Wednesday, September 30, 2015

UCI Road World Championships 2015 ပွဲမှ မှတ်စုများ။

UCI Road World Championships 2015 အမျိုးသား Pro တာဝေးပွဲ စလိုဗက်ကီးယားမှ Peter Sagan အနိုင်ရ။

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ သတင်း တပတ်ကြာ ကျင်းပခဲ့တဲ့ UCI Road World Championships ၂၀၁၅ ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ် အမျိုးသား Pro တာဝေးပွဲ Elite Men - Road Race 261.4 km ကီလိုပွဲမှာ နာမည်ကြီး တာတိုဘုရင် Peter Sagan (Slovakia) က 6:14:37 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။ 
သူ့နောက်မှာတော့ အုပ်စုလိုက် ပန်းဝင်လာသူတွေထဲက Michael Matthews (Australia) နဲ့ Ramunas Navardauskas (Lithuania) တို့က 0:00:03 စက္ကန့်စီလောက်နောက်ကျပြီး ဒုတိယနဲ့ တတိယ ရသွားပါတယ်။
''ဒါဟာ ကျနော့်ဘ၀အတွက် အကြီးမားဆုံးအောင်ပွဲတခုပါ။ ကျနော် အတော်ကို ပျော်ပါတယ်။ ဘာကြောင့်လဲဆိုရင် (စပိန်ပွဲမှာ လဲပြိုပြီး ထွက်လိုက်ရကတည်း က) Vuelta ကနေထွက်လာပြီးကတည်းက ၃ ပတ်လုံးလုံး ဒီပွဲအတွက် ပေးဆပ်ထားလို့ပါ'' လို့ ဆာဂန်ကပြောပါတယ်။
ဆာဂန်ဟာ ပွဲမစခင်ကတည်းက ပထမ ရနိုင်သူအဖြစ် ထင်ကြေးပေးခံထားရ သူ ၁၀ ဦးထဲက တဥိးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲကို လွယ်လွယ်နဲ့ ရသွားတာတော့ မဟုတ်ပါဘူး။ ပိုဆိုးတာက သူရဲ့ စလိုဗက်အသင်းဟာ အခြားနိုင်ငံကြီးတွေက အသင်းတွေလို ၆ ဥိးအပြည့်နဲ့ဝင်နိုင်တာ မဟုတ်ပဲ သူရယ်၊ သူ့အကိုရယ်နဲ့ အခြားအသင်းဖေါ်တဦး စုစုပေါင်းမှ ၃ ဦးတည်းနဲ့ ၀င်ပြိုင်ရ တာပါ။ (အသင်းဖေါ်အရေးကြီးကြောင်းကိုတော့ စပိန်ပွဲဖြစ်စဉ်မှာ ပြန်ဖတ်ရန်)။
Richmond မြို့ကို ၁၀ ပတ်ကျော် ပတ်စီးရတဲ့ 261.4 km ပွဲတလျောက် မိုးရွာ လိမ့်မယ်လို့ခန့်မှန်းထားပေမဲ့ ကံကောင်းစွာနဲ့ ဒီနေ့မိုးမရွာခဲ့ပါ။ မနေ့ညက ရွာ ထားတဲ့မိုးကြောင့်လမ်းတွေရေစိုနေပေမဲ့ တာထွက်ချိန် မနက် ၉ နာရီနောက် ပိုင်း တဖြေးဖြေးခြောက်သွေ့သွားတဲ့အတွက် ကြီးမားတဲ့ လဲပြိုမှု မဖြစ်ခဲ့ပါ။
တာထွက်ပြီး ကီလို ၃၀ ၀န်းကျင်မှာ ၅ ဦးပါ Breakaway အဖွဲ့တခု ၃ မီနစ် ကျော်အထိထွက်ပြေးလွတ်မြောက်သွားပေမဲ့ နောက်ပိုင်းမှာ ပြန်မိသွားခဲ့ပါ တယ်။ နောက်ဆုံးထွက်ပြေးနိုင်တဲ့ Breakaway ကတော့ ပန်းဝင်ဖို့ ၃ ပတ် အလို ၄၅ ကိလိုဝန်းကျင်မှာ Boivin, Phinney and Siutsou တို့ပါ။
တခါ ပန်းဝင်ဖို့ ၂ ပတ်အလို ကီလို ၃၀ အလိုမှာ လက်ရှိချန်ပီယံ ပိုလံနိုင်ငံသား Kwiatkowski အပါင် ၇ ဦး ၃၀ စက္ကန့်ဝန်းကျင်အထိ ထွက်ပြေးလွတ်မြောက် သွားပြန်ပါတယ်။ ချန်ပီယံပါ ပါနေတဲ့အတွက် Peloton က ပြန်ဖမ်းဖို့မလွယ် တော့ဘူးဆိုပြီး ထင်ခဲ့မိပါတယ်။
ဒါပေမဲ့ သြစတေလျနဲ့ ဂျာမဏီအသင်းတွေအရှိန်တင်လိုက်ရာကနေ နောက် ဆုံးအပတ်မှာ အားလုံးကို မိသွားခဲ့ပါတယ်။ နောက်ဆုံးအပတ် ခေါင်းလောင်း ထိုးပြီး ၁၀ ကိလိုဝန်းကျင်သာကျန်တော့တဲ့အချိန်ကျမှ နောက်ထပ် ၂ ဦး ၁၀ စက္ကန့်ကျော် တခါ လွတ်သွားပြန်ပါတယ်။
ဒါပေမဲ့ ပန်းဝင်ဖို့ ၅ ကီလိုအလိုမှာတော့ အားလုံးတအုပ်တည်းဖြစ်သွားပြီး Sprinter တွေ အကြိတ်အနယ် ပြိုင်ရမယ်ဆိုတာက ပွဲကတဖြေးဖြေး သရုပ်ပေါ်လာပါတယ်။ ဒါပေမဲ့ ပထမ ရသွားသူ ပီတာဆာဂင်ဟာ ပန်းဝင်ခါနီးမှ အသားကုန်တင်တဲ့ နည်းကို မသုံးပဲ ကျောက်လုံး ကြမ်းတွေကိုကျော်ဖြတ်ရတဲ့ နောက်ဆုံးတောင် ကုန်းအတက် ပန်းဝင်ဖို့ ၃ ကီလိုလောက် ကတည်းက အသားကုန်တင်ပြီး ထွက်ပြေးပါတယ်။
တောင်ထိပ်ရောက်တဲ့အထိ လွတ်တယ်လို့မဆိုသာပါဘူး။ သူ့နောက်မှာ ၂ ဦး ကပ်ပါလာ တာတွေ့ရပါတယ်။ ဒါပေမဲ့ ကုန်းဆင်းမှာပါ အသားကုန် ထပ်ဆင်း လိုက်တဲ့အခါ နောက်က ၂ ဦး မကပ်နိုင်ပဲ ကျန်ခဲ့ပါတယ်။ ဒါဟာ ဆာဂန်ရဲ့ စက်ဘီးကျွမ်းကျင်မှု၊ ဒေါင့်ချိုးဒေါင့်ကွေ့တွေ၊ ကုန်းဆင်းမှာ အထူးသဖြင့် ကျောက်တုန်းတွေပေါ်ခုန်နေတဲ့ ဘီးကို ငြိမ်အောင် ကိုယ်ကိုဖိပြီး (ဘားတန်း ပေါ် ဆင်းထိုင်ပြီး) လေဟုန်စီးတဲ့နည်းဟာ သူ့အတွက် အတော်အလုပ်ဖြစ်ပုံ ရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ Tour de France တုန်းကလည်း ဒီလိုစီးကွက်အတွက် သူ နာမည်ကြီးခဲ့ပါ တယ်။ ဒါပေမဲ့ နောက်ကလိုက်လာတဲ့ Peloton ကအရမ်း အရှိန်ကောင်းတဲ့အတွက် သူ့ နောက်က ကပ်ပါလာသူ ၂ ဦးကို ပန်းဝင်ဖို့ မီတာ ၄၀၀ လောက်မှာ မိသွားပါတယ်။ သူ့ကို လည်း မိဖို့ ၁၀ မီတာဝန်းကျင်ပဲလိုပါတော့တယ်။ 
သူသာ အချိန်နဲ့ အရှိန်ကို အသေချာ မတွက်တတ်ရင် (ပန်းဝင်စည်းအတွက် အားလဲ ချန်မထားမိဘူးဆိုရင်) ဒီလိုထွက်ပြေးပုံမျိုးဟာ ပန်းဝင်ဖို့ ၅ မီတာအလိုလောက်မှ ကပ်တီး ခံရထားများပါတယ်။ ဒါကြောင့် သူ့ကို မိသွားမလားဆိုပြီး ထင်မိပါ တယ်။ သူဟာ အသားကုန်မတင်ပဲ ပုံမှန်လေးပဲစီး ပြီး နောက်ပြန်ကြည့် အချိန်ကိုတွက်နဲ့ နောက်ဆုံးတော့ ကံကောင်းထောက်မစွာ နဲ့ သို့မဟုတ် သူ့အတွက်အချက်အတိုင်း အားလုံးကွက်တိဖြစ်လျက် ၃ စက္ကန့် အသာနဲ့ ပထမ ရသွားခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ၁-၁၀ ရသွားသူတွေကတော့...
1 Peter Sagan (Slovakia) 6:14:37
2 Michael Matthews (Australia) 0:00:03
3 Ramunas Navardauskas (Lithuania)
4 Alexander Kristoff (Norway
5 Alejandro Valverde (Spain)
6 Simon Gerrans (Australia)
7 Tony Gallopin (France)
8 Michel Kwiatkowski (Poland)
9 Rui Costa (Portugal)
10 Philippe Gilbert (Belgium) တို့ဖြစ်ပါတယ်။ ။
.............

UCI အမျိုးသား လူငယ် တာဝေးပွဲ သြစတီးယားသား အနိုင်ရ။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ တနင်္ဂနွေ နေ့က စတင်ကျင်းပနေတဲ့ UCI Road World Championships ပြိုင်ပွဲ ၆ ရက်မြောက်နေ့ အမျိုးသားအငယ်တန်း တာဝေးပွဲ Junior Men - Road Race 129.8 km မှာ Felix Gall (Austria) က 3:11:09 နာရီနဲ့ ပထမ ရသွားပါ တယ်။
သူ့နောက်မှာတော့ Clement Betouigt-Suire (France) က နှာတဖျား နောက်ကျပြီး ဒုတိယနဲ့ Rasmus Pedersen (Denmark) က 0:00:01 စက္ကန့်နောက်ကျ ပြီး တတိယ ရသွားပါတယ်။
Richmond မြို့ကိုပတ်ပြီးစီးရတဲ့ ၁၂၉. ၈ ကီလိုပြိုင်ပွဲတလျောက် မိုးရွာလို့ လမ်းချော်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ အထူးသဖြင့် ပန်းဝင်တောင်ကုန်း ကျောက် တုံးကြီးတွေခင်းထားတဲ့လမ်းပေါ် စက်ဘီးသမားအတော်များများ လဲပြိုခဲ့ပါ တယ်။

ဒီနေ့ပွဲအပြီး ၁-၁၀ ရသွားတဲ့လူငယ်တွေကတော့
# Rider Name (Country) Team Result
1 Felix Gall (Austria) 3:11:09
2 Clement Betouigt-Suire (France)
3 Rasmus Pedersen (Denmark) 0:00:01
4 Reto Muller (Switzerland) 0:00:10
5 Martin Salomon (Germany)
6 Nicola Conci (Italy)
7 Mathias Norsgaard (Denmark) 0:00:13
8 Nathan Draper (Great Britain)
9 Marc Hirschi (Switzerland)
10 Pit Leyder (Luxembourg) 0:00:20 တို့ဖြစ်ပါတယ်။
ဒီညနေမှာတော့ အားလုံးကမျော်နေတဲ့ အမျိုးသား Pro တာဝေးပွဲ Elite Men - Road Race 261.4 km ကီလိုပွဲအကြိတ်အနယ်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ။
............

UCI အမျိုးသမီး Pro တာဝေးပွဲ ဗြိတိန်သူ အနိုင်ရ။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ တနင်္ဂနွေ နေ့က စတင်ကျင်းပနေတဲ့ UCI Road World Championships ပြိုင်ပွဲ ၆ ရက်မြောက်နေ့ အမျိုးသမီး Pro တာဝေးပွဲ Elite Women - Road Race 129.8 km ပွဲမှာ Elizabeth Armitstead (Great Britain) က 3:23:56 နာရီနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ Anna Van Der Breggen (Netherlands) နဲ့ Megan Guarnier (United States Of America) တို့က ကပ်လျက်ပန်းဝင်ပြီး ဒုတိယ နဲ့ တတိယ ရသွားပါတယ်။
ဒီနေ့ပွဲမှာ ၁-၁၀ ရသွားသူတွေကတော့
# Rider Name (Country) Team Result
1 Elizabeth Armitstead (Great Britain) 3:23:56
2 Anna Van Der Breggen (Netherlands)
3 Megan Guarnier (United States Of America)
4 Elisa Longo Borghini (Italy)
5 Emma Johansson (Sweden)
6 Pauline Ferrand Prevot (France)
7 Katarzyna Niewiadoma (Poland)
8 Alena Amialiusik (Belarus)
9 Jolanda Neff (Switzerland)
10 Ellen Van Dijk (Netherlands) 0:00:09 တို့ဖြစ်ပါတယ်။
ဒီညနေမှာတော့ အားလုံးကမျော်နေတဲ့ အမျိုးသား Pro တာဝေးပွဲ Elite Men - Road Race 261.4 km ကီလိုပွဲအကြိတ်အနယ်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ။
.......

UCI အမျိုးသား ၂၃ နှစ်အောက် တာဝေးပွဲ ပြင်သစ်နိုင်ငံသား အနိုင်ရ။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ တနင်္ဂနွေ နေ့က စတင်ကျင်းပနေတဲ့ UCI Road World Championships ပြိုင်ပွဲ ၅ ရက်မြောက်နေ့ အမျိုးသား ၂၃ နှစ်အောက် တာဝေးပွဲ U23 Men - Road Race 162.2 km ကီလိုပွဲမှာ Kevin Ledanois (France) က 3:54:45 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Simone Consonni (Italy) က နဲနဲလေး နောက်ကျပြီး ဒုတိယနဲ့ Anthony Turgis (France) က 0:00:02 စက္ကန့်နောက်ကျပြီး တတိယ ရသွားပါတယ်။
ဒီနေ့ပွဲမှာ ၁-၁၀ ရသွားသူတွေကတော့..
1 Kevin Ledanois (France) 3:54:45
2 Simone Consonni (Italy)
3 Anthony Turgis (France) 0:00:02
4 Gianni Moscon (Italy)
5 Alexander Kamp Egested (Denmark) 0:00:05
6 Fabian Lienhard (Switzerland)
7 Michal Schlegel (Czech Republic)
8 Lucas Gaday Orozco (Argentina)
9 Adam De Vos (Canada) 0:00:10
10 Lennard Kamna (Germany) 0:00:12 တို့ဖြစ်ပါတယ်။
ဒီညနေမှာတော့ အမျိုးသား အငယ်တန်း တာဝေးပွဲ Junior Men - Road Race 129.8 km နဲ့ အမျိုးသမီး Pro တာဝေးပွဲ Elite Women - Road Race 129.8 km ပွဲတွေ ရှိနေပါတယ်။ 
မနက်ဖြန်မှာတော့ အားလုံးကမျော်နေတဲ့ အမျိုးသား Pro တာဝေးပွဲ Elite Men - Road Race 261.4 km ကီလိုပွဲရှိနေပါတယ်။ ။
......

