Thursday, February 2, 2017

တံတိုင်းဆောက်သူနဲ့ တံတားဆောက်သူတို့ရဲ့ အားပြိုင်ပွဲမှာ

The Voice Daily, 02-02-2017.

တံတိုင်းဆောက်မဲ့သူတွေ များလာနေသလား

မဲဆွယ်ပွဲကာလမှာပြောထားတဲ့အတိုင်း မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တလျောက်ကို တံတိုင်းကာဖို့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (Donald Trump) က ဇန်နာဝါရီလ ၂၅ ရက်နေ့မှာ တရားဝင် အမိန့်စာထုတ် ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒီလုပ်ရပ်အပေါ် မက္ကဆီကိုတွေအပါဝင် အိမ်နီးချင်းနိုင်ငံတွေက ကန့်ကွက်နေသလို လူ့အခွင့် အရေးလှုပ်ရှားသူတွေကလည်း ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့ သမ္မတ သစ်ကတော့ သူ့မူဝါဒတွေကို ပြန်လည်စဉ်းစားမဲ့ လက္ခဏမပြပါ။


ဒီလိုတံတိုင်းကာတဲ့အပြင် အမေရိကန်နိုင်ငံအတွင်းရှိနေတဲ့ တရားမ၀င်နေထိုင်သူတွေကိုလည်း ပြည်နှင်ဒဏ်ပေးမယ်။ တံတိုင်းအတွက် ကုန်ကျစရိတ်ကိုလည်း မက္ကဆီကိုဖက်ကပေးရမယ်လို့ ပြောနေပါတယ်။ ဒါ့အပြင် ပတိပက္ခ ဖြစ်နေတဲ့ ဆီးရီးယားအပါဝင် အရှေ့အလယ်ပိုင်း နိုင်ငံက လူတွေကို ဗီဇာ မပေးဘူး။ အမေရိကန်ထဲ ၀င်ခွင့်မပေးဘူးလို့လဲ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ဒါက လူအများမြင်သာတဲ့ မြေကြီးပေါ် တံတိုင်းကာတဲ့ကိစ္စ။ လူမမြင်သာတဲ့ တံတိုင်းကာရေးစီမံကိန်းတွေ ကလည်း အများကြီးရှိပါသေးတယ်။ အဲဒီထဲမှာ အမေရိကန်ကုပဏီတွေ မက္ကဆီကိုနဲ့တခြားအလုပ်သမား ဈေးပေါတဲ့ဒေတွေဆီမှာ စက်ရုံသွားဆောက်တာတွေရပ်ပြီး ပြည်တွင်းမှာပဲဆောက်ဖို့၊ ပြည်တွင်းကိုသာ ဦးစားပေးဖို့၊ တနည်းအားဖြင့် “America first” အမေရိကန်သာ ပထမ ဆိုတဲ့မူဝါဒကို ထူထောင်လိုက် ခြင်းဖြစ်ပါတယ်။

ဒါဟာ အမေရိကန်သမ္မတသစ် ကျမ်းသစ္စာဆိုပြီးကတည်းက ကမ္ဘာကိုကရက်ရိုက်စေခဲ့တဲ့ အကြောင်းများစွာ ထဲက စာရေးသူစိတ်ဝင်စားတဲ့၊ ဒါမှမဟုတ် စာရေးသူကိုယ်တိုင် တတိယနိုင်ငံမှာရောက်နေလို့ ရင်ကို တိုက်ရိုက်လာမှန်တဲ့အကြောင်းတခုကို ရွေးပြောကြည့်တာပါ။ တကယ်တော့ ကိုယ့်အိမ်ကိုခြံစည်းရုံး ကာတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ အရင်က မကာပဲ ဘေးနားကခြံမှာ လူတွေများလာမှ၊ ဘေးနားခြံက လူတွေ ကိုယ့်ထက်ဝင်ငွေနည်းပြီး ကိုယ့်ကိုမီခိုဖို့ လိုမှန်းသိတော့မှ ရုတ်တရက် ထကာတာမျိုးကတော့ လူမှုရေးအရ၊ လူ့ဂုဏ်သက္ခာအရ သိပ်ကြည့်မကောင်းလှပါ။ 

