Monday, August 8, 2016

၈ လေးလုံးကာလ မျှော်မှန်းချက်တွေ တကယ်ရပြီလား

The Voice Daily, 08-08-2016

လေးလုံးရဲ့ အာဇာနည်များ

ဒီနေ့ သြဂုတ်လ ရက်နေ့ဟာ ၂၈ နှစ်မြောက် လေးလုံးနှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ၂၈ နှစ်ဆိုတာ နည်းတဲ့အချိန်ကာလ မဟုတ်။ မျိုးဆက်တခုစာလို့ပြောနိုင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၈ နှစ်က အမှန်တကယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာကို အဲဒီအရေးတော်ပုံအတွင်း ပါဝင်ခဲ့သူတွေ က ပြန်မပြောပြဘူးဆိုရင် အသက် ၂၈ နှစ်အရွယ်နဲ့ အဲဒီထက်ငယ်တဲ့ လူငယ်မျိုးဆက်သစ်တွေ သိဖို့ ခက်သွားနိုင်ပါတယ်။


ဒါကြောင့် ဒီနေ့ရောက်တိုင်း ၈၈ မျိုးဆက်တွေက လေးလုံးနှစ်ပတ်လည်အခန်းအနားကျင်းပလာခဲ့တာ အခု ၂၈ နှစ်ရှိသွားခဲ့ပါပြီ။ ဒီလိုပြောလိုက်လို့ လေးလုံးအခန်းနားတွေ နှစ်စဉ်နှစ်တိုင်း မြို့တော်ခန်းမမှာ ကျင်းပခွင့်ရနေတယ်လို့ မထင်လိုက်ပါနဲ့။ စာရေးသူမှတ်မိသလောက်ဆိုရင် ၁၉၈၉ တနှစ်ပဲ ရန်ကုန်မှာ ကျင်းပခဲ့ပြီး ကျန်နှစ်အားလုံး နယ်စပ်ဒေသနဲ့ ပြည်ပမှာပဲကျင်းပလာခဲ့ကြတာ ၂၀၁၃ ခုနှစ် လေးလုံး ငွေရတုအထိပါပဲ။

၂၀၁၃ မှာတော့ ၈၈ (ငြိမ်း-ပွင့်) အဖွဲ့ကဦးဆောင်ပြီး လေးလုံးငွေရတုအခန်းအနားကို ပထမ ဆုံးအကြိမ် အဖြစ် ရန်ကုန်မှာ ကျင်းပခွင့်ရခဲ့ပါတယ်။ လေးလုံးကာလက ကျဆုံး၊ ပျောက်ဆုံးစာရင်းတွေကို မှတ်တမ်း ယူမယ်လို့ အဲဒီငွေရတပွဲမှာကြေငြာခဲ့ပေမဲ့ အခုချိန်အထိတော့ ပြခန်းငယ်တခု ဖွင့်ထားတာကလွဲရင် အသေ အချာဆောင်ရွက်နိုင်တာ မတွေ့ရသေးပါ။

ဒီနှစ်ကတော့ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရသစ်လက်ထက်မှာ လေးလုံးအခမ်းအနားတွေ နိုင်ငံ တ၀ှမ်း ပထမ ဆုံးအကြိမ်ကျင်းပတော့မှာပါ။ ဘယ်နေရာတွေမှာ ကျင်းပမလဲဆိုတာ အသေးစိပ်မသိနိုင် သေးပေမဲ့ ပြည်နယ်-တိုင်း အားလုံးရဲ့ မြို့တော်တွေနဲ့ မြို့ကြီး၊ ရွာကြီးအတော် များများမှာ ကျင်းပဖို့ရှိနေပါ တယ်။ ဒီလို မြို့တိုင်း၊ နယ်တိုင်းမှာ လွတ်လပ်ကျယ်ပြန့်စွာကျင်းပကြမှာမို့ ၈၈ တုန်းက သက်ဆိုင်ရာဒေသ တွေမှာ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ။ ဘယ်သူတွေ ဘယ်မှာကျဆုံးခဲ့သလဲ စသဖြင့် အရင်က ကောက်ယူဖို့မလွယ်ခဲ့တဲ့ စာရင်းဇယားတွေ အတော်များများရလာနိုင်ပါတယ်။