UCI အမျိုးသမီးအငယ်တန်း တာဝေးပွဲ အမေရိကန်သူ အနိုင်ရ။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ တနင်္ဂနွေ နေ့က စတင်ကျင်းပနေတဲ့ UCI Road World Championships ပြိုင်ပွဲ ၅ ရက်မြောက်နေ့ အမျိုးသမီးအငယ်တန်း တာဝေးပွဲ Junior Women - Road Race Richmond 64.9 km ကီလိုပွဲမှာ Chloe Dygert (United States Of America) က 1:42:16 နာရီနဲ့ ပထမ ရသွားပါတယ်။
သူ့နောက်မှာတော့ Emma White (United States Of America) က 0:01:23 မီနစ်နောက်ကျပြီး ဒုတိယနဲ့ Agnieszka Skalniak (Poland) က 0:01:28 မီနစ်နောက်ကျနဲ့ တတိယ ရသွားပါတယ်။
အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Dygert နဲ့ ဒုတိယ ရသူ White တို့ဟာ ပြိုင်ပွဲတ၀က်လောက်ကတည်းက လွတ်မြောက်သွားတဲ့ ၄ ဦးပါ Breakaway ထဲကဖြစ်ပြီး ပန်းဝင်တဲ့အထိ လွတ်သွားတာဖြစ်ပါတယ်။
Dygert နဲ့ White တို့ ၂ ဦးစလုံးဟာ ပြီးခဲ့တဲ့ တနလာင်္နေ့ကကျင်းပတဲ့ အမျိုး သမီးအငယ်တန်း တဦးချင်းစံချိန်ပြုပွဲမှာလဲ ရွှေနဲ့ ငွေ ရထားတဲ့အတွက် ဒါဟာ ဒုတိယ အကြိမ် ဆက်တိုက် အောင်ပွဲရခြင်းလဲဖြစ်ပါတယ်။
ဒီနေ့ပွဲအပြီး ၁-၁၀ ရသွားသူတွေကတော့ ...
1 Chloe Dygert (United States Of America) 1:42:16
2 Emma White (United States Of America) 0:01:23
3 Agnieszka Skalniak (Poland) 0:01:28
4 Yumi Kajihara (Japan) 0:01:41
5 Susanne Andersen (Norway)
6 Elisa Balsamo (Italy)
7 Grace Garner (Great Britain)
8 Yara Kastelijn (Netherlands)
9 Jessica Pratt (Australia)
10 Ida Jansson (Sweden) တို့ဖြစ်ပါတယ်။
အမျိုးသား ၂၃ နှစ်အောက် တာဝေးပွဲ U23 Men - Road Race Richmond 162.2 km ကီလိုပွဲကတော့ ကျင်းပနေဆဲဖြစ်ပါတယ်။ မကြာခင်မှာ အသေးစိပ် ကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ အမျိုးသား အငယ်တန်း တာဝေးပွဲ Junior Men - Road Race Richmond 129.8 km နဲ့ အမျိုးသမီး Pro တာဝေးပွဲ Elite Women - Road Race Richmond - Richmond 129.8 km ပွဲတွေ ရှိနေပါတယ်။ ။
.......

UCI အမျိုးသား Pro တဦးချင်းစံချိန်ပြုပွဲ Belarus နိုင်ငံသား အနိုင်ရ။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ တနင်္ဂနွေ နေ့က စတင်ကျင်းပနေတဲ့ UCI Road World Championships ပြိုင်ပွဲ ၄ ရက်မြောက်နေ့ အမျိုးသား တဦးချင်းစံချိန်ပြုပွဲ Elite Men - Individual Time Trial 53.5 km ကီလိုပွဲမှာ Vasil Kiryienka (Belarus) က 1:02:29 နာရီနဲ့ ပထမ ရသွားပါတယ်။

Adriano Malori (Italy) က 0:00:09 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Jerome Coppel (France) က 0:00:27 စက္ကန့်နောက်ကျပြီး တတိယ ရသွားပါတယ်။
ပြိုင်ပွဲမစခင် TT နာမည်ကြီးတွေထဲက Rohan Dennis (Australia) ဟာ စီး နေရင်းနဲ့ စက်ဘီးအသစ်ပြန်လဲရတဲ့အတွက် အချိန် တမီနစ်နီးပါးနောက်ကျ သွားပြီး နံပတ် ၆ ဖြစ်သွားပါတယ်။ 
TT ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ဖူးသူ၊ ပြီးခဲ့တဲ့ Tour de France ပွဲတုန်းက အ၀ါ ရောင်အကျီရထားစဉ်မှာ လဲပြိုပြီး ပြိုင်ပွဲကနေ ထွက်သွားရသူ Tony Martin (Germany) လည်း တမီနစ်ကျော် နောက်ကျပြီး နံပတ် ၇ ဖြစ်သွားပါတယ်။ 
အခုလအစောပိုင်းက စပိန်မှာကျင်းပခဲ့တဲ့ Vuelta a Espana ပွဲမှာခြေစွမ်းပြ ခဲ့သူ၊ TT ချန်ပီယံဖြစ်ခဲ့သူ၊ ပြိုင်ပွဲနောက်ဆုံးနေ့နားကျမှ အနီရောင်အကျီကို စွန့်လိုက်ရသူ Tom Dumoulin (Netherlands) လည်း တမီနစ်နီးပါး နောက် ကျပြီး နံပတ် ၅ ဖြစ်သွားတာကိုတွေ့ရပါတယ်။
ဒီနေ့ TT ပွဲမှာ ၁-၁၀ ရသူ တွေကတော့...
# Rider Name (Country) Team Result
1 Vasil Kiryienka (Belarus) 1:02:29
2 Adriano Malori (Italy) 0:00:09
3 Jerome Coppel (France) 0:00:27
4 Jonathan Nicolas Castroviejo (Spain) 0:00:30
5 Tom Dumoulin (Netherlands) 0:01:01
6 Rohan Dennis (Australia) 0:01:08
7 Tony Martin (Germany) 0:01:17
8 Marcin Bialoblocki (Poland) 0:01:22
9 Maciej Bodnar (Poland) 0:01:17
10 Moreno Moser (Italy) 0:01:32 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နားရက်ဖြစ်ပါတယ်။ ၂၅ ရက်နေ့မှာတော့ အမျိုးသမီး အငယ်တန်း တာဝေးပွဲ Junior Women - Road Race Richmond 64.9 km ကီလိုပွဲနဲ့ အမျိုးသား ၂၃ နှစ်အောက် တာဝေးပွဲ U23 Men - Road Race Richmond 162.2 km ကီလိုပွဲတွေ ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
၂၆ ရက်နေ့မှာတော့ အမျိုးသားလူငယ် တာဝေးပွဲ Junior Men - Road Race Richmond 129.8 km နဲ့ အမျိုးသမီး Pro တာဝေးပွဲ Elite Women - Road Race Richmond - Richmond 129.8 km ပွဲတွေရှိပါတယ်။
နောက်ဆုံးနေ့ ၂၇ မှာတော့ အားလုံးက စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ အမျိုး သား Pro တာဝေးပွဲ Elite Men - Road Race Richmond - Richmond 261.4 km ကီလိုပွဲရှိနေပါတယ်။ ။
........

UCI Road World Championships TTT အသင်းလိုက်စံချိန်ပြုပွဲ BMC အသင်း ဗိုလ်စွဲ။
အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ် Richmond မြို့မှာ ဒီနေ့ စတင် ကျင်းပတဲ့ UCI Road World Championships ပြိုင်ပွဲ ပထနေ့ပွဲစဉ် TTT အသင်းလိုက်စံချိန်ပြု အမျိုးသား Pro ပွဲစဉ်မှာ BMC အသင်းက ရွှေ တံဆိပ်ရသွားပါတယ်။

38.8km ကီလိုမီတာကို 0:42:08 မီနစ်နဲ့စီးပြီး အခုလို ပထမ ရသွားတာပါ။ Etixx - Quick-Step အသင်းကတော့ ၁၁ စက္ကန့်နောက်ကျပြီး 0:42:19 နဲ့ ဒုတိယ၊ Movistar Team အသင်းက ၃၀ စက္ကန့်နောက်ကျပြီး 0:42:38 နဲ့ တတိယ ရသွားပါတယ်။
Peter Sagan တိုရဲ့ Tinkoff-Saxo အသင်းကတော့ ပြိုင်ပွဲဝင်နေစဉ် အချင်း ချင်း မတော်တဆချိတ်မိ ပြီး လဲချော်တဲ့အတွက် ပြန်ထ၊ ပြန်စုလုပ်နေရတာ ကြောင့် ၈ မီနစ်အထိနောက်ကျပြီး နောက်ဆုံး ပန်းဝင်တဲ့အသင်းဖြစ် သွားပါ တယ်။
# Rider Name (Country) Team Result
1 BMC Racing Team 0:42:08
Rohan Dennis
Silvan Dillier
Stefan Kueng
Daniel Oss
Taylor Phinney
Manuel Quinziato
2 Etixx - Quick-Step 0:42:19
Tom Boonen
Michal Kwiatkowski
Yves Lampaert
Tony Martin
Niki Terpstra
Rigoberto Uran Uran
3 Movistar Team 0:42:38
Andrey Amador Bkkazakova
Jonathan Castroviejo Nicolas
Alex Dowsett
Jon Izaguirre Insausti
Adriano Malori
Jasha Sutterlin
...........
အမျိုးသားပွဲမတိုင်မီကျင်းပတဲ့ အမျိုးသမီးအသင်းလိုက် စံချိန်ပြုပွဲမှာတော့ Velocio - SRAM အသင်းက 0:47:35.70 မီနစ်နဲ့ ပထမ ရသွားပါတယ်။
# Rider Name (Country) Team Result
1 Velocio - SRAM 0:47:35.70
Alena Amialiusik (Blr)
Lisa Brennauer (Ger)
Karol-Ann Canuel (Can)
Barbara Guarischi (Ita)
Mieke Kroeger (Ger)
Trixi Worrack (Ger)
2 Boels Dolmans Cycling Team 0:47:42.40
Elizabeth Armitstead (GBr)
Chantal Blaak (Ned)
Christine Majerus (Lux)
Katarzyna Pawlowska (Pol)
Evelyn Stevens (USA)
Ellen Van Dijk (Ned)
3 Rabo Liv Women Cycling Team 0:48:31.80
Lucinda Brand (Ned)
Thalita De Jong (Ned)
Shara Gillow (Aus)
Roxane Knetemann (Ned)
Katarzyna Niewiadoma (Pol)
Anna Van Der Breggen (Ned)
............
မနက်ဖြန်မှာတော့ အမျိုးသမီး လူငယ်တန်း တဦးချင်းစံချိန်ပြုပွဲ Junior Women - Individual Time Trial 15 km ကီလိုမီတာနဲ့ အမျိုးသား အသက် ၂၃ နှစ်အောက် တဦးချင်းစံချိန်ပြု U23 Men - Individual Time Trial 30 km ကီလို ၃၀ ပွဲတွေကို ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More