Sunday, September 13, 2026

“ပိုက်ကာသည်ဖြစ်စေ- မကာသည်ဖြစ်စေ စစ်ကောင်စီရဲ့ လုံခြုံရေးစည်းက ပေါက်နေပြီဖြစ်တယ်”

 https://youtu.be/XRzXHh7IqnU?si=ld5Ue_FWge_SHahD

“ပိုက်ကာသည်ဖြစ်စေ- မကာသည်ဖြစ်စေ စစ်ကောင်စီရဲ့ လုံခြုံရေးစည်းက ပေါက်နေပြီဖြစ်တယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၄ စင်တင်ဘာ ၂၀၂၆) “ပိုက်ကာသည်ဖြစ်စေ- မကာသည်ဖြစ်စေ စစ်ကောင်စီရဲ့ လုံခြုံရေးစည်းက ပေါက်နေပြီဖြစ်တယ်၊ တံတားဦးလေတပ်အထိ ဝင်တိုက်နိုင်တာဟာ ထူးခြားတဲ့ အောင်မြင်မှုဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ တံတာဦးလေတပ်စခန်းကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်နိုင်မှုက ဘယ်လောက်အရေးပါတဲ့ စစ်ရေးအောင်မြင်မှုလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - တံတားဦးလေတပ်စခန်းကို ဒရုန်းနဲ့ဘယ်လိုတိုက်ခိုက်ခဲ့သလဲ... လေယာဉ်တွေကို ပိုက်ကာထားသလား- မကာထားဘူးလား... - စစ်တပ်ဖက်က လုံခြုံရေးစည်း ဘာကြောင့် အားနည်းခဲ့သလဲ... နည်းပညာအားနည်းနေပြီလား... - တိုက်လေယာဉ်ကို ဒရုန်းနဲ့တိုက်တာနဲ့ စစ်သဘောၤကို ဒရုန်းနဲ့တိုက်တာ ဘာတွေတူပြီး ဘာတွေကွာသလဲ... - တံတားဦးလေတပ်ထဲအထိ ဝင်တိုက်နိုင်တာကို အညာဒေသရဲ့ စစ်ရေးတိုးတက်လာမှုအဖြစ် ပြောနိုင်မလား... - သူတပြန် ကိုယ်တပြန် တိုက်ပွဲကနေ ထိုးစစ်ဖြစ်လာအောင် တော်လှန်ရေးအင်အားစုတွေ ဘာတွေလုပ်သင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Saturday, September 12, 2026

စစ်တွေအနီးက တိုက်ပွဲ စစ်သား ၁၀၀ ကျော်အထိသေဆုံး... ရွှေကူတိုက်ပွဲ စစ်တပ်ပြန်ဆုတ်..

 https://youtu.be/Dw6UfXBnIWs?si=lLOU4LrDOG7JEnQ9

စစ်တွေအနီးက တိုက်ပွဲ စစ်သား ၁၀၀ ကျော်အထိသေဆုံး... ရွှေကူတိုက်ပွဲ စစ်တပ်ပြန်ဆုတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ စက်တင်ဘာ ၂၀၂၆) - ရခိုင်ပြည်နယ် စစ်တွေကနေ AA အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ စစ်တွေအစပ်နဲ့ ပုဏ္ဏားကျွန်းအစပ်ဒေသဆီ ထိုးစစ်ဆင်ခဲ့တဲ့ ၄၉၂၆ စစ်ဆင်ရေးအတွင်း စစ်တပ်ဖက်က ၁၀၀ ကျော်အထိ သေဆုံး၊ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေကို AA ဖက်က သိမ်းမိထား... - ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲအတွင်း စစ်တပ်ဖက်က အထိနာပြီးနောက် စစ်ကြောင်း နောက်ပြန်ဆုတ်သွား... - ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံသားတွေကို တပ်မဟာ(၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ကျော်ကေထဖက်ကို ကရင်အမျိုးသားတပ်မတော်-KNA က နေ့စဉ်ပို့ဆောင်ပေးနေဟုဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, September 11, 2026

တံတားဦး လေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်မှူးအပါဝင် ၅ ဦးသေ... တောင်မော်ဦး ရေတပ်အနီး တိုက်ပွဲပြင်းထန်...

 https://youtu.be/sU5p6U2WeZg?si=rRiU3Fpuyc5X2tc0

တံတားဦး လေတပ်စခန်းတိုက်ခိုက်မှု ဗိုလ်မှူးအပါဝင် ၅ ဦးသေ... တောင်မော်ဦး ရေတပ်အနီး တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၁၂ စက်တင်ဘာ ၂၀၂၆) - တံတားဦး လေတပ်စခန်းကို တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ YAK-130 တိုက်လေယာဉ်တွေ ရပ်နားထားတဲ့နေရာကို အတိအကျ ထိမှန်ပြီး မြေပြင်တိုက်ပွဲမှာ ဗိုလ်မှူးတဦးအပါဝင် ၅ ဦးသေဆုံး... - ရွှေကူမြို့၊ ရွှေအံတော်ဘုရားအနီးရှိ ဧရာဝတီမြစ်ကမ်းနားမှာ ရပ်နားထားတဲ့ စစ်သဘောင်္တွေကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ သဘောင်္တစီး ထပ်မံ မီးလောင်ပျက်စီး... - ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင် ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က ကျန်ခဲ့တဲ့အလောင်းတွေ၊ လက်နက်ခဲယမ်းတွေကို AA ဖက်က သိမ်းမိ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, September 10, 2026

“အာဆီယံကတောင် အသိအမှတ်မပြုတဲ့အဖွဲ့ကို UN က အသိအမှတ်ပြုပါ့မလား”