သမိုင်းလေ့လာသူတွေရဲ့အဆိုအရ ၁၉၈၈ အရေးတော်ပုံ ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၃၀၀၀ (သုံးထောင်) ကျော်ရှိတယ်လို့သိရပေမဲ့ ဘယ်သူတွေလဲ၊ ဘယ်မှာသေတာလဲ စသဖြင့် အသေးစိပ်ထုတ်ပြန်နိုင်ခြင်းတော့ မရှိသေးပါ။ အရင် စစ်အစိုးရလက်အောက်မှာ မလုပ်နိုင်ခဲ့တာကိုတော့ ထားလိုက်ပါတော့။ အခု ရွေးကောက်ခံအစိုးရသစ် လက်ထက်မှာကော လေးလုံးကာ ကျဆုံး၊ ပျောက်ဆုံးစာရင်းကို အသေ အချာထုတ်ပြန်ပေးနိုင်လေမလား၊ အနည်းဆုံးတော့ ဒီလိုထုတ်ပြန်ပေးနိုင်ဖို့ ကော်မီတီတခုခုဖွဲ့ပေးတဲ့ အဆင့်ထိတော့ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

(( တနသာင်္ရီတိုင်းမှာ ကျဆုံးသူ ဘယ်လောက်ရှိသလဲ (ဒီအပိုင်းက တနသာင်္ရီ ဂျာနယ်မှ ဖြစ်ပါတယ်)

တနသာရီတိုင်းမှာတော့ လေးလုံးကာလအတွင်း ပစ်ခတ်မှုဖြစ်တယ်၊ သေဆုံးမှုရှိတယ်ဆိုတဲ့သတင်း မကြားမိပါ။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ ၁၉ မှာတော့ ထားဝယ်မြို့လယ် ဥတ္တားလမ်းဆုံမှာ ဆန္ဒပြသူတွေကို စစ်တပ်ကပစ်ခတ်တဲ့အတွက် ဆရာဦးပန်းကျော်၊ ဆရာဦးချမ်းလှ၊ ဦးကြည်ရှိန်အပါဝင် ဦး သေဆုံးခဲ့ရပါတယ်။ ဒဏ်ရာရသူကတော့ ၃၇ ဦးရှိတယ်လို့ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူတွေကပြောပါတယ်။ 


ဒါက စစ်တပ်က အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၉ ရက်နေ့ဖြစ်စဉ်ပါ။ အဲဒီဖြစ်စဉ်ပေါ် မခံနိုင်လို့ ဒီစစ်တပ်ကို လက်နက်ကိုင်ပြီး ပြန်တိုက်မှရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ အဲဒီနေ့မှာပဲ စတင်တောခိုခဲ့တဲ့ ဆန္ဒပြ ကျောင်းသားလူငယ်တွေ ထောင်နဲ့ချီရှိပါတယ်။ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ ကိုတင်လေး၊ ထားဝယ်တနယ်လုံးဆိုင်ရာ ဒီမိုကရေစီတပ်ဦး အတွင်းရေးမှုးအဖွဲ့ဝင် ကိုမြင့်သိန်းအပါဝင် တောတောင်တွေထဲ ကျဆုံးသွားခဲ့ရတဲ့ ကျောင်း သားလူငယ် ၁၀၀ ကျော်ရှိပါတယ်။ ဒါတွေဟာ လေးလုံး အရေးတော်ပုံရဲ့ အဆက်ဖြစ်တာကြောင့် သူတို့ကိုလည်း တနေရာရာမှာ အသေအချာမှတ်တမ်းတင် ဂုဏ်ပြုထားသင့်တယ်လို့ထင်ပါတယ်။