တနည်းအားဖြင့် "A nation without borders is not a nation" ဆိုတဲ့စကားလုံးကို စာရေးသူ လက်ခံလို့ မရဘူး ဖြစ်နေပါတယ်။ တကယ်တော့ အမေရိကန်ဆိုတာ တခြားနိုင်ငံကနေ ရွှေပြောင်းရောက်လာသူတွေ အခြေချနေထိုင်ရာကနေ နိုင်ငံတခုဖြစ်လာတဲ့ဒေသပါ။

သမ္မတသစ်က ဒီလိုပြောလိုက်တော့ ၁၈၉၂ ကနေ ၁၉၅၄ အထိ နှစ်ပေါင်း ၆၀ ကျော်ဖွင့်လှစ်ပြီး နိုင်ငံခြားက ၀င်လာသူ ၁၂ သန်းကျော်ကို လက်ခံစစ်ဆေးခဲ့တဲ့ နယူးယောက်ပင်လယ်အော်ထဲက (လေဘာတီရုပ်တု အနီးက) စီစစ်ရေးခစန်းဟောင်း Ellis Island ကို သွားမြင်မိပါတယ်။ "Immigrant Eyes” ဆိုတဲ့ သီချင်းသံတွေကို ပြန်ကြားယောင်မိပါတယ်။ 

ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအခြေအနေ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာတော့ အိမ်နီးချင်း မက္ကဆီကိုနယ်စပ်ကို တံတိုင်းကာဖို့ အမေရိကန်တွေဖက်က စဉ်းစားခဲ့ပါတယ်။ ကာလီဖုန်းနီးယား၊ တက္ကဆတ်နဲ့ အရီဇိုးနား ပြည်နယ် ခုရဲ့နယ်စပ်မှာ တံတိုင်းတချို့ကာခဲ့ပါတယ်။ အခုတော့ တချို့မကတော့ပဲ ရှိသမျှနယ်စပ်အားလုံး (ကီလိုမီတာ ၃၀၀၀ ခန့်စလုံး) ကို တံတိုင်းကာတော့မှာဖြစ်ပါတယ်။

ဒါဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒဖြစ်ပြီး ဒီနေ့ ကမ္ဘာကြီးရွေ့နေတဲ့ Globalization နဲ့ဆန့်ကျင်နေပါ တယ်၊ ၂၁ ရာစုကမ္ဘာ့အခင်းအကျင်းနဲ့လွဲချော်နေတယ်လို့မြင်နေမိပါတယ်။ ဒါပေမဲ့ ဒီလိုမြင်နေတာဟာ ကိုယ်က တတိယနိုင်ငံဆီရောက်နေပြီး နယ်ခြားမဲ့အတွေးအခေါ်တွေ များနေလို့လား၊ မြန်မာနိုင်ငံတွင်းမှာ ရှိနေမယ်ဆိုရင်ကော ခြံစည်းရုံးကာတာကို ဒီလို အပြစ်ပြောပါ့မလား။ ဘဂ်လားဒေ့ရှ်နယ်စပ်မှာ အလားတူ ခြံစည်းရုံးကာဖို့ပြောနေတဲ့ အမျိုးသားရေးဝါဒီတွေ မနည်းမနောရှိနေတယ်မဟုတ်ပါလား။


ကော်ဖီဘားမှာ လူစုံတဲ့အခါ

တနေ့တနေ့ TV ကြည့်လိုက်တိုင်း ဒီသတင်းတွေကိုပဲ ပတ်ချည်လည်ကြားနေ၊ မြင်နေရတော့ စိတ်ပျေ လက်ပျောက်အဖြစ် Sport bar ဆီသွားပြီး ဘောလုံးပွဲကြည့်မလားလို့ စနေ့ညနေမှာ အိမ်ကနေထွက်လာ ခဲ့ပါတယ်။ ဘောလုံးပွဲဝါသနာပါတဲ့ မြန်မာမိတ်ဆွေတချို့က ခေါ်လို့ပါ။ ဘောလုံးပွဲကြည့်တယ်ဆိုပေမဲ့ အဝေးရောက်မြန်မာတွေရဲ့ ထုံးစံအတိုင်း လူစုံတုန်း တိုင်းရေး၊ ပြည်ရေး ပွားဖို့က အဓိကပါ။ ဒါပေမဲ့ တွေ့တဲ့လူအားလုံးက ကျောင်းသားဘ၀ကနေ တောခို၊ တောထဲကနေ တတိယ နိုင်ငံတွေဆီရောက်လာ သူတွေဆိုတော့ အတွေးအခေါ်တွေက ကိုယ်နဲ့သိပ်မကွာ။ နော်ဝေးနဲ့ စကင်းဒစ်နိုင်ငံတွေမှာအလုပ်ဖြစ်နေတဲ့ ဆိုရှယ်ဒီမိုကရက်သဘောတရားကို လက်ခံထားတဲ့လူတွေဆိုတော့ လူမျိုးခွဲခြားပြီး တံတိုင်းကာတာကို ကန့်ကွက်သူချည်း။

