Sunday, August 31, 2025

ဒီးမော့ဆိုတိုက်ပွဲ စစ်တပ် အထိနာ... ညောင်ကျိုးမှာ တိုက်ပွဲပြင်းထန်...


ဒီးမော့ဆိုတိုက်ပွဲ စစ်တပ် အထိနာ... ညောင်ကျိုးမှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁- စက်တင်ဘာ- ၂၀၂၅)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၅ ဦးသေပြီး သေနတ် ၆ လက် သိမ်းမိတယ်လို့ Karenni People's Voice က ဖေါ်ပြပါတယ်။

သြဂုတ် (၂၉)၊ မနက် (၁၀) နာရီခန့်မှာ အင်အား ၁၀၀ ကျော်နဲ့ စခန်းထိုင်းထားတဲ့ နေရာကို ဝင်တိုက်တာဖြစ်ပြီး ညနေ ၃ နာရီအထိ ၅ နာရီကြာ တိုက်ပွဲဖြစ်တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ပြောပါတယ်။

ဒါ့အပြင်...

- မြောင်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၃ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- အနောက်မြာက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ် ၁၀ လုံးနဲ့ပစ်ခတ်ရာမှာ စစ်သား ၈ ဦးသေပြီး ယမ်းခိုဒေါင် မီးလောင်...

- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနေ...

- အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်က ညောင်ကျိုးစခန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင်လာနေ...

- ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ရဲစခန်းက ဒုရဲအုပ်တဦးဟာ G3 တလက်နဲ့အတူ ဒူရက စစ်ကြောင်းထံ ပူးပေါင်းလာ...

- ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာက ပျူစောထီးတဦးဟာလည်း MA2 (စက်ကလေး) ၁ လက်နဲ့အတူ ချောက်တော်လှန်ရေးတပ်(CRA) ထံ ပူးပေါင်းလာ...

- မန္တလေးတိုင်း အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် "TRI"  ဗျူဟာရဲ့ 
အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, August 30, 2025

“ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး၊ ပြသာနာတွေကို ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်”


“ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး၊ ပြသာနာတွေကို ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)

(၃၀ - သြဂုတ် - ၂၀၂၅)

“စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲဟာ ပြသာနာတွေကို ပြေလည်စေမှာမဟုတ်ဘူး၊ ပြသာနာတွေကို ထပ်တိုးလာအောင် ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်။ ဒါကြောင့် နည်းမျိုးစုံနဲ့ ဆန့်ကျင်ရမှာဖြစ်တယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)- ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်မှု တိုးပွားနေတဲ့အခြေအနေ၊ စစ်ကောင်စီဥက္ကဌရဲ့ တရုတ်နိုင်ငံခရီးစဉ်အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးကထ်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို ဟန့်တားကြမှာလဲ...

- စစ်ကောင်စီဥက္ကဌရဲ့ တရုတ်ခရီးစဉ်က ဘာတွေ ထူးခြားလာနိုင်သလဲ...

- တော်လှန်ရေးအင်အားစုတွေဖက်က လုပ်နိုင်စွမ်းပြနိုင်ရင် တရုတ်သဘောထား ပြောင်းလာနိုင်သလား...

- တော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုဖွဲ့နိုင်ရေး အလာအလာက ဘယ်လိုရှိသလဲ...

- တော်လှန်စစ်ရဲ့ အရှိန်အဟုန်ကို ဘယ်လိုနည်းနာတွေနဲ့ ပြန်လည်မြှင့်တင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, August 29, 2025

စစ်ကောင်စီ သဘောၤကို AA ပစ်မြှုပ်... ဝိုင်းမော်ကစခန်းတခု KIA သိမ်းပိုက်...


စစ်ကောင်စီ သဘောၤကို AA ပစ်မြှုပ်... ဝိုင်းမော်ကစခန်းတခု KIA သိမ်းပိုက်...
နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- သြဂုတ် - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ သဘောင်္တစီးကို AA အာရက္ခတပ်တော်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

သြဂုတ် ၂၉ ညနေပိုင်းမှာ အဲဒီ စစ်သဘောင်္ကို AA က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဖြစ်ပြီး ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတာကို ကမ်းပေါ်ကနေ မြင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်...

- ရုရှားစီမံကိန်းတွေရှိတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရ...

- ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁ ဦးသေ၊ ထိခိုက်သူများ၊ ခဲယမ်းအချို့သိမ်းမိ...

- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ MDY - PDF မန္တလေး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသတို့ကို စစ်တပ်ဖက်က ပြန်သိမ်းဟုဆို...

- နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းပိုင်းတွေကိုလည်း စစ်ကောင်စီဖက်က ထိန်းချုပ်လိုက်ပြီလို့ ဝါဒဖြန့်ချာနယ်တွေကဖေါ်ပြ... 

- အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA နဲ့ စစ်ကောင်စီတပ်တွေ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်...

- ဝိုင်းမော်က လမြန်ရွာ ဘုရားကျောင်းတပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KPDF ပူးပေါင်းတပ်တွေက ပြန်သိမ်းပိုက်...

- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ကြေညာချက်ထုတ်တဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးကို အကြမ်းဖက်အဖွဲ့- မတရားအသင်းအဖြစ် စစ်ကောင်စီက ကြေညာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, August 28, 2025

ရေဖြူတိုက်ပွဲ စစ်သား ၃၀ ကျော်သေ... အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်...


ရေဖြူတိုက်ပွဲ စစ်သား ၃၀ ကျော်သေ...  အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ - သြဂုတ် - ၂၀၂၅)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးဖြစ်ပွားတဲ့ သီတင်းတပတ်ကြာ တိုက်ပွဲအတွင်း စစ်သား (၃၆)ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူးတဦးအပါ ဝင် ဒဏ်ရာရသူလည်း များတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၉ မနက် ၆ နာရီခန့်မှာ တိုက်ပွဲစတင်ပြီး ၂၅ ရက်နေ့အထိ ဆိုက်တိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက ကော့ကရိတ်အခြေစိုက် တပ်ရင်းတွေဆီ စစ်ကား အစီး ၅၀ နဲ့ လူအင်အား၊ လက်နက်အင်အားတွေ စစ်ကူပို့လာ...

- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲနေ...

- ဗန်းမော်တိုက်ပွဲအတွင်း စစ်ကြောင်းအလိုက် ချေမှုူန်းခံရလို့ သေဆုံးသွားသူတွေထဲမှာ ဗိုလ်ကြီး ခန့်ထက်နောင်လည်း ပါဝင်...

- ပုဂံမြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၂ ဦးသေဆုံးပြီးတဲ့နောက် ပုဂံမှာ လုံခြုံရေးတင်းကြပ်...

- PDF-  ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို ၃ ရက်တာကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, August 27, 2025

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ကော့ကရိတ်တိုက်ပွဲ အ...


ဗန်းမော်တိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ကော့ကရိတ်တိုက်ပွဲ အောင်ဇေယျ နောက်ပြန်လန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈ - သြဂုတ် - ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတခုလုံံးကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ချေမှုန်းနိုင်ခဲ့ပြီး လက်နက်များစွာရရှိတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

ဩဂုတ် ၂၃ က အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အဲဒီစစ်ကြောင်း ၂ အုပ်ကွဲသွားပြီး တအုပ်ကို လုံး၀ ချေမှုန်းလိုက်တယ်၊ တအုပ်က စကခ ၂၁ ထဲ ပြန်ဝင်ပြေးသွားတယ်လို့ ရှေ့တန်း သတင်းရပ်ကွက်ကပြောပါတယ်။

ဒါ့အပြင်...

- ဘုတလင်မြို့ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေပြီး သေနတ် ၂ လက်သိမ်းမိ...

- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး အောင်ဇေယျ စစ်ကြောင်းဖက်က သေဆုံးမှုများနေ...

- ရေး-ထားဝယ် လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်တဲ့အတွက် ခရီးသည်ကားတွေ ရာနဲ့ချီ ပိတ်မိနေ...

-  ဘုတ်ပြင်းအခြေစိုက်  အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတိယ စကခမှူး  ဗိုလ်မှူးကြီး မျိုးသန့် တိုက်ပွဲအတွင်း သေဆုံး...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဒီလောက်ကန့်ကွက်နေတဲ့ကြားက ဆက်လုပ်မယ်ဆိုရင်တော့ ...


“ဒီလောက်ကန့်ကွက်နေတဲ့ကြားက ဆက်လုပ်မယ်ဆိုရင်တော့ ပြသာနာအကြီးကြီးရှိနိုင်တယ်”

- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)

(၂၇- သြဂုတ် - ၂၀၂၅)

“လူထုတရပ်လုံးက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ဒီ အတုအယောင်ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲပြသာနာအတွက် စစ်တပ်မှာပဲ တာဝန်ရှိတယ်၊ အဆိပ်ပင်ရေလောင်းတဲ့ နိုင်ငံရေးပါတီတွေမှာပဲ တာဝန်ရှိတယ်” လို့ KNU - ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်မှာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို KNU က ဘယ်လိုအရေးယူ ဆောင်ရွက်သွားမှာလဲ...

- မြဝတီ-ကော့ကရိတ်- အာရှလမ်းပေါ်က တိုက်ပွဲအခြေအနေ...