ဒါက ကျဆုံးသွားသူတွေကို အသိအမှတ်ပြုရေးအတွက် စဉ်းစားချက်ပါ။ လူတွေ ဒီလောက်အများကြီး ကျဆုံးသွားခဲ့ရတဲ့ ၈၈၈၈ ရဲ့နောက်ခံသမိုင်းကိုလည်း အကျဉ်းရုံးတင်ပြသင့်တယ်ထင်ပါတယ်။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း ၁၉၉၇ စက်တင်ဘာလ တက္ကသိုလ်ကျောင်းသားတွေ စားမေးပွဲတွေဖြေနေစဉ်မှာ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန်ငွေစက္ကူတွေကို ဖျက်သိမ်းကြောင်း အစိုးရကကြေငြာပါတယ်။ ဒါကိုမကျေနပ်လို့ ကျောင်းသားတွေ စတင်ဆန္ဒပြပါတယ်။ အဲဒီထဲမှာ တနသာင်္ရီတိုင်းက ကျောင်းသားတွေ ရှိတဲ့ မော်လမြိုင်တက္ကသိုလ်လဲ ပါဝင်ခဲ့ပါတယ်။

နောက်ဆုံးတော့ ကျောင်းတွေအားလုံးပိတ်ပြီး ကျောင်းသားတွေကို အိမ်ပြန်ပို့လိုက်ပါတယ်။ ၁၉၈၈ ရောက်တော့ ပုံမှန်အတိုင်း ဖေဖေါ် ၀ါရီမှာ တက္ကသိုလ်တွေပြန်ဖွင့်ပါတယ်။ မကျေမလည်ဖြစ်နေတဲ့ ကျောင်းသားတွေ ပြန်စုမိပြန်ပါတယ်။ ဒီတကြိမ်အတွက် မီးပွားစတဲ့နေရာကတော့ ရန်ကုန် စက်မှု တက္ကသိုလ်ပါ။ ကျောင်းသားနဲ့အရပ်သား ပြသာနာဖြစ်တာကို လုံထိမ်းတပ်တွေက အင်အားသုံးပစ်ခတ်တဲ့ အတွက် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မတ်လ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

ဒီမီးပွားဟာ တခြားကျောင်းတွေဆီ ချက်ချင်းပြန့်သွားပြီး တနိုင်ငံလုံးက တက္ကသိုလ်တွေကို ပိတ်လိုက်ပြန်ပါ တယ်။ ထုံးစံအတိုင်း ကျောင်းတွေပိတ်ပြီး အိမ်ပြန်ပို့ပြန်ပါတယ်။ တခါ ဇွန်လမှာ ကျောင်းပြန်ဖွင့်ပါတယ်။ မကျေမနပ်ဖြစ်နေတဲ့ကျောင်းသားတွေရဲ့ဆန္ဒပြမှုက ပိုပြင်းထန်လာပါတယ်။ အရပ်သားတွေပါ ဆန္ဒပြပွဲထဲပါ လာပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်တွေကိုပိတ်ပြီး ကျောင်းသားတွေကို အိမ်ပြန်ပို့လိုက်ပြန်ပါတယ်။

ဒါပေမဲ့ ဒီတခါ အိမ်ပြန်ပို့ခံရတဲ့ကျောင်းသားတွေဟာ သက်ဆိုင်ရာမြို့တွေရှိ ကောလိပ်တွေ၊ အထက တွေက  ကျောင်းသားလူငယ်တွေကို ဦးဆောင်ပြီး ဆန္ဒပြပွဲတွေဆက်လုပ်ဖို့စီစဉ်ခဲ့ကြပါတယ်။ ဒီပွဲအတွက် သတ်မှတ် ရက်က ရက်၊ လ၊ ၈၈ (၈၈၈၈) ပါပဲ။ ဘယ်သူက အဲဒီရက်ကိုရွေးလိုက်မှန်းမသိပါ။ လေးလုံးမတိုင်ခင် လာတဲ့ ဘီဘီစီ သတင်းတပုဒ်အရ ရက်၊ လ။ ၈၈ ခုနှစ် မနက် နာရီ မီနစ်မှာ တနိုင်ငံလုံးဆန္ဒပြမယ် ဆိုပြီး ကျောင်းသားခေါင်းဆောင်တွေက ကြေငြာထားတဲ့သဘောမျိုး ပါလာပါတယ်။

