Wednesday, November 19, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၇)

DVB အတွက် ပထမ ဆုံးအကြိမ် Vikar (အစားထိုးလုပ်သား) ခေါ်ယူခြင်း

Vikar (အစားထိုးလုပ်သား) ဆိုပြီး ခပ်တည်တည်နဲ့ခေါင်းစဉ်တပ်လိုက်ပေမဲ့ တကယ်ကတော့ အဲဒီရဲဘော် ဦးကို အစားထိုးလုပ်သားအဖြစ် အလုပ်သင်ခေါ်ယူတဲ့ ၂၀၀၅ ခုနှစ် ဇူလိုင်လ၀န်းကျင်အထိ ဒီစကားလုံးကို ကျနော် တခါမှမကြားဖူးပါ။ မကြားဖူးဆို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီသင်တန်းခေါ်တဲ့ကာလအထိ DVB သက်တန်းတလျောက်မှာ Vikar ဆိုတာ တခါမှမငှားဖူးခဲ့ပါ။

(၂၀၀၅ ခုနှစ် ဇူလိုင်လကပြုလုပ်ခဲ့တဲ့ သတင်းထောက်သင်တန်းမှ သင်တန်းဆရာကိုမိုးအေးနဲ့ သင်တန်းသားများ)

ဒါပေမယ့် နော်ဝေးအလုပ်သမားလောကမှာတော့ ဒီစကားလုံးကို လူတိုင်းသိပါတယ်။ အထူးသဖြင့် ဒီနိုင်ငံက လူတွေက နွေရာသီဟောလီးဒေး၊ ဆောင်းရာသီဟောလီးဒေး၊ ခရစ်စမတ်ဟောလီးဒေး စသဖြင့် ခွင့် ပတ်လောက် ယူပြီး ခရီးသွားလေ့ရှိကြတဲ့အတွက် အဲဒီလိုခရီးသွားနေစဉ်မှာ အစားထိုးလုပ်သားတွေ ထောင်၊ သောင်းချီလိုလေ့ရှိ ပါတယ်။ 

ဒါက နှစ်စဉ်ပုံမှန်သွားနေကြခွင့်ရက်ရှည် မျိုးကိုရွေးပြောကြည့်တာပါ။ တခြားခွင့်ရက်တွေထဲမှာတော့ အမျိုးသမီး အလုပ်သမားတွေ ကလေးမွေးလို့ ခွင့် လယူတာ။ အမျိုးသားကလဲ ခွင့် လယူတာ။ ( ဦးစလုံး လစာအပြည့်နဲ့ ယူခွင့်ရှိပါတယ်) နေမကောင်းဖြစ်လို့ ဆရာဝန်လက်မှတ်နဲ့ သတင်းတပတ်၊ ပတ်ခွင့်ယူတာ၊ ရှောင်တခင်ခွင့် တနှစ် ၁၂ ရက်ယူတာ။ ကလေးနေမကောင်းလို့ မိဘခွင့်ယူတာအပြင် ကျနော်မသိတဲ့ တခြားခွင့်ယူ ရက်တွေလဲ ရှိပါသေးတယ်။

အလုပ်သမားတွေ အဲဒီလိုခွင့်ယူထားချိန်မှာ ကျန်တဲ့လုပ်သားတွေကို ခွင့်ယူထားတဲ့လူအတွက်ပါ လုပ်ပေးပါ ဆိုပြီး သွားခိုင်းလို့ မရ။ တယောက်ခွင့်ယူထားရင် အဲဒီလူအစား ရှေ့မှာတင်ပြခဲ့တဲ့ Vikar ကိုခေါ်ထည့်ရပါတယ်။ 
ကိုယ့်လူကို ဦးစာ လုပ်ပေးပါလို့သွားခိုင်းမိရင် အလုပ်သမားအခွင့်ရေးချိုးဖောက်မှုနဲ့ တရားစွဲခံရနိုင်ပါတယ်။ ဒါကြောင့် Vikar ဟာ ဒီနိုင်ငံမှာ အတော်အရေးပါ ပါတယ်။

