|Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၇
လယ်သမားများနှင့် နှစ်ဦးနှစ်ဘက် သဘောတူသည့်အထိ ညှိနှိုင်းခြင်း မရှိဘဲ
လယ်သမားများ တားဆီးသည့် အကြားက သိမ်းဆည်းခံထားရသည့် လယ်ယာမြေများပေါ်တွင်
စီမံကိန်းများ ဆက်တိုက် အကောင်အထည်ဖော်လာသဖြင့် သက်ဆိုင်ရာ
ဌာနဆိုင်ရာများနှင့် လယ်သမားများ၊ လူထုအခြေပြုအဖွဲ့များ ထိပ်တိုက်
တွေ့ပြီးနောက် လယ်သမားများက ဆန္ဒပြမည့်လမ်းကို ရွှေးချယ်လိုက်ကြောင်း
ဆန္ဒပြပွဲတွင် ပါဝင်မည့် လယ်သမားများထံမှ သိရသည်။
ယင်းဆန္ဒပြပွဲကို ထားဝယ် လယ်သမားများက ဦးဆောင်၍ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်
ဆန္ဒပြမည်ဖြစ်ပြီး ထားဝယ်မြို့နယ် ရဲစခန်းက
ခွင့်ပြုမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းရဲစခန်းက လျှောက်ထားသူထံ
“မတရား သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည် မှတ်ပုံတင်ခွင့် ရရှိရေး”
“တောင်သူလယ်သမားများအား အမှန်တကယ် ကိုယ်စားပြုသော လွှတ်တော်အမတ် ရရှိရေး ”
စသည့် ကြွေးကြော်သံများ အပါအ၀င် ကြွေးကြော်သံ ၆ ခု ကို ကြွေးကြော်ကာ၊
“လယ်ယာမြေ သိမ်းဆည်းမှု ချက်ခြင်းရပ်” “နိုင်ငံတော်က ပြဋ္ဌာန်းထားသော
မြေယာဥပဒေကို လေးစား လိုက်နာပါ” “လ/န ၃၉ သည် မြေသိမ်းအမိန့်မဟုတ်”
အပါအ၀င် စသည့် ပိုစတာ ဆိုင်းဘုတ် ၉ ခုကို ကိုင်ဆောင်
ဆန္ဒပြကြမည်ဖြစ်ကြောင်း အထက်ပါ ခွင့်ပြုမိန့်အရ သိရသည်။
လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမားများ အပါအ၀င် ဦးရေ ၁၀၀ ခန့်ဖြင့်
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် ဆန္ဒပြပွဲကို စတင်မည်ဖြစ်ပြီး နံနက်
၁၁ နာရီတွင် ပြီးဆုံးမည်ဖြစ်သည်။
ယခုကဲ့သို့ ဆန္ဒပြခြင်းအားဖြင့် လယ်သမားတွေ၏ ဘ၀ကို စာနာပြီး
အစိုးရအနေဖြင့် ပြေလည်အောင် ဖြေရှင်းပေးလိမ့်မည် မျော်လင့်ကြောင်း
ဦးဆောင် ဆန္ဒပြမည့် လယ်သမား ဦးထွန်းထွန်းဝင်းက ပြောသည်။
“မဖြေရှင်းပေးရင် ဆက်တိုက် ဆက်တိုက် ဆန္ဒပြသွားမယ်”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က ကမြောကင်းလမ်းရှိ စပါးရိတ်သိမ်းခါနီး
လယ်မြေကို ခြံခတ်သည့်အတွက် လယ်သမားများနှင့်
ထားဝယ်ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ် အုပ်ချူပ်ရေးမှူး အပါအ၀င်
ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အငြင်းပွားကာ စကားအခြေအတင်ဖြစ်ခဲ့ကြောင်း
လယ်သမားများက ပြောသည်။
ယင်းသို့ စကားအခြေအတင်ဖြစ်ပြီး နောက်တစ်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့က
ရိတ်သိမ်းခါနီး စပါးများ ရှိနေသည့် လယ်မြေပေါ်တွင် မြေလာဖို့ပြန်သဖြင့်
လယ်သမားများနှင့် ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများက တားဆီးရာက
ထိပ်တိုက်တွေ့ကာ တနင်္သာရီတိုင်းဒေသကြီး အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနမှ
တိုင်းဒေသကြီး အတွင်းရေးမှူး ဦးတင်သိန်းအပါအ၀င် အဖွဲ့က ကြမ်းတမ်းစွာ
ပြောဆိုခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း လယ်သမားများက
ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်လာကြခြင်းဖြစ်သည်။
အငြင်းပွားမှု ဖြစ်နေသည့် လယ်ယာမြေများပေါ်တွင် ပုဂ္ဂလိက ဆေးရုံစီမံကိန်း၊
ဝန်ထမ်းအိမ်ရာ၊ တနင်္သာရီတိုင်း ယဉ်ကျေးမှုပြတိုက် စသဖြင့် အစိုးရနှင့်
ပုဂ္ဂလိက စီမံကိန်းများ အကောင်အထည်ဖော်လျှက်ရှိသည်။

ပြန်အကြောင်းကြားသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့် အရ သိရသည်။

0 comments:
Post a Comment