 https://youtu.be/3vLr0wWH0lI?si=qbJB6kBdMCreO0JQ

“အာဆီယံကတောင် အသိအမှတ်မပြုတဲ့အဖွဲ့ကို UN က အသိအမှတ်ပြုပါ့မလား” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၀ စက်တင်ဘာ ၂၀၂၆) “အာဆီယံကတောင် အသိအမှတ်မပြုတဲ့ မင်းအောင်လှိုင်အဖွဲ့ကို UN က အသိအမှတ်ပြုပါ့မလား၊ ဒါပေမယ့် အမေရိကန်နဲ့ တရုတ်ကြားမှာ ဘာတွေအပေးအယူရှိသလဲ ဆိုတာကိုတော့ ကျနော်တို့ မသိနိုင်ဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ လက်ရှိကျင်းပနေတဲ့ ကုလ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို လုယူဖို့ စစ်ကောင်စီဖက်က ဘယ်လိုကြိုးပန်းနေသလဲ၊ ရွေးချယ်ရေး ၉ နိုင်ငံအဖွဲ့က ဘယ်လိုဆုံးဖြတ်နိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - အာဆီယံ မူ ကိုလက်မခံတဲ့ မင်းအောင်လှိုင်က အာဆီယံ နိုင်ငံတခုချင်းဆီ ခရီးသွားနေတာ ဘာသဘောလဲ... - အာဆီယံကတောင် လက်မခံတဲ့ မင်းအောင်လှိုင်တို့အဖွဲ့ကို ကုလသမဂ္ဂ စီစစ်ရေးကော်မီတီ လက်ခံနိုင်လား... နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ... - စီစစ်ရေးကော်မီတီမှာပါတဲ့ အမြဲတန်းအဖွဲ့ဝင် တရုတ်-ရုရှား-အမေရိကန်ကြားမှာ မြန်မာ့အရေးပေါ် ဘယ်လိုသဘောထားရှိနေသလဲ... - စစ်ပွဲဖြစ်နေ၊ ဘသာဝေဘေးဒဏ်တွေကြုံနေရတဲ့ မြန်မာ့အခြေနေ တိုးတက်လာအောင် ဘယ်လို ဆောင်ရွက်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

တံတားဦးလေယာဉ်ကွင်းက ဗုံးကြဲလေယာဉ်တွေ ဒရုန်းစာမိ... စင်းခန်းတံတားအနီး တိုက်ပွဲဆက်ပြင်းထန်နေ..

 https://youtu.be/AydUVzGYAac?si=M2Du8QJicZOS2Ihh

တံတားဦးလေယာဉ်ကွင်းက ဗုံးကြဲလေယာဉ်တွေ ဒရုန်းစာမိ... စင်းခန်းတံတားအနီး တိုက်ပွဲဆက်ပြင်းထန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁ စက်တင်ဘာ ၂၀၂၆) - မန္တလေးတိုင်း၊ တံတားဦးလေဆိပ်ရှိ စစ်တပ်ဗုံးကြဲလေယာဉ်တွေ ထားရှိရာနေရာကို FPV ဒရုန်းတွေ ရောက်လာပြီး တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ဗုံးကြဲလေယာဉ်တစီးပျက်စီး၊ လေဆိပ်ခေတ္တ ပိတ်လိုက်ရ... - ကချင်ပြည်နယ် ရွှေကူနဲ့ စင်းခန်းတံတားကြား ဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က တပ်ရင်းမှုးအဆင့်ပါ ကျဆုံးနေ... - တနသာၤရီတိုင်း- စစ်အစိုးရအဖွဲ့ဝင် သယံဇာတ ဝန်ကြီး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Wednesday, September 9, 2026

စစ်သဘောၤ ၅ စီး KIA ပစ်မြှုပ်... ဦးကိုကိုကြီးရဲ့ ပါတီက အမတ် ၂ ဦး ထုတ်ပယ်ခံရ...

 https://youtu.be/4ur3_8q7XWY?si=Bm1yfC1U8XsFuLRu

စစ်သဘောၤ ၅ စီး KIA ပစ်မြှုပ်... ဦးကိုကိုကြီးရဲ့ ပါတီက အမတ် ၂ ဦး ထုတ်ပယ်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၀ စက်တင်ဘာ ၂၀၂၆)

- ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ကမ်းကပ်ထားတဲ့ ရေယာဉ်တွေကို KIA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ စစ်သဘောၤ ၂ စီး မီးလောင်ပျက်စီး... - မင်းတုန်းမြို့နယ်ဖက်ကနေ ရခိုင်ရိုးမတောင်ခြေရင်းကိုဖြတ်ပြီး တောင်ကုတ်မြို့ဖက် တက်နိုင်ဖို့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ၂ ဦး သေဆုံး... - ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လောင်းလုံးမြို့နယ် အမတ်နဲ့ မြိတ်မြို့နယ်က အမတ် ၂ ဦးကို ပယ်ဖျက်ပြီး ကြံံခိုင်ရေးပါတီက အမတ် ၂ ဦးနဲ့ အစားထိုး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဒီမိုကရေစီ နိုင်ငံတွေဆီ သွားခွင့်မရလို့ အာဏာရှင်နိုင်ငံတွေဆီ လှည့်ပတ်သွားနေရတဲ့သဘောပါပဲ”

 https://youtu.be/OT0_XFp9c2w?si=QmtBCL_pKG4Jc2Aj

“ဒီမိုကရေစီ နိုင်ငံတွေဆီ သွားခွင့်မရလို့ အာဏာရှင်နိုင်ငံတွေဆီ လှည့်ပတ်သွားနေရတဲ့သဘောပါပဲ”

- ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ) (၉ စက်တင်ဘာ ၂၀၂၆) “အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့အဖွဲ့ ဗိယက်နမ်ကိုသွားတယ်၊ ပြီးရင် ကမ္ဘောဒီယားကိုသွားမယ်ဆိုတာတွေဟာ ဒီမိုကရေစီ နိုင်ငံတွေကို သွားခွင့်မရလို့ အာဏာရှင်နိုင်ငံတွေဆီ လှည့်ပတ်သွားနေရတဲ့သဘောပါပဲ၊ တကယ်ဆို အိမ်ဖြူတော်ကို သူ သွားချင်မှာပေါ့” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်တယောက် သမ္မတနေရာကို အတင်းအဓ္မမရအောင် ယူပြီးတဲ့နောက် အာဏာရှင်နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေဆီ လှည့်ပတ်သွားနေတဲ့ အခြေနေ၊ နိုင်ငံတကာဆက်ဆံရေးအခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - မင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်က ဘာတွေ ထူးခြားသလဲ... - တရုတ်နဲ့ ရုရှားအပြင် ဗီယက်နမ်စစ်တပ်ကိုပါ စစ်ကောင်စီဖက်က အားကိုးလာနေတဲ့ သဘောလား... - လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယားနိုင်ငံတွေဆီသွားခွင့်ရပြီး ဒီမိုကရေစီရှိတဲ့ အခြား အာဆီယံနိုင်ငံတွေဆီ သွားခွင့်မရသေးတာ ဘာကြောင့်လဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အာဆီယံက လက်မခံရင် UN ကလည်း လက်မခံဘူးလား၊ ကုလသံအမတ် ဦးကျော်မိုးထွန်းနေရာကို ပြန်လုဖို့ မင်းအောင်လှိုင်တို့ဖက်က ဘယ်လိုကြိုးစားနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