- ရုရှား-တရုတ် အကူအညီနဲ့ အောင်မြင်သွားတဲ့ တော်လှန်ရေး၊ အောင်မြင်သွားတဲ့ နိုင်ငံတခုခု ရှိခဲ့ဖူးသလား...

- တနိုင်ငံလုံး စစ်ရေးအနေအထားအရ တော်လှန်ရေးတပ်တွေ စုပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, August 26, 2025

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဟု KNU ပြော... နောက်ဆုံးရ တို...


မြောက်ဦးကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားသေဆုံးမှုများ... စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဟု KNU ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ - သြဂုတ် - ၂၀၂၅)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် (၂၅)၊ ည (၁၁) နာရီခွဲခန့်မှာ ဂျက်ဖိုက်တာက  ဗုံး (၂) လုံး ကြဲသွားတာဖြစ်ပြီး ဒိုင်းကျီရပ်ကွက်မှာ အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် အခုလို သေဆုံးမှုများရတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က Y 12 လေယောဉ်နဲ့ ဆက်တိုက်ဗုံးကြဲတဲ့အပြင် ဒရုန်းတွေနဲ့ပါ အဆက်မပြတ် ပစ်ခတ်နေ...

- ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ‌‌ယာဉ်နဲ့ ဗုံး ၄ ကြိမ်ကြဲသွား...

- ဒီးမော့ဆို - ဖရူဆို လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၀ ဦးခန့်သေဆုံး...

- သံတောင်ကြီးမြို့နယ်ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့-တိုက်ဒုံ-၉ လုံးနဲ့ တိုက်ခိုက်ရာမှာ ၉ လုံးစလုံး ပစ်မှတ်ကို ထိမှန်...

- ဒီဇင်ဘာမှာ စစ်တပ်က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဥပဒေအရ တရား မဝင်တဲ့အပြင် လူထုဆန္ဖ္ဒနဲ့လည်း မကိုက်ညီဘူး။ “စစ်တပ်အတွက် အကျိုးရှိမယ့် လူ နဲ့ ပါတီရွေးချယ်ပွဲ” သာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး၊ ဆန့်ကျင် သွားမယ်လို့ KNU ဗဟိုက သဘောထား ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာလူထု ၁၉၈၈ တုန်းက ရွှေတိဂုံရင်ပြင်မှာ တွေ့ဆု...


သြဂုတ် ၂၆ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာလူထု ၁၉၈၈ တုန်းက မထမ ဆုံးအကြိမ် ရွှေတိဂုံရင်ပြင်မှာ တွေ့ဆုံတဲ့နေ့ဖြစ်ပါတယ်...

အဲတုန်းက ဒေါ်အောင်ဆန်းစုကြည် ဘာတွေပြောကြားခဲ့သလဲ...
အခုကော ဒေါ်အောင်ဆန်းစုကြည်တယောက် အကျဉ်းစခန်းအတွင်း ဘယ်လို ဒုက္ခရောက်နေသလဲ...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တစံတရာ စဥ◌်းစားနိုင်အောင် ၂၀၁၉ ရိုက်ထားတဲ့ ရုပ်-သံ မှတ်တမ်းကို ပြန်လည်တင်ပြလိုက်ပါသည်။

Monday, August 25, 2025

ဖားကန့်တိုက်ပွဲမှာ ဒရုန်းတွေ သိမ်းမိ... ပုလောဆိပ်ကမ်းပေါက်ကွဲမှုအတွင်း စ...


ဖားကန့်တိုက်ပွဲမှာ ဒရုန်းတွေ သိမ်းမိ... ပုလောဆိပ်ကမ်းပေါက်ကွဲမှုအတွင်း စစ်သားတွေ သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၂၆- သြဂုတ်- ၂၀၂၅)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ္မဖြစ်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်း ၄ စီးနဲ့ ကင်းထောက်ဒရုန်းတစ်စီးကို KIA ကချင်လွတ်လပ်ရေးတပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

သြဂုတ် ၂၃ မှာ အိမ်စီးကားတွေနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ဖားကန့်နဲ့ လုံးခင်းကြားက နမ္မဖြစ်ရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ် ၂၅ ည ၁၁ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံတွေ ထိခိုက်မှုရှိ...

- မြင်းခြံမြို့ကနေ မာန်လည်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ခန့်သေဆုံးပြီး သေနတ် ၂ လက်၊ ဒရုန်းပစ်လက်နက်တခု သိမ်းမိ...

- PDF ကို စိန်ခေါ်တဲ့ တပ်ကြပ်တဦးကို မင်းကွန်းနယ်မြေရဲစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာစဉ် လက်ရဖမ်းမိ...