အဲဒီကာလက အခုခေတ်လို လက်ကိုင်တယ်လီဖုန်းမရှိ၊ Facebook မရှိ၊ အင်တာနက်မရှိဆိုတော့ တနေရာနဲ့ တနေရာ ဘယ်လိုမှဆက်သွယ်ဖို့မလွယ်ပါ။ ဒီတော့ နာရီ ၁၅ မီနစ်မှာလာတဲ့ ဘီဘီစီကိုပဲ နားထောင်ပြီး ကျနောတို့ ကျောင်းသားတွေ လမ်းကြောင်းယူခဲ့ရတယ်ဆိုပါတော့။ ဒီလိုနဲ့ တခြား ပြည်နယ်-တိုင်း အသီးသီးက မြို့ကြီးတွေလိုပဲ ထားဝယ်မှာလဲ ရက်နေ့ မနက်မှာ ဆန္ဒပြပွဲစပါတယ်။ မြို့အ၀င်-အထွက် လမ်းတွေကိုပိတ်ထားတာကြောင့် နယ်ကကျောင်းသားတွေမပါပဲ မြို့ပေါ်ကကျောင်းသားတွေပဲ အဲဒီနေ့က ပြခဲ့ကြပါတယ်။ ရက်နေ့မှာတော့ ကျနော်တို့ နယ်က ကျောင်းသားတွေပါ ပါလာတဲ့အတွက် ပွဲဟာအတော်ကြီးသွားခဲ့ပါတယ်။

အဲဒီပွဲတွေနဲ့ နောက်ပိုင်းဆက်တိုက်ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေကို အဓိကဦးဆောင်ခဲ့သူတွေဟာ ရှေ့မှာ တင်ပြခဲ့တဲ့ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ ထားဝယ်တနယ်လုံးဆိုင်ရာ ဒီမိုကရေစီတပ်ဦး က ခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေဟာ ကျေးလက်တောရွာတွေအထိ ပြန့်နှံ့သွားပြီး ဆန္ဒမပြတဲ့ရွာ မကျန်သလောက်ဖြစ်သွားပါတယ်။ မဆလ သမ္မတတွေဖြစ်တဲ့ ဦးနေ၀င်း၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် အားလုံးပြုတ်ကျပြီး အစိုးရယန္တယား ရပ်တန့်သွားပါတယ်။ ကျောင်းသား သမဂ္ဂနဲ့ တပ်ဦးအဖွဲ့တွေက မြို့ပြနဲ့ ကျေးလက်ဒေသအုပ်ချုပ်ရေးကို တာဝန်ယူလိုက်ရတဲ့အထိ အခြေ အနေတွေ ပြောင်းလဲကုန်ပါတယ်။

ဒီလိုနဲ့ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာသိမ်းပြီး ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ထားဝယ်မှာ အာဇာနည် ဦး ကျဆုံးခဲ့ရပါတယ်။ ၂၈ နှစ်ကြာပြီးတဲ့အခါ အခုမြင်နေရတဲ့အတိုင်း အပြောင်းအလဲတချို ဖြစ်လာခဲ့ပါ တယ်။))။

လေးလုံးမှာပါခဲ့သူတွေ အခု ဘာလုပ်နေကြသလဲ

အရေးတော်ပုံအတွင်းကျဆုံးသွားသူတွေ၊ အရေးတော်ပုံရဲ့အဆက် အကျဉ်းထောင်တွေအတွင်း ကျဆုံး သွားသူ၊ တောတောင်တွေထဲ ကျဆုံးသွားသူတွေကို စာရင်းဇယားလုပ်ပြီး ဂုဏ်ပြုမှတ်တမ်းတင်ဖို့လိုသလို မသေမပျောက်ပဲ ကျန်နေတဲ့ရဲဘော်တွေကော အခု ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲဆိုတာကိုပါ ဒီလိုနှစ်ပတ်လည်နေ့မှာ မေးခွန်းထုတ်သင့်ပါတယ်။ 


