Friday, May 5, 2023

“ဒုက္ခသည်စခန်းမှာမနေနိုင်လို့ အိမ်ပြန်ချင်တာဟာ စစ်ကောင်စီကို အသိအမှတ်ပြု...



“ဒုက္ခသည်စခန်းမှာမနေနိုင်လို့ အိမ်ပြန်ချင်တာဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး”

- ရိုနေဆန်းလွင် (ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ )

(၆- ၅- ၂၀၂၃)

“အိမ်ပြန်ဖို့ပြင်နေတဲ့ ရိုဟင်ဂျာအချို့ဟာ လက်ရှိ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့သဘောမဟုတ်ပဲ ဒုက္ခသည်စခန်းမှာ မနေချင်တော့လို့ပြန်ဖို့ပြင်ခြင်းသာဖြစ်တယ်ဆိုတာကို နားလည်စေချင်တယ်။ ဒီလိုပြန်လာတဲ့လူတွေထဲက အချို့ကို နေပြည်တော်ခေါ် မှတ်တမ်းယူပြီး ဒီလ ၂၄ ရက်နေ့ကျင်းပမယ့် ICJ တရားရုံးဆီ သက်သေအဖြစ်တင်ပြရာမှာ အသုံးချဖွယ်ရှိနေတယ်ဆိုတာကိုလည်း သိစေချင်တယ်” လို့ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လာရေးအတွက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ်စားလှယ်အဖွဲ့တခု ရခိုင်ပြည်နယ်ကို လာရောက်လေ့လာတဲ့ အခြေအနေ အပါအဝင် ရိုဟင်ဂျာတွေရဲ့အခြေအနေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ရိုဟင်ဂျာအရေး ICJ မှာတရားစွဲဆိုထားမှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- အခြားနိုင်ငံတွေ တရားစွဲထားမှုအခြေအနေကော ဘယ်လိုရှိသလဲ...

- စစ်တပ်အာဏာသိမ်းလို့ ပြည်နယ်-တိုင်း အတော်များများက လူတွေထွက်ပြေးနေရစဉ်မှာ ရိုဟင်ဂျာတွေ အိမ်ပြန်မယ်ဆိုတဲ့အပေါ် ဘယ်လိုပြောချင်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကြာသပတေး ညနေက မေးမြန်းထားချက် ဒုတိယ ပိုင်းဖြစ်ပါတယ်။ ဒီကနေ ညပိုင်းမှာတော့ PDF ၂ နှစ်ပြည့်ကာလအတွင်း ခုခံစစ်ကနေ ထိုးစစ်ကို တက်လှမ်းနိုင်တော့မလား...ပါဝင်တဲ့ MOD အတွင်းဝန်နဲ့မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More