“အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး”
(ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
---------------------------------------------------------------------
(၃၀/ ၆/၂၀၂၂)
နေပြည်တော်ကိုရောက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးရေး သဘောတူချက်ရကောင်းရနိုင်ပေမယ့် အဲဒီအကူအညီတွေ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်နိုင်-မနိုင် မသေချာဘူးလို့ နိုင်ငံရေး ဝေဖန် သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။
၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က နေပြည်တော်ကိုရောက်လာတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ခရီးစဉ်၊ ဇူလိုင် ၂ ရက်နေ့မှာ ပုဂံကိုရောက်လာမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ....
- အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ဒုတိယ ခရီးစဉ် ဘာတွေထူးခြားနိုင်သလဲ...
- လူသားချင်းစာနာမှုအကူအညီ တကယ်ရလာနိုင်သလား...
- အာဆီယံ မူ ၅ ချက် အလုပ်မဖြစ်တာ ဘာကြောင့်လဲ...
- အာဆီယံ အလှည့်ကျဥက္ကဌပြောင်းရင် မြန်မာ့အရေးပေါ်ချည်းကပ်မှုပုံစံ ပြောင်းနိုင်သလား...
- တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရင် ဘာတွေ ထူူးလာနိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သံတမန် စစ်မျက်နှာမှာ စကစနဲ့ NUG တို့ရဲ့ အားပြိုင်မှုရှေ့အလားအလာ အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)
အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။
0 comments:
Post a Comment