Sunday, April 30, 2023

“ဘယ်သူပဲလာဆွေးနွေးသည်ဖြစ်စေ အဓိကအချက်က လူထုဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ပ...



“ဘယ်သူပဲလာဆွေးနွေးသည်ဖြစ်စေ အဓိကအချက်က လူထုဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ပါပဲ”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁- ၅- ၂၀၂၃)

“မြန်မာ့အရေးကို ဘယ်သူပဲကြားဝင်ဆွေးနွေးသည်ဖြစ်စေ အဓိကအချက်က လူထုဆန္ဒအတိုင်းဆောင်ရွက်ပေးရေးဖြစ်တယ်၊ စစ်ကောင်စီရဲ့ အသုံးချခံမဖြစ်အောင် ကြားဝင်ဆောင်ရွက်သူတွေဖက်က အထူးသတိထားဖို့လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော ကပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး တွေ့ဆုံမှု၊ ဘန်ကီမွန်းရဲ့နေပြည်တော်ခရီးစဉ်နောက်ပိုင်း အားလုံးပါဝင်ခွင့်ရတဲ့ ဆွေးနွေးရေးလမ်းစတွေများ ပေါ်လာနိုင်သလား၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ အချိန်ဆွဲနည်းဗျုဟာတခုလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဘန်ကီမွန်းနှင့် ဦးမိုးဇော်ဦး ဆွေးနွေးမှု ဘာတွေထူးသလဲ...

- ဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ်အပေါ် NUG က ဘယ်လိုသဘောထားသလဲ...

- တဖက်မှာဆွေးနွေးရေးပြောနေပြီး အခြားတဖက်မှာ အကြမ်းဖက်မှုတွေ တိုးလုပ်လာနေတဲ့ စစ်ကောင်စီကို ဘယ်လိုတုန့်ပြန်တိုက်ခိုက်ကြမလဲ...

- မန္တလေး- ရှမ်း နယ်စပ်က တိုက်ပွဲမှာ စစ်ကောင်စီ ဘယ်လောက် အထိနာခဲ့သလဲ...

- နိုင်ငံတကာရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး NUG ရဲ့ မူဝါဒက ဘယ်လိုရှိသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, April 29, 2023

“စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုစွန့်ပါ၊ လူထုတော်လှန်...


“စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုစွန့်ပါ၊ လူထုတော်လှန်ရေးထဲ ပါဝင်ပါ”

- မာဝီ (ဒု-စစ်ဦးစီးချုပ်၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်)

(၂၉ - ၄-၂၀၂၃)

“၂၀၂၁ မှာစတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ လူမျိုးစုတော်လှန်ရေးမဟုတ်ဘူး၊ လူတစု တော်လှန်ရေးလည်းမဟုတ်ဘူး၊ ဒါဟာ လူထုတော်လှန်ရေးဖြစ်တဲ့အတွက် လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံး လက်တွဲပါဝင်ဖို့လိုတယ်။ လက်နက်အင်အား၊ လူအင်အားကောင်းတဲ့ အဖွဲ့အချို့က စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို စွန့်လွှတ်ပြီး တော်လှန်ရေးထဲပါဝင်ဖို့လိုတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီ က ပြောပါတယ်။

ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ အချို့နေရာတွေမှာ တော်လှန်ရေးတပ်တွေဖက်က စခန်းသိမ်းတိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ကို တပ်ရင်းအလိုက်ပြုတ်တဲ့အထိ တိုက်နိုင်စွမ်းရှိလာနေပြီဖြစ်ပမယ့် စစ်တပွဲလုံး၊ တနိုင်ငံလုံးမှာ အနိုင်ရအောင် ဘာတွေဆောင်ရွက်ဖို့ လိုအပ်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- မြို့နယ်တခုအတွင်း၊ ပြည်နယ်-တိုင်း တခုအတွင်းရှိတဲ့ တော်လှန်ရေးတပ်တွေ အမိန့်တခုတည်းနဲ့ တိုက်နိုင်အောင် ဘယ်လိုဆေင်ရွက်သင့်သလဲ....

- ပွိုင့် ၅ လက်နက်တွေက စစ်ကောင်စီ ရဟတ်ယာဉ်တွေကို တကယ်ပစ်ချနိုင်မလား...

- လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ သက်တန်းရင့်အဖွဲ့အချို့ အခုချိန်အထိ လူထုတော်လှန်ရေးထဲ ပါမလာသေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, April 28, 2023

“လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သ...


“လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သားတွေ သဘောပေါက်လာတယ်ထင်ပါတယ်”

- မာဝီ (ဒု စစ်ဦးစီးချုပ် - ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)

(၂၈- ၄-၂၀၂၃)

“တိုင်းပြည်ကာကွယ်ရေးအတွက်မဟုတ်ပဲ လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သားတွေ သဘောပေါက်လာပြီး စိတ်ဓာတ်ကျလာတယ်၊ ဒါကြောင့် တပ်ရင်းအလိုက်ပြုတ်တာ၊ အုပ်စုလိုက်ဖမ်းမိတာ၊ အုပ်စုလိုက် ထွက်ပြေးတာတွေဖြစ်လာနေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု စစ်ဦးစီးချုပ် မာဝီ ကပြောပါတယ်။

လက်ရှိ ရှမ်း-ကယားနယ်စပ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဒေါတမကြီးဖက်က တိုက်ပွဲမှာ စစ်ကောင်စီဖက်က တပ်ရင်းလိုက်ပြုတ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ရှမ်း-ကယယားနယ်စပ်က နောက်ဆုံးတိုက်ပွဲမှာ စကစ ဖက်က ဘယ်လောက် အထိနာနေသလဲ...

-  ဒေါတမကြီး တိုက်ပွဲမှာ စကစ ဖက်က တရင်းအလိုက်ပြုတ်သွားတာ ဘာကြောင့်လဲ...

- အခုနှစ် ပထမ ၄-အတွင်း စစ်ရှိန်ဘယ်လောက်မြင့်လာသလဲ... တော်လှန်ရေးတပ်တွေ ဘယ်လောက် ဟန်ချက်ညီ လှုပ်ရှားနိုင်လာသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူထုတရပ်လုံးပါဝင်နေတဲ့တိုက်ပွဲမှာ လူထုအတွက်လုပ်နေပါတယ်ဆိုတဲ့ အဖွဲ့အချို့ မပါသေးပဲ ဟိုလိုလို ဒီလိုလိုလုပ်နေတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, April 27, 2023

“တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင်တောင် နာရေးထည့်ခွင့်မရတဲ့ဘဝကို သူတို့ကျ...



“တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင်တောင် နာရေးထည့်ခွင့်မရတဲ့ဘဝကို သူတို့ကျေနပ်နေမယ်လို့ ကျနော်မထင်ဘူး”

- ဗိုလ်ကြီးနေမျိုးဇင် (တော်လှန်သော တပ်မတော်အရာရှိဟောင်း)

(၂၇- ၄- ၂၀၂၃)

“စစ်ကောင်စီလက်အောက် တပ်မတော်သားတွေအခြေအနေဟာ ကိုယ်ရွာ့ကိုယ်ပြန်လည်ရင်တောင် ယူနီးဖောင်းမဝတ်ရဲ၊ စစ်ဗိုလ်ဖြစ်ကြောင်း ရင်ကော့မကြွားရဲ၊ နောက်ဆုံး ရှေ့တန်းမှာကျဆုံးသွားရင်တောင် နာရေးမှာထည့်ရေးခွင့်မရတဲ့ ဘဝမျိုးဖြစ်နေတယ်။ သမိုင်းမှာ ဒီလောက်ဆိုးတဲ့အခြေအနေမျိုုးနဲ့ရင်ဆိုင်နေရတာကို တပ်မတော်သားအများစုက ကျေနပ်နေလိမ့်မယ်လို့ မထင်ဘူး” လို့ တော်လှန်သောတပ်မတော် အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီအပေါ် တပ်မတော်သားတွေရဲ့အမြင်၊ လူထုထောက်ခံမှုအခြေအနေ၊ မြို့တွင်းတိုက်ပွဲအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အာဏာရူး စကစ ဥက္ကဌက တပ်မတော်ကို ဘယ်လိုအသုံးချနေသလဲ...

- ရွာပြန်ရင် ယူနီးဖောင်းမဝတ်ရဲ၊ ကျဆုံးရင် သတင်းစာမှာနာရေးမထည့်ရဲ ဖြစ်နေတာ ဘာကြောင့်လဲ...

- စကစ တပ်မတော်ကနေ ဖက်ဒရယ်တပ်မတော်ဖြစ်လာအောင် ဘယ်လိုပြုပြင်ပြောင်းလဲမလဲ...

- သေခါနီးလို့ အစွမ်းကုန်ဆိုးနေတယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, April 26, 2023

“သမိုင်းဆိုးနဲ့ နိဂုံးချုပ်တော့မယ့် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူဖက်...


