Friday, February 20, 2026

တနင်္သာရီမြစ်နဘေးက AB ရဲ့ မင်းသမီးစခန်းမှာ တစ်ညတာ

 တနင်္သာရီမြစ်နဘေးက AB ရဲ့ မင်းသမီးစခန်းမှာ တစ်ညတာ


By NAA.

………





၂၀၁၉ခုနှစ် ဧပြီလ ပထမပတ်ထဲမှာ တနင်္သာရီမြစ်ဘေးက မင်းသမီးစခန်းမှာ ၂ရက်နေ၊ တစ်ညအိပ်ခဲ့ဖူးပါတယ်။

ရည်ရွယ်ချက်က အဲ့ဒီစခန်းမှာ ၁၉၈၈ တော်လှန်ရေးကာလက တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ABSDF က ရဲဘော်တွေအတွက် အထိမ်းအမှတ်ဗိမာန်တစ်ခုခုများ ဆောက်လုပ်နိုင်မလား လေ့လာတဲ့ခရီးပါ။

အဲ့ဒီတုန်းက နယ်မြေလည်း အေးချမ်းနေတော့ သွားရလာရတာ၊ အဆင်ပြေပါတယ်။ စစ်တပ် စစ်ဆေးရေးဂိတ်ဆိုတာ မရှိသလောက်ပဲထင်တယ်။ KNU တပ်မဟာ၄ ဂိတ်တစ်ခုမှာပဲ မှတ်ပုံတင်ပြ လူစာရင်းပေးခဲ့ရတယ်။

ခရီးစဉ်ကို လိုက်ပို့ပေး၊ လိုအပ်တာတွေ လိုလေသေးမရှိ ကူညီပေးခဲ့တာက ခု ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ABSDF ဒုရင်းမှူး ဆရာဦးအောင်မြင့်ပါ။ ဆရာဟာ ရှစ်လေးလုံးအစကတည်းက ထားဝယ်သပိတ်မှာ ဦးဆောင်ခဲ့သူပါ။ သူက ကျွန်တော်တို့ အထက(၁)က ဆရာဆိုပေမယ့်၊ ဆရာကျောင်းကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်မရှိတော့ပါဘူး။

 ပြည်သူ့အနာ သူ့အနာဆိုတဲ့ စိတ်မျိုးရှိသူပါ။ ဆရာသာ သက်ရှိထင်ရှားရှိနေသေးရင် ခုကာလကြီးမှာ ဘယ်အခန်းကဏ္ဍကများ ပါဝင်ကပြနေမှာပါလိမ့်လို့ တွေးမိပါတယ်။ ဆရာငြိမ်းချမ်းစွာနားပါတော့၊ ကျွန်တော်တို့လို အမှောင်ကြီးထဲ ဆက်လျှောက်မနေရတော့တာ ကိုက ဆရာ့အတွက် ကံကောင်းခြင်းပေပဲလို့ မှတ်ယူပါတော့မယ်။

ဒီစခန်းဟာ  အခု နော်ဝေးမှာရှိတဲ့ Burma News Network က ကျွန်တော်တို့ရဲ့ သတင်းသမားကြီး Htet Aung Kyaw ဆရာထက်အောင်ကျော် ABSDF ရဲဘော်ဘဝတုန်းက စခန်း။  ၈၈ မှာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်လာတဲ့၊ ထားဝယ်သားတွေ၊ လောင်းလုံး၊ မြိတ်တို့က ရဲဘော်တွေ အခြေစိုက်ခဲ့ရာစခန်းပေါ့။ KNU တပ်မဟာ ၄ နယ်မြေထဲမှာပါ။

တနင်္သာရီမြစ်ထဲ လှေတစ်စီးနဲ့ စုန်ဆန်လေ့လာလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ KNU တပ်မဟာ၄က အရာရှိတစ်ယောက် စီစဉ်ပေးတဲ့ သူတို့စခန်းနားက မြစ်ထဲရေချိုးဆိပ်မှာ ရေချိုးလိုက်၊ ကိုယ့်ရဲဘော်တွေချက်ကျွေးတဲ့ မနက်စာ/ညစာတွေစားလိုက်၊ မမျှော်လင့်ပဲ အမျိုးရင်းတွေနဲ့ ပြန်တွေ့လိုက်ဖြစ်ခဲ့တဲ့ ဒီခရီးစဉ်ဟာ ကျွန်တော့်အတွက်တော့ ရင်ခုန်အံ့ဩစရာ မမေ့နိုင်တဲ့ခရီးပါပဲ။

