Saturday, May 18, 2019

ဘားအံမှာ ဘာသွားလုပ်တာလဲ...(၃)

အဲဒီကအပြန်မှာတော့ ဗုဒ္ဒဂါယာကိုဝင်ပါတယ်။ လမ်းအတော်ဆိုးပါတယ်။ အားလုံး လူဖန်တီးထားတ်ာချည်း ဆိုတော့ ဘုရားဖူးဧည့်သည်အတွက် အိုကေ ပေမဲ့ သဘာဝအလှတရားကို ရှာဖွေသူတဦးအဖို့တော့ သိပ်အ မကိုက်လှပါဘူး။ ထူးခြားတာဆိုလို့ မျောက် ၃ ကောင်ပုံပဲရှိပါတယ်။ ဗုဒဟောတဲ့ ဇတ်လမ်းထဲပါတာလား ကိုယ်ကအသချောမသိတော့ မပြောတတ်။ ကိုယ်သိတာက နိင်ငံရေး။ မျက်စိပိတ်။ နားပိတ်။ ပါးစပ်ပိတ်ထားတဲ့ မျောက် ၃ ကောင်ပုံကို မီဒီယာသမားတွေ မကြာခနသုံးလေ့ရှိတယ် မဟုတ်ပါလား။



အဲဒီကအထွက်မှာ နောက်ထပ် ဂူသေးသေးလေးတခု။ ကော့ကသောင်လို့ထင်ပါတယ်။ အဲဒီကနေ ပြန်အထွက်မှာတော့ လူသိများတဲ့ (ငယ်ငယ်တုန်းက ပုံပြင်ထဲ မကြာခနကြားခဲ့ဖူးတဲ့) ဆာ့ဒန်ဂူဆီ ခရီးဆက်ပါတယ်။ ဘာသာရေးစိတ်ဝင်စားပြီး ဘုရားဖူးချင်သူတွေအတွက် အိုကေ ပေမဲ့ သဘာဝရဲ့ လျှိ့ဝှက်ချက်တွေကို လေ့လာချင်သူတွေအတွက်တော့ ဖိနပ်ချွတ်ရတာကစပြီး အဆင်မပြေတော့ပါ။

(ဖိနပ်ချွတ်ဆို ဒီဂူတွေအားလုံးဟာ သာနာ့မယ်မြေဖြစ်ပြီး ဘုန်းတော်ကြီးတွေက ပိုင်တယ်လိ့ နားလည်ရပါတယ်)။ ဆာ့ဒန်ဂူက ဣစာသရလှိုဏ်ဂူ ထက် ပိုကြီးပေမဲ့ သဘာဝအတိုင်း ဘာမှမကျန်တော့ပါ။ လူတွေသွားလာလိ့ အဆင်ပြေအောင် လျောက်လမ်းကို ကွန်ကရစ်ခင်းပေးထားပါတယ်။ လျှိထဲဆင်းရမှာစိုးလိ့ တံတားထိုးပေးထားပါတယ်။ မှောင်နေမှာ စိုးလိ့ အဲဒီတံတားပေါ် ရောင်စုံမီးတွေ ထွန်းပေးထားပါတယ်။

selfie ဆွဲချင်သတွေအတွက် အိုကေ ပြနေပေမဲ့ စာရေးသူအတွက်တော့ ဟိုဖက်ထိပ် မြန်မြန်ရောက်ဖိ့သာ စိတ်စောနေမိပါတယ်။ တနေရာမှာတော့ ဆာဒန်ဆင်မင်းကို သောနတရာ မုတ်ဆိုးက ချောင်းပစ်ဖို့ပြင်ဆင်တဲ့ ကျောက်ဆောင်ကို လွန်ဖောက်တဲ့နေရာဆုပြီးတွေ့ပါတယ်။ ထူးထူးခြားခြား အဲဒီ လွန်ဖောက်တဲ့ ၂ နေရာပဲ အပေါ်ကိုပေါက်နေပြီး အပြင်က သစ်ပင်တွေကိုမြင်ရ၊ အပြင်လေကိုရှုခွင့်ရခဲ့ပါတယ်။