- ဒီးမော့ဆိုမြို့နယ်  ငွေတောင်ရွာသစ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ကြား သြဂုတ် ၂၅ နေ့လယ်ပိုင်းက တိုက်ပွဲ ထပ်ဖြစ်...

- မြဝတီမြို့ရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် အမှတ်-၂ တံတားဆီ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ရောက်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေ...

- ပုလောမြို့ ဆိပ်ကမ်းက ငါဖမ်းလှေပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်သားအချို့နဲ့ လှေပိုင်ရှင်၊ လှေသားတွေ သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“တော်လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်တပ်ရဲ့ ထိုးစစ်ကို ရိုက်ချိုးနိုင်ဖို့...


“တော်လှန်ရေးတပ်တွေ စုပေါင်းပြီး စစ်တပ်ရဲ့ ထိုးစစ်ကို ရိုက်ချိုးနိုင်ဖို့ လိုတယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၅ - သြဂုတ် - ၂၀၂၅)

“ခေါင်းပြန်ထောင်လာတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးတပ်တွေက အချိန်မီ ရိုက်ချိုးနိုင်ဖို့ လိုတယ်။ ဒီလို ရိုက်ချိုးနိုင်ဖို့ တပ်ပေါင်းစုဖွဲ့တာ၊ စုပေါင်းဆောင်ရွက်တာတွေ အရှိန်မြှင့်သင့်တယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအကြိုကာလအဖြစ် စစ်တပ်ဖက်ကနေ တန်ပြန်ထိုးစစ်လာနေတဲ့အပေါ် တော်လှန်ရေးတပ်တွေ ဘယ်လို ခုခံသင့်သလဲ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရှမ်းမြောက်- ကချင်နဲ့ ကရင်နီဖက်မှာ စစ်ကောင်စီဖက်က တန်ပြန်ထိုးစစ် ရှေ့တိုးလာနေတာ ဘာကြောင့်လဲ...

- ကရင်နဲ့ ရခိုင်စစ်မျက်မှာ တော်လှန်ရေးတပ်တွေဖက်က စခန်းသိမ်းတိုက်ပွဲတွေ ဆက် ဆင်နွဲနိုင်နေဆဲလား...

- တရုတ်ရဲ့ ဖိအားပေးမှုက အရှိန်ကောင်းနေတဲ့ နွေဦးတော်လှန်ရေးရဲ့ ခြေလှမ်းတွေကို တုန့်ဆုတ်သွားစေသလား...

- ရွေးကောက်ပွဲအကြိုကာလ စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးအင်အားစုတွေ ဘယ်လို စုပေါင်းခုခံသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, August 24, 2025

ကလေးတိုက်ပွဲ လက်နက် ၁၀ လက်ရ... ဂုတ်ထိပ်တံတား ပျက်စီးမှု အပြန်အလှန်စွပ်စွ...


ကလေးတိုက်ပွဲ လက်နက် ၁၀ လက်ရ... ဂုတ်ထိပ်တံတား ပျက်စီးမှု အပြန်အလှန်စွပ်စွဲနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅- သြဂုတ်- ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတွေ သေဆုံးမှုများပြီး သေနတ် ၁၀ လက် သိမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် (၆) ရက်ကနေ (၁၅) ရက်နေ့အထိ ၁၀ ရက်ကြာတိုက်ပွဲအတွင်း အခုလို သေဆုံးတာလို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် ခမရ - ၅၈၉ ရဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေပြီး အချို့ဒဏ်ရာရ...

- ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အတွက် စစ်ကူတွေ ထပ်ဖြည့်နေ...

- နာမည်ကျော်ဂုတ်ထိပ်တံတား ကျိုးကျသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ TNLA- အပြန်အလှန် စွပ်စွဲနေ...

- သံဖြူဇရပ်မြို့ အဝင်ရှိ စစ်ကောင်စီရဲ့ ဖောင်စိန်စစ်ဆေးရေး (Tollgate)ကို မွန် တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတဦးသေပြီ ၃ ဦးဒဏ်ရာရ...

- ရာမညမွန်တပ်တော် (RMA) ရဲ့ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲကို သြဂုတ် ၂၀ က ကျင်းပ...

- PDF သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ အပတ်စဉ် (၇)  အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို သြဂုတ် ၂၂ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, August 22, 2025

ကျောက်မဲကို စစ်တပ်က ဗုံးကြဲ... မင်းတပ်မှာ စစ်တပ်မြှုပ်ထားတဲ့ လက်နက်တွေ တ...


