Saturday, December 31, 2016

နှစ်သစ်ကူး ဟောလီးဒေးမှာ ဘယ်သွားကြမလဲ

The Voice Daily, 29,Dec, 2016.

ဟောလီးဒေး အမျီုးမျီုး

မြန်မာနိုင်ငံမှာ သင်္ကြန် ၁၀ ရက်ကို နှစ်သစ်ကူးဟောလီးဒေးအဖြစ်သတ်မှတ်ထားသလို ဥရောပမှာလည်း ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလအဖြစ် သတင်းတပတ်ခန့် ဟောလီးဒေးရှိပါတယ်။ ဒါပေမဲ့ ခေတ်သစ်မြန်မာ တချို့ကတော့ ဗုဒ္ဒဘာသာနှစ်သစ်ကူးသင်္ကြန်မှာ ဟောလီးဒေးယူသလို ခရစ်ယန်နှစ်သစ်ကူး ဒီဇင်ဘာမှာ လည်း ဟောလီးဒေးယူလိုက်တာပါပဲ။ ဒီလိုနဲ့ ဒီဇင်ဘာဟောလီးဒေးမှာ ဘယ်သွားကြမလဲ၊ နှစ်သစ်ကို ဘယ်လိုကြိုရင်ကောင်းမလဲဆိုပြီး ပြင်ဆင်မှုတွေ ရှိလာနေပါတယ်။


တနှစ်လုံး ပင်ပမ်းထားသမျှ နှစ်သစ်ကူးမှာ - ရက်လောက် ခရီးထွက်ပြီး အနားယူအပန်းဖြေ သင့်တာပေါ့။ လူတိုင်း ခရီးထွက်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီသတင်းတပတ်စာအတွက် ၀င်ငွေကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။ လစာမဲ့လား။ လစာအပြည့်နဲ့ ဟောလီးဒေးလား။ ဒီနေရာမှာတော့ မြန်နိုင်ငံက လစာပေးစနစ်နဲ့ အနောက်တိုင်းလစာပေးစနစ် သို့မဟုတ် ဟောလီးဒေးမန်းနီး Holiday money ပေးတဲ့စနစ် ကွာသွားမယ် ထင်ပါတယ်။

မြန်မာနိုင်ငံအလုပ်သမားဥပဒေမှာ Holiday money ပေးတဲ့စနစ် မရှိသေးဘူးလို့ ထင်ပါတယ်။ ဒီနိုင်ငံတွေ မှာတော့ တနှစ်မှာ တလ (သတင်း ပတ်) အလုပ်သမားတိုင်း ဟောလီးဒေးယူခွင့်ရှိပါတယ်။ အဲဒီ ပတ် ဟောလီးဒေးသွားနေစဉ် တနှစ်စာဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်း (တနှစ်စာရဲ့ ၁၂ ရာခိုင်နှုန်းဟာ တလစာပုံမှန် ၀င်ငွေ လောက်ရှိပါတယ်) ကို အလုပ်ရှင်က အလုပ်သမားဘဏ်ထဲ ထည့်ပေးရပါတယ်။ ပုံမှန်အားဖြင့်တော့ ဥရောပရဲ့နွေရာသီ ဇွန်လဆန်းမှာ ဟောလီးဒေးမန်းနီးဝင်ပြီး အခွန်ပိုငွေ ပြန်အမ်းတာကိုလည်း အဲဒီလမှာပဲ ရလေ့ရှိပါတယ်။

ဒါကြောင့် နွေရာသီမှာ ဥရောပသားတွေ မိသားစုအလိုက် ခရီးထွက်ကြတာကို သတိထားမိကြမှာ။ ဒါက နော်ဝေးတွေ အများစုခရီးထွက်လေ့ရှိတဲ့ နွေရာသီဟောလီးဒေးအကြောင်း။ အခုပြောနေတာက ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဟောလီးဒေးဆိုတော့ ဒီအချိန်မှာ Holiday money ဘယ်ရတော့မလဲ။ ဒါပေမဲ့ ဒီဇင်ဘာလမှာ အခွန်မဖြတ်တဲ့အတွက် လစာအပြည့်ရပါတယ်။ ပုံမှန်အားဖြင့် အခွန်က ၂၅ ကနေ ၃၅ ရာ ခိုင်နှုန်းအထိဖြတ်လေ့ရှိတာကြောင့် အရင်လတွေက သိန်းပဲရသူတွေဟာ ဒီဇင်ဘာမှာတော့ ၁၀ သိန်း အပြည့်ရတဲ့ သဘောဖြစ်ပါတယ်။