ခုနက ရောင်စုံမီးတွေနဲ့တံတားထိုးထားတဲ့နေရာဟာ ဆင်မင်းမိသားစု ရေချိးတဲ့အိုင်၊ ဒီဖက်မှာက ဆင်မင်း သမီးတော်နေတဲ့အဆောင်၊ သမီးတော် ခြင်ထောင် စသဖြင့်... သတင်းသမားတဦးအဖို့ ကျိးကြောင်းဆက် စပ်လက်ခံဖို့အတော်ခက်ပေမဲ့ ယုတိဗေဒဆိုတာ နေရာတိုင်းတော့ ဘယ်အသုံးကျလေမလဲ။

ဒီဂူကနေ အထွက် လှေစီးခွင့်ရတဲ့နေရာကတော့ စပယ်ရှယ်ပါပဲ။ လှေစိးခက တစီးအတွက် ၃၅၀၀ ကျပ်ပေး ရပါတယ်။ ဒီရေအိုင်ကလည်း ဆာဒန်ဆင်းမင်းတိ့ ရေစိမ်တဲ့နေရာလို့ဆိုပါတယ်။ ကျောက်ဆောင်အောက်မှာ လှေစီးရတဲ့အရသာက ထူးကဲလှပါတယ်။ (ရသေ့ပျံ ဂူက လှေမစီးရခင်အထိ)

အဲဒီကအထွက်မှာတော့ ကျောက်ကလပ် ဘုရားဆီဝင်ပါတယ်။ ပအို့လူငယ်တွေကြို့ကိုဆိုတဲ့ အလံတွေ တင်ထားတာမို့ လူငယ်အစည်းဝေးရှိပုံရပါတယ်။ ရေကန်အလယ်က စေတီဟာ ဓာတ်ပုံရိုက်ဖိ့ သိပ်ကောင်းပေမဲ့ နေက ပူလွန်းတော့ ပုံကောင်းတပုံရဖိ့တော့ မဖြစ်နိင်ခဲ့ပါ။



အဲဒီကအထွက်မှာတော့ နေ့လည် ၁ နာရီလောက်ရှိနေပြိဖြစ်တဲ့အတွက် ဇွဲကပင်တောင်ခြေနားက ဆိုင်တခုမှာ နေ့လည်စာစားပါတယ်။ ထုံးစံအတိုင်း ထိုင်းပြန်တွေချက်တဲ့ ထိုင်းအစာတွေပါပဲ။ ကရင်ဆိုင်မှာ ထိုင်းအစာ စားပြီးတဲ့နောက် ကရင်မြို့တော်ရဲ့ အထင်ကရ ဇွဲကပင်တောင်ဆီသွားပါတယ်။ ခြေအ၀င်ဝ မုဒ်ဦးမှာရေးထားတာက မဘသ နယ်မြေတဲ့။ ကိုယ်က သတင်းလိုက်ဖို့လာတာမဟုတ်ဘူး။ အလည်သက်သက်ဆိုတော့ မေးမြန်းမနေတော့ပါဘူး။ ဒါပေမဲ့ ကျနော် မိတ် ဆွေကတော့ပြောပါတယ်။ တနိင်ငံလုံးက မဘသ ဆိုင်းဘုတ်တွေဖြတ်ချလိုက်ပေမဲ့ ဘားအံမှာတော့ ဒါကို ထိလိုမရဘူးဆိုပါတယ်။

ကိုယ်ကသာ ယုတ္တိဗေဒတွေ လျောက်ပြောနေတာ။ ကားသမားက တောင်ခြေရောက်တာနဲ့ ရုပ်တုတခုဆီ ဦးတည်ပြီး ကားကိုမောင်းကာ ရှေ့တိုး-နောက်ဆုတ်လုပ်နေလေရဲ့။ ပထမ တုန်းက ကားပါကင် ထိုးဖို့ နေရာ မကျလို ရှေ့တိုး-နောက်ဆုတ်လုပ်နေတယ်လို့ပဲထင်တာ။ ၃ ခါလောက်လုပ်ပြီး လက်အုပ်ပါ ချီတော့မှ ရုပ်တုကို ဦး ၃ ကြိမ်ချရှိခိုးနေမှန်း ရိပ်မိပါတယ်။ သူ့အရပ်နဲ့ သူ့ဇတ်ပေါ့။ အိမ်နီးချင်း ထိုင်းက ကားသမားတွေလဲ ဒီလိုလုပ်ကြတာကို သွားသတိရမိပါတယ်။

အဲဒါကိုကြည့်ရင်းနဲ့ ကားအောက်ဆင်းချင်စိတ်မရှိတော့တာနဲ့ တောင်ခြေက စေတီဆီမသွားဖြစ်ပဲ ပြန်လှည့် လာခဲ့ပါတယ်။ တောင်ထိပ်ကိုတော့ တက်ချင်သား။ ဒါပေမဲ့ အတက် ၄ နာရီ၊ အဆင်း ၃ နာရီကြာမှာဆိုတော့ အခုက နေ့လည် ၂ နာရီကျော်နေပြီ။ ဘယ်လိုမှမဖြစ်နိင်။ လူပြောများနေတဲ့ တောင်ထိပ်က မှန်သားရင်ပြင် ကိုတော့ တောင်ခြေကနေ ခပ်ဝါးဝါး လှမ်းမြင်နေရပါတယ်။ ဒီလိုနဲပ တောင်ခြေကနေ ပြန်လှည့်ခဲ့ပေါ့။

နေ့လည်ဖက်သွားတဲ့အထဲမှာ ရသေ့ပျံဂုနဲ့ အဲဒီဂူဘေးက ဂူအောက်မှ လေစီးရတဲ့အရသာကို အကြိက်ဆုံးပါပဲ။ ဂူကတော့ ခုနက ဆာဂန်ဂူနဲ့ သိပ်မကွာလှပါဘူး။ အားလုံး လူဖန်တီး ပြင်ဆင်ထားတာက များနေပါပြီ။
ဒါပေမဲ့ အဲဒီဂူဘေးနားရှိ တူးမြောင်းလေးထဲကနေ လက်လှော်လှေလေးကိုစီးပြီး (တစီးမှာ ၄ ဦးပဲစီးခွင့်ရှိ) မှောမှောင်မဲမဲ ဂူထဲဝင်ရတဲ့အရသာက သိပ်စိပ်လှုပ်ရှားဖို့ကောင်းပါတယ်။ လှေက ၆ စီးပဲရှိတော့ အဲဒီနေရာမှာ တန်းစီစောင့်ရတာတင် တနာရီ အချိန်ကုန်ပါတယ်။ ဒီရောက်ပြီးမှ ဒါမစီးဖူးဘူးဆိုရင်လဲ မဖြစ်တော့ ဇွဲကောင်းကောင်းနဲ့ ဆက်စောင့်။







လှေစီးခက ၅၀၀၀ ကျပ်ပေးရပါတယ်။ ကိုယ်ဆီမှာက ကလေး ၂ ယောက်ပဲပါတယ်ဆိုတော့ လြူ့ကုံတဦးပါ တင်သွားလိုက်ပါသေးတယ်။ ၁၀ မီနစ်လောက်တူးမြောင်းလေးအတိုင်းလှော်ပြီးတော့ ဂူဝဆီရောက်လာပါတယ်။ ခုနက ဆာဒန်ဂူက ရေကန်လို ဟိုဖက် ဒီဖက်မြင်မနေရဘူး။ တကယ့်ကိုမှောင်မှောင်မဲမဲ။ လှေပေါ်မှာ လက်နှိပ်ဓာတ်မိးအကြီးကြီး တွေပါလာလိ့ေ တ်ာသေးတယ်။ မီးလဲထွန်းချင်၊ ဓာတ်ပုံလဲရိုက်ချင်၊ လှေလှုပ်မှာလဲ စိုးရိမ်။ မောင်မောင်မဲမဲ ထဲ လှေမှောက်လို့ကတော့ အသက်ရှင်ဖို့ သိပ်မလွယ်လောက်ဘူး။ ဒါပေမဲ့ ဘုရားမတယ်ပြောရမလား။ ဒီထဲမှာ လှေတခါမှ မဖောက်ဖူးသေးဘူလိ့ လှေသမားကပြောပါတယ်။