ကျောက်မဲကို စစ်တပ်က ဗုံးကြဲ... မင်းတပ်မှာ စစ်တပ်မြှုပ်ထားတဲ့ လက်နက်တွေ တူးဖေါ်ရရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃- သြဂုတ် - ၂၀၂၅)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၈ ဦးအထိ သေဆုံးမှုရှိနိုင်တယ်လို့ Brave Warriors For Myanmar (BWM) က ဗီဒီယို သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၀ မှာ ရှော့တိုက်ဒုံး ၁ဝ လုံးနဲ့ပစ်ခတ်တာဖြစ်ပြီး ၉ လုံးက ပစ်မှတ်ကိုထိတယ်၊ သင်တန်းအဆောင် ၄ ခု မီးလောင်ပြီး စစ်သားတွေ သေဆုံးတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- သပိတ်ကျင်းမြို့နယ် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃) အနီးကို သြဂုတ် ၂၁ ညပိုင်းမှာ စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်...

- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို သြဂုတ် ၂၂ မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးထပ်ကြဲတဲ့အတွက် နေအိမ် ၅ လုံး မီးလောင်ပျက်စီး...

- သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် နေအိမ်တွေကို မီးရှိ့ုနေလို့ ရွာသားတွေ ထွက်ပြေးနေရ...

- ပုလောဒေသရှိ KNDO တပ်ရင်း(၇)တပ်ခွဲ(၃) ထံ စစ်ကောင်စီတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာ...

- KNLA တပ်မဟာ ၅ ထံ လက်နက်ချ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို တပ်မဟာ တာဝန်ရှိသူတွေကကြိုဆိုပြီး ဆုငွေ ချီးမြှင့်...

- မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေ မြေကြီးထဲ မြှုပ်နှံထားခဲ့တဲ့ လက်နက်တွေကို ရွာသားတွေကတွေ့ရှိပြီး မင်းတပ် CDF ထံ လာရောက်အပ်နှံ...

- မန္တလေးတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲ့ အခြေခံ စစ်ပညာ အပါတ်စဉ် ၅ သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, August 21, 2025

မြင်းခြံတိုက်ပွဲ သေနတ် ၄ လက်ရ... ကျောက်ဖြူနဲ့ ကျောက်မဲမှာ တိုက်ပွဲ ဆက်ပြ...


မြင်းခြံတိုက်ပွဲ သေနတ် ၄ လက်ရ... ကျောက်ဖြူနဲ့ ကျောက်မဲမှာ တိုက်ပွဲ ဆက်ပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂- သြဂုတ်-၂၀၂၅)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာက ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းမိတယ်လို့ မြင်းခြံခရိုင် အမှတ် ၄ - အမှတ် ၁၀ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၂၁၊ မွန်းတည့် ၁၂ နာရီခန့်မှာ ထော်လာဂျီတစီး၊ ဆိုင်ကယ် ၃ စီးနဲ့ ယောက်လာတဲ့ စစ်ယာဉ်တန်းကို စောင့်ကြိုပစ်ခတ်တာဖြစ်ပြီး စစ်သားအချို့သေ၊ အချို့ထွက်ပြေသွားတယ်လို့ဆိုပါတယ်။

ဒ့ါအပြင်...

- စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်းကနေတဆင့် ချင်းပြည်နယ်တောင်ပိုင်းကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်နေတဲ့အတွက် ဆွဲလွဲကျင်း- ကျင်ဒွေးလမ်းပိုင်း၊ ဆော- ကန်ပက်လက် လမ်းပိုင်းနဲ့ မကွေးကနေ ကန်ပက်လက်ဖက်တက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီ ပိတ်ထားလိုက်ပြီလို့ ကန်ပက်လက်- CDF က ကြေညာ...

- တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး နေရာ ၆ ခုမှာ တိုက်ပွဲပြင်းထန်နေ...

- ကျောက်မဲမြိုနယ်၊ နောင်ပိန်ရွာဖက်ကို စစ်ကောင်စီဖက်က မြေပြင်ထိုးစစ်ဆင်လာတဲ့အတွက်  TNLA တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေ...

- TNLA, MNDAA နဲ့ SSPP တို့ကို လက်နက်ခဲယမ်းနဲ့ ငွေကြေးမကူညီတော့ဘူးလို့ UWSA - က ပြောဆို...

- ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- ထားဝယ်မြို့နယ် အရှေ့တော်ဒေသမှာ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ အထိနာပြီးတဲ့နောက် သြဂုတ် ၂၁ မှာတော့ စစ်တပ်က လေယာဉ်နဲ ကျေးရွာတွေကို ဗုံးကြဲ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, August 20, 2025

ကျောက်မဲမှာ တိုက်ပွဲပြင်းထန်... ထားဝယ် အရှေ့တောတိုက်ပွဲ လက်နက်များစွာသိမ...


