Wednesday, November 20, 2013

သတင်းထောက်သင်တန်းဖွင့်မည်၊ စိတ်ဝင်းစားသူများ အမြန်ဆက်သွယ်ပါ။


“သတင်းထောက်အသစ်များအတွက် အခြေပြုသတင်းစာပညာသင်တန်း”

မြန်မာနိုင်ငံတွင် နေ့စဉ်သတင်းစာများ နှင့် သတင်းဂျာနယ်များ အပြိုင်အဆိုင် ထုတ်ဝေလာကြခြင်းနှင့်အတူ သတင်းထောက်လိုအပ်ချက်သည် လည်း ကြီးကြီးမားမား ပေါ်ပေါက်လာသည်။ လူငယ်သတင်းသမားများတွင်လည်း သတင်းစာပညာကို လေ့လာသင်ယူလိုမှု များပြားလာသည်ကို တွေ့ရသည်။



ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) သည် သတင်းစာပညာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တရပ်ချမှတ်ထားရှိသည်နှင့်အညီ လူငယ်သတင်းစာဆရာများအတွက် သတင်းဆိုတာ ဘာလဲသိရှိပြီး၊ သတင်းလိုက် တတ်၊ သတင်းကောင်းမွန်စွာရေးတတ်စေမည့် ၃ရက်တာ အခြေပြုသတင်းစာပညာသင်တန်းတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်သည်။ သတင်းထောက် အဖြစ်အသက်မွေးဝမ်းကြောင်းပြုရန်ကြိုးစားနေသူများကို အထောက်အကူ ဖြစ်စေရန်လည်း ရည်ရွယ်သည်။

ဖွင့်လှစ်မည့်သင်တန်းသည် သတင်းလောကသို့ဝင်ရောက်ခါစ သတင်းထောက်အသစ်များအတွက် သီအိုရီနှင့် လက်တွေ့ ပါဝင်မည့် အထူးသင်တန်းတစ်ရပ်ဖြစ်ပါသည်။ ပူးတွဲပါလျှောက်လွှာအတိုင်းဖြည့်စွက်ကာ အောက်ပါလိပ်စာသို့ လျှောက်လွှာများ ပေးပို့နိုင်ပါသည်။

သင်ကြားမည့် ဆရာ ဆရာမများ - Internews မှ လေ့ကျင့်သင်တန်းပေးထားသော MJN သင်တန်းဆရာများ။

သင်တန်းကာလ - ၂၀၁၃ ဒီဇင်ဘာ ၃၊ ၄၊ ၅ (၃ရက်) ( နံနက် ၉နာရီမှ ညနေ ၅နာရီထိ)။

သင်တန်းနေရာ - အမှတ်(၁၈၁)၊ ၃၆လမ်း(လယ်)၊ ဒုတိယထပ်(ဘယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၄၄၈၀ ၁၅၃၃၅။

လျှောက်ထားနိုင်သူများ - သတင်းထောက်အတွေ့အကြုံ တစ်နှစ်အောက်ရှိသူဖြစ်ရမည်။ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်။ ဘတ်ဂျက်နှင့် နေရာအခက်အခဲကြောင့် သင်တန်းသားဦးရေ ၁၂ဦးရွေးချယ်ရန် သတ်မှတ်ထားပါသည်။ သင်တန်းသားများ အတွက် နေ့လည်စာ၊ ကော်ဖီနှင့်မုန့်များ စီစဉ်ထားမည်။ နယ်ဝေးမှတက်လိုသူများ လျှောက်ထားပါက ရန်ကုန်မြို့တွင် မိမိအစီအစဉ်ဖြင့် နေထိုင်နိုင်သူများဖြစ်ရမည်။

လျှောက်လွှာပိတ်ရက် - ၂၅၊ နိုဝင်ဘာ၊ ၂၀၁၃။
လျှောက်လွှာပေးပို့ရန် - သင်တန်းတာဝန်ခံ မြတ်စုမွန် myatsummon@gmail.com


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More