အသစ်တက်လာတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေထဲမှာ လေးလုံးအရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူးသူတချို့ပါနေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ အရေးတော်ပုံအတွင်း အရေးကြီး တဲ့နေရာက ဦးဆောင်လှုပ်ရှားခဲ့သူတွေ၊ အထင်ကရနာမည်ကြီးခဲ့သူတွေ၊ အကျဉ်းထောင်တွေ၊ တောတောင်တွေထဲ မသေမပျောက်ကျန်ခဲ့သူတွေ အစိုးရအဖွဲ့အတွင်း ပါဝင်မှုနှုန်းကတော့ အတော်နည်း နေပါသေးတယ်။

၈၈ တုန်းက လျှမ်းလျမ်းတောက်ထင်ရှားခဲ့ပြီး နှစ်ရှည်ဖမ်းဆီးခံခဲ့ရတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးအပါဝင် ထင်ရှား သူအားလုံးနီးပါး အစိုးရအဖွဲ့ရဲ့ အပြင်စည်းမှာ ဒီတိုင်းကျန်နေဆဲပါ။ တခြား ပြည်နယ်-တိုင်း အသီးသီးရှိ ၈၈ နယ်ခေါင်း ဆောင်တွေဟာလဲ ၈၈ (ငြိမ်း-ပွင့်) အဖြစ်ဆက်လက်ရပ်တည်နေပြီး အစိုးရအ၀န်းအ၀ိုင်းရဲ့ အပြင်မှာပဲ ရှိနေဆဲဖြစ်ပါတယ်။ ဒါက ပြည်တွင်းအခြေအနေ။

နယ်စပ်ဒေသနဲ့ ပြည်ပဖက်ကို ကြည့်မယ်ဆိုရင်တော့ ၈၈ တုန်းက လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပြီး နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ ABSDF ဥက္ကဌဟောင်း မိုးသီးဇွန်ဆိုရင် ပြည်ဝင်ခွင့် ဗီဇာတောင်မရလို့ အမေရိကားမှာ သောင်တင်နေဆဲပါ။ စာရေးသူအပါဝင် ၈၈ မှာ အောက်ခြေနေကနေပါခဲ့သူတွေကလည်း ထောင်နဲ့ချီရှိပါသေးတယ်။ ဒီလူတွေ လည်း အခုချိန်အထိ အိမ်ပြန်ခွင့် (ဗီဇာနဲ့ ပြန်လည်ခွင့်ရ တာကိုမဆိုလို) မရကြသေးပါ။

ဒါဟာ မြန်မာ့ဒီမိုကရေစီအသွင်ပြောင်းရေးလုပ်ငန်းစဉ်မှာ တခုခုလွဲချော်နေတာလား။ အဆင့်ကျော်နေတာ လား။ ဒီလိုနှစ်ပတ်လည်နေ့မှာ အသေချာပြန်သုံးသပ်သင့်ပါတယ်။ ဘာကြောင့်လဲဆို တခြားနိုင်ငံတွေရဲ့ အသွင်ပြောင်း လုပ်ငန်းစဉ်ကိုကြည့်မယ်ဆိုရင် စစ်ပွဲတွေရပ်မယ်၊ ငြိမ်းချမ်းရေးဆွေးနွေးမယ်၊ သူပုန်တွေ၊ နိုင်ငံခြားရောက် (Exile) တက်ကြွလှုပ်ရှားသူတွေပြန်လာကြမယ်။ ရွေးကောက်ပွဲလုပ်မယ်၊ အစိုးရသစ်ဖွဲ့ မယ်၊ ဒီလူတွေအားလုံး ပါဝင်လက်တွဲ ဆောင်ရွက်ကြမယ် စသဖြင့် ဒီလိုမျိုးသွားလေ့ရှိပါတယ်။