ကျောက်မဲမှာ တိုက်ပွဲပြင်းထန်... ထားဝယ် အရှေ့တောတိုက်ပွဲ လက်နက်များစွာသိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၁- သြဂုတ်- ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်  ထော်သာရွာ ပျူစောထီး စခန်းသိမ်းပွဲကနေ ၆၀ မမ မော်တာ၊ RPG လောင်ချာအပါဝင် လက်နက်မျိုးစုံ ၂၃ လက်သိမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်သားအလောင်း (၃) လောင်း ရရှိပြီး (၉) ဦးက ထိခိုက်ဒဏ်ရာရ၊ ပျူစောထီး ခေါင်းဆာင်အပါဝင် ပျူ မိသားစုဝင် (၁၉၀) ဦးကို သုံ့ပန်းအဖြစ်ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်...

- ဗန်းမော်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တင့်ကားတစီးကို KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ် ဖျက်ဆီး...

- ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့ အတွက် ကလေးငယ်တွေအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ...

- ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်ဝါဒဖြန့် ချာနယ်တွေကဖေါ်ပြပေမယ့် အဲဒီသတင်း တဝက်လောက်သာ မှန်တယ်လို့ ကရင်နီဖက်ကပြော...

- ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ပေါ်ရှိ တတန်ကူးရွာအနီး ကရင်တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားမှာ ၁၅ ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ...

- ထားဝယ်မြိုနယ်၊ အရှေ့တောဒေသရှိ ပကာရီရွာကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA- PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ လက်နက်ခဲယမ်းများစွာ သိမ်းမိ...

- အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မင်းအောင်လှိုင် သမ္မတဖြစ်ချင်လို့ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ လူတိုင်းသိ...


“မင်းအောင်လှိုင် သမ္မတဖြစ်ချင်လို့ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ လူတိုင်းသိနေတာပဲ”

- ရှေ့နေကြီး ဦးကြီးမြင့် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၀- သြဂုတ်- ၂၀၂၅)

“ဒါက မင်းအောင်လှိုင် သမ္မတဖြစ်ချင်လို့ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ လူတိုင်းသိနေတာပဲ၊ အာဏာသိမ်းတဲ့ မူလရည်ရွယ်ချက်ကိုက သမ္မတဖြစ်ချင်လို့ပဲ၊ ဒါပေမယ့် လူထုက လက်မခံရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး” လို့ ဝါရှင့်ဥပဒေပညာရှင် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ အပိုင်း (၁)ကို ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ရွေးကောက်ပွဲ အပိုင်း (၁) ဆိုတာဘာလဲ၊ ဘယ်နှစ်ပိုင်း ကျင်းပပြီး အချိန်ဘယ်လောက်ကြာနိုင်သလဲ...

- PR စနစ်အရ စစ်တပ်နဲ့ပေါင်းတဲ့ပါတီတိုင်း လွှတ်တော်မှာ အမတ်နေရာ အနည်းဆုံးတနေရာစီ ရနိုင်ခြေရှိသလား...

- စစ်တပ်မထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာရွေးကောက်ပွဲလုပ်ရင် ဘယ်လိုပြသာနာတွေ ဖြစ်လာနိုင်သလဲ...

- NUG ကို ဆယ်တန်းစာမေးပွဲ ၄ ကြိမ် ဆက်တိုက်ကျတဲ့ သူဌေးသားလို့ ဘာကြောင့်ပြောတာလဲ...

- စစ်တပ်လုပ်သမျှကို လူထုက အရင်လို ဆက် ငြိမ်ခံမှာလား- ဆက်တော်လှန်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, August 19, 2025

မော်လိုက်တိုက်ပွဲ လက်နက်များစွာသိမ်းမိ... TNLA က စစ်ကောင်စီနှင့် ဆွေးနွေ...


မော်လိုက်တိုက်ပွဲ လက်နက်များစွာသိမ်းမိ... TNLA က စစ်ကောင်စီနှင့် ဆွေးနွေးဖို့ရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၀- သြဂုတ်- ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး အထိုင်စခန်းကြီးတခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်များစွာ၊ သုံ့ပန်းများစွာ ဖမ်းမိတယ်လို့ NUG ရဲ့ PVTV က ဖေါ်ပြပါတယ်။

KIA -ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက 
ဩဂုတ် ၁၅၊ ည ၇ နာရီခွဲခန့်မှာ သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဒီးမောဆိုမြို့နယ်အတွင်း ဝင်လာတဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတဲ့အတွက် လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးအပေါ်  အရပ်သားတွေ သွားလာမှု လုံး၀ မလုပ်ကြဖို့ KNDF က သတိပေးချက်ထုတ်ပြန်...

- TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မြေပြင်ထိုးစစ်ဆင်နေတယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းပြန့်...

- တရုတ်အစိုးရရဲ့ကြားဝင်မှုအရ TNLA နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ကူမင်းမှာ တွေ့ဆုံဖို့ရှိနေ...

- ဒီဇင်ဘာ ၂၈ မှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုဖေါ်ဆောင်ပေးမယ့်အစား ပဋိပက္ခတွေကိုသာ ပိုမို နက်ရှိုင်းစေမှာဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်း ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ( ICNCC ) က ကြေညာချက်ထုတ်ပြန်...

- KNU ဌာနချုပ်ဟောင်း မာနယ်ပလောစခန်းသိမ်းတိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ Force for Federal Democracy (FFD) တပ်ဖွဲ့ဝင် ၂၅ ဦးကို KNLA စစ်ဦးစီးချုပ်က ဂုဏ်ပြု ဂုဏ်ပြုသဝဏ်လွှာ ပေးအပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ခေါင်းပြန်ထောင်လာတဲ့ စစ်တပ်ရဲ့ စစ်အဟုန်ကို ရိုက်ချိုးနိုင်ဖို့ လိုတယ်”


“ခေါင်းပြန်ထောင်လာတဲ့ စစ်တပ်ရဲ့ စစ်အဟုန်ကို ရိုက်ချိုးနိုင်ဖို့ လိုတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)

(၁၉ -သြဂုတ်-၂၀၂၅)

“တရုတ်ရဲ့အားတိုးဆေးကြောင့် ခေါင်းပြန်ထောင်လာတဲ့ စစ်တပ်ရဲ့ စစ်အဟုန်ကို တော်လှန်ရေးတပ်တွေစုပေါင်းပြီး ရိုက်ချိုးနိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်” လို့ ချင်းညီနောင်အဖွဲ့ -CB- ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အကြောင်းပြပြီး ခေါင်းပြန်ထောင်လာတဲ့ စစ်ကောင်စီကို တော်လှန်ရေးတပ်တွေက ဘယ်လိုတုန့်ပြန်ကြမလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ERO ထိန်းချုပ်ဒေသတွေအတွင်းအထိ စစ်တပ်က ရွေးကောက်ပွဲဝင်လုပ်နိုင်ခြေရှိသလား...

- တရုတ်အားတိုးဆေးက စစ်မြေပြင်အခြေအနေကို အပြောင်းအလဲဖြစ်စေတဲ့အထိ အရေးပါလာနိုင်သလား...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးတပ်တွေနဲ့ အများပြည်သူက ဘယ်လိုတုန့်ပြန်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, August 18, 2025

ပေါက်ခေါင်းတိုက်ပွဲ သေနတ် ၅ လက်ရ... ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲကျင်းပမယ်...


ပေါက်ခေါင်းတိုက်ပွဲ သေနတ် ၅ လက်ရ... ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်ကပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၉- သြဂုတ်- ၂၀၂၅)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ၃ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၅ လက်သိမ်းမိတယ်လို့ ပြည်ခရိုင်၊ တပ်ရင်း - ၃၆၀၂ က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၄၀ ကျော်နဲ့ အခြေချထားတဲ့ ဒီစခန်းကို ဩဂုတ် ၁၅၊ မနက် ၅ နာရီခွဲခန့်မှာ စတင်တိုက်ခိုက်ပြီး ပင်မစခန်းအပြင် စာသင်ကျောင်းကုန်း၊ သစ်တောကုန်းနဲ့ ဆက်သွယ်ရေးကုန်းက စစ်သားတွေပါ အကုန်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအထိုင်စခန်းတွေကို ၆၀ မမ မော်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က သေဆုံးများနိုင်တယ်လို့ Federal Revolution Force- FRF က ဗီဒီယို မှတ်တမ်း ထုတ်ပြန်...

- ပုလောမြို့နယ်၊ အင်ဖုံးကျေးရွာရှိ တမိုင်ကုန်းစခန်းက စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့အတွက် KNU တပ်တွေက သိမ်းပိုက်...

- ဗန်းမော်မြို့ရှိ  မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ် ၊ စုပေါင်းရုံးနဲ့ ဗန်းမော် တက္ကသိုလ်ဖက်မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်နေ...

- ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး ရှေ့တန်း ကာကင်းစခန်း ၄ ခုကို စစ်တပ်ဖက်က ပြန်သိမ်းနိုင်တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချာနယ်တွေကဆို...