စခန်းရဲ့ ကုက္ကိုလ်ပင်ကြီးအောက်မှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေအတွက် အရက်မြေလောင်း ဆုတောင်း အမျှဝေပေးခဲ့ပါတယ်။ အရက်မြေလောင်း ဆုတောင်းတဲ့အကျင့်က တောင်ပေါ်ဒေသတွေမှာ နေသားကျရာက ရလာတဲ့အကျင့်ပါ။ တောင်ပေါ်မှာ ကွယ်လွန်သွားခဲ့တဲ့ မိဘ ဘိုးဘွားတွေ၊ ကျဆုံးခဲ့တဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေအတွက် ဆုတောင်းရင် အဲ့လိုပဲ တောင်းကြပါတယ်။ ၈၈ ရဲဘော်တွေ မင်းသမီးစခန်းကို အခြေစိုက် တပ်စွဲထားချိန်မှာ၊ ကျွန်တော်က အစောကြီးကတည်းက တော်လှန်ရေးခရီးထဲရောက်နှင့်နေခဲ့ပြီး၊ ကချင်တောင်တန်းပေါ်မှာ တာဝန်ကျနေခဲ့ပါပြီ။ ဒါ့ကြောင့် ကိုယ့်ဒေသ အမိမြေမှာ၊ တောင်ပေါ်တိုင်းရင်းသားတွေ ဓလေ့နဲ့ ဆုတောင်းပေးခဲ့ပါတယ်။ 

ခုတော့ ထားဝယ်-ထီးခီးသွားတဲ့လမ်းမှာ သေနတ်သံ မိုင်းသံ သောသောညံလို့။ လမ်းဟာလည်း ဖွင့်လိုက်ပိတ်လိုက်၊ မလုံခြုံစွာခရီးသွားရလိုက်ဖြစ်နေတယ်ဆိုတာ သတင်းတွေထဲက သိရပါတယ်။ တစ်တိုင်းတစ်ပြည်လုံး သေနတ်သံ ညံနေမှတော့ တော်လှန်ရေးနဲ့ ပတ်သက်ရင် ဘယ်တုန်းကမှ နောက်မကျတဲ့ ဇ မသေးတဲ့ ကျွန်တော့်ရပ်ရွာမှာ သေနတ်သံညံနေတာလောက်ဟာ အဆန်းတော့ မဟုတ်ပါ။

အဲ့ဒီလမ်းပိုင်းနဲ့ ထားဝယ်မြို့နယ်က အခြေအနေတွေအကြောင်းရေးဖို့ အချက်အလက်စုတော့ တော်တော်များများ သိရပါတယ်။ အားလုံးတော့ ပြန်ရေးပြလို့ မရနိုင်ဘူးပေါ့။ အခြေအနေတွေကတော့ ရင်နာစရာ၊ စိတ်မောစရာပါပဲ။

ဒေသတွင်းမှာ၊ KNUတပ်မဟာ၄ နဲ့  KTLA (ကော်သူလေးတပ်မတော်) တို့ရဲ့ အဟ အပြဲကိုလည်း သတင်းတွေကနေပဲ သိနေရပါတယ်။

ဒီတပ်ဖွဲ့နှစ်ခုကြားမှာ ၂ဘက်စလုံးမှာ ရှိနေကြတဲ့ PDF တွေလည်း အတော်နေရခက်၊ ကြားညှပ်နေကြမှာပဲလို့ စာနာမိပါတယ်။ ဘေးကင်းစွာ ဖြေရှင်းနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။

၂၀၂၁ အစောပိုင်းမှာကတည်းက ပြောခဲ့တဲ့၊  ကျွန်တော်တို့ဒေသမှာ တပ်မဟာ၄ အစား တပ်မဟာ ၅ စိတ်ဓာတ်သာရှိခဲ့ရင် ပွဲပြတ်တာ ကြာပြီဆိုတဲ့ ဒေသခံတော်လှန်ရေးသမားတစ်ယောက်ရဲ့ စကားသံကိုလည်း ပြန်ကြားယောင်နေမိပါတယ်။

ဘာဖြစ်ဖြစ် ပြန်လှည့်မရတဲ့ခရီးရှည်ကြီးကတော့ ဆက်သွားနေကြရမှာပဲ။ ပြဿနာတွေဆိုတာ နောင်လည်း ပေါ်နေဦးမှာပါပဲ။ ဒီလိုပဲ ဖြေရှင်းရင်း၊ ကျော်နင်းရင်း သွားနေကြရဦးမှာပါပဲ။