“သမိုင်းဆိုးနဲ့ နိဂုံးချုပ်တော့မယ့် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူဖက်သို့ အမြန်ကူးပြောင်းကြပါ”

- ဗိုလ်ကြီးနေမျိုးဇင် (တော်လှန်သော တပ်မတော်အရာရှိဟောင်း)

(၂၆- ၄- ၂၀၂၃)

“စစ်ကောင်စီလက်အောက်က လက်ရှိ မြန်မာ့တပ်မတော်ဟာ သမိုင်းမှာအဆိုးဆုံးအနေအထားကိုရောက်နေပြီး နွေဦးတော်လှန်ရေးဟာ သမိုင်းမှာအကောင်းဆုံးအနေအထားကိုရောက်နေတယ်။ မကြာခင်မှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အရှိန်မြင့်လာပြီး စစ်ကောင်စီဟာ သမိုင်းဆိုးနဲ့နိဂုံးချုပ်ရဖို့နီးလာနေပြီဖြစ်တဲ့အတွက် စိတ်ဓာတ်မှန်ကန်တဲ့ တပ်မတော်သားတွေအနေနဲ့ ပြည်သူနဲ့ပူးပေါင်းဖို့အချိန်ရောက်နေပြီဖြစ်တယ်” လို့ တော်လှန်သောတပ်မတော်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင် ကပြောပါတယ်။

စစ်တပ်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးခံရပြီး ၂၀၂၂ ခု သြဂုတ်လကမှ ပြန်လွတ်လာသူ၊ လက်ရှိ စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်လိုမှမနေလို့ G-Z တွေနဲ့အတူ ပူးတွဲတိုက်ပွဲဝင်ဖို့ မကြာခင်ရက်ပိုင်းကမှ လွတ်မြောက်နယ်မြေဆီရောက်လာတဲ့ ဗိုလ်ကြီးနေမျိုးဇင်ကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ လူထုအခြေအနေ ဘယ်လောက်အထိ ဆိုးနေသလဲ...

- အရင် ၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းမှုအပေါ် တပ်မတော်သားတွေရဲ့ တုန့်ပြန်မှု ဘယ်လိုကွာခြားသလဲ...

- NUG, PDF, ERO တွေနဲ့ ပူးတွဲပြီး ဘယ်လိုတိုက်ပွဲဝင်မလဲ...

- လက်ရှိတပ်မတော် သမိုင်းဆိုးနဲ့ နိဂုံးချုပ်တော့မယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာနေဆဲဖြစ်တဲ့ တပ်မတော်သားတွေအပေါ် ပြောကြားချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, April 25, 2023

“G-Z တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုက စစ်မြေပြင်အင်ဂျင်နီယာအပိုင်းကို အပြော...



“G-Z တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုက စစ်မြေပြင်အင်ဂျင်နီယာအပိုင်းကို အပြောင်းအလဲဖြစ်လာစေနိုင်တယ်”

- ဆလိုင်းအိုင်းဇက်ခင် (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC)

(၂၆- ၄- ၂၀၂၃)

“နွေဦးတော်လှန်ရေးရဲ့ အဓိကအင်အားစု G-Z တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုဟာ အတော့်ကို တိုးတက်အားကောင်းလာနေပြီး ဒရုန်းတွေကို စစ်မြေပြင်မှာ အသုံးပြုနိုင်နေပြီ၊ နောက်မကြာခင်မှာ လေကြောင်းရန် တုန့်ပြန်ရေးအတွက်ပါ တီထွင်နိုင်ဖို့မျှော်လင့်တယ်၊ G-Z တွေရဲ့ ဆန်းသစ်တဲ့တီထွင်မှုက စစ်မြေပြင်အင်ဂျင်နီယာအပိုင်းကို အပြောင်းအလဲဖြစ်လာစေနိုင်တယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိ အဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

၂ နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ပွဲဝင်နိုင်မှုအခြေအနေ၊ စစ်ကောင်စီရဲ့ လေကြောင်းအသာစီးရနေမှုကို ဘယ်လိုတုန့်ပြန်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီရဲ့ လေကြောင်း အနိုင်ကျင့်နေမှုကို ဘယ်လိုတုန့်ပြန်နိုင်မလဲ...

- အိန္ဒိယအပါဝင် အိမ်နီးချင်းနိုင်ငံတွေ နှာစေးနေတဲ့အပေါ် ဘယ်လိုတွန်းအားပေးမလဲ...

- တော်လှန်ရေးတပ်တွေဟာ ပြောက်ကျားစစ်ကနေ ရင်ဆိုင်တိုက်နိုင်တဲ့အနေအထားအထိ တိုးတက်လာပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More