အဲဒီအပိုငွေနဲ့ နှစ်သစ်ကူးမှာ ခရီးထွက်ကြတယ်။ ဒါမှမဟုတ် နွေရာသီတုန်းကရတဲ့ဟောလီးဒေးငွေကို နည်းနည်း ချန်ထားပြီး နှစ်သစ်ကူးရတဲ့ငွေနဲ့ပေါင်းကာ ခရီထွက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။

နှစ်သစ်ကူးမှာ ဘယ်သွားကြမလဲ

ဒါက ကြိုတင်ပြင်ဆင်ပြီး ခရီးထွက်တဲ့သူတွေကိုပြောတာပါ။ တချို့ကတော့ နွေရာသီလည်းထွက်၊ ဆောင်းရာသီလည်းထွက်ဆိုတော့ ဟောလီးဒေးမန်းနီး ဘယ်ကျန်တော့မလဲ။ ဒီတော့ Credit Card (အကြွေးယူနိုင်တဲ့ ကတ်ပြား) သုံးပြီး ခရီးထွက်ကြ။ နောက်မှ အရင်းနဲ့အတိုးပေါင်းပြီး ပြန်ဆပ်ကြပေါ့။ ခုနကပြောတဲ့ ဟောလီးဒေးမန်းနီးဆိုတာက အနည်းဆုံး နှစ်ဆက်တိုက်အလုပ်လုပ်ပြီးသူ၊ အမြဲတန်း အလုပ်ရှိသူတွေသာရတဲ့အခွင့်အရေးပါ။ ဒီတော့ ပုံမှန် လုပ်မရှိသူနဲ့ လူငယ်တွေကတော့ အဆင်ပြေ သလို ခရီးထွက်ရမှာပေါ့။


စာဖတ်သူတွေကော ဘယ်ကိုခရီးထွက်ဖို့ပြင်ထားပါသလဲ။ နော်ဝေးက မြန်မာအတော်များများတော့ ဒီဇင်ဘာမှာ မြန်မာနိုင်ငံဆီပြန်လည်ကြပါတယ်။ စာရေးသူကတော့ နွေရာသီတုန်းက မြန်မာနိုင်ငံဆီ သွားပြီးဖြစ်တာကြောင့် ဒီဆောင်းမှာ ခရီးဝေးသွားဖို့ ဘတ်ဂျက်မရှိတော့ပါ။ ဒီတော့ စရိတ်သိတ်မကုန်တဲ့ နီးနီးနားနား ဥရောပထဲက မြေထဲပင်လယ်ဝန်းကျင်ရှိ ကျွန်းတွေကိုသွားရင်ကောင်းမလား။ အဲဒီကျွန်းတွေ ဟာ အခု ဒီဇင်ဘာမှာတောင် အပူချိန်က ၂၀ ဒီဂရီဝန်းကျင်ရှိတာကြောင့် (နော်ဝေးမှာက အနှုတ် လောက်ရှိနေပါတယ်) နော်ဝေးအတော်များများ အဲဒီဖက် သွားလေ့ရှိပါတယ်။ 

တချို့ကတော့ ရေခဲတောင်တွေပေါ်တက်၊ Hytte လို့ခေါ်တဲ့ အပန်းဖြေတဲတွေမှာ သွားနေ၊ နှင်းလျောစီး၊ တောထဲလမ်းလျောက်ရင်း အနားယူကြပါတယ်။ တချို့ကတော့ နေသာတဲ့ အာရှနဲ့ အာဖရိကဆီ ခရီးထွက်ပေါ့။ ဘယ်ကို သွားရင်ကောင်းမလဲဆိုပြီး စရိတ်သက်သာမဲ့ခရီးစဉ်တွေကိုလိုက်ရှာတော့ ကိုယ့်ဘတ်ဂျက်နဲ့ကိုက်တာ ဘာမှမတွေ့မိ။ နောက်ဆုