Wednesday, June 7, 2023

“စစ်ကောင်စီဟာ သွေးထွက်လွန်ပြီး သေတော့မယ့်လူနာလိုဖြစ်နေပြီ”



“စစ်ကောင်စီဟာ သွေးထွက်လွန်ပြီး သေတော့မယ့်လူနာလိုဖြစ်နေပြီ”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၈ - ၆- ၂၀၂၃)

“စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာအကျအဆုံးများတဲ့အပြင် တဖက်မှာလည်း လူစားထိုးဖို့ လူသစ်စုမရဖြစ်နေတယ်။ ဒါဟာ သွေးထွက်လွန်နေတဲ့ လူနာလိုဖြစ်နေပြီး အချိန်မီသွေးမသွင်းနိုင်ရင် မကြာခင်သေဆုံးသွားတော့မယ့်လက္ခဏာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော် ကပြောပါတယ်။

NUG သမ္မတကြီးရဲ့ မိုခါမုန်တိုင်းသင့်ဒေသခရီးစဉ်၊ ဝန်ကြီးတွေရဲ့ ရှေ့တန်းခရီးစဉ်၊ ရန်ကုန်နဲ့ ပဲခူးဖက်မှာ PDF တပ်ရင်းအသစ်ဖွဲ့စည်းမှု၊ ၂၀၂၃ ခုနှစ် လက်ကျန် ၆ လအတွင်း ထိုးစစ်ဆင်နိုင်မယ့်အလားအလာရှိသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မိုခါမုန်တိုင်းသင့်ဒေသဆီသွားခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်အကြောင်း...

- ပြည်ထဲရေးဝန်ကြီးရဲ့ ပဲခူးတိုင်းခရီးစဉ်အကြောင်း...

- ရန်ကုန်တိုင်းမှာ PDF တပ်ရင်းအသစ် ဖွဲ့စည်းတဲ့အကြောင်း..

- ၂၀၂၃ လက်ကျန် ၆ လအတွင်း ထိုးစစ်ဆင်နိုင်မယ့်အလားအလာရှိရဲ့လား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, June 6, 2023

“ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးကို ကျနော်တို့ဖက်က ပြင်ဆင်လာပြီဆိုကတည်းက စစ်...



“ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးကို ကျနော်တို့ဖက်က ပြင်ဆင်လာပြီဆိုကတည်းက စစ်ကောင်စီသည် ခံစစ်လုံးလုံးရောက်သွားပြီ“

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၆ - ၆- ၂၀၂၃)

“တော်လှန်ရေးတပ်တွေဖက်က ချေမှုန်းရေး၊ ထိုးစစ်ဆင်ရေးအတွက် ဆွေးနွေးနေပြီ၊ ပြင်ဆင်နေပြီဆိုကတည်းက စစ်ကောင်စီသည် ခံစစ်လုံးလုံးရောက်သွားပြီ။ ဒီထိုးစစ်ကို ဒေသဆိုင်ရာအဆင့်ကနေ တနိုင်ငံလုံး ဟန်ချက်ညီဖြစ်လာအောင် NUG က ဆောင်ရွက်ပေးဖို့ လိုတယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ကပြောပါတယ်။

မင်းတပ် CDF က နှိုးဆော်နေတဲ့ “အားယူထပျံ- အောက်ချင်းအားမာန်” ကမ်းပိန်းအခြေအနေ၊ ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် တကယ်ဆောင်ရွက်နိုင်မလား၊ ထိုးစစ်အတွက် တနိုင်ငံလုံးဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- “အားယူထပျံ- အောက်ချင်းအားမာန်” ကမ်းပိန်းက ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် ဘယ်လိုအရေးကြီးသလဲ...

- စစ်ကောင်စီပြိုလဲဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ....

- ချင်းပြည်နယ်၊ ယောနယ်နဲ့ အညာဒေသအပါဝင် တနိုင်ငံလုံး ဟန်ချက်ညီ ထိုးစစ်ဖေါ်နိုင်အောင် NUG က ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, June 5, 2023

“လက်နက်ကောင်းတွေကိုင်ထားတဲ့ စစ်ကောင်စီဟာ တကယ်တော့ ခံစစ်ကိုရောက်နေပါပြီ”


“လက်နက်ကောင်းတွေကိုင်ထားတဲ့ စစ်ကောင်စီဟာ တကယ်တော့ ခံစစ်ကိုရောက်နေပါပြီ”

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၅- ၆- ၂၀၂၃)

“စစ်ကောင်စီတပ်ဟာ လက်နက်ကောင်းတွေကိုင်ထားနိုင်တယ်ဆိုပေမယ့် တကယ်တော့ ခံစစ်ကိုရောက်နေပြီ။ တော်လှန်ရေးတပ်တွေက နေရာအတော်များများမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နေပြီ။ အောင်ပွဲမတိုင်ခင်လေးမှာ ကြုံရတဲ့အခက်အခဲတွေကို ပြည်သူတွေအနေနဲ့ တောင့်ခံထားပေးပါ” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး ကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအခြေအနေ၊ စစ်ကိုင်းဖိုရမ်-ကျင်းပမှုအနေအထား၊ ဒီနှစ်အတွင်း တန်ပြန်ထိုးစစ်ဆင်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဇီးဖြူကုန်းစခန်းတိုက်ပွဲအပါဝင် စစ်ကိုင်းက တိုက်ပွဲအနေအထား...

- စစ်ကိုင်းဖိုရမ်-ကျင်းပပြီးနောက်ပိုင်း နိုင်ငံရေး-စစ်ရေး ဆောင်ရွက်နိုင်မှု ပိုအားကောင်းလာသလား....

- ရွာမီးရှို့ခံရမှုတွေကို တားဆီးနိုင်ဖို့ ဘာတွေလိုအပ်နေသလဲ...

- အညာအပါဝင် တနိုင်ငံလုံး ဟန်ချက်ညီ ထိုးစစ်ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးတပ်တွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- တသက်စာကောင်းဖို့အတွက် ခဏတာ နာကျင်မှုကို တောင့်ခံထားဖို့လိုတယ်လို့ ဗိုလ်နဂါးရဲ့ တိုက်တွန်းချက်...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်းအခက်အခဲကြောင့် အချို့နေရာတွေမှာ အသံမြန်ပြီး ပုံနှေးတာ၊ အသံရော-ပုံပါ ပြတ်တောက်၊ ပြတ်တောက်ဖြစ်ခဲ့တာတွေအတွက် တောင်းပန်အပ်ပါတယ်။ ချင်း-ယော နယ်စပ် ထိုးစစ်အခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းယောမာန်နဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, June 4, 2023

“စကစ ဖက်က ဒု ရင်းမှူးအပါဝင် ၁၀ ဦးဝန်းကျင် ကျဆုံးမယ်လို့ ခန့်မှန်းပါတယ်”



“စကစ ဖက်က ဒု ရင်းမှူးအပါဝင် ၁၀ ဦးဝန်းကျင် ကျဆုံးမယ်လို့ ခန့်မှန်းပါတယ်”

- ဆလိုင်းယောမာန် - (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၅- ၆- ၂၀၂၃)

“မင်းတပ်နဲ့ ကျောက်ထုအကြား တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဒု ရင်းမှုးအပါဝင် ၁၀ ခန့်ကျဆုံးပြီး ဒဏ်ရာရသူလည်းများတယ်။ မေ ၂၉ ရက်နေ့ကတည်းက မင်းတပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ အခုထိ ကျောက်ထုကို မရောက်သေးဘူး၊ ကျောက်ထုလေယာဉ်ကွင်းကိုလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်နိုင်ခဲ့တယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန် ကပြောပါတယ်။

မေလ ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရင့်ရဲရွာမီးရှို့ခံရမှုအခြေအနေ၊ ချင်း-ယောနယ်စပ်က တိုက်ပွဲအခြေအနေ၊ “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းအခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မင်းတပ်နဲ့ ကျောက်ထုအကြား တိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်ထိခိုက် ကျဆုံးနေသလဲ...

- ကျောက်ထုလေယာဉ်ကွင်း ပစ်ခတ်မှုနဲ့ မင်းတပ်တိုက်ပွဲ တပြိုင်တည်းဖြစ်တာလား...

- ရင့်ရဲရွာမီးရှို့ခံရမှု အိမ်ခြေဘယ်လောက် မီးထဲပါသွားသလဲ...

- ပျောက်ကြားစစ်လောက်နဲ့မရဘူး၊ ထိုးစစ်- မြို့သိမ်းတိုက်ပွဲလုပ်နိုင်မှ ရမယ်လို့ ဘာကြောင့်ပြောတာလဲ...