အဝေးကြီးကို သွားကြည့်စရာမလိုပါ။ အာဆီယံ အဖွဲ့ဝင်သစ် ဖြစ်လာတဲ့ အရှေ့တီမောကိုပဲကြည့်ပါ။ ၂၀၀၂ ခုနှစ်မှာ အပြောင်းအလဲတွေ စဖြစ်တော့ ပထမ ဆုံး သမ္မတဖြစ်လာသူ Xanana Gusmão ဟာ သူပုန် ခေါင်းဆောင်ပါ။ ၀န်ကြီးချုပ်ဖြစ်လာသူ José Ramos-Horta ဟာ ပြည်ပကနေပြန်လာသူပါ။ မာနယ်ပလော အပါဝင် မြန်မာသူပုန် စခန်းတွေ၊ ဘန်ကောက်က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီခေါင်းဆောင်တွေနဲ့ မြန်မာသူပုန်တွေ အတူလတွဲ ဆောင်ရွက်ခဲ့တဲ့ကာလက ဆယ်စုနှစ်တခုကျော်ပါ တယ်။ ဒါပေမဲ့ မြန်မာ့အပြောင်းအလဲက အရှေ့တီမောအပြောင်းအလဲလို ပွင့်လင်းမြင်သာမှုမရှိပါ။ အရင် အာဏာရှင်ဟောင်းတွေရဲ့ သြဇာကို မလွန်ဆန်နိုင်ပဲ၊ အရင်ခေတ်ကရေးဆွဲထားခဲ့တဲ့ ခြေချုပ်ဥဒေတွေထဲ ပိတ်မိနေသလို ဖြစ်နေပါတယ်။

အပြင်ရောက်သွားသူတွေ လွတ်လပ်စွာပြန်လာပြိး နိုင်ငံရေးထဲပါဝင်ခွင့် ပိတ်ပင်ထားတဲ့အပြင် နယ်စပ်ကနေ ပြန်လာသူတွေကိုတောင် မြန်မာနိုင်ငံအတွင်း ၁၀ နှစ်ဆက်တိုက်နေထိုင်ထားခြင်းမရှိဘူးဆိုရင် ရွေးကောက်ပွဲဝင်ခွင့် မပေးဘူးဆိုပြီး ပိတ်ပင်ထားပြန်ပါတယ်။ ဒါတွေဟာ ဒီလို လေးလုံးနှစ်ပတ်လည်နေ့ တွေမှာ ပြန်လည်သုံးသပ်သင့်တဲ့ ကိစ္စပါပဲ။ ပြည်တွင်း-ပြည်ပ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေအချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန်နားလည်ယုံကြည်မှု ပြန်လည်တည် ဆောက်ဖို့ လိုနေပါတယ်။ ဒီလိုလုပ်နိုင်မှသာ မြန်မာ့အပြောင်းအလဲဟာလဲ နိုင်ငံတကာအပြောင်းအလဲ တွေလို အားလုံးပါဝင်ခွင့်ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ဖြစ်လာနိုင်မှာပါ။

လေးလုံးကာလ မျှော်မှန်းချက်ကို အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်မလား 

အစိုးရက ဘာတွေဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို မပြောခင် လေးလုံးတုန်းက ဘာတွေမျှော်မှန်းခဲ့ တာလဲ ဆိုတာကို အရင်မေးဖို့လိုမယ်ထင်ပါတယ်။ မှတ်မိသလောက် ကြွေးကြော်သံတွေကတော့ ‘’လမ်းစဉ်ပါတီ တော်ပါပြီ’’ ’’တပါတီစနစ် ဖျက်သိမ်းပစ်’’ ‘’ဒီမိုကရေစီပညာရေး ချက်ချင်းပေး’’ ‘’ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ရေး ဒို့အရေး’’ စသဖြင့် ပါဝင်ပါတယ်။ အချုပ်ပြောမယ်ဆိုရင်တော့ တပါတီ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီ စနစ်ရရှိရေးကို တောင်းဆိုတာပါပဲ။