ကန့်ဘလူခရိုင်က စခန်းသိမ်းပွဲ AA တပ်တွေပါဝင်... စစ်သား ၁၀၀ နီးပါးသေ၊ လက်နက် ၂၀၀ နီးပါးသိမ်းမိ...

 https://youtu.be/CLU712mWuTM?si=bEDg1tla0lVcG29r


ကန့်ဘလူခရိုင်က စခန်းသိမ်းပွဲ AA တပ်တွေပါဝင်... စစ်သား ၁၀၀ နီးပါးသေ၊ လက်နက် ၂၀၀ နီးပါးသိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၂ ဖေဖေါ်ဝါရီ ၂၀၂၆) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်က စစ်တပ်စခန်း ၄ ခုကို AA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက်က ၁၀၀ နီးပါးသေဆုံး၊ ၁၀၀ ကျော်လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့(ပျူစောထီး)ရွာစခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ပေကြီး(ပျူစောထီး)ရွာစခန်း၊ ငှက်ပျောတိုင်း(ပျူစောထီး)စခန်း၊ ကျွန်းလှမြို့နယ်က အင်တိုင်း(ပျူစောထီး)ရွာစခန်းနဲ့ ရွှေပေါ်ကုန်းစခန်းတို့ကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်...

  • ချောက်မြို့နယ် ဆင်ကရွာဖက်ကနေ မန္တလေးတိုင်း ညောင်းဦးမြို့နယ်ဖက် ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး ၁၀ ဦးသေဆုံးပြီး ပျူစောထီး ၁ ဦးဖမ်းကို လက်ရဖမ်းမိ...

  • သရက်ချောင်းမြို့ကနေ သရက်ချောင်း - ပုလော ကားလမ်းပေါ်ရှိ ဝင်းဝရွာ တပ်စခန်းသို့ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၉ ဦးသေ၊ သေနတ် ၇ လက်သိမ်းမိ...

  • အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ဖေဖေါ်ဝါရီ ၉ ရက်ကတွေ့ဆုံ ဆွေးနွေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦   / burmanewsnetwork⁩   ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“တီမောသံအရာရှိကို နှင်ထုတ်တဲ့အတွက် အာဆီယံရဲ့ အသိမှတ်ပြုခံရဖို့တောင် ခက်သွားနိုင်ပါတယ်”

 https://youtu.be/Ghpy64mGfbc?si=zXFM75mIaQkv3P7O


“တီမောသံအရာရှိကို နှင်ထုတ်တဲ့အတွက် အာဆီယံရဲ့ အသိမှတ်ပြုခံရဖို့တောင် ခက်သွားနိုင်ပါတယ်”

  • ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)

(၁၇ ဖေဖေါ်ဝါရီ ၂၀၂၆) “အရှေ့တီမော သံအရာရှိကို နှင်ထုတ်တဲ့လုပ်ရပ်ကြောင့် ရွေးကောက်ပွဲအပြီးတက်လာမယ့် စစ်အစိုးရသစ်ကို အာဆီယံက အသိအမှတ်ပြုရေး ပိုခက်ခဲသွားနိုင်တယ်၊ အာဆီယံထဲမှာ လူ့အခွင့်အရေးကိုလေးစားတဲ့ နိုင်ငံတွေလည်း အများကြီးရှိလာနေပါတယ်” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။ ရန်ကုန်ရှိ တီမောသံအရာရှိကို စစ်ကောင်စီက နင်ထုတ်လိုက်တဲ့အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း တရားစွဲခွင့်မရှိဘူးလို့ အာဆီယံချာတာမှာ ရေးထားသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

  • စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အသစ်တက်လာမယ့် စစ်အစိုးရအပေါ် အာဆီယံက အသိအမှတ်ပြုရေး ပိုခက်ခဲသွားနိုင်သလား...

  • အာဆီယံနိုင်ငံအချင်းချင်း တရားစွဲဆိုခွင့်မရှိဘူးလို့ အာဆီယံ ချာတာမှာရေးထားသလား... စစ်ကောင်စီက ဘာကို စိုးရိမ်နေတာလဲ...

  • နိုင်ငံနယ်နမိတ်ကို ကျော်လွန်တရားစွဲနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ဆိုတာ လက်တွေ့ဖြစ်လာတော့မလား...

  • ချီလီနိုင်ငံက စစ်အာဏာရှင်ဟောင်း ပီနိုချေး ဖြစ်ရပ်ကိုကြည့်ပြီး မင်းအောင်လှိုင် ကြောက်ဒူးတုန်နေတာများလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ICJ မှာ တရားစွဲထားတဲ့ ရိုဟင်ဂျာအမှုနဲ့ အခု အရှေ့တီမောမှာ တရားစွဲတဲ့အမှု ဘာတွေတူပြီး ဘာတွေကွာသလဲ၊ မင်းအောင်လှိုင်ကို တကယ်ပဲ ဖမ်းဝရမ်းထုတ်နိုင်တော့မှာလား... စတဲ့ ဆွေးနွေးချက်တွေပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်) #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦   / burmanewsnetwork⁩   ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

'ဗိုလ်နဂါးကို ဝါဒဖြန့်ချီရေးအတွက် အဓိက အသုံးချနိုင်ပါတယ်”

 https://youtu.be/I6PiTAsqG9g?si=m7dnwlPxjJ97FXh_


'ဗိုလ်နဂါးကို ဝါဒဖြန့်ချီရေးအတွက် အဓိက အသုံးချနိုင်ပါတယ်”

  • လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၂၀ ဖေဖေါ်ဝါရီ ၂၀၂၆) “လက်နက်ချသွားတဲ့ ဗိုလ်နဂါးကို ဝါဒဖြန့်ချီရေးမှာ စစ်တပ်က အဓိက အသုံးချနိုင်တယ်၊ စစ်ကိုင်းတိုင်း စစ်ရေးလှုပ်ရှားမှုကို ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်ဘူး။ တော်လှန်ရေးဖက်က လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ပဲ လိုအပ်တယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ စစ်ကိုင်းတိုင်းက တပ်မှူးတဦးဖြစ်သူ ဗိုလ်နဂါး လက်နက်ချသွားတဲ့အပေါ် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုမျိုးစုံထွက်ပေါ်နေတာ၊ တော်လှန်ရေးတပ်တွေဖက်က အမှတ် ၁ စစ်ဒေသကို ဦးစားပေး ထိုးစစ်ဆင်မယ်ဆိုတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

  • ဗိုလ်နဂါး လက်နက်ချသွားတဲ့အတွက် စစ်ကိုင်းတိုင်း စစ်ရေးလှုပ်ရှားမှု ထိခိုက်နိုင်သလား...

  • အမှတ် ၁ စစ်ဒေသက ဗျုဟာအရ ဘယ်လောက်အထိ အရေးကြီးသလဲ...

  • ချင်းနဲ့ ရခိုင်ဖက်က တော်လှန်ရေးတပ်တွေ ၂၀၂၆ နှစ်ဦးပိုင်းမှာ ကပစ တွေဖက် တိုးလာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ #BNN သတင်း အင်တာဗျူး youtube ချယ်နယ် ⁦   / burmanewsnetwork⁩   ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

မင်းသမီးစခန်းမှာ ABSDF အာဇာနည်ဗိမာန် ဆောက်လုပ်နိုင်ရေး စီစဉ်ခဲ့စဉ်က...

 မင်းသမီးစခန်းမှာ ABSDF အာဇာနည်ဗိမာန် ဆောက်လုပ်နိုင်ရေး စီစဉ်ခဲ့စဉ်က...


(၂၀ ဖေဖေါ်ဝါရီ ၂၀၂၆)



(၁) -

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာအောင်မြင့်နဲ့ ဆရာငြိမ်းအေးအိမ်တို့ရဲ့ ပုံတွေ FB မီမိုရီမှာ ပြန်ပေါ်လာတာကြည့်ရင်း သူတို့တွေပါဝင် ကြိုးစားခဲ့ဖူးတဲ့ မင်းသမီးခစန်းက ABSDF အာဇာနည်ဗိမာန်အကြောင်း စိတ်ထဲပြန်ပေါ်လာပါတယ်။


၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်ကာစ... ABSDF အပါဝင် နယ်စပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပိုင်းအစိုးရရဲ့ ရထားဝန်ကြီး... ဆွေးနွေးပွဲတွေ ခေတ်ကောင်းစဉ်အချိန်ပေါ့။


ပြောချင်တာက ငြိမ်းချမ်းရေး ဆွေးပွဲအကြောင်းမဟုတ်ဘူး...။


ငြိမ်းချမ်းရေးမရခင် ကျဆုံးသွားကြတဲ့ ရဲဘော်တွေ၊ ဒဏ်ရာရသွားသူတွေ... ပြီးတော့ အခု လောလောဆယ် နောက်ထပ် ပြောစရာတခုပေါ်လာတာက အဲဒီခေတ်က စစ်ကျန် ရဲဘော်ဟောင်းတွေ တောတွင်းစခန်းတွေမှာ အခု ဘယ်လို ရှင်သန်နေကြသလဲ...