Tuesday, September 8, 2026

ဖာပွန်ခရိုင်က လယ်မူပလောစခန်းကို KNU သိမ်းပိုက်... ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီက AA ကို တိုက်ခိုက်...

 https://youtu.be/SQEi_P0Lwes?si=MeJr1tuu3cRHjFvK

ဖာပွန်ခရိုင်က လယ်မူပလောစခန်းကို KNU သိမ်းပိုက်... ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီက AA ကို တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၉ စက်တင်ဘာ ၂၀၂၆) - ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် - သို့မဟုတ် မူတြော်ခရိုင်/ တပ်မဟာ (၅) နယ်မြေရှိ လယ်မူပလော စစ်ကောင်စီစခန်းကို KNU/ KNLA တပ်တွေက သိမ်းပိုက်... - မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်ဖက်ကို ဒုတိယသုတ်အဖြစ် ချီတက်လာနေတဲ့ အစီး ၃၀ ကျော်ပါ စစ်ရေယာဉ်အုပ်စု ကသာမြို့နယ်ထဲရောက်လာပြီးနောက် မိုးတားလေးကျေးရွာကို လေယာဉ်က ဗုံးကြဲ... - ၁၀၂၇ စစ်ဆင်ရေးကို အားကျပြီး ၄၉၂၆ စစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကောင်စီတပ်က AA အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခဲ့ပေမယ့် အောင်မြင်မှုမရပဲ နောက်ပြန်လန်ပြီး စစ်ဦးကျိုးသွား... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, September 7, 2026

ကျောက်ခွက်ရေနံမှော်က ရေနံတွင်း ၄ ခုကို စစ်တပ်က မိုင်းခွဲဖျက်ဆီး... PDF ၅ နှစ်ပြည့် ဂုဏ်ပြုဆုများ ချီးမြှင့်...

 https://youtu.be/1uqSckFC8eI?si=tpPqWdnrGuI0_wtr

ကျောက်ခွက်ရေနံမှော်က ရေနံတွင်း ၄ ခုကို စစ်တပ်က မိုင်းခွဲဖျက်ဆီး... PDF ၅ နှစ်ပြည့် ဂုဏ်ပြုဆုများ ချီးမြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈ စက်တင်ဘာ ၂၀၂၆) - မကွေးတိုင်း၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်ဒေသ၊ ကျောက်ခွက်ရေနံမှော်ရှိ ဒေသခံ ပြည်သူတွေ တူးဖော်လုပ်ကိုင်နေတဲ့ ရေနံတွင်း ၄ တွင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး... - မုံရွာမြို့နယ် အနီးနားဝန်းကျင် ကျေးရွာတွေမှာ ငွေညှစ်၊ လူဖမ်း၊ ပစ္စည်းသိမ်းယူတာတွေလုပ်နေတဲ့ သာစည်ကျေးရွာ ရဲစခန်းက ဒုရဲအုပ်နဲ့အဖွဲ့ုကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲမှူးသေဆုံးပြီး ၉ မမ ပစ္စတို တလက်နှင့် အိုင်ကွန် စကားပြောစက်တလုံး သိမ်းမိ... - PDF တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နဲ့ တံဆိပ်တွေ ပေးအပ်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, September 6, 2026

စင်းခန်းတံတားကို စစ်တပ်က ဗုံးကြဲဖျက်ဆီး ... မြစ်ခြေ တပ်စခန်းကို PDF ဝင်တိုက်...

 https://youtu.be/ZZK-75enSwk?si=yfOnvyC6DgZt7_8y

စင်းခန်းတံတားကို စစ်တပ်က ဗုံးကြဲဖျက်ဆီး ... မြစ်ခြေ တပ်စခန်းကို PDF ဝင်တိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၇ စက်တင်ဘာ ၂၀၂၆)

- ဗန်းမော်မြို့အနီးရှိ စင်းခန်း-ဧရာဝတီမြစ်ကူးတံတားကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် တံတားအတော် ပျက်စီးသွား... - စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ဒေသဆီ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ AA အာရက္ခတပ်တော်ရဲ့ ချေမှုန်းခြင်းကိုခံရပြီးတဲ့နောက် လေကြောင်းကနေ ဗုံးကြဲမှုကို ဆက်လုပ်နေ... - ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ အမှတ်(၁) တိရစ္ဆာန် မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က သေဆုံးမှုများနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဟိတာ - ဆောင်နာနှင့် ဥရောပမဲဇာရဲ့ အနားယူခြင်း အနုပညာ”

 “ဟိတာ - ဆောင်နာနှင့် ဥရောပမဲဇာရဲ့ အနားယူခြင်း အနုပညာ”


(၆ စက်တင်ဘာ ၂၀၂၆)



(၁) - Weekend မှာ ဟိတာ- Hytte သွားကြမလား...


ပြီးခဲ့တဲ့သီတင်းပတ်က




သူငယ်ချင်းတယောက် မွေးနေ့ပွဲဖိတ်လို့ အော်စလိုနဲ့ ၃ နာရီနီးပါး ကားမောင်းရတဲ့ အော်စလို-ဘာဂင် လမ်းပေါ်က ဟီတာ (နော်ဝေ- Hytte၊  အင်္ဂလိပ် Lodge) တခုဆီ တညအိပ် ခရီးသွားဖြစ်ပါတယ်။


နော်ဝေမိတ်ဆွေအတော်များများ စနေ-တနင်္ဂနွေမှာ တောင်ပေါ်တက်ပြီး ဟိတာ သွားကြတယ်၊ ဟိတာမှာ သွားအနားယူကြတယ်ဆိုတာ မကြာခနကြားဖူးပေမယ့် တခါမှ မသွားဖူးဘူး။


ဒီလောက်တောခေါင်တဲ့နိုင်ငံရောက်နေမှ တောထဲထပ်သွားဖို့လိုသေးလို့လား... ဘာသွားလုပ်ရမှာလဲ...။ ပြီးတော့ ကိုယ်တွေက ထိုင်း-မြန်မာနယ်စပ် တောထဲမှာ ဆယ်နှစ် ဆယ်မိုးနေလာသူတွေဆိုတော့ ဒီတောကို အတော်စိတ်ကုန်နေပြီလေ...


ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်း နေမဝင်ညကို ကြည့်နိုင်ဖို့အတွက် နော်ဝေမြောက်ပိုင်းအငူ North cape နဲ့ Lofoten ကျွန်းစုတွေဆီသွားလည်ရင်း လမ်းခရီးမှာ ဟိတာ ဆိုတာတွေမှာ တည်းခဲ့ဖူးပါတယ်။


ဆိုတော့ ဟိတာ ဆိုတာ ဒီလို တဲငယ်လေးတွေ၊ ယာယီအိမ်လေးတွေ... ဒီလိုပဲ ထင်ထားတာပါ။


ဟော... အခုရောက်လာတော့ တကယ့်ဧရာမ ဟိတာကြီးတွေ၊ အချို့ဆို အစည်းဝေးခန်းပါ ပါလားမသိဘူး။ အဆောင်တွေကလည်း အမျိုးမျိုး... ခေတ်မီမော်ဒယ် ဟိတာတွေရှိသလို ရှေးဒီဇိုင်းနဲ့ ခေါင်မိုးပေါ်မြက်ပေါက်နေတဲ့ ဟီတာတွေကလည်း အများကြီး...


နေပြည်တော်အခေါ်တိုင်းဆိုရင်တော့ ဟိတာ တွေအများကြီးကို တောင်ပေါ်တနေရာတည်းမှာ စုပြီးလာဆောက်ထားတယ်ဆိုတော့ -ဟိတာဇုန် ပေါ့...။


မြိုံပြနဲ့ဝေးရာ တောတောင်တွေထဲမှာ၊ တောင်ပေါ်ရေကန်တွေဝန်းကျင်မှာ ဟိတာ ရပ်ကွက် လာတည်ထားတယ်ပြောရမလားပဲ... ဟိတာတွေ ဒါဇင်နဲ့ချီ (ရာနဲ့ချီရှိမလားပဲ) တွေ့ရပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲကလို တအိမ်နဲ့တအိမ် နီးနီးကပ်ကပ်မဟုတ် ... ခမ်းလှမ်းလှမ်း... ကုန်းထိပ်လေးတွေမှာ ဆောက်ပေးထားတာ သိပ်လှပါတယ်။


ကျနော်တို့တည်းတဲ့အဆောင်ဆိုရင် (တကယ်ကတော့ ခေတ်မီအိမ်အကောင်းစားတလုံးပါပဲ) ၂ ထပ်အဆောင်လေး၊ ၂ ယောက်အိပ် ၄ ခန်း၊ တယောက်အိပ် ၂ ခန်း... လူ ၁၀ ယောက် တဒါဇင်လောက် တည်းနိုင်တဲ့နေရာပေါ့...


မီးဖိုဆောင်၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း အစုံပါတယ်၊ အားလုံးသစ်သားတွေနဲ့ လုပ်ထားတာ... ဧည့်ခန်းအတွက် တြိဂံပုံ မှန်ကာပြီး နေရောင်ကိုယူထားတဲ့ပုံက သိပ်မိုက်တယ်၊ ဒီအရပ်မှာက ဆောင်းတွင်းဆို နေထွက်ချိန်ကနည်းတော့ နေရောင်ကို မရ ရအောင် ဖမ်းယူတဲ့နည်းက ပညာပါတယ်။


အရင်ခေတ်ကတော့ လျှပ်စစ်မီးမပါ- ထင်းမီးဖိုသာပါ၊ ရေလောင်းအိမ်သာမပါ သဘာ၀ ချုံးပီးသာပါ၊ အင်တာနက်ဆိုတာ ဝေလာဝေးပေါ့...။


ဒါပေမယ့် အခုကတော့ ရေမီးအစုံ လေထီးခုန်ပေါ့။

ဟိုတယ်လို ဝန်ဆောင်မှုမပါတာကလွဲရင် ဟိုတယ်မှာတည်းရသလိုပါပဲ...။

---


(၂) - တောထဲသွားပြီး အနားယူဖို့၊ Gym သွားဖို့ ဘာကြောင့် လိုအပ်သလဲ...


ကဲ ဟိတာ အကြောင်းပြောရင်းနဲ့ အတော်မောသွားပြီ...။ တကယ့်လက်တွေ့မှာလည်း ကား ၃ နာရီလောက်မောင်းရပြီး တောင်ပေါ်အကွေ့အကောက်တွေ တက်ရတယ်ဆိုတော့ တကယ်မောပါတယ်။


အဲလိုမောမှ အနားယူချင်စိတ်ပေါ်လာမှာပေါ့...


ဘယ်လိုအနားယူကြမလဲ...


“အူးလေးကလည်း သတင်းလေးဖတ်လိုက်၊ အင်တာဗျုးလေးလုပ်လိုက်၊ ဘာမှလည်း မပင်ပန်းပဲနဲ့ တကူးတကာ့ အနားယူစရာလိုသေးလို့လား”... ဒီလို မေးချင်နေပြီ မို့လား...


အဲဒါ ခက်တာပေါ့... သတင်း ၅ မိနစ်၊ အင်တာဗျုး ၁၅ မိနစ်စာရဖို့ ဘယ်လောက်အချိန်ပေးရသလဲ...။ ကာယလှုပ်ရှားနည်းပေမယ့် (တကယ်က စက်ဘီးစီးခြင်းကို နေ့စဉ်နီးပါးလုပ်နေတာ) ခေါင်းစားတယ်လေ... 


ဆိုတော့ သူများတွေလို အနားယူဖို့ လိုတာပေါ့... အခုက မြန်မာပြည်မှာမဟုတ်ဘူးလေ...  ဥရောပမဲဇာက နော်ဝေသားတွေ တောထဲသွား- ဟိတာသွားပြီး အနားယူပုံအကြောင်း လေ့လာနေတာလေ...


မြန်မာတွေက တခါတလေ စကားလုံးနောက်လိုက်ပြီး အဓိပါယ်ကောက်လွဲကြတာရှိတယ်။ ... ဥပမာ အားကစားဆိုတာ အားမှ ကစားရတယ်ဆိုတာမျိုး...


