင်ဘာလ ပထမ-ပတ်အတွင်း ခရီးစထွက် နိုင်ဘွယ်ရှိတယ်လို့ ကိုထွန်းအောင်ကျော်က ဘီဘီစီ-နဲ့ မေးမြန်းခန်းအတွင်း ပြောသွားပါတယ်။
..................................................................
 ပြည်ပရောက်နိုင်ငံရေးသမား ၅-ဦး ဗီဇာရ- (ဧရာဝတီ)
မြန်မာ နိုင်ငံတွင် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ ပူးပေါင်း ကျင်းပမည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ပြည်ပ အခြေစိုက် အတိုက်အခံ ခေါင်းဆောင် ၅ ဦးကို ပြည်ဝင်ခွင့် ဗီဇာ ပေးရန်ရှိကြောင်း သတင်း ရရှိသည်။
 ဒေါက်တာ နိုင်အောင်(ABSDF ဥက္ကဌဟောင်း)၊ ဦးအောင်မိုးဇော်(လူ့ဘောင်သစ် ပါတီ)၊ ဒေါက်တာ သောင်းထွန်း (NCGUB)၊ ဦးညိုအုန်းမြင့်၊ ဦးမောင်မောင်(FTUB) တို့ ၅ ဦး ဖြစ်ကြောင်း သိရသည်။ 
ထိုဆွေးနွေးပွဲသို့ တက်ရောက်မည့် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်(NDD)မှ ဒေါ်ခင်ဥမ္မာ၊ ဦးဘိုကြည်(AAPP)၊ ဦးအောင်မျိုးမင်း(HREIB) တို့ကိုမူ ဗီဇာ မပေး ကြောင်း သိရသည်။ ဦးအောင်မျိုးမင်းသည် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။--ဧရာဝတီ|
 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More