Tuesday, December 24, 2013

ကျဆုံးခဲ့သည့် မြိတ်ခရိုင် ABSDF ကျောင်းသားများအား ရည်စူး ဆွမ်းလှုမည်

Dawei Watch၊ မြိတ်၊ ဒီဇင်ဘာ ၂၂


တော်လှန်ရေးကာလတွင် မြိတ်ခရိုင်မှ ကျဆုံးခဲ့သည့် ABSDF
ကျောင်းသားဟောင်းများအတွက် ရည်စူး၍ ပြည်ပရောက် ABSDF
ကျောင်းသားဟောင်းများ နှင့်  ABSDF  မြ၀တီ မဲဆောက်ဗဟိုရုံး၏
ဦးဆောင်မှုဖြင့် လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင်
မြိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ဆွမ်းကျွေး
တရားနာပြုလုပ်သွားမည်ဖြစ်ကြောင်
း ABSDF ကျောင်းသားဟောင်း
ဦးဝင်းနိုင်ထံမှ သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကာလ တောခိုစဉ်ခဲ့သည့် ABSDF
ကျောင်းသားများအနက် မြိတ်ခရိုင်မှ ABSDF ကျောင်းသားများ ၁၀၀ ဦးခန့်
ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်ထံမှ သိရသည်။
ထို့အပြင် ဆင်းရဲ နွမ်းပါးသော ABSDF  မိသားစုဝင်များကို
ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အခမ်းအနားတွင် ထားဝယ်ခရိုင် နှင့်
မြိတ်ခရိုင်ရှိ ABSDF ကျောင်းသားများ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုက အဖွဲ့များ၊ ပြည်ပရောက်နေသည့် ABSDF ကျောင်းသားများနှင့်
ချိတ်ဆက်ပူးပေါင်းကာ ပထမဦးဆုံးအကြိမ်အဖြစ် သေဆုံး ၊ ပျောက်ဆုံး
မိသားစုဝင်များ၊ ဆင်းရဲနွမ်းပါးသူ အယောက် ၈၀ ကျော်ခန့်ကို ပေးအပ်သွားရန်
စီစဉ်နေသည်ဟု ဦးဝင်းနိုင်က ပြောသည်။

“မိသားစု တစ်ခုလုံးအတွက်တော့မဟုတ်ဘူး။ တတ်နိုင်သလောက်လေးတော့ လုပ်ပေးဖို့
စီစဉ်ထားပါတယ်။ နောင်နှစ်တွေ အထိတော့ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိ တောင်ပိုင်းအုပ်စုတွင် ABSDF ကျောင်းသားဟောင်း ၁၀၀၀
ဦးခန့်ရှိကြောင်း သိရသည်။

ဆင်းရဲ နွမ်းပါးသည့် မိသားစုဝင်များ နှင့် ABSDF
ကျောင်းသားဟောင်းများအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က
ကိုချမ်းနိုင် ၊ ကိုယုလွင်၊ ကိုသန်းအောင် (ရေပုံး) ၊ ကိုသန်းအောင်
(ကွက်သစ်)၊ ဆရာဦးအောင်မြင့်၊ ကိုထွန်းကျော်မောင်၊ ကိုသောင်းညွန့် နှင့်
ကိုဝင်းနိုင် နေအိမ်တွင် အလွှတ်သဘောဖြင့် တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကိုဝင်းနိုင်ထံမှ သိရသည်။

1 comments:

ဟဲလိုကိုဝင်းထိန်....စာတွေဖတ်ရတာကောင်းတယ်ဗျာ..ဆက်ရေးပါ၊အားပေးပါတယ်၊ရဲဘော်တွေအတွက်(အလှူအတွက်)ငွေပို့ချင်တယ်၊အကြံပေးပါဦး.ဘယ်လိုပို့ရမလဲဆိုတာ၊

လေးစားလျှက်...မောင်ကို၊ခေတ္တ..တက္ကဆက်..အမေရိကန်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More