ဒီမှာက Gym သွားတယ်ဆိုတာ လူတိုင်းလုပ်ရတဲ့အလုပ်၊ အနည်းဆုံးတော့ တရက်ကို မိနစ် ၃၀ လမ်းလျောက်ကြရပါတယ်။


အသက်ကြီးတဲ့အထိ မြန်မာ့စတိုင်အတိုင်း နေနေဆဲဖြစ်တဲ့ အူးလေးတယောက်ပြောတဲ့ ဟာသ- တခုကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ မြန်မာအများစုလို ဆီးချို- သွေးတိုးရှိနေလို့ထင်ပါရဲ့ ... “စာပို့လုလင်တဦး ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က စာပို့လုလင်မှန်းမသိပဲ... လမ်းများများလျောက်ဖို့ အကြံပေး” သတဲ့...။


ဆိုလိုတာက အလုပ်ထဲမှာ လမ်းလျောက်နေရသူဟာ တကူးတကာ့ လမ်းလျောက်နေစရာမလိုဘူး၊  Gym သွားစရာမလိုဘူးဆိုပြီး... အဲဒီ အူးလေးရဲ့ စိတ်ထဲမှာ မြန်မာဆန်ဆန် အဲလိုစွဲနေတာဖြစ်မယ်။


တကယ်က အဲလို မဟုတ်ဘူး။ ဒီမှာက ကွန်ပြူတာစားပွဲရှေ့ထိုင်သူရော... သန့်ရှင်းရေးလုပ်တဲ့သူရော...  အကုန်လုံး တပတ်မှာ ၂ ရက်လောက် Gym သွားကြရပါတယ်။


အလုပ်ထဲမှာ တာဝန်အရလမ်းလျောက်တာနဲ့ ကျန်းမာရေးအရ လမ်းလျောက်တာ မတူဘူးလေ။ အလုပ်ထဲမှာ တာဝန်အရ ကိုယ်လက်လှုပ်ရှားတာနဲ့ ကျန်းမာရေးလိုအပ်ချက်အရ စနစ်တကျ ကိုယ်လက်လှုပ်ရှားတာ မတူဘူးလေ။... အဲဒါတွေ ပုံမှန်လုပ်သူနဲ့ မလုပ်သူကြား ကွာခြားချက်ကို အသက်ကြီးလာရင် ပိုသိသာလာပါလိမ့်မယ်။

---


(၃) - ဟိတာ - ဆောင်နာ - ကြာကူစီ ... တကယ်အမောပြေစေရမည်...


ကဲ... ကား ၃ နာရီလောက်မောင်းရလို့ မောရတဲ့အထဲ... အူးလေးစာကို ဖတ်ရတော့ ပိုတောင်မောသွားတယ်ဆိုပြီး ပြောမလို့လား...


အနားယူနည်းတွေ လာမယ်လေ...


တခွက်တဖလား ကိုင်မလား...။ ဒါက ကိုယ်ကျွမ်းကျင်ပြီးသားဆိုတော့ ပြသာနာမရှိဘူး၊ လာထားပေါ့။ ... အဲ ကာရာအိုကေ ဟဲ...မလား...။ အဲဒါက ဆိုနေကြမဟုတ်တော့ နည်းနည်း လေ့ကျင့်ရအူးမယ်...။ မွေးနေ့ရှင် အူးလေးနဲ့အဖွဲ့ကို မီဖို့ မနည်းလေ့လာကြိုးစားရအူမးယ်..


အဲဒါတွေ လုပ်ပြီးလို့ ရေချိန်ကိုက်ပြီဆိုရင် ရေချိုးခန်းဘေးမှာ ဆောင်နာ (sauna - ချွေးထုတ်ခန်း) ရှိတယ်လေ။ ခုနက ကိုယ်လက်လှုပ်ရှားရ ပျင်းသူတွေ၊ ဘာမှမလုပ်ပဲ ချွေးထွက်ချင်သူတွေလည်း အဲဒီအခန်းကိုသွား... ပိတ်နေတဲ့ ချွေးပေါက်တွေ အကုန်ပွင့်သွားစေရမယ်...


ဒါလည်း အရင်ခေတ်ကတော့ ထင်း သို့မဟုတ် မီးသွေးနဲ့အပူပေးရတာဖြစ်မှာပေါ့...။ အခုက အားလုံး လျှပ်စစ်နဲ့... အပူပေးထားတဲ့ ကျောက်မီသွေးပေါ် ရေဖြန်းပေးရုံ၊ အပူချိန်ကတော့ 70c, 80c လောက်ထားမလား... အချို့ဆို 60c လောက်နဲ့တောင် ချွေး တဒီးဒီးကျနေပြီ...


အဲဒီလိုချွေးကျပြီး ၁၅ မီနစ်လောက်ကြာရင် အပြင်ထွက် ရေခဲအိုင်ထဲသာ ခုန်ချလိုက်...။ ဒါက ဆောင်းတွင်းကိုပြောတာပါ၊ အခုက နွေရာသီဆိုတော့ ရေခဲတွေ-နှင်းတောတွေမရှိဘူး။ ရေခဲတုံးတွေ ထည့်ထားတဲ့ ဇလုံရှိရင်တော့ မဆိုးဘူး။


ရေခဲအိုင်ဆိုမှ... ဒီ ဟိတာတွေ၊ ဆောင်နာတွေက ဆောင်းတွင်း နှင်းလျောစီးသူတွေအတွက် အဓိကလုပ်ထားတာ၊ အခုချိန်မှာ ဈေးပေါပေါနဲ့ရပေမယ့် ဆောင်းတွင်းရောက်ရင် ဈေးကြီးတဲ့အပြင် လိုချင်တဲ့အချိန် ရဖို့မလွယ်ဘူး... ခွန်နော်ဝေးတွေ အတော်များများ ဒီမှာ နင်းလျောလာစီးကြတာလေ...


အခုလည်း ကိုယ်တွေသာ မွေးနေ့ပွဲလာလို့ စားလိုက်-သောက်လိုက်- ပွားလိုက်- သီချင်းဆိုလိုက်လုပ်နေတာ။... ဘေးနားက ဟိတာတွေမှာ တွေ့ရတဲ့ ခွန်နော်ဝေတွေက အုပ်စုလိုက်၊ မိသားစုအလိုက် တနေ့ကုန် တောတိုး- တောင်တက်လုပ်နေကြတာ။


အချို့ဆို တောတိုးဝတ်စုံအပြည့်၊ တောင်တက် ဖိနပ်အကောင်းစားတွေနဲ့ လမ်းသလားနေကြတာ၊ ရာသီအလိုက် ဝတ်စုံကောင်းဖို့၊ ဖိနပ်ကောင်းဖို့ကလည်း ဒီနိုင်ငံရဲ့ ကျန်းမာရေးစနစ်ထဲမှာ ပါတယ်လေ။


ကိုယ်တွေကတော့ မနက်စောစော ၁၅ မိနစ်လောက်ပဲ လမ်းလျောက်ပြီး ချွေးထွက်ဖို့အတွက်တော့ ဆောင်နာကိုပဲ အားကိုးရတာပေါ့။


အဲလို ချွေးထုတ်လိုက်- ရေခဲရိုက်လိုက်ဆိုရင် လူက တခါတည်း ပွင့်သွားတယ်။ ကွန်ပြူတာတွေ Reset လုပ်သလို...  လူလည်း တခါတလေ Reset လုပ်ဖို့လိုတယ်မဟုတ်လား...