ဒါတွေက ၂၀၁၁ နောက်ပိုင်း DVB ကနေအလုပ်ဖြုတ်ခံရပြီးမှ နော်ဝေးစာသင်တန်း၊ အလုပ်ရှာဖွေရေးသင်တန်းတွေ တက်ရင်းနဲ့ သိလာတာတွေကို လျှောက်ပြောနေတာပါ။ ၂၀၀၅ ခုနှစ် Vikar သင်တန်းခေါ်စဉ်က နော်ဝေးရဲ့အလုပ်သ မား ဥပဒေတွေ၊ တနေ့ နာရီခွဲထက် ပိုခိုင်းခွင့်မရှိဘူးဆိုတာတွေ၊ အဲဒီ ခွဲထဲမှာ ထမင်းစားချိန်နဲ့ ကော်ဖီသောက် ချိန်ပါ ပါတယ်ဆိုတာတွေ၊ တပတ်အလုပ်ချိန် ၃၇ နာရီခွဲထက် မပိုရဘူးဆိုတာတွေ၊ အလုပ်ချိန် ခွဲကျော်သွား ရင်ဖြစ်စေ။ ညနေ နာရီနောက်ပိုင်း အလုပ်ဆင်းရ ရင်ဖြစ်စေ၊ စနေ-တနင်္ဂနွေနဲ့ အများပြည်သူရုံးပိတ်ရက်မှာ အလုပ်ဆင်းရသူတွေကို အချိန် ပိုအဖြစ်သတ်မှတ်ပြီး လုပ်အားခ ဆပေးရ မယ်ဆိုတာတွေကို ဘာမှ မသိရိုးအမှန်ပါ။

တခါ တရက်အနည်းဆုံးလုပ်အားခက ဘယ်လောက်လဲ၊ အလုပ်ချိန်က ဘယ်လိုလဲ၊ တနိုင်ငံနဲ့တနိုင်ငံ ဘယ်လို ကွာသလဲဆိုပြီး အင်တာနက်ပေါ်လိုက်ရှာကြည့်တော့ (နော်ဝေးမှာ ပြမထားပါဘူး) နော်ဝေးရဲ့ အိမ်နီးချင်း ဒိန်းမတ် မှာ တနာရီ လုပ်အားခ ၁၁၀ ခရိုနာ (ဒေါ်လာ ၂၀) အင်္ဂလန်မှာ .၅၀ ပေါင်၊ အမေရိကားမှာ .၂၅ ဒေါ်လာ၊ သြစတေလျမှာ ၁၆.၈၇ ဒေါ်လာလို့တွေ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ မလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာတော့ ပြည်နယ်တခုနဲ့တခု မတူးဘူးလို့ ဆိုပါတယ်။ အကြမ်းအားဖြင့်ကတော့ တရုတ်မှာ တနာရီ .၅၀ ရီမင်ဘီ၊ မလေးရှားမှာ .၃၈ RM (စင်ကာပူက ဖေါ်ပြမထားပါ) အိန္ဒိယမှာ တရက် ၁၈၅ ရူပီး (.၄၀ ဒေါ်လာ) ထိုင်းမှာ တရက် ၃၀၀ ဘတ် (၁၀-ဒေါ်လာ) မြန်မာနိုင်ငံမှာ တရက် ၂၀၀၀ ကျပ် (-ဒေါ်လာ)စသဖြင့်ဖေါ်ပြထားတာတွေ့ရပါတယ်။

နော်ဝေးက ဒိန်းမတ်နဲ့သိပ်မကွာတဲ့အတွက် တနာရီ ဒေါ်လာ ၂၀ ၀န်းကျင်ရမယ်လို့ခန့်မှန်းရပါတယ်။ တနည်းအား ဖြင့် ဥရောပနဲ့အနောက်နိုင်ငံကလူတွေ တနာရီ ဒေါ်လာ ၂၀ နှုန်းရနေချိန်မှာ မြန်မာနိုင်ငံကအလုပ်သားတွေက တရက်မှ ဒေါ်လာပဲ ရနေတာကို စိတ်မကောင်းဘွယ်တွေ့ရပါတယ်။ 

ပြီးတော့ အလုပ်ချိန်။ မြန်မာအပါဝင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံအတော်များများမှာ တနေ့အလုပ် ချိန် နာရီလို့သတ်မှတ်ထားဆဲဖြစ်ပြိး တပတ်အလုပ်ချိန်က ၄၈ နာရီလို့ရေးထားတာတွေ့ရတဲ့အတွက် တပတ်မှာ ရက်အလုပ်ဆင်းနေရတဲ့သဘောဖြစ်နေပါတယ်။ ဆိုလိုတာက နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်သူအစိုးရရဲ့စွမ်းရည်ကွာခြား ချက်အပေါ်မူတည်ပြီး လူတွေရဲ့အလုပ်ချိန်တွေ၊ လုပ်အားခတွေ၊ လူနေမှုအဆင့်အတန်းတွေ ကွာခြားသွားတဲ့ သဘောဖြစ်ပါတယ်။