တလောကတောင် ဒေါ်အောင်ဆန်းစုကြည် ဒီဂူကိုလာလည်သွားသေးတယ်လိ့ လှေသမားတွေကပြောပါတယ်။ ဒါပေမဲ့ သူကတော့ ကျနော်တိ့စီးတဲ့ ၄ ယောက်စီး လက်လှော်လှေကိုစီးတာမဟုတ်ပဲ မီးသန့်က အထူး လှေကိုစီးပြီး ဟိုဖက်ထိပ်ကနေ ပြန်ထွက်သွားတာလိ့ လှေသမားက သံစကာတွေ ကာထားတဲ့ အဲဒီအပေါက် ကို လက်ညှိုးထိုးပြီး ပြောပြနေပါတယ်။ ကိုယ်ကတော့ ကြောက်ကြောက်နဲ့ တပတ်လှည်ပြီး လာလမ်းအတိုင်း ပြန်သွားရဦးမယ်။

ဘာပြောပြော ပထမ ပိုင်းမှာ စိုးရိမ်စိတ်နဲနဲရှိပေမဲ့ တကယ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဂုတွင်း လှေစီးခြင်း အနပညာတရပ်ပါပဲ။ ရေတိုက်စားလိ့ ပြိုထားပုံရတဲ့ ကျောက်နံရံတွေ၊ ကျောက် (အမိုးလိုပပြောရမလား)- ခေါင်းပေါ်က ကျောက်သားတွေက ပန်းပုထွင်းထားတာထက်တောင် လက်ရာမြောက်နေပါတယ်။ ဘယ်မှ ကြိုတင် စိတ်ကူးမထားတဲ့ မြင်ကွင်းတွေကို လှလှပပ ကြီးကို မြင်ခဲ့ရပါတယ်။
...

အဲဒီဂူကနေပြန်ထွက်တော့ ၄ နာရီကျော်နေပြီ။ လူလည်းအတော်အီနေပြီဆိုတော့ ဟိုတယ်ပြန်ရင် ကောင်း မယ်ပေါ့။ ဒါပေမဲ့ ကားဆရာက အဆွယ်ကောင်းတယ်။ ဒီရောက်ပြီးမှတော့ ရှိသမျှဂူ စုံအောင်သွားလိုက်ပေါ့။ ကားခလည်းထပ်ပေးစရာမလိုဘူးတဲ့။ ဒီလိုနဲ့ ဘားအံမြိအခြားတဖက်က ဂူတခုနဲ့ လင်းနိ့ဂူဆီ ခရီးဆက်ခဲ့ပါတယ်။

တဖက်ကမ်းဆိုတာက သံလွင်မြစ်ကိုတခါဖြတ်ပြီး ပြန်ထွက်လာရလို့ပါ။ ဒီနေရာမှာ သတိထားမိတာတခုက ဘားအံဖက်ကနေ အပြင်ဖက်အထွက်မှာ စံပြတရုတ်လှရွာ ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့မိပါတယ်။ ဒါဟာ ရာဇ၀င်ထဲက အမည်တခုပေါ့။ အတိအကျပြောရရင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တုန်းက (ခုနှစ် အတိအကျ ပြန်ရှာ တင်ပေးပါမည်) နအဖ အတွင်းရေးမှုး ၁ ဗိုလ်ချပ်တင်ဦးနဲ့အဖွဲ့ ရဟတ်ယဉ်ပျက်ကျသေဆုံးတဲ့နေရာ။

ဘာကြောင့် ဒီလောက်အထိမှတ်မိနေသလဲဆိုရင် အဲဒီတုန်းက ရရှိတဲ့ ကြားဖြတ်စက်သတင်းကို သတင်းအစြဖ် ပြန်ေ၇းပြီး DVB ကနေ လွှင့်ခဲ့ဖူးလို့ပါ။ ဘယ်လောက်အထိ ထဲထဲဝင်ဝင်ရေးလိုက်မိသလဲဆိုရင် ဗိုလ်ချပ် အချင်းချင်းစကားများရာကနေ ဘယ်သု့ ပီအေ က လက်ပစ်ဗံုးုးကို ဘယ်လက်နဲ့ကိုင်ပြီး ပစ်ဖို့လုပ်နေစဉ် ပြုတ်ကျသွားတယ်... စသဖြင့် စက်သတင်းပေါ်အခြေခံပြီး အသေးစိပ်ရေးလိုမလို့... မင်းတို့ DVB သတင်းထောက်ပါ ရဟတ်ယဉ်ပေါ် ပါသွားသလားဆိုပြီး အမေးခံခဲ့ရဖူးလိ့ မီဒီယာ ကျင့်ဝတ်အရ အသေအချာကို မှတ်မိနေတာပါ။

