Saturday, July 7, 2012

ဒါးဒါးချင်း- လှံလှံချင်း။ Knife to knife, Lance to lance.

‎7-July ရဲ့နောက်ဆက်တွဲ။ ဒါးဒါးချင်း- လှံလှံချင်း။ Knife to knife, Lance to lance. သို့မဟုတ် ABSDF အမှတ် ၁- တပ်ရင်းရဲ့ လှုပ်ရှားမှုအကြောင်း ရုပ်သံ- မှတ်တန်းဖြစ်ပါတယ်။




နယူးဇီလန် နိုင်ငံသားတဦးဖြစ်တဲ့ David ... ဟာ ၁၉၉၃-တုန်းက ABSDF စခန်းတခုမှာ အင်္ဂလိပ်စာပြ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခဲ့ဖူပြီး ၁၉၉၅-မှာတော့ ကင်မရာကိုင်ပြိး သတင်းထောက် အဖြစ်ပြန်ရောက်လာပါတယ်။ သူဟာ ကရင်နီဒေသ ABSDF စခန်းကိုအယင်ဆုံးမှတ်တန်းတင်ပြီး အဲဒီ ကာမှတဆင့် ကျနော်တို့ တပ်ရင်း ၁-ရှိရာ မင်းသမိးဒေသဆီ ဒီဇင်ဘာလမှာရောက်ရှိလာပါတယ်။ 

ကျနော်တို့တပ်တွေနဲ့အတူ ပြည်ခြား-ပုလော ဒေသ ရှေ့တန်းခရီးစဉ်အတွင်းလိုက်ပါပြီး ဒီမှတ်တန်းကို ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။
ABSDF အကြောင်း တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရော။ နိုင်ငံခြားသတင်းထောက် တွေပါ အတော်များများက မှတ်တန်းတွေရိုက်ကူးကြပေမဲ့ အခုချိန်ထိ ကျနော်လက်ထဲ ဒီမှတ်တန်းတခုဘဲ့ရှိပါတယ်။ အယင် တိတ်နဲ့ရိုက်တဲ့ခေတ်က မှုံတက်နေတဲ့ အခွေကို ဒီဂျီတယ် အဖြစ်ပြန်ကူးတဲ့အခါ တုန်မှုံနေပြီး နောက်ဆုံးအပိုင်း ပြတ်ကျန်နေခဲ့ပါတယ်။

ဒီရုပ်သံကို သြစတေလျ တီဗီင်္ွ-ချာနယ်တခုမှာ ၁၉၉၆-က ပြသခဲ့ဖူးတယ်လို့ဆိုပေမဲ့ အဲဒီအချိန်က စပြီး ဒေးဗစ်နဲ့ ကျနော်တို့အဆက်အသွယ်မရတော့ပါ။ ဒါကြောင့် ဒီရုပ်သံ-ကို အင်တာနက်ပေါ်တင်ဖို့ အတွက် သူ့ဆီက ခွင့်ပြုချက်တောင်းခံဖို့မလွယ်ပါ။ ဒါပေမဲ့ ဒီရုပ်သံထဲမှာပါတဲ့ ကျနော်တို့ ABSDF ရဲဘော် ရဲဘက်တွေအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုတင်လိုက်တာဖြစ်ပါတယ်။ မောင်ဒေးဗစ် နားလည် မယ်လို့ မျော်လင့်ပါတယ်။

ဒီရုပ်သံထဲက အများစုဟာ အခု အမေရိကန်။ ကနေဒါ။ သြစတေလျ။ နယူးဇီလန်နဲ့ ဥရောပနိုင်ငံတွေဆီ ရောက်နေကြပြီဖြစ်ပေမဲ့ ...ကိုပိုလို။ ကိုဘညီး...အပါဝင် အာဇာနည် တဒါဇင်နီးပါးတော့ စစ်မြေပြင်အတွင်း ကျဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ 

ပေးဆပ်သွားသူတွေအတွက် ကျနော်တို့ ဘာဆက်လုပ်ပေးနိုင်မလဲ...။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More