ဒီတော့ ကွဲပြားတဲ့အမြင်၊ ဆန့်ကျင်ဖက်အမြင် သိပ်မရ။ ကိုယ့်ဘေးနားက စားပွဲတွေမှာကော ကွဲပြားတဲ့ အမြင်တွေရှိနေလေမလား။ လှည့်ကြည့်လိုက်တော့ ကိုယ့်တို့လိုပဲ ကာလာစုံ လူတွေအများကြီး။ (အဖြူရောင်မှအပ ကျန်တဲ့လူမျီုးတွေကို အရောင်ရှိတယ်လို့ဆိုကြပါတယ်) စနေညနေမှာ ပရီးမီးယားလိဒါ ပွဲတွေက သိပ်ကောင်းတော့ စားပွဲတိုင်း လူအပြည့်။ အားလုံး ၁၀၀ ကျော်မယ်ထင်ပါတယ်။ အဲဒီထဲမှာ လူဖြူက ၄၀ ရာခိုင်နှုန်း၊ လူမဲက ၂၀ ရာခိုင်နှုန်းနဲ့ ကျန် တဲ့အရောင်က လက်တင် အမေရိကား၊ အရှေ့ အလယ်ပိုင်း၊ တောင်အာရှ၊ အရှေ့အာရှသားအရောင်တွေလို့ အကျမ်းဖျင်းဆိုနိုင်ပါတယ်။ 

ဆိုလိုတာက ဒီဆိုင်လေးထဲမှာ ကျနော်တို့ အဝေးရောက်မြန်မာတွေလိုပဲ တခြားနိုင်ငံအသီးသီးကနေ နော်ဝေးကိုရောက်နေသူတွေ အများကြီးရှိပါတယ်။ ဒေသခံနဲ့ တခြားနိုင်ငံကနေ လာရောက်အခြေချ နေထိုင်သူဦးရေ ထက်ဝက်စီလောက်ရှိနေပါပြီ။ ဒါကို ၂၁ ရာစု လူနေမှုပုံစံလို့ပြောမလား။ ပြင်ပကနေ ၀င်လာသူ သိပ်များနေလို့ ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်လာနေပြီလို့မြင်ကြမလား။ ဘီယာသောက် ရင်း၊ ကော်ဖီသောက်ရင်း ဘောလုံးပွဲကို သဲကြီး မဲကြီး ကြည့်နေကြတဲ့ လူမျိုးစုံပရိတ်သတ်ထဲမှာ ကျနော့်လို အတွေးနယ်ချဲ့နေသူ သိပ်များများစားစားရှိမယ် မထင်ပါ။

ဒါပေမဲ့ သေချာတာက ဒီလိုအခင်းအကျင်းမျီုး ရန်ကုန်က Sport bar တွေ၊ ဘောပွဲကြည့်နိုင်တဲ့ လဖက်ရည် ဆိုင်တွေမှာ မြင်ရဖို့မလွယ်သေးပါ။ ဒေသခံတွေကြားမှာ လူဖြူ တဦးစနှစ်ဦးစတွေ့ကောင်းတွေ့ရနိုင်ပေမဲ့ ဥရောပနိုင်ငံတွေမှာလို လူမျိုးစုံ၊ ကာလာစုံကို မတွေ့ရသေးပါ။ ဒါဟာ မြန်မာနိုင်ငံမှာ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ စနစ်ကို မကျင့်သုံးသေးလို့လား။ မြန်မာနိုင်ငံကိုယ်နှိုက်က နိုင်ငံခြားသားတွေ လာရောက်အခြေချနေထိုင် ရလောက်အောင် ဆွဲဆောင်မှုမရှိသေးလို့လား၊ (ဒုက္ခသည်တွေ၊ နိုင်ငံခြားကအခြေချနေ ထိုင်သူတွေကို လက်ခံနေတဲ့ အနောက်နိုင်ငံအားလုံးဟာ ဖွံဖြိုးပြီးနိုင်ငံတွေဖြစ်ပါတယ်)

