https://youtu.be/dDdVsAeb5sc?si=QUjCgcJVxiA4PSTk
သတင္းသမားတဦးရဲ့ အေတြးအျမင္မ်ား
https://youtu.be/dDdVsAeb5sc?si=QUjCgcJVxiA4PSTk
https://youtu.be/a7IqYqpRDiA?si=yWz3VNDKR1L1-e1e
“ရက် ၁၀၀ ပြည့်သွားပေမယ့် ရဲဝင်းဦးက မကျေပွဲ ဆက်နွဲချင်နေပုံ ရတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၃၁ ဇူလိုင် ၂၀၂၆) “မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးတို့ရဲ့ ရက် ၁၀၀ စီမံကိန်းက မအောင်မြင်ပါဘူး။ ဒါပေမယ့် ရဲဝင်းဦးက အရှုံးကို လက်မခံနိုင်လို့ မကျေပွဲ ဆက်နွဲချင်နေပုံ ရတယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၃၁ မှာ ရက် ၁၀၀ ပြည့်သွားတဲ့ မင်းအောင်လှိုင်နဲ့ ရဲဝင်ဦးတို့ရဲ့ နိုင်ငံရေး- စစ်ရေးထိုးစစ်တွေ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရက် ၁၀၀ စီမံကိန်း ဘာတွေအောင်မြင်ပြီး ဘာတွေ ဆုံးရှုံးခဲ့သလဲ... - ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်ထိုးစစ်မှာ စစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံကန်း နောက်ပြန်လှန်ကျခဲ့လေသလား... - ထိုင်းနယ်စပ်နဲ့ ကချင်ဖက်က ရက် ၁၀၀ စီမံကိန်းကော ဘယ်လောက်အထိ ရလာာဒ်ထွက်ခဲ့သလဲ... - ရက် ၁၀၀ နောက်ပိုင်း စစ်တပ်က ဘာဆက်လုပ်မှာလဲ... ဗုံးကြဲတာပဲ ဆက်လုပ်ဦးမှာလား... - ရက် ၁၀၀ အလွန် စစ်တပ်ရဲ့ စစ်ရေး-နိုင်ငံရေး ထိုးစစ်သစ်အတွက် တော်လှန်ရေး အင်အားစုတွေ ဘာတွေ ပြင်ဆင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/3UBtJZvmBdc?si=lnYrhOE1oYDK9kMs
“ဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ ဗိုလ်မုတ်သုန်ကို တကယ်ဖမ်းမှာဖြစ်တယ်” - စတီဗင် စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)
(၃၀ ဇူလိုင် ၂၀၂၆) “BGF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ တကယ်ဖမ်းမယ်လို့ သိထားရပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင် စန်းယုက ပြောပါတယ်။ စစ်ကောင်စီရဲ့ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ တကယ်လား၊ ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... စသဖြင့် BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဗိုလ်မုတ်သုန်ကို ဖမ်းဝရမ်းထုတ်တာ အတည်ပြုနိုင်ပြီလား... - ထိုင်းထဲလာရင် ဖမ်းမှာလား... ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... - ဒီလိုဖမ်းဝရမ်းထုတ်ရေးမှာ FBI ရဲ့ အခန်း ဘယ်လောက်အရေးကြီးသလဲ... - နယ်စပ်တလျောက်က ကျားဖြန့်စခန်းတွေကို စစ်တပ်က ဝင်စီးပြီး မီးရှိုပြနေတဲ့ လုပ်ရပ်တွေကို ထိုင်းနဲ့ FBI က အယုံအကြည်မရှိဘူးလား.... - ဒီလို ပြသာနာမျိုးစုံကြားမှာ မင်းအောင်လှိုင် ဘန်ကောက်လာခြင်းက ကောင်းသောလာခြင်းဖြစ်နိုင်ပါ့မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/1Lzfq7PKiSk?si=4K7p69tMogroi8wY
ဆော တိုက်ပွဲ စစ်သား ၉ ဦး ဖမ်းမိ... လက်နက် ၁၀ ကျော်သိမ်းမိ...အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၉ ဇူလိုင် ၂၀၂၆) - မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဖက်ကနေ ချင်းပြည်နယ်အစပ် ဆောမြို့နယ်ဖက် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ၊ ၉ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ ကျော် သိမ်းမိ... - နတ်မောက်-မြို့သစ်လမ်းပိုင်းပေါ် တော်လှန်ရေးတပ်တွေ စစ်ဆေးရေးလုပ်နေစဉ် ရဲကားတစီးရောက်လာပြီး ရပ်မပေးပဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်ရာကနေ ရဲတဦးသေဆုံး၊ တဦးဒဏ်ရာရ၊ ခဲယမ်းအချို့ သိမ်းမိ... - မြဝတီမြို့နယ်က DKBA ပိုင် ကျောက်ခတ်စခန်းမှာ ကျားဖြန့်ဆောင်ရွက်နေသူ ၇၇၇ ဦးကို ဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြ... ... ဒီသတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/M2IPxo-1MOo?si=aZy-evxmWEBGXG7u
မြဝတီမြို့နယ်တိုက်ပွဲ စစ်သား ၆ ဦး လက်နက်ချ... စလင်းမြို့နယ် တိုက်ပွဲ စစ်သား ၅ ဦးသေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၈ ဇူလိုင် ၂၀၂၆)
https://youtu.be/ILMpSExca30?si=AhywYR7bslKi3yoF
“စစ်ကောင်စီလွှတ်တော်ရဲ့ ခြိမ်းခြောက်မှုက အာဆီယံခေါင်းဆောင်တွေကို စိတ်ဆိုးစေပါတယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၂၇ ဇူလိုင် ၂၀၂၆) “အာဆီယံ မူ ၅ ချက်ကို ပယ်ချမယ်ဆိုတဲ့ စစ်ကောင်စီလွှတ်တော်ရဲ့ ခြိမ်းခြောက်မှုက အာဆီယံခေါင်းဆောင်တွေကို စိတ်ဆိုးစေပါတယ်၊ ဒါကြောင့် ဒီမူ ၅ ချက်ကို တချက်ခြင်း အကောင်ထည်ဖေါ်ဖို့ လက်တွေ့ ပြင်ဆင်လာနေတာဖြစ်တယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မနီလာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းဝေးအပြီး မြန်မာနိုင်ငံအပေါ် ဘယ်လိုဖိအားပေး အရေးမှူတွေရှိလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး မကြာခင် ဖြစ်လာနိုင်သလား... - အမေရိကန်နဲ့ နိုင်ငံကြီးတွေက အာဆီယံအစည်းဝေးအတွင်း မြန်မာ့အရေးအပေါ် ဝေဖန်ချက်မပြောတာ ဘာကြောင့်လဲ... - ထိုင်းနိုင်ငံက တဖက်မှာ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး... တဖက်မှာ အာဆီယံမူ ၅ ချက် အကောင်ထည်ဖေါ်ရေးကို ဘယ်လို ဆောင်ရွက်မှာလဲ... - ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ မြန်မာနယ်စပ်ပြသာနာကို SCEF က ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။