သတင်းထောက်ဘ၀မှ သတင်းထောက်သင်တန်းဆရာအဖြစ်သို့

နော်ဝေးနဲ့ ဥရောပက အလုပ်သမားဥပဒေတွေ၊ အလုပ်သမားအခွင့်ရေးတွေအကြောင်း ဘာမှ မသိတာဟာ ကျနော် တဦးတည်းလို့ မထင်လိုက်ပါနဲ့။ သတင်းခန်းကလူတွေအားလုံးလည်း ကျနော့်လိုပဲ ဘာမှမသိတာ သေချာပါ တယ်။ ညွန်မှုးတွေလဲ သိပ်မသိဘူးလို့ ထင်ပါတယ်။ DVB ရဲ့ နှစ်ရှည်ဝန်ထမ်းတွေက ဘာမှမသိပေမဲ့ အခုသင်တန်းလာ တက်မဲ့ရဲဘော်တွေက ကုလသမဂ္ဂဒုက္ခသည်အစီစဉ်နဲ့ နော်ဝေးမှာအခြေချနေထိုင်သူတွေဆိုတော့ Vikar နဲ့ နော်ဝေးအလုပ်သမားဥပဒေတွေအကြောင်းကို အတော်အတန်သိပြီးသူတွေ ဖြစ်ပုံရပါတယ်။


အော်စလိုရုံး လုပ်ငန်းခွင်ထဲက အမျီုးသမီးသတင်းထောက်တချို)

ထိုင်းနယ်စပ်ကနေ နော်ဝေးနိုင်ငံဆီရောက်ကာစ၊ Introdution Program (မိတ်ဆက်အစီစဉ်) အရ နှစ်နီးပါး နော်ဝေးစာသင်ပြီး အလုပ်စရှာစဉ်မှာ၊ နော်ဝေးအလုပ်ရှင်တွေဆီမသွားပဲ တော်လှန်ရေး မီဒီယာ DVB ရေဒီယိုမှာပဲ လုပ်မယ်ဆိုပြီ ရောက်လာကြသူ ဦးကတော့ တောခိုကျောင်းသားဟောင်းတွေဖြစ်တဲ့ PDF မှ ကိုရွှေသွေး၊ ABSDF မှ ကိုစိန်ဝင်း၊ NLD မှ ကိုအောင်ဆန်းညွန့်၊ NMSP-မွန်ပြည်သစ်ပါတီမှ နိုင်ဗညားမွန်၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဖြစ်တဲ့ ကိုကျော်စိုးလင်း၊ မရီရီထွန်းနဲ့ မမြကြေးမုံ တို့ဖြစ်ပါတယ်။ 

သူတို့ ဦးကိုသင်တန်းပေးတဲ့နေရာက DVB ရုံးမှာမဟုတ်။ ဈေးအကြီးဆုံးမဟုတ်ရင်တောင် ဒုတိယ တန်းလောက် မှာရှိပုံရတဲ့၊ DVB အစည်းဝေးကိုလာတဲ့ ဧည့်သည်တွေတည်းနေကြ Scandic စကင်းဒစ် ဟိုတယ်မှာ။ ရုံးမှာပေး လည်းရရဲ့သားနဲ့ ဘာကြောင့် ပိုက်ဆံကုန်ခံပြီး ဟိုတယ်မှာသင်တန်းသွားလုပ်တာလဲလို့ တာဝန်ရှိသူတဦးကို မေးကြည့်မိပါတယ်။လူထင်ကြီးအောင်လဲ လုပ်ရသေးတယ်လေလို့ အဲဒီပုဂ္ဂိုလ်ကဖြေပါ တယ်။ ဒီလိုနဲ့ အဲဒီ ဟိုတယ်မှာ တပတ် သင်တန်းပေးပြီး ရုံးမှာ လက်တွေသင်တန်း တပတ်ဆင်းတယ်လို့ ကျနော်မှတ်မိနေ ပါတယ်။

ဒီသင်တန်းကို အဓိကတာဝန်ယူပို့ချသူက သတင်းအယ်ဒီတာ ကိုမိုးအေးပါ။ သူက ပူပူနွေးနွေး ကားဒစ်တက္ကသိုလ် ကနေ မီဒီယာနဲ့ မဟာဘွဲ့ရလာသူဆိုတော့ အတော်တက်ကြွနေပုံရပါတယ်။ ဒုညွန်မှုး ကိုခင်မောင်ဝင်းကလည်း DVB နောက်ခံသမိုင်းကြောင်းနဲ့ ရှေ့အလားလာတွေကိုရှင်းပြခဲ့တယ်လို့ထင်ပါတယ်။ သတင်းသဘောတရား သင်တန်းပို့ချတဲ့ အဲဒီ ရက်ထဲမှာ ‘’ကွင်းဆင်းသတင်းထောက်’’ အုန်းပင်တက်လက်မှတ်ရထားတဲ့ ကျနော့်ကိုလဲ တရက်စာ ၀င်သင်ပေးပါလို့ ကိုမိုးအေးက တာဝန်ပေးပါတယ်။

စစ်အသုံးအနှုံးတိုင်းပြောမယ်ဆိုရင် ရှေ့တန်းရဲဘော်ဘ၀နေ ဗိုလ်အဆင့်ထိ အဆင့်ဆင့်ဖြတ်သန်း တက်လာသူ၊ ဘောလုံးအသုံးအနှုံးတိုင်းဆိုရင် ဘောလုံးသမားဘ၀ကနေ နည်းပြအဆင့်ထိ အဆင့်ဆက့်တက်လာ သူပေါ့။ ဒါပေမယ့် ခက်တာက ကျနော်ဟာ သတင်းတပုဒ်၊ ဆောင်းပါးတပုဒ်ကို အစ- အဆုံး ကိုယ်ဘာသာ ကောင်းကောင်းလုပ်တတ်ပေမဲ့ သူများကို နားလည်အောင် စနစ်တကျသင်ပေးတတ်သူ မဟုတ်ပါ။ အသေ ချာလည်းတခါမှ သင်တန်းဆရာမလုပ်ခဲ့ဖူးပါ။ 

ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၉၆ ၀န်းကျင်၊ တောထဲမှာတုန်းကတော့ ABSDF ရဲဘော်တွေကို ရှေ့တန်းမှာ သတင်းစုဆောင်းနည်း အခြေခံသင်တန်းတခုပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါက Professional မဟုတ်။ တော် လှန်ရေးလိုအပ်ချက်အရ ကိုယ့်အတွေ့အကြုံကိုမျှဝေခဲ့ခြင်းမျှသာ။ အခုသင်တန်းမှာတော့ အဲဒီအဆင့်နဲ့ သွားလုပ် လို့မဖြစ်။ DVB က တော်လှန်ရေးသတင်းဌာနဆိုပေမယ့် Professional အဆင့်ကိုသွားဖို့ကြိုးစားနေတာကြောင့် စနစ်တကျပေးမှဖြစ်မှာပေါ့။

ဒါပေမယ့် ကျနော့်မှာ အဲဒီလို သင်တန်းပေးဖို့ပြင်ထားတဲ့ သင်ရိုးညွန်းတမ်းသဘော၊ စာရွက်စာတန်းနဲ့ပြင်ထားတာ ဘာမှမရှိ။ ဒီတော့ ကားဒစ်တက္ကသိုလ်က လတာသင်တန်းအတွေ့အကြုံ၊ ဘန်ကောက်မှာကြုံဖူးတဲ့ သံရုံးသိမ်း ကျောင်းသားခေါင်းဆောင်နဲ့ အင်တာဗျုး၊ DVB ရေဒိယိုရဲ့ နေစဉ်အတွေအကြုံတွေကိုပဲ သင့်သလို မျှဝေလိုက်ရပါ တယ်။ 

တကယ်က အတွေ့အကြုံမျှဝေတာနဲ့ သင်တန်းပေးတာ မတူပါ။ သင်တန်းဆရာမှာ သင်တန်းဆရာရဲ့ သီးခြား အရည်သွေးရှိရပါတယ်။ သီးခြားပြင်ဆင်မှုရှိရပါတယ်။ ဒါတွေကလဲ အခုအလုပ်ပြုတ်ပြီးမှ သတိထားမိလာတာ တွေပါ။ ဘန်ကောက်မှာတွေ့ရတဲ့ ကျနော့်ရဲ့မိတ်ဆွေ နိုင်ငံတကာသတင်းထောက်တွေ (အထူးသဖြင့် အလွတ်သတင်းထောက် လုပ်နေသူတွေ) ဟာ သတင်း၊ ဆောင်းပါး တပုဒ်ချင်းစီအတွက် နိုင်ငံတကာနှုံး ထားအတိုင်းရပေမဲ့ တပတ် တပုဒ်လာက်သာရေးနိုင်တဲ့အတွက် ဒီဝင်ငွေနဲ့စားမလောက်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် နာမည်ရဖို့ ဆောင်းပါးဆက်ရေးနေပေမဲ့ စားဝတ်နေရေးအတွက်တော့ သင်တန်းပေခြင်း အလုပ်၊ သင်တန်းဆရာအတတ်ကို မဖြစ်ဖြစ်အောင် တတ်ထားဖို့လိုတယ်လို့ သူတို့ကဆိုပါတယ်။