အဲလောက်အထိ မလုပ်ချင်ဘူးဆိုရင် ကြာကူစီ (Jacuzzi) ထဲသွားပြီး ရေနွေးစိမ်လို့ရတယ်။


အဲ... စာဖတ်ပိတ်သတ်တွေထဲ မြန်မာပြည်က ဘော်ဘော်တွေလည်း ပါနိုင်တယ်ဆိုတော့ မြန်မာပြည်မှာကော အူးလေးပြောနေတဲ့ ဟိတာ-ဆောင်နာ-ဘာညာ တွေရှိလား... မေးချင်နေကြပြီထင်တယ်။


ရှိတာပေါ့... ပုဂံက ဧရာဝတီမြစ်ဘေးရှိ ကိုလိုနီခေတ်လက်ကျန် ဟိုတယ်တခုမှာ မိုးတွင်းကာလဈေးချထားလို့ သွားတည်းမိတာ... အခု ရှေ့မှာပြောခဲ့တဲ့ အမိုးပေါ် မြက်ပေါက်နေတဲ့ ဟိတာရော၊ ဆောင်နာရော ရှိသဗျ...


အဲ အပူချိန် ၄၀ လောက်ရှိနေတဲ့ ပုဂံမှာ ဆောင်နာရှိပေမယ့် အပူချိန် သုညနား ရောက်နေတဲ့ ချင်းတောင်ပေါ်မှာတော့ ဆောင်နာ ရှာမတွေ့တဲ့အပြင် အနွေးပေးစက်- ရေနွေးပေးတဲ့စနစ်တောင် မရှိလို့ ဒုက္ခရောက်ခဲ့ဖူးပေါ့။


ထိုင်းမှာလည်း တောင်ပေါ် အေးတဲ့နေရာက ဟိုတယ်တွေမှာ ဆောင်နာပါတယ်လေ၊ ဂျပန်မှာဆိုရင်တော့ ဆောင်နားပေါ သလားမမေးနက်၊ ရုပ်ရှင်တွေထဲ တွေ့ဖူးတယ်မို့လား... ဂျပန်ရေချိုးသလို ရှင်းနေတယ်ဆိုတာ။


ဥရောပမှာတော့ ဖင်လန်က ဆောင်နာ ဆရာကြီးဖြစ်မယ်၊ စာရေးသူတောင် ဆောင်နာကို ဖင်လန်မှာ စတွေ့ဖူးတာ၊ သူက ဒီလို ဟိတာတွေ၊ Gym တွေ၊ ရေကူးကန်တွေမှာတင် ပါတာမဟုတ်ဘဲ လုံးခြင်းအိမ်တွေ၊ အပါ့မင်းတွေမှာပါ ဆောင်နာ ထည့်ပေးထားတာ တွေ့ရပါတယ်။


ဆောင်နာလေ့လာရေး ကမ္ဘာလှည့်ခရီးဆိုပြီး ထွက်အူးမှပါ...


စာဖတ်ရတာများပြီး ပိတ်သတ်တွေ ခေါင်းမူးသွားကြပြီလား... 


ရှေ့မှာပြောခဲ့တဲ့ ဟိတာ- ဆောင်နာ- ကြာကူစီ... လုပ်ပြီး  Reset လုပ်လိုက်ရင် စာဖတ်ရများလို့ ခေါင်းမူးတာရော၊ ကားမောင်းရလို့ မောတာ၊ တလလုံး- တနှစ်လုံး အလုပ်ပင်ပန်းထားတာ၊ ကိုယ်လက် မအီမသာဖြစ်နေတာတွေ အကုန်လုံး ယူပစ်သလို ပျောက်သွားလိမ့်မယ်...


မယုံဘူးလား...


စာရေးသူ အသက် ၆၀ ပြည့်မွေးနေ့ရောက်မှ ပိတ်သတ်တွေကို ဖိတ်ခေါ်ပြီး အဲ ဟိတာတွေ၊ ဆောင်နာတွေဆီ နောက်တခေါက်ပြန်သွားပြီး လက်တွေ့ပြပါအူးမည်...။

=====

Friday, September 4, 2026

စစ်တွေမြို့အနီး တိုက်ပွဲဖြစ်နေ... ရားဖူးတိုက်ပွဲ စစ်တပ်သေဆုံးမှုရှိ ...

https://youtu.be/NDPHD8RuDBc?si=5uv3jc0PVIrXpvxo

စစ်တွေမြို့အနီး တိုက်ပွဲဖြစ်နေ... ရားဖူးတိုက်ပွဲ စစ်တပ်သေဆုံးမှုရှိ ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...


(၅ စက်တင်ဘာ ၂၀၂၆) - စစ်တွေမြို့အပြင်ဖက်မှာနားမှာ စစ်ကောင်စီစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေကို စစ်တွေမြို့ပေါ်ကနေ တနေကုန်ကြားနေရ... - နတ်မောက်မြို့နယ် အရှေ့ခြမ်း သရက်ချောင်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ၁၅ ဦးဒဏ်ရာရ... - ရေဖြူမြို့နယ်၊ ကျွဲတလင်းရွာနဲ့ ရားဖူးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က အနည်းဆုံး တဦးသေ၊ ဒဏ်ရာရသူများ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, September 3, 2026