- “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းက ချင်းတောင်ပိုင်းနဲ့ ယောနယ်လွတ်မြောက်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်း-ယော နယ်စပ်အပြင် တနိုင်ငံလုံးဟန်ချက်ညီ ထိုးစစ်ဖြစ်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ... ဆွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်။ ဒီနေ့ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်းက PDF ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, June 3, 2023

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်...



“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်းမှာတော့ ပညာသင်ခွင့်ရနေသင့်တယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)

(၃- ၆- ၂၀၂၃)

“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားကျောင်းတွေမှာ ကျောင်းသားဦးရေ နှစ်ဆ အထိတိုးလာတယ်။ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်၊ နေခွင့်မရတဲ့ကလေးတွေများလာနေတယ်။ တကယ်ဆို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ စစ်ဖြစ်နေပါစေ၊ ကလေးတွေဟာ ကျောင်းတကျောင်းကျောင်းမှာတော့ ပညာသင်ခွင့်ရနေသင့်တယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်ကပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကျောင်းမနေနိုင်တဲ့ ကလေးတွေများလာနေတာ၊ ထိုင်းဖက်ကို အစုအပြုံလိုက်ထွက်လာနေတာ၊ အနာဂတ်ပျောက်နေတဲ့ ပညာရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံရှိ ရွှွေပြောင်းအလုပ်သမားကျောင်းတွေဆီ ကျောင်းသားဘယ်လောက်အထိ တိုးလာနေသလဲ...

- ထိုင်းရှိ မြန်မာစာသင်ကျောင်းတွေမှာ ဘယ်လိုသင်ရိုးညွှန်းတန်းတွေနဲ့ သင်ပေးနေသလဲ...

- စစ်အစိုးရကနေ အရပ်သားအစိုးရကိုပြောင်းတဲ့အခါ မြန်မာကလေးတွေရဲ့ ပညာရေးအခွင့်အလမ်း ပိုကောင်းလာနိုင်သလား...

- စစ်ဖြစ်နေတဲ့အချိန်ပဲဖြစ်ဖြစ် ကလေးတွေဟာ စာသင်ကျောင်းတခုခုမှာ ရှိနေသင့်တယ်လို့ ဘာကြောင့်ပြောာတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, June 1, 2023

“အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့၊ ဒီလို အရေ...



“အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့၊ ဒီလို အရေးပေါ်ကိစ္စတွေကို အမြန်ဆောင်ရွက်ပေးဖို့လိုနေပါတယ်”

- ဦးဇော်ဇော်ထွန်း (သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - ACRO)

(၁- ၆- ၂၀၂၃)

“အင်အားပြင်း မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တာ သီတင်းနှစ်ပတ်ကျော် ကြာလာတဲ့အထိ နိုင်ငံတကာအကူအညီက ကျေးလက်ဒေသဆီမရောက်သေးဘူး။ ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရှိဖို့၊ ထမင်း မငတ်ဖို့၊ သောက်ရေ ရရှိဖို့ စတဲ့ အခြေခံ အရေးပေါ်ကိစ္စတွေကို တာဝန်ရှိသူအားလုံးက အမြန်ဆောင်ရွက်ပေးဖို့လိုနေတယ်” လို့ စစ်တွေအခြေစိုက် ဒေသခံလူထု သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - (ACRO) စီမံကိန်း ဒါရိုက်တာ ဦးဇော်ဇော်ထွန်း ကပြောပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံရပြီး သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ နိုင်ငံတကာအကူအညီတွေ ကျေးလက်ဒေသဆီ မရောက်သေးတဲ့အခြေအနေ၊ ပြန်လည်ထူထောင်ရေးကို ခနထားဦး- အမိုးအကာ၊ အစားအစာနဲ့ သောက်ရေကိုတောင် အဆင်ပြေအောင် မစီစဉ်ပေးနိုင်သေးတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်ငံတကာအကူအညီတွေ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီရောက်ဖို့ ဘာကြောင့်နှေးကွေးနေသလဲ...

- နာဂစ်အလွန်ကာလနဲ့ မိုခါအလွန်ကာလ ဘာတွေတူပြီး ဘာတွေကွာခြားသလဲ...

- လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ အခြေခံစီးပွားရေးလုပ်ငန်းတွေ ဘယ်လောက်အထိ ပျက်စီးသွားသလဲ....

- ပြန်လည်ထူထောင်ရေးကို ခနထားဦး- အမိုးအကာ၊ အစားအစာနဲ့ သောက်ရေကိုတောင် အဆင်ပြေအောင် စီစဉ်မပေးနိုင်သေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More