အခု ၂၈ နှစ်ကြာပြီးတဲ့အခါမှာတော့ ပါတီစုံစနစ်အရရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီကိုအားပေးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရ ဖြစ်နေပါပြီ။ ဒါဟာ ၈၈ တုန်းကမျှော်မှန်းတဲ့အတိုင်း ဖြစ်လာပြီလို့ပြောနိုင်ပါသလား။ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၅၀ ရာခိုင်နှုန်းကျော်တော့ဖြစ်လာပြီလို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒါဖြင့် ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကျော်က ဘာတွေလဲ။ 

ရှေ့မှာပြောခဲ့တဲ့အတိုင်း စစ်အာဏာရှင်စနစ်ဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီနစ်ထွန်းကားရေးလုပ်ငန်းစဉ်မှာ ပါတီစုံ ဒီမိုကရေစီထွန်းကားလာပေမဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျသွားပြီလို့ ပြောဖို့ခက်နေပါသေးတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ခုကို စစ်တပ်က ဆက်လက်ချုပ်ကိုင်ထားသလို လွှတ်တော်အသီးသီးမှာလဲ စစ်တပ်အမတ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေဆဲဖြစ်ပါတယ်။ တခါ နေ့စဉ် အုပ်ချုပ်ရေးကိုကိုင်ထားတဲ့ ထွေ-အုပ် ဌာန တွေကိုလည်း စစ်တပ်နဲ့ အရင်အစိုးရ လူဟောင်းတွေက ကိုင်ထားဆဲဖြစ်ပါတယ်။

စစ်တပ်က နှစ် ၅၀ ကျော်အုပ်ချုပ်လာတဲ့နိုင်ငံတခုရဲ့ အပြောင်းအလဲဟာ ဒီလိုပဲ အဆင့်ဆင့်သွားရမှာပေါ့လို့ လက်ရှိ အစိုးရတာဝန်ရှိသူတွေက ဆင်ခြေပေးနိုင်ပါတယ်။ သူတို့ကိုမဲပေးထားသူတွေထဲမှာလည်း ဒီလိုပဲ လက်ခံထားသူ များပါလိမ့်မယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲဟာ တဆင့်ပြီးတဆင့် စနစ်တကျနဲ့ ၁၀၀ ရာခိုင်နှုန်း အရပ်သားအုပ်ချုပ် ခွင့်ရတဲ့အထိ ဆက်သွားဖို့တော့ လိုပါတယ်။

ဒါက စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်ပြောင်းကိစ္စကိုပြောတာပါ။ ၈၈ တုန်းက ကျောင်းသားတွေ ရဲ့ကြွေးကြော်သံထဲမှာမပါပေမဲ့ နောက်ထပ်အရေးတကြီးဖြေ ရှင်းဖို့လိုနေတဲ့ ပြသာနာ တခုက ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးဖြစ်ပါတယ်။ ဝေဖန်ဆန်းစစ်သူတွေရဲ့ အဆိုအရ စစ်အာဏာရှင်စနစ်ပြုတ်ကျသွားရင် မြန်မာ့ နိုင်ငံရေးပြေလည်သွားလိမ့်မယ်လို့အစောပိုင်းက ထင်ခဲ့ကြပေမဲ့ အခုတော့ ဒီမိုကရေစီအရေးအပြင် တိုင်းရင်းသား အရေးက အရေးကြီးတဲ့နေရာဆီရောက်လာနေပြီလို့ ဆိုကြပါတယ်။ 

၈၈ ကျောင်းသားတွေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ABSDF အဖွဲ့ရဲ့ စကားလုံးကို ငှားသုံးရမယ်ဆိုရင်တော့ ‘’ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဟာ ခေါင်းနဲ့ပန်းလိုတွဲနေတဲ့အတွက် ခုစလုံးကို တပြိုင်တည်းေ ဖြေရှင်းဖို့လိုနေ’’ တဲ့ သဘောပါ။ ဒီနှစ်ခုကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ လက်ရှိအစိုးရက ၈၈ မျှော်လင့် ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါတယ်။ 

