https://youtu.be/H0SpsjjOVHo?si=8z8mYFiI-WsdaKcM
“ERO တွေ သိမ်းပိုက်ထားတဲ့ လက်ရှိအနေအထားအတိုင်း အသိအမှတ်ပြုဖို့ အကြံပြုတာလား ဆိုတာ သိပ်မရှင်းဘူး”
- ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၂၇ အောက်တိုဘာ ၂၀၂၆)
“ERO တွေ သိမ်းပိုက်ထားတဲ့ လက်ရှိအနေအထားအတိုင်း စစ်တပ်ဖက်က အသိအမှတ်ပြုဖို့ တရုတ်က အကြံပြုတာလားဆိုတာ သိပ်မရှင်းဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။
ပြီးခဲ့တဲ့ NCA ၁၁ နှစ်ပြည့်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ပြောသွားတဲ့... “တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံများကို ရှာဖွေရန်မျှော်လင့်ပါတယ်”... ဆိုတာ ဘာကို ဆိုလိုချင်တာလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- တရုတ်ဖက်က တင်ပြလာတဲ့ “တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံ” ဆိုတာ လက်ရှိ UWSA ရထားတဲ့ အနေအထားမျိုးကို ဆိုလိုတာလား...
- UWSA ကိုပေးထားတာ ဥပဒေနဲ့ညီသလား... အခြား ERO တွေကို အလားတူပေးလိုက်မယ်ဆိုရင် လတ်တလောဖြစ်နေတဲ့ စစ်ပွဲတွေကို ယာယီရပ်စဲနိုင်သလား...
- တိုက်ပွဲဝင်နေတဲ့ ERO တွေပြောနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စစ်ကောင်စီကပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘာတွေတူပြီး ဘာတွေ ကွာနေသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(တရုတ်လော်ဘီ ဒေါ်စောကြည်နဲ့ ကြံ့ဖွံ့အမတ် ဘူးလက်လှဆွေတို့ အငြင်းပွားနေတဲ့ကိစ္စဟာ အခု တရုတ်အထူးကိုယ်စားလှယ်တင်ပြတဲ့ ...“တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံ”...နဲ့ ဆက်စပ်နေသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ ညနေပိုင်းမှာ ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)