“အာဏာမြဲဖို့ဆိုရင် သူ့တပ်သူ ချနင်းဖို့ ဝန်မလေးတဲ့သဘောပါပဲ”

 https://youtu.be/97SY9n5GIjE?si=yx9ggVvUfZzDkUXq

“အာဏာမြဲဖို့ဆိုရင် သူ့တပ်သူ ချနင်းဖို့ ဝန်မလေးတဲ့သဘောပါပဲ” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၄ စက်တင်ဘာ ၂၀၂၆) “စစ်သားမိသားစုတွေ သေချင်သေပါစေဆိုပြီး တာဝန်မဲ့ လွတ်လိုက်တဲ့သဘော၊ အာဏာမြဲဖို့ဆိုရင် သူ့တပ်သူ ချနင်းဖို့ ဝန်မလေးတဲ့သဘောပါပဲ၊ ဒါကို အောက်ခြေစစ်သားတွေ သဘောပေါက်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေကူမြို့နဲ့ စင်းခန်းတံတားအနီး စစ်သဘောင်္တွေကို KIA နဲ့ မဟာမိတ်တွေက ပစ်မြှုပ်ပြီးတဲ့နောက် စစ်သားနဲ့မိသားစု ၁၀၀ ကျော် အလံဖြူထောင် လက်နက်ချတဲ့အခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - စစ်သဘောင်္တွေကို ပစ်မြှုပ်နိုင်ခြင်း၊ စစ်သားနဲ့မိသားစု ၁၀၀ ကျော် လက်နက်ချခြင်းက တော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေသလဲ... - အရင်နှစ်တွေနဲ့မတူပဲ ဒီနှစ်ကျမှ ထူးထူးခြားခြား စစ်သဘောင်္တွေကို ချေမှုန်းနိုင်တာ ဘာကြောင့်လဲ... - စစ်ပွဲဟာ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲကနေ နည်းပညာပြိုင်ပွဲအဖြစ် အသွင်ပြောင်းလာနေပြီလား... - ရွှေကူတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးတပ်တွေကသာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုရင် ဒီစစ်တပ်ကြီး အချိန်မရွေး ပြိုကွဲနိုင်ခြေရှိနေဆဲလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, September 2, 2026

စစ်သဘောၤ ၂ စီး KIA ထံ အလံဖြူထောင်... KNDF ညီလာခံမှာ AA စစ်ဦးစီးချုပ် မိန့်ခွန်းပြော...

 https://youtu.be/a887nyRfwr4?si=XlI8yJbG80WeAHoY

စစ်သဘောၤ ၂ စီး KIA ထံ အလံဖြူထောင်... KNDF ညီလာခံမှာ AA စစ်ဦးစီးချုပ် မိန့်ခွန်းပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ သြဂုတ် ၂၀၂၆) - ရွှေကူမြို့ကနေ ဗန်းမော်မြို့ဖက် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သဘောင်္တွေဟာ KIA နဲ့ မဟာမိတ်တွေရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုကိုခံရပြီးနောက် သဘောၤ ၂ စီး - အင်အား ၁၀၀ ကျော်အလံဖြူထောင် လက်နက်ချ... - ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနဲ့ စစ်ကောင်စီခန့် တနသာၤရီတိုင်းအစိုးရဝန်ကြီးချုပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် ကိစ္စဆွေးနွေး... - ကရင်နီအမျိုးသားများကာကွယ်ရေတပ် -KNDF ရဲ့ ပထမအကြိမ် ညီလာခံမှာ AA စစ်ဦးချုပ်က ဗီဒီယိုလင့်ကတဆင့် အမှာစကားပြော... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ဒီကိစ္စတကယ်ဖြစ်လာရင် အစိုးရဆိုသူတွေက ဝင်ရောက်ကူညီပေးဖို့ တာဝန်ရှိတာပေါ့”

 https://youtu.be/HNvSzWjN61U?si=Zwmc2CT5UIMOzMT3

“ဒီကိစ္စတကယ်ဖြစ်လာရင် အစိုးရဆိုသူတွေက ဝင်ရောက်ကူညီပေးဖို့ တာဝန်ရှိတာပေါ့” - ဦးမိုးကြိုး (ဥက္ကဌ - JACBA)

(၂ စက်တင်ဘာ ၂၀၂၆) “ပြည်နှင်ဒဏ်ဥပဒေကြောင့် အလုပ်သမား‌တွေအစုအပြုံလိုက်ဖမ်းဆီးပြန်ပို့ခံရရင် အစိုးရဆိုသူတွေက ဝင်ရောက်ကူညီပေးဖို့တာဝန်ရှိတယ်၊ အခုက ဘာမှမကူညီပဲ ၂% အခွန်ကောက်ဖို့၊ ၂၅ % အိမ်ပြန်ပို့ဖို့အရေးကိုပဲ ဖိအားပေးနေတာတွေ့ရတယ်” လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။ သြဂုတ် ၂၈ မှာ ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ပြည်နှင်ဒဏ်ဥပဒေအရ မြန်မာအလုပ်သမားတွေ အစုအပြုံလိုက်ဖမ်းဆီး ပြန်ပို့ခံရနိုင်သလား၊ အာဏာသိမ်းအစိုးရနဲ့ ဒီမိုကရေစီအစိုးရတို့က ဒီကိစ္စအတွက် ဘာတွေကူညီပေးနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ထိုင်းအစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ပြည်နှင်ဒဏ်ဥပဒေပါ စည်းကမ်းချက် ၆ ချက်က မြန်မာအလုပ်သမားတွေအတွက် ဘယ်လောက်အထိ စိုးရိမ်စရာဖြစ်နေသလဲ... - ဖမ်းဆီးပြန်ပို့ခံရခြင်းမခံရခင် ၇ ရက်အတွင်း အယူခံဝင်နိုင်တယ်ဆိုတာက ဘယ်လိုမျိုးလဲ... - မြန်မာပြည်ပြန်ပို့ခံရရင် ညှင်းပန်းနှိပ်စက်မှုခံရနိုင်တယ်လို့အကြောင်းချက်ခိုင်မာရင် တတိယနိုင်ငံ ပို့ပေးဖို့တောင်းဆိုခွင့်ရှိတယ်ဆိုတာ... ဘယ်လို တတိယ နိုင်ငံမျိုးလဲ... UN က ပို့သလို အနောက်နိုင်ငံတွေဆီ ပို့ပေးမှာလား... - ဒီဥပဒေထုတ်ရခြင်းမှာ မဘသ ရဲ့တွေရဲ့ ဖိအားပေးမှု ပါသလား... - ထိုင်းရောက် မြန်မာအလုပ်သမား သိန်း ၇၀ ကျော်နဲ့ CDM တွေ၊ နိုင်ငံရေးတက်ကြွသူတွေအတွက် ဘယ်သူတွေက ဘယ်လို ကူညီပေးနေကြသလဲ... ပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Tuesday, September 1, 2026

လွိုင်ကော်အနီးက စစ်တပ်စခန်း ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်... နတ်မောက်လမ်းတိုက်ပွဲ စစ်သား ၅ ဦးသေ...

