“စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ကြားချက်အပေါ် KIO/KIA ရဲ့ သဘောထား မေးမြန်းချက်”
-------------------------------------------------------------------
(၅/၅/၂၀၂၂)
စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ဟာ တနိုင်ငံလုံးရင်ဆိုင်နေရတဲ့ ပြသာနာတွေကို နိုင်ငံရေးနည်းအရဆွေးနွေးအဖြေရှာတာမဟုတ်တဲ့အပြင် ပါဝင်ထိုက် ပါဝင်သင့်သူတွေ မပါတဲ့အတွက် ဒီဆွေးနွေးပွဲကို လက်မခံနိုင်ဘူးလို့ KIO/KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီဥက္ကဌကိုယ်တိုင် စစ်တပ်ပိုင် ရုပ်-သံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်တဲ့အပေါ် ဒီနေ့ KIO/KIA က ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ထဲမှာတော့...
- စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ကို KIO/KIA က ဘာကြောင့် လက်မခံနိုင်တာလဲ...
- ပါဝင်သင့် ပါဝင်ထိုက်သူတွေဆိုတာ ဘယ်သူတွေကိုပြောတာလဲ...
- KIO/KIA နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပူးတွဲ တိုက်ပွဲဖေါ်နိုင်မှုက ဘယ်လိုရှိသလဲ...
- လက်နက်ကိုင်တော်လှန်ရေးတနှစ်တာအတွင်း ဘယ်လောက်အထိ တိုးတက်လာသလဲ...
- တော်လှန်ရေးမှာ အားလုံးပူးပေါင်းပါဝင်နိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။
0 comments:
Post a Comment