ဆောင်းပါးတပုဒ်အတွက် အနည်းဆုံး ဒေါ်လာ ၁၀၀ ရတဲ့ ဒီပုဂ္ဂိုလ်တွေတောင် ဒီလိုဖြစ်နေရင် တပုဒ်မှ ကျပ်ငွေ တသောင်း (၁၀ ဒေါ်လာ) ၀န်းကျင်သာရတဲ့ မြန်မာသတင်းသမားတွေဆို သေရော့ပေါ့။ အသက်အရွယ်ရလာတဲ့ သတင်းသမားတိုင်း သင်တန်းဆရာလုပ်နည်းလေးတော့ သင်ထားမှဖြစ်မယ်ဆိုပါတော့။


အော်စလိုရုံး အသံလွှင့်စတူဒီယိုမှ ရေဒီယိုအသံလွှင့်နေစဉ်)

သင်တန်းဆရာအကြောင်းပြောရင်းနဲ့ သင်တန်းသားတွေအကြောင်းတောင်မေ့တော့မလို့။ အဲဒီ သင်တန်းသား ဦး ဟာ ပတ်တာသင်တန်းပြီးတဲ့နောက် လတာ အလုပ်သင်ဘ၀နဲ့ DVB မှာ အလုပ်ဆင်းပါတယ်။ အထူးသဖြင့် သူများတွေ အလုပ် မဆင်းချင်တဲ့ စနေ၊ တနင်္ဂနွေမှာတာဝန်ယူရသူ ကျနော်နဲ့ အဲဒီလူသစ်တွေ အဓိက လက်တွဲ ရတာပေါ့။ လူသစ်တွေကို ခပ်တင်းတင်းကိုင်ဖို့တာဝန်ရှိသူတွေကပြောထားတဲ့အတွက် ကျနော်နဲ့ အဲဒီလူသစ်တွေ အကြား အဆင်မပြေမှု တချို့ဖြစ်ခဲ့သေး တာကို အမှတ်ရနေပါတယ်။

လကြာပြီးတဲ့အခါမှာတော့ အတော်များများ အလုပ်နားလိုက်ကြပါတယ်။ နားဆို DVB ကမှ သူတို့ကို အလုပ် မပေးနိုင်တော့ နားမှဖြစ်မှာပေါ့။ ဒီနိုင်ငံရဲ့အလုပ်သမားဥပဒေအရ လုပ်အားပေး၊ အလုပ်သင်လာ သူတွေကို ထက်ပိုခိုင်းခွင့်မရှိပါ။ (အဲဒီ လအတွက် ထောက်ပံ့လစာကို အလုပ်သမားရုံး NAV က ပေးထားပါတယ်) လထက်ပို ခိုင်းရင် အမြဲတန်းအလုပ်ခန့်မယ်ဆိုတဲ့သင်္ကေတဖြစ်ပါတယ်။ DVB က သူတို့ကိုအမြဲတန်းလိုတာ မဟုတ်ပဲ တခါတလေမှ ခေါ်သုံးမှာဆိုတော့ ဒီအလုပ်နဲ့ ထမင်းစားလို့ ဘယ်ရပါ့မလဲ။ နော်ဝေးမှာလုပ်မဲ့တော်လှန် ရေးက နယ်စပ်မှာလုပ်တဲ့တော်လှန်ရေးနဲ့မတူပါ။


လကျော်တဲ့အထိ ဆက်ပြီးတာဝန်ထမ်းသူ ဦးကတော့ ကိုအောင်ဆန်းညွန့်နဲ့ မရီရီထွန်းတို့ဖြစ်ပါတယ်။ ကို အောင်ဆန်းညွန့်က တီဗွီ ကိုလဲ စိတ်ဝင်စားတဲ့အတွက် TV ရေဒီယို ခုစလုံးကိုတွဲပြီးတာဝန်ယူပါတယ်။ နောက် ပိုင်းမှာတော့ မရီရီထွန်းတဦးပဲကျန်ပါတယ်။ စနေ-တနင်္ဂနွေမှာ အမြဲတန်းလူလိုနေတဲ့အတွက် သူကို ခေါ်သုံးရပြီး ကျနော်တို့ အလုပ်ဖြုတ်ခံရတဲ့ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ၊ တနည်းအားဖြင့် နော်ဝေးစတူဒီယိုကနေ ရေဒီယိုအသံလွှင့်မှု ရပ်နားချိန် နောက်ဆုံးရက်တွေအထိ မရီရီထွန်းတယောက် DVB တော် လှန်ရေးရေဒီယို အတွက် လုပ်အားပေးခဲ့တာကို ကျနော်အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More