 https://youtu.be/UfpIZ8NtpHc?si=WfxcYIk9T-ZPtVpn

လွိုင်ကော်အနီးက စစ်တပ်စခန်း ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်... နတ်မောက်လမ်းတိုက်ပွဲ စစ်သား ၅ ဦးသေ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ စက်တင်ဘာ ၂၀၂၆) - လွိုင်ကော်မြို့အရှေ့ခြမ်း လွယ်ထွဲရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက်က သေဆုံးသူများ၊ လက်နက်ခဲယမ်းတွေသိမ်းမိ... - မကွေး-နတ်မောက်လမ်းပိုင်းပေါ်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူလည်းများ... - ရုရှားစီမံကိန်းတွေရှိရာ ထားဝယ်ရေနက်ဆိပ်ကမ်းဖက်စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ကို သြဂုတ် (၂၉)က တိုက်ခိုက်တဲ့ ရုပ်-သံမှတ်တမ်း ဒူရကစစ်ကြောင်းက ထုတ်ပြန်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“ရာမွန်မက်ဆေးဆေးဆုက တော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေသလဲ... ဆုရရှိသူ ဦးဘိုကြည်နှင့် မေးမြန်းချက်”

 https://youtu.be/dWa4T8ZUOfc?si=1yx7YC3h_WL72puv

“ရာမွန်မက်ဆေးဆေးဆုက တော်လှန်ရေးကို ဘယ်လိုခွန်အားဖြစ်စေသလဲ... ဆုရရှိသူ ဦးဘိုကြည်နှင့် မေးမြန်းချက်”

(၁- စက်တင်ဘာ ၂၀၂၆) “ဘယ်သူတွေက ပြုပြင်ပြောင်းလဲမှုအတွက် ကြိုးစားနေသလဲ၊ ဘယ်သူတွေက ပြုပြင်ပြောင်းလဲမှုကို တားဆီးနေသလဲဆိုတာ နိုင်ငံတကာက သိပါတယ်၊ ဒီဆုဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားနေသူတွေ၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသူအားလုံးအတွက် ခွန်အားဖြစ်စေပါတယ်” လို့ ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Awardees) ရှင်အဖြစ် ရွေးချယ်ခံရသူ AAPP တွက်ဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။ ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Awardees) ဆုက တမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဦးဘိုကြည်ကို ဘာကြောင့် (Ramon Magsaysay Awardees) ဆုရှင်အဖြစ် ရွေးချယ်တာလဲ... - ဒီလိုဆုပေးခြင်းက မြန်မာ့ဒီမိုကရေစီအရေး ရှုန်းကန်လှုပ်ရှားနေမှုကို နိုင်ငံတကာက ဆက်လက်အားပေးနေတဲ့ သင်္ကေတလား... - လက်ရှိ နိုင်ငံရေးအကျဉ်သား ဘယ်လောက်ကျန်သေးလဲ၊ AAPP က ဘာတွေ ဆောင်ရွက်ပေးနေသလဲ... - ဒီဆုကနေတဆင့် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ပိုရလာအောင် တော်လှန်ရေးသမားတွေ ဘာဆက်လုပ်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, August 31, 2026

ရွှေကူမြို့အနီးရှိ ဇင်းဘုန်တပ်စခန်းကို KIA သိမ်းပိုက်... နတ်မောက်တိုက်ပွဲ စစ်တပ်အထိနာ...

 https://youtu.be/wzLooQt_DMQ?si=EIZFevkzhH-taAt8

ရွှေကူမြို့အနီးရှိ ဇင်းဘုန်တပ်စခန်းကို KIA သိမ်းပိုက်... နတ်မောက်တိုက်ပွဲ စစ်တပ်အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ စက်တင်ဘာ၂၀၂၆) - ကချင်ပြည်နယ်၊ ရွှေကူမြို့အထက်နားရှိ ဇင်းဘုန်နဲ့ စင်ခန်းကြားက စစ်ကောင်စီ တပ်စခန်းကုန်းတခုကို KIA ဦးဆောင်တဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာရရှိ... - နတ်မောက်မြို့နယ်၊ လျှော်ချောင်းရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၁၀ ဦးထက် မနည်းသေဆုံးပြီး စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းမိ... - အာရှဒေသရဲ့ နိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရေမွန်မက်ဆေးဆေးဆု (Ramon Magsaysay Awardees) ရှင်အဖြစ် ရွေးချယ်ခံရသူ ၃ ဦးထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်လည်းပါဝင်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, August 30, 2026

မင်းတုန်းတိုက်ပွဲ သုံ့ပန်း ၅ ဦးဖမ်းမိ... ရွှေကူဖက်တက်လာတဲ့ စစ်သဘောၤ KIA သိမ်းပိုက်...

 https://youtu.be/h61WPkOYyvU?si=u-T9xZ_19S_nTYBX

မင်းတုန်းတိုက်ပွဲ သုံ့ပန်း ၅ ဦးဖမ်းမိ... ရွှေကူဖက်တက်လာတဲ့ စစ်သဘောၤ KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၃၁ သြဂုတ် ၂၀၂၆)

- မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က သေဆုံးသူများ၊ ၅ ဦးကို လက်ရဖမ်းမိ၊ သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - ရွှေကူမြို့ဘက် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သဘောင်္အုပ်စုထဲက သဘောင်္တစီးကို KIA - ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်... - ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းဖက် စစ်ကြောင်းထိုးဖို့ ထားဝယ်မြို့ စကခ ၈ ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက် သိမ်းမိ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, August 28, 2026

မိုးဗြဲတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... ထိုင်း -ပြည်နှင်ဒဏ်ပေးတဲ့ စည်းမျဉ်းအသစ် မြန်မာအလုပ်သမားတွေ စိုးရိမ်...

 https://youtu.be/g2w76dQV9Gg?si=3V7hEbYbFbjdVGk-

မိုးဗြဲတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... ထိုင်း -ပြည်နှင်ဒဏ်ပေးတဲ့ စည်းမျဉ်းအသစ် မြန်မာအလုပ်သမားတွေ စိုးရိမ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ သြဂုတ် ၂၀၂၆) - မိုးဗြဲမြိုန့ယ် လွယ်ယင်းတောင်ခြေဖက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၀ ဦးထက် မနည်းထိခိုက်သေဆုံး... - အညာဒူဘိုင်းလို့ လူသိများတဲ့ မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ဒေသရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လက်ပံတိုရေနံမြေကို စစ်ကောင်စီဖက်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့နေ... - နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ် စည်းမျဉ်းအသစ် ၆ ချက် ထုတ်ပြန်မှုအပေါ် မြန်မာအလုပ်သမားတွေ စိုးရိမ်... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More