တော်လှန်ရေးရဲဘော်လို့ပြောလိုက်ရင် အသက် ၂၀ ကျော် တိုက်ခိုက်ရေးသမားတွေကိုပဲ လူတွေက ပြေးမြင်ကြတာ။ ၈၈ တုန်းက အသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမားတဦး အခုထိတောထဲမှာ ဆက်ရှိနေရင် အသက် ၆၀ နီးနေပြီပေါ့...


အဲဒီလူတွေ ဘယ်လိုရုန်းကန်ရှင်သန်နေသလဲ... တခါမှ မစဉ်းစားမိပါဘူး...


တိုက်ပွဲအသစ်- တိုက်ပွဲဝင်သမား အသစ်တွေအတွက်ပဲ အားလုံးက စိတ်ဝင်တစား ကူညီပေးနေကြတယ် မဟုတ်ပါလား...။

---


(၂)- 

ပုံတွေထဲမှာ မြင်ခဲ့ရတဲ့ အာဇာနည် ဗိမာန် စီမံကိန်းကိုတောင် ၂၀၂၁၊ ဖေဖေါ်ဝါရီမှာ နွေဦးတော်လှန်ရေးဖြစ်ပေါ်လာကတည်းက ရပ်ဆိုင်းလိုက်ပြီ၊... ဒါတွေ မလိုတော့ဘူး။ တော်လှန်ရေးက နောက်တခုတောင် အသစ်ပေါ်နေပြီ၊ ... အရင်ကဟာတွေ နားလိုက်တော့...


ဒီလို ဆုံးဖြတ်ချက်ချပြီး အဲဒီလုပ်ငန်းအတွက် ကျန်နေတဲ့ ရန်ပုံငွေကိုတောင် တနသာၤရီတိုင်းက နွေဦးတော်လှန်ရေးအဖွဲ့တွေဆီ လှူဒဏ်းလိုက်ပြီးပါပြီ...။ ခေတ်ဟောင်တးခု ကုန်ဆုံးသွား... ခေတ်သစ်တခု အသစ်မွေးဖွား... ဒီလို စိတ်ထဲမှာ ရှိထားတာ။


ဒါပေမယ့် မထင်မှတ်ထားတဲ့အချိန်မှာ အဲဒီခေတ်က စစ်ကျန်၊ မင်းသမီးခစန်းက ရဲဘော်ဟောင်းတဦးက မက်ဆင်ဂျာကနေ လှမ်းအကူအညီတောင်းလာပါတယ်။


အသက်ကလည်း ၅၀ ကျော်၊ ၆၀ နီးနေပြီ၊ ကျန်းမာရေးကလည်း မကောင်းဘူး။ မျက်လုံးက တလုံကွယ်ပြီး တလုံးက သိပ်မမြင်ရဘူး။ တောတွင်းစခန်းတခုမှာ နေနေရဆဲဖြစ်ပေမယ့် တော်လှန်ရေးတာဝန်လည်း ဘာမှမထမ်းဆောင်နိုင်တော့ဘူး။


ဆေးကုသဖို့အရေး၊ ကျန်းမာရေးအတွက် အခြားလိုအပ်ချက်တွေ၊ နေ့စဉ်ကိစ္စတွေအတွက် ရဲဘော်ဟောင်းတွေက တက်နိုင်သလောက်ကူညီပေးပါ...တဲ့။


ဒါ ဥပမာ တခုပါ။ သူလို ရဲဘော်ဟောင်း ဘယ်နှစ်ယောက် ဒုက္ခရောက်နေမှန်း ကျနော် မသိသေးပါ။

---


(၃)- 

ပြီးဆုံးသွားပြီလို့ ထင်ထားခဲ့တဲ့ ခေတ်တခေတ်ရဲ့ နောက်ဆက်တွဲ ပြသာနာက ရှိနေဆဲပါ။ ဒီကိစ္စတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ... ဘယ်သူတွေက တာဝန်ယူ ကူညီပေးသင့်သလဲ...


နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စလား၊ အဖွဲ့အစည်းဆိုင်ရာ ကိစ္စလား... တဦးချင်းဆိုင်ရာ ကိစ္စလား...