- TNLA နဲ့ MNDAA ကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲအတွက် ရှမ်းလူထုကို အတင်းအကျပ်ခိုင်းစေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ RCSS ရှမ်းပြည်ပြည်တပ်မတော်က ပြောဆို...

- ရွေးကောက်ပွဲ အစီစဉ် အပိုင်း (၁)ကို ဒီဇင်ဘာ ၂၈ မှာ ကျင်းပမယ်လို့ စစ်ကောင်စီ ကြေညာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်”


“အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ်- ချင်းညီနောင်)

(၁၈- သြဂုတ်- ၂၀၂၅)

“ဒီခရီးစဉ်က တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်၊ အခုချိန်ဟာ တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့အချိန်လည်းဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ (CB) ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လိုင်ဇာမှာပြုလုပ်ခဲ့တဲ့ KIA ခေါင်းဆောင်တွေ၊ NUG ခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့တွေ့ဆုံမှုက နိုင်ငံရေးအရ ဘယ်လောက်အရေးကြီးသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- KIA ခေါင်းဆောင်ပိုင်းနဲ့ ချင်းညီနောင်တွေ့ဆုံမှုက နိုင်ငံရေးအရ ဘယ်လို ထူးခြားမှုရှိသလဲ...

- NUG ခေါင်းဆောင်ပိုင်းနဲ့ မြေပြင်တပ်တွေကြားမှာ ဘယ်လို ကွာဟချက်တွေ ဆက်ရှိနေသေးသလဲ...

- လိုင်ဇာတွေ့ဆုံမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( ချင်းညီနောင် ထိန်းချုပ်ဒေသအပါဝင် နေရာအတော်များများမှာ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုရင်ဆိုင်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, August 17, 2025

မြင်းမူတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... မော်ချီး ဗုံးကြဲခံရမှု အရပ်...


မြင်းမူတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ...  မော်ချီး ဗုံးကြဲခံရမှု အရပ်သားသေဆုံးမှုများနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ သြဂုတ် ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ဖက်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေပြီး သေနတ် ၃ လက်သိမ်းမိတယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၄၊ မနက် ၆ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- ညောင်ဦးမြို့နယ် ရွာသစ် တာင်ကြားဘူတာရုံဟောင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး ခဲယမ်းအချို့သိမ်းမိ...

- မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ မမုန်ကိုင်နဲ့ မိုင်းနောင်ရွာဘက်က စခန်း ၂ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက သြဂုတ် ၁၆ မှာ ပြန်သိမ်းပိုက်...

- တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်၊ သပြုတောင်၊ လိပ်ခမော်၊ ရွာသစ်  (လှေဆိပ်)ဖက်မှာဖြစ်ပွားတဲ့ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံးမှုများ...

- မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ် ၁၇ မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ကလေးတဦးအပါဝင် ၂ ဦးသေဆုံး...

- ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သားသေဆုံးသူ ၂၄ ဦးအထိရှိလာနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, August 16, 2025

ငဖဲတိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... မြိုင်တိုက်ပွဲ စစ်သား ၁၀၀ ခန့် လ...


ငဖဲတိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... မြိုင်တိုက်ပွဲ စစ်သား ၁၀၀ ခန့် လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇ သြဂုတ် ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊  စွန်တက်ကျေးရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်း ၂၀ ခန့်ကျန်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၄ ရက်၊ မွန်းလွဲ ၃ နာရီခန့်မှာ တိုက်ပွဲစဖြစ်ပြီး မိနစ် ၃၀ ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အခုလို သေဆုံးတာလို့ ဆိုပါတယ်။ စစ်ကောင်စီဖက်က တပ်မ ၉၉ လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာတာကို တန်ပြန်တိုက်ခိုက်လိုက်တာလို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- မိုးကုတ်မြို့အရှေ့ပိုင်းကို သြဂုတ် ၁၅ ရက်ညမှာ  စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၂၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ...

- မြိုင်နဲ့ ပေါက်မြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၃၀၀ ခန့်သေဆုံးပြီး ၁၀၀ ခန့် အလင်းဝင်လာ...

- ဝက်လက်မြို့နယ်၊ ပုလဲသွယ်ရွာဖက် ဝင်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂၀ ခန့်ဒဏ်ရာရပြီး သေနတ်တလက် သိမ်းမိ...

- ရေဖြူမြို့နယ် ကော့လှိုင်‌ကျေးရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၇ ဦးသေဆုံး...

- ပလမြို့မှာ သီတင်း ၂ ပတ်ကျော်ကြာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က ၅၃ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ၊ လက်နက် ၅ လက် သိမ်းမိ...

- ပခုက္ကူခရိုင် Local တပ်ရင်း (၁) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို သြဂုတ် ၄ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More