အခု ရုတ်တရက် အဲဒီရွာကိုတွေ့လိုက်တော့ စိတ်ထဲမှာ တမျိးကြီး။ သွားတော့ ကြည့်ချင်သား။ ဒါပေမဲ့ အချိန်က မရတော့ဘူး။ သွားကြည့်ပြီး ဟိုမေးဒီမေးလုပ်မှ ဆွဲစေ့ခံနေရရင် ဒုက္ခ။ ခေတ်က သိပ်ကောင်းသေးတာ ဟုတ်ဘူး။ ဘုရားဖူး သက်သက်ပဲကောင်းပါတယ်လေ ဆိုပြီး - ဆက်မောင်း ကားဆရာလို့ ပြောရပါတယ်။

မြစ်တဖက်ကမ်းက နောက်ထပ်ဂူတလုံးကလည်း သိပ်အထူးကြီးတော့ မဟုတ်ပါဘူး။ ဘုရားတွေပဲရှိပြီး ဂူက လှိုင်သဘောမျှသာ။ ဟိုဖက် ဒီဖက်မပေါက်ပါ။ အဲ.ဒီကအထွက် နောက်ဆုံးသွားခဲ့တဲ့ လင်းနိ့ဂူကတော့ တန် တယ်လိုပပြောရမယ်။ ဒါပေမဲ့ သွားတာနဲနဲစောသွားလို့ မီနစ် ၉၀ လောက် ထိုင်စောင့်လိုက်ရပါတယ်။ စောဆို ကားဆရာပြောတာက ၅ ခွဲလောက်ဆို လင်းနိ့တွေထွက်တယ်လို့ သူသိထားတယ်ဆိုပါတယ်။

ဒါပေမဲ့ တကယ်တန်းရောက်တဲ့အခါမှာတော့ လင်းနိ့တွေက အချိန်ပြောင်းသွားပြီ။ ထွက်ချိန်စောရင် သိန်းငှက် အပါဝင် တခြားငှက်ကြီးတွေက သူတိ့ကိ ဖမ်းစားတဲ့အတွက် ညအမှောင်ချိန် ၆ ခွဲလောက်မှ ထွက်တော့ တယ်လို့ ဂူဘေးနားရှိ ဆရာတော်တပါးက ရှင်းပြပါတယ်။ (လင်းနိုဂူ အပါဝင် တွေ့သမျှဂူတွေအားလုံး ဘုန်းကြီး သိ့မဟုတ် သာ့သနာပိုင်နယ်မြေတွေချည်းဖြစ်နေ)။

ဒီတော့ မတက်နိင်ဘူး။ လာပြီးမှ ဆက်စောင့်ပေါ့။ သတင်းကိုကြိမလေ့လာထားတဲ့ မြန်မာတိုးရစ်က ဒီလိုခံ လိုက်ရပေမဲ့ ဘာမဆိုအသေအချာကြိတင်လေ့လာထားတတ်ကြတဲ့ အနောက်တိုင်း တိုးရစ်တွေကတော့ ၆ နာရီဝန်းကျင်ကျမှ တဖွဲဖွဲရောက်လာကြပါတယ်။ အနောက်တိုင်းသားချည်း ၂၀ ကျော်မယ်ထင်ပါတယ်။ တချိ့က အသေချာသိနေတဲ့အလား ၆ မခွဲခင် တောင်ထိပ်တက်ပြီးတောင် ဓာတ်ပုံရိုကနေကြသေး။ ကိုယ်ကတေ့ လွတ်သွားမှာစိုးတာနဲ့ ထိုင်ရာက မထပဲ ကင်မရာနဲ့ ထိုင်စောင့်ပေါ့။

မြန်မာတိုးရစ်အုပ်စုထဲက အမျိးသမီးတွေကတော့ တိုးတိုးလေးပြောနေကြပါတယ်။ နိင်ငံခြားသားတွေက ဇွဲကောင်းတယ်။ လာပြီးရင် ဆုံးတဲ့အထိစောင့်တယ်။ ငါတိ့မြန်မာတွေဆို ဒီလောက်ကြာတာ မစောင့်နိင်ဘူးဆို ပြီး ပြန်သွားကြလိမ့်မယ်တဲ့။