တော်လှန်ရေးအသစ်တွေ ဖြစ်ပေါ်နေချိန်မှာ တော်လှန်ရေးအဟောင်းခေတ်က ကျန်နေတဲ့ စစ်ပြန်တွေရဲ့ တောတွင်းဘ၀ အခက်ခဲ၊ ကျန်းမာရေးအခက်ခဲတွေကို ဘယ်သူတွေက အလေးထားစဉ်းစားပေးမှာလဲ...


တခေတ်တခါက ABSDF ရဲဘော်ဟောင်းတွေ ဝိုင်းစဉ်းစားနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

=====

Monday, February 9, 2026

“ထိုင်းရွေးကောက်ပွဲ အနိုင်-အရှုံးက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို ကရက်ရိုက်နိုင်သလဲ...''

https://youtu.be/MbUcLPocHUU?si=Y4N6DdPqb_QRxdD0


 “ထိုင်းရွေးကောက်ပွဲ အနိုင်-အရှုံးက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို ကရက်ရိုက်နိုင်သလဲ...''

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းနှင့် မေးမြန်းချက်... (၁၀ ဖေဖေါ်ဝါရီ ၂၀၂၆) “အရှုံးကို သင်္ခန်းစာယူပြီး ပြန်ပြင်နိုင်တဲ့အဖွဲ့က အောင်ပွဲရမှာဖြစ်တယ်ဆိုတဲ့ ဖီထာရဲ့ ပြောဆိုချက်က စိတ်ဝင်စားဖို့ကောင်းပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။ ဖေဖေါ်ဝါရီ ၈ ရက်က အိမ်နီးချင်းထိုင်းနိုင်ငံမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ်ပါတီက အနိုင်ရပြီး လူငယ်တွေရဲ့ ပြည်သူ့ပါတီ ရှုံးနိမ့်သွားတာ ဘာကြောင့်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - ထိုင်းရွေးကောက်ပွဲမှာ အိမ်စောင့်အစိုးရဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ရဲ့ ဖုံကျိုင်ထိုင်းပါတီ (BJT)က ဘာကြောင့် အပြတ်အသတ် အနိုင်ရတာလဲ... - လက်ရှိ ပြည်သူ့ပါတီက အမတ်တွေအပါဝင် Move Forward ပါတီက အမတ် ၄၀ ကျော်ကို အရေးယူမယ်ဆိုတဲ့ကိစ္စကြောင့် ဘာတွေဖြစ်လာနိုင်သလဲ... - ဖုံကျိုင်ထိုင်းပါတီ (BJT)အနိုင်ရတဲ့အတွက် စစ်ကောင်စီနဲ့ ဆက်ဆံရေး၊ မြန်မာအလုပ်သမားတွေအပေါ် ဆက်ဆံရေး ဘယ်လိုပြောင်းလဲလာနိုင်သလဲ... - ထိုင်းရွေးကောက်ပွဲအပေါ် မြန်မာလူငယ်တွေ ဘာများလေ့လာနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, February 4, 2026

“Firepower ထက် မဟာဗျုဟာက ပိုအရေးကြီးတဲ့အတွက် အားလုံးလက်တွဲဆောင်ရွက်နိုင်...


“Firepower ထက် မဟာဗျုဟာက ပိုအရေးကြီးတဲ့အတွက် အားလုံးလက်တွဲဆောင်ရွက်နိုင်ဖို့လိုပါတယ်”

- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၅ ဖေဖေါ်ဝါရီ ၂၀၂၆)

“အညာဒေသက နေရာအချို့ လက်လွတ်လိုက်ရတာဟာ Firepower အားနည်းလို့မဟုတ်ပဲ မဟာဗျုဟာအားနည်းချက်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းချက်ကြောင့်သာဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေအချင်းချင်းကြား လက်တွဲဆောင်ရွက်နိုင်ရင် တိုက်ပွဲအရှိန်ပြန်မြှင့်လာမှာဖြစ်တယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

အညာဒေသရှိ ပသုံးလုံးနဲ့ NUG အပေါ် ဝေဖန်မှုတိုးလာနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- SRA ဘယ်လောက်အလုပ်ဖြစ်နိုင်သလဲ...

- ကပစ တွေကို ဦးတည်တိုက်ခိုက်ရေးက ဗျုဟာအရ ဘယ်လိုအရေးကြီးသလဲ...

- အညာဒေသက ပသုံးလုံးနဲ့ NUG တာဝန်ရှိသူတွေ ဘာတွေပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေသလဲ...

- ပြည်ပကလှုပ်ရှားသူတွေက ဘယ်အဖွဲ့ကို အလှုူငွေပေးရမှန်းမသိ ခက်သွားတဲ့အချက်ကို ဘယ်လိုအဖြေရှာမလဲ...