ဒီဆိုင်ထဲမှာ ကျနော်လိုအတွေးနယ်ချဲ့နေသူတွေ သိပ်မရှိလောက်ဘူးထင်ရပေမဲ့ နော်ဝေးပါလီမန်ထဲက နိုင်ငံရေးသမားတွေထဲမှာတော့ အမေရိကန်သမ္မတသစ်လို တွေးနေသူတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဘာကြောင့်လဲဆို အမေရိကန်မှာ တံတိုင်းကာမဲ့ သမ္မတသစ် တက်မလာခင်ကတည်းက နော်ဝေးက လက်ယာစွန်းရောက် အမျိုးသားရေးဝါဒီတဦးက အစိုးရရုံးကိုဗုံးခွဲ၊ လူ ၇၀ ကျော်ကိုပစ်သတ်ပြပြီး အပြင်က ၀င်လာသူတွေကိုလက်မခံဖို့ လုပ်ပြခဲ့ပြီးသား မဟုတ်ပါလား။ အဲဒီရဲ့အကျိုးဆက်အဖြစ် အလုပ်သမားပါတီ ပြုတ်ကျပြီး အမျိုးသားရေးဖက်ဦးစားပေးတဲ့ပါတီတွေ အာဏာရလာခဲ့တယ်မဟုတ်ပါလား။

တလောက ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂထဲကနေ ထွက်သွားတာလည်း ဘာထူးလို့လဲ။ အပြင်ကလူတွေ သူ့နိုင်ငံထဲဝင်လာတာကို မကြိုက်တာက ထိပ်ဆုံးမှာပါတယ်မဟုတ်လား။ ပြင်သစ်မှာလည်း အမျိုးသားရေး ၀ါဒီတွေက လာမဲ့ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဒုက္ခသည်တသိန်းကျော် လက်ခံခဲ့တဲ့ တခုတည်းသောဥရောပနိုင်ငံ ဂျာမဏီမှာတောင် ဒုက္ခသည် ဆက်လက်မခံဖို့ ဖိအားပေးခံနေရပါပြီ။ အမေရိကန်သမ္မတသစ်ကိုယ်တိုင်က ဒီလိုလက်ခံတာကို ဝေဖန်ခဲ့ပါတယ်။

တကယ်တန်းပြောမယ်ဆိုရင် ဒုက္ခသည်တွေအဓိကထွက်ပြေးနေတဲ့ ဒေသ၊ ဆီးရီးယား၊ အီရတ်၊ ယီမင်၊ အာဖဂန်တို့နဲ့ အမေရိကန်ကအဝေးကြီး။ ဥရောပက နီးနီးလေးရယ်၊ မြေထဲပင်လယ်ကိုဖြတ်လိုက်တာနဲ့ ရောက်ပြီ။ မနှစ်က တနှစ်ထဲတင် မြေထဲပင်လယ်ကိုဖြတ်ပြီး ထွက်ပြေးလာသူ သိန်းကျော်တယ်လို့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ပင်လယ်ပြင်မှာ လှေမှောက်ပြီး သေသွားသူကလည်း မနည်းလှ။ 

ဒီလူတွေကို ဥရောပဖက်က လက်မခံပဲ ပြန်မောင်းထုတ်သင့်ပါသလား။ European first လို့ပြောပြီး မြေထဲပင်လယ်ကမ်းတလျောက်နဲ့ တူရကီနယ်စပ် တလျောက်ကို အမေရိကန်လိုပဲ တံတိုင်းကာသင့်ပါ သလား။ တကယ်တော့ ဥရောပဆိုတာ အမေရိကားတိုက်ကို ကိုလံဘတ်မတွေ့ခင်ကတည်းက ဒီမိုကရေစီအခြေခံသဘောတရား ရှိနေပြီးသား ဒေသတခုပါ။

နော်ဝေးဆိုတာ နိုဗယ်ငြိမ်းချမ်းရေးဆုပေးနေတဲ့နိုင်ငံ၊ လူ့အခွင့်အရေးကို သိပ်အလေးထားတဲ့နိုင်ငံ၊ ဆိုရှယ်ဒီမိုကရက်နိုင်ငံ ဖြစ်တာနဲ့အညီ Multicultural society ကို မူဝါဒအဖြစ် ချမှတ်ထားတဲ့နိုင်ငံပါ။ ဒီတော့ အမေရိကန်ဖက်က ကိုယ့်ကျိုးစီးပွားကြည့်ပြီး လူ့အခွင့်အရေးဖက် အလေးလျော့လာတဲ့အပေါ်  ဥရောပဖက်က ဝေဖန်ထောက်ပြဖို့ တာဝန်ရှိလာနေတယ်လို့ မြင်ပါတယ်။