ဒီလိုနဲ့ဇွဲကောင်းကောင်းစောင့်လိုက်တာ ၆ နာရီ ၄၀ မီနစ်လောက်မှာ (အတော်လေး မှောစပြုနေပြီ) လင်းနိ့ဂူ ၀မှာ အသံကြားရပါတယ်။ မှောင်နေတော့ သဲသဲကွဲကွဲမမြင်ရဘူး။ ကင်မရာကို သံလွင်မြစ်ဖက်လှည့်လိုက် တော့မှ နောက်ခံကောင်းကင်အရောင်အောက်မှာ ထောင်နဲ့ချီတဲ့ လင်းနို့တွေကို မြင်ရပါတယ်။ အဲဒီလို ထွက်နေတဲ့အချိန် မီနစ် ၃၀ လောက်ကြတဲ့အထိ လင်းနိ့တွေက ထွက်လို့မကုန်သေး။ ကိုယ်က မစောင့်နိင် တော့ဘူး။ ခြင်ကလဲ ကိုက်၊ မှောင်ကလဲမှောင်ဆိုတော့။ နိင်ငံခြား တိုးရစ်တွေလဲ ပြန်စပြပြီဆိုတော့ ကိုယ် လည်းလှည့်ပြန်ခဲ့ပေါ့။ (ဗွီဒီယို ကလစ်ထဲ ကြည့်ပါရန်)






အဲ ဟိုတယ်ပြန်ရောက်၊ ရေချိးပြီးအပြင်ပြန်ထွက်တော့. ၈ နာရီလောက်ရှိနေပြီ။ ဒီနေ့က ကန်သာယာဘေးက တည်းခိုခန်းမှာအခန်းရတော့ အဲဒီဘေးနားက ညဈေးက သိပ်မိုက်။ ထိုင်းအစာတွေ အစုံရပါတယ်။ ရန်ကန်မှာ မတွေ့ရ (ကျနော်မတွေ့တာလဲဖြစ်နိင်ပါတယ်) တဲ့ စိုင်ကော်အပါဝင် ထိုင်းအစာတွေက လတ်လတ် ဆတ်ဆတ်။ မဲဆောက်ညဈေးထဲ ရောက်နေသလိုလို။

ညဈေးဆိုလို့ ရန်ကုန် ကမ်းနားလမ်းက ညဈေးလိုမဟုတ်ဘူး။ ညနေ ၄ နာရီမထိုးခင် ဒီနေရာမှာ ဘာမှမရှိ။ ၄ နာရီကျမှ ဆိုင်တွေအသီးသီးရောက်လာပြီး ည ၁၀ နာရီလောက်မှာ အပြီး ပြန်သိမ်းကြပါတယ်။ တကယ့်ကို ညဈေးပီသလှပါတယ်။ သန့်ရှင်းသန့်ရပ်မှုကလည်း ရန်ကုန်ထက် သာပါတယ်။ မော်လမြိင်ညဈေးထက်တောင် ပိုစနစ်ကျတယ်ပြောရမလား။ မော်လမြိင်သာတာကတော့ သံလွင်မြစ်ဘေးမှာဖြစ်နေပြီး ဒီဟာလေးက ကန်ဘေးမှာဖြစ်နေတာ တခုတည်းပါ။






ဒါပေမဲ့ နောက်နှစ်ဆိုရင် သံလွင်မြစ်ဘေးမှာလည်း ညဈေးတန်းဖြစ်မလာမလားမပြောတတ်ပါ။ ဘာကြောင့်လဲဆို အခုက သံလွင်မြစ်ဘေးတလျောက်လုပ်နေတဲ့ ညနေခင်းအပန်းဖြေနေရာတွေက မပြီးသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်ကနေ ၅ နာရီမောင်းရုံနဲ့ ရောက်နိင်ပြီး သဘာဝရဲ့အလှပတွေကို ဒီလိုခံစားနိင်တဲ့ နေရာဆီ နောက်တခေါက် ထပ်သွားချင်နေမှာတော့ အမှန်ပဲဖြစ်ပါတယ်။



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More