- ၂၀၂၆ နှစ်ဦးပိုင်းမှာ နွေဦးတော်လှန်ရေး အရှိန်ပြန်မြင့်လာနိုင်ခြေရှိသလား...

...  စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“နွေဦးတော်လှန်ရေးက အောင်မြင်နေတယ်၊ ရှေ့ဆက် ချီတက်နေတယ်”


“နွေဦးတော်လှန်ရေးက အောင်မြင်နေတယ်၊ ရှေ့ဆက် ချီတက်နေပါတယ်”

- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၄ ဖေဖေါ်ဝါရီ ၂၀၂၆)

“နေရာအချို့မှာ ရှေ့တိုး-နောက်ဆုတ်ရှိပေမယ့် တစုံလုံးကိုခြုံကြည့်ရင် တော်လှန်ရေးက  အောင်မြင်နေတယ်၊ ရှေ့ဆက် ချီတက်နေတယ်ဆိုတာ မြင်သာပါတယ်” လို့  အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၅ နှစ်တာအတွင်း လက်ရှိအခြေအနေဟာ ရှေ့တိုးနေသလား၊ နောက်ဆုတ်နေသလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- နွေဦးတော်လှန်ရေး အောင်မြင်နေတယ်၊ ရှေ့တိုးနေတယ်လို့ ဘယ်အချက်တွေပေါ်အခြေခံပြောနိုင်တာလဲ...

- ရွေးကောက်ပွဲက ငွေကုန်-လူပန်းတာပဲ အဖတ်တင်တာလား...

- အချို့နေရာတွေမှာ နောက်ပြန်ဆုတ်ရတာဟာ  Firepower အားနည်းလို့မဟုတ်ပဲ မဟာဗျုဟာ အားနည်းလို့ဆိုတာ ဘာကိုဆိုလိုတာလဲ...

- ၂၀၂၆ နှစ်ဦးပိုင်းမှာ AA နဲ့ မဟာမိတ်တပ်တွေ ရှေ့ဆက်တိုးလာမယ့် အလားအလာ ဘယ်လောက်ရှိနေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG နဲ့ ပသုံးလုံးတွေ ဘာတွေပြုပြောင်းလဲဖို့လိုအပ်နေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, February 3, 2026

ဖလမ်းတိုက်ပွဲ စစ်တပ်ဖက်က ၃၀ ကျော်သေဆုံး... ကိုးထောင်ဘိုစခန်းကို AA သိမ်း...


ဖလမ်းတိုက်ပွဲ စစ်တပ်ဖက်က ၃၀ ကျော်သေဆုံး... ကိုးထောင်ဘိုစခန်းကို AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၄ ဖေဖေါ်ဝါရီ ၂၀၂၆)

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ဆီ ကလေး-သိုင်းငင်းဖက်ကနေ စစ်ကူတက်လာတဲ့  စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃၀ ကျော်သေ၊ လက်နက် ၃၀ ကျော်သိမ်းမိတယ်လို့ The Voice of Chinland က ဖေါ်ပြပါတယ်။

ဖေဖေါ်ဝါရီ ၃ ရက်၊ မနက် ၉ နာရီခန့်မှာ စစ်ကောင်စီတပ် ယာယီစခန်းချထားတဲ့ ဇောင်လေးကျေးရွာအနီးက စခန်းကုန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်တာဖြစ်ပြီး မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲကြာခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေရှင်းတဲ့အခါ ဆက်သွယ်ရေးမြောင်းအတွင်း သေဆုံးနေတဲ့ စစ်သားအလောင်း အလောင်း ၃၂ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်နဲ့ ခဲယမ်းများစွာပါဝင်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်ဒေသရှိ စစ်ကောင်စီရဲ့ ဗျုဟာမြောက်အထိုင်စခန်း ကိုးတောင်ဘို့ စခန်းကို အာရက္ခတပ်တော် (AA)နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- ဖားကန့်မြို့  မရှီကထောင် ဆုတောင်းကုန်း တိုက်ပွဲအတွင်း စစ်တပ်ဖက်က ခမရ (၃၈၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင် အပါအဝင် စစ်သား (၅၀) ခန့်အထိသေဆုံး...

- ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ(၅၉၁) တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ရာမှာ စစ်သား ၄ ဦးသေဆုံး...

- ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး အရပ်သား ၃ ဦး ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, February 2, 2026

ဝိုင်းမော်က စစ်တပ်စခန်း ၄ ခု KIA သိမ်းပိုက်... ကြေးနီတင် လုံခြုံရေးကား P...


ဝိုင်းမော်က စစ်တပ်စခန်း ၄ ခု KIA သိမ်းပိုက်... ကြေးနီတင် လုံခြုံရေးကား PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ ဖေဖေါ်ဝါရီ ၂၀၂၆)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်လို့  7stars News က ဖေါ်ပြပါတယ်။

ဝိုင်းမော်မြို့နယ်၊ မိုင်းနား- ဝါးရှောင်လမ်းပေါ်ရှိ ရာဘာခြံ ဂိတ်စခန်းနဲ့ တာင်ကမူစခန်းကုန်း၊ ဝူယာန်ကျေးရွာနဲ့ လုမြန်ကျေးရွာကြားရှိ စခန်း ၂ ခု ကို ဖေဖေါ်ဝါရီ ၂ ရက် မနက် ၆ နာရီခန့်မှာထိုးစစ်ဆင်ပြီး သိမ်းလိုက်တာလို့ဆိုပါတယ်။

ဒါ့အပြင်...

- ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီတောင်က ကြေးနီတင်ဆောင်ပြီးထွတ်လာတဲ့ စစ်တပ်လုံခြုံရေးပါယာဉ်တန်းကို တော်လှန်ရေးတွေက ကြားဖြတ်တိုက်ရာမှာ စစ်သားအချို့သေဆုံးပြီး ကားတွေလည်း ပျက်စီး...

- ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၆ ဦးသေဆုံး...

- ရေတာရှည်မြို့နယ်ရှိ ခမရ- ၁၉ တပ်ရင်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိ...

- နတ်ရေကန်စခန်းအနီးရှိ ပဇီရွာဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် AA အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက ပြန်လည်တိုက်ခိုက်မောင်းထုတ်နေတာကြောင့် တိုက်ပွဲပြင်းထန်နေ...

- ကျောက်ဖြူစစ်မျက်နှာမှာလည်း စစ်ကောင်စီဖက်က စစ်ကြောင်း ၃ ကြောင်းနဲ့ AA တပ်တွေရှိရာဖက် ထိုးဝင်လာပေမယ့် သေဆုံးမှုများပြီး နောက်ပြန်လန်သွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, February 1, 2026

မကွေးတိုင်းက ကပစ နဲ့ ဆက်စပ်နေရာတွေကို PDF တိုက်ခိုက်... စစ်တပ်ဖက်က ၃၀ ကျ...


မကွေးတိုင်းက ကပစ နဲ့ ဆက်စပ်နေရာတွေကို PDF တိုက်ခိုက်... စစ်တပ်ဖက်က ၃၀ ကျော်အထိသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၂ ဖေဖေါ်ဝါရီ ၂၀၂၆)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ကနေ စလင်းမြို့နယ်ဘက် ရိက္ခာနဲ့ ဓာတ်မီးတိုင်တွေ လာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၆ ဦးသေပြီး ၂ ဦးက အလင်းဝင်တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်၊ စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်နေ့၊ မွန်းလွဲပိုင်းမှာ ဆိပ်ဖြူမြို့ကနေ စလင်းမြို့နယ် တညောင်ဓာတ်အားခွဲရုံဆီ ဓာတ်မီးတိုင်တွေ လာရောက်ပို့ဆောင်တဲ့ Faw ကား ၃ စီး၊ Jammer ကား ၁ စီး၊ ထွန်စက် ၁ စီးနဲ့ ဓတ်မီးတိုင်တွေတင်ထားတဲ့ ၁၂ ဘီးကား ၁ စီးပါ ယာဉ်တန်းကို ဆိပ်ဖြူမြို့နယ်၊ မြင်ကဝကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒ့ါအပြင်...

- သရက်မြို့ ရှိ ကပစ ၁၂ ကို တော်လှန်ရေးတပ်တွေက ရော့ကတ်အလုံး ၁၀ ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများနိုင်...

- ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုး- ရွာမီးရှို့လုပ်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်တပ်ဖက်က ၂၇ ဦးသေဆုံးတယ်လို့ ဗမာ့တပ်တော် - BA က သတင်းထုတ်ပြန်...

- ပေါက်မြို့နယ် ကပစ - ၂၄ ကနေ ထွက်လာပြီး ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက စုပေါင်း တိုက်ခိုက်ရာမှာ စစ်သား တဦးသေ၊ ၁၀ ကျော် ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More