ဒါပေမဲ့ လက်တလောမြင်နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေအရတော့ သိပ်မလွယ်သေးပါ။ စစ်အာဏာ ရှင် လက်ကျန်အတွေးအခေါ်ရှိနေသူတွေကို ဒီမိုကရေစီအတွေးအခေါ်ဝင်လာအောင် စည်းရုံးရမဲ့အစား အာဏာရ ဒီမိုကရေစီခေါင်းဆောင်ပိုင်းတချို့မှာ အာဏာရှင်အတွေးအခေါ် ကူးစက်လာတာမျိုးတောင် မြင်နေရပါတယ်။ institutional အဖွဲ့အစည်းသဘောအပြောင်းအလဲမဟုတ်ပဲ လူပုဂ္ဂိုလ်ပေါ်အခြေခံတဲ့ အပြောင်းအလဲမျိုးကိုသာ တွေ့လာနေရပါတယ်။

တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးကိုဖြေရှင်းတဲ့အခါမှာလည်း အစိုးရဟောင်းကချမှတ်ထားတဲ့ လမ်းအတိုင်း၊ တနည်းအားဖြင့် စစ်တပ်ကသဘောတူတဲ့ ဘောင်ထဲကသာသွားမဲ့ လမ်းဟောင်းကိုသာ ဆက်ရွေးထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရစေချင်တဲ့ စေတနာပိုင်းမှာတော့ အစိုးရသစ်က အစိုးရဟောင်းထက် အများကြီးသာတာတွေ့ရတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေကပြောထား တာကြောင့် မျှော်လင့်ချက်ကတော့ အရင်အစိုးရထက် ပိုကောင်းနေဆဲပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လေးလုံးရဲ့အသီးအပွင့်တခုအဖြစ် ဒီမိုကရေစီအစိုးရ အာဏာ ပုလ္လင်ပေါ် ရောက်နေပါပြီ။ ဒါပေမဲ့ လေးလုံးကာလ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ကတော့ ရှေ့မှာတင်ပြခဲ့တဲ့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို လက်ရှိအစိုးရက ဘယ်လောက်အထိ ဟန်ချက် ညီဖေါ်ဆောင်နိုင်မလဲဆိုတဲ့ အချက်ပေါ်မူတည်နေပါတယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် အာဏာရှင်လက်ကျန်အတွေးအခေါ်ရှိနေသူတွေကို ဒီမိုကရေစီအတွေး အခေါ် ၀င်လာအောင် စီမံကိန်းချဆောင်ရွက်ဖို့လိုပါတယ်။ ဒီမိုကရေစီခေါင်းဆောင်တွေကြားမှာလည်း ပုဂ္ဂိုလ်ရေး ဦးစားပေးတတည်ဆောက်မှုအစား institutional အဖွဲ့အစည်းသဘောအပြောင်းအလဲဖြစ်လာအောင် တည်ဆောက်ဖို့လိုပါတယ်။ 

တချိန်တည်းမှာပဲ ပါတီပေါ်သစ္စာရှိသူတင်မက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအပေါ် သစ္စာရှိသူတွေ ကိုလည်း အစိုးရအ၀န်းအ၀ိုင်းထဲ၊ အနည်းဆုံးတော့ အကြံညဏ်ပေးပိုင်ခွင့်ရှိတဲ့ အ၀န်းဝိုင်းထဲ ခေါ်သွင်းဖို့ လိုပါတယ်။ ဒီအတွက် ပြည်တွင်း-ပြည်ပ ၈၈ မျိုးဆက်တွေ၊ လက်နက်ကိုင်-လက်နက်မကိုင် တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ လက်ရှိအစိုးရက အခုထက်မက ပူးပေါင်းဆောင်ရွက်ဖို့လိုနေပါကြောင်း တင်ပြလိုက်ရ ပါတယ်။     

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More