မြန်မာနိုင်ငံမှာကော ဘယ်လိုလဲ

အမေရိကန်သမ္မတသစ်ရဲ့ အမျိုးသားရေးဝါဒကိုထောက်ခံသူ မြန်မာနိုင်ငံမှာ အတော်များများရှိနေတယ်လို့ သတင်းတွေထဲဖတ်ရပါတယ်။ ဒါဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုအလေးထားပါတယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား တံတိုင်းတွေ ပိုရှည်လာနိုင်ပါသလား။ ဘင်္ဂလားဒေ့ရှ် ဖက်ကလူတွေ တရားမ၀င်ခိုးဝင်နေလို့ ဒီနယ်စပ်ကို တံတိုင်းကာပြီးပိတ်တာကို နည်းမှန်လမ်းမှန်လို့ အများပြည်သူက မြင်နေကြပါသလား။


နော်ဝေးမှာ နိုင်ငံဆွေးနွေးပွဲလာလုပ်ဖူးတဲ့ မြန်မာနိုင်ငံရေးသမားအတော်များများကတော့ လူ့အခွင့်အရေး ထက် အမျိုးသားလုံခြုံရေးကို ပိုဦးစားပေးဖို့လိုတယ်ဆိုပြီး ပြောသွားကြတာ ကြားမိပါတယ်။ ဒါက မြန်မာနိုင်ငံရေးသမားတချို့ရဲ့ စဉ်းစားချက်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမားတွေဖက်ကကော ဒီတံတိုင်းကို ဘယ်လိုမြင်မလဲ။ ဒေသခံတွေကကော ဘယ်လိုမြင်ကြမလဲ။ ကိုယ်ရောက်နေတဲ့ဒေသနဲ့ အခြေအနေပေါ် မူတည်ပြီး အမြင်တွေကွဲလွဲနိုင်ပါတယ်။ 

ဥပမာ ဒီတံတိုင်းမျိုးကို ထိုင်း-မြန်မာနယ်စပ်မှာ ကာမယ်ဆိုရင်ကော မြန်မာနိုင်ငံရေးသမားတွေ ဘယ်လို မြင်ကြလဲ။ ကန့်ကွက်ကြမလား။ ဘာကြောင့်လဲဆို ဒီနေရာမှာ တံတိုင်းကာချင်တယ်လို့ အဆိုပြုမဲ့သူဟာ မြန်မာမဟုတ်ပဲ ထိုင်းဖက်ကဖြစ်နိုင်ခြေများနေလို့ပါ။ ဘာကြောင့်လဲဆို မြန်မာအလုပ်သမားတွေသန်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲ နေ့စဉ်ခိုးဝင်နေကြတယ်မဟုတ်ပါလား။ မြန်မာသူပုန်တွေလည်း ပြည်တွင်းမှာ စစ်ပွဲပြင်းလာရင် ထိုင်းနယ်မြေထဲပဲ ခိုးဝင်နေကြတယ် မဟုတ်ပါလား။

အလားတူ အမေရိကန်ထက် နိုင်ငံရေးပိုတည်ငြိမ်ပြီး လူသားချင်းစာနာမှုကိုပိုအလေးထားတဲ့ ကနေဒါဖက် ကနေ အမေရိကန်နယ်စပ်တလျောက် တံတိုင်းကာမယ်ဆိုပြီး ပြောလာရင်ကော အမေရိကန်သမ္မတသစ်နဲ့ သူရဲ့ အပေါင်းအပါတွေက ဘယ်လိုတုန့်ပြန်ကြမလဲ။ တကယ်တော့ အိမ်နီးချင်းနိုင်ငံကလူတွေ ကိုယ့်နိုင်ငံထဲ ၀င်မလာအောင် တံတိုင်းကာတယ်ဆိုတာဟာ လူလူချင်း ခွဲခြားဆက်ဆံခြင်းပါပဲ။ တနည်းအားဖြင့် ကိုယ့်အိမ်နီးချင်းနိုင်ငံက ကိုယ့်ထက်ပိုဆင်းရဲနေလို့၊ ကိုယ့်ရဲ့ချမ်းသာမှုတွေကို ပတ်ဝန်းကျင်က ဆင်းရဲသား တွေဆီ မမျှဝေပေးချင်လို့ဖြစ်ပါတယ်။ 

ဒီစဉ်းစားပုံအပေါ်အခြေခံပြီး ချမ်းသာတဲ့နိုင်ငံတိုင်းက ဆင်းရဲတဲ့ အိမ်နီးချင်းတွေအားလုံးကို တံတိုင်းကာပြီး တားတဲ့နည်းကိုသာ ကျင့်သုံးသွားမယ်ဆိုရင် ကမ္ဘာတ၀ှမ်း တံတိုင်းတွေ အတော်များများ ထပ်ပေါ်လာပါ လိမ့်မယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတည်ဆောက်ခဲ့တဲ့ ဘာလင်းတံတိုင်းကြီး စစ်အေးခေတ်အလွန် ၁၉၈၉ မှာ ဖြိုချနိုင်လို့ တကမ္ဘာလုံးက ဂုဏ်ယူနေချိန်မှာ အခုတော့ ဒီမိုကရေစီ ဘိုးအေ နိုင်ငံတခုဖြစ်တဲ့ အမေရိကန်က တံတိုင်းအသစ်တွေထပ်ကာမယ်ဆိုတော့ ၂၁ ရာစု ကမ္ဘာကြီးရဲ့ World order ပျက်သွား မှာကိုတောင် စိုးရိမ်စရာဖြစ်လာနေပါတယ်။ 


တကယ်တော့ ၂၁ ရာစုဟာ လူတွေအချင်းချင်းကြား တံတိုင်းကာပြီး အဆက်အသွယ်ဖြတ်ရမဲ့ခေတ် မဟုတ်ပါ။ လူသားတွေအချင်းချင်းကြား တံတားဆောက်ပြီး ဆက်သွယ်ရေးထူထောင်ရမဲ့ခေတ် ဖြစ်ပါ တယ်။ Globalization ခေတ်၊ Multicultural society ခေတ်ဖြစ်တယ်လို့ပြောရင် စာရေးသူ သိပ်စိတ်ကူး ယဉ်ဆန်နေလေမလား။     

2 comments:

Trump travel ban: Seattle judge issues nationwide block

BBC News
A US judge in Seattle has issued a temporary nationwide block on President Donald Trump's ban on travellers from seven mainly Muslim nations.
Federal Judge James Robart ruled against government lawyers' claims that US states did not have the standing to challenge Mr Trump's executive order.
Last week's order has led to protests and confusion at US airports. Some 60,000 visas have since been revoked.
The Justice Department now plans to file an emergency stay of the ruling.
In a statement, the White House described Mr Trump's directive as "lawful and appropriate".
"The president's order is intended to protect the homeland and he has the constitutional authority and responsibility to protect the American people," the statement said.
Mr Trump's order brought in a suspension of the US Refugee Admissions Programme for 120 days.
There is also an indefinite ban on Syrian refugees. Anyone arriving from Iraq, Syria, Iran, Libya, Somalia, Sudan or Yemen faces a 90-day visa suspension.

The lawsuit against President Trump's ban was initially filed by Washington state, with Minnesota joining later.
Washington State Attorney General Bob Ferguson has described the ban as illegal and unconstitutional, because it discriminates against people on the ground of their religion.
The ruling is a major challenge to the Trump administration, and means that nationals from the seven countries are now able - in theory - to apply for US visas, the BBC's David Willis in Washington DC reports.
The administration can also appeal against the verdict.
Jump media playerMedia player helpOut of media player. Press enter to return or tab to continue.
MediacaptionMuslim students on Trump ban: 'I don't belong here'
President Trump has argued that his directive is aimed at protecting America.
He said visas would once again be issued once "the most secure policies" were in place, and denied it was a Muslim ban.
A number of state attorney generals have said the order is unconstitutional. Several federal judges have temporarily halted the deportation of visa holders, but the Seattle ruling is the first to be applicable nationwide.
Courts in at least four other states - Virginia, New York, Massachusetts and Michigan - are hearing cases challenging Mr Trump's executive order.
Earlier on Friday, a judge in Boston declined to extend a temporary ban that prohibited the detention or removal of foreigners legally authorised to come to America.
The ban - which only applied to Massachusetts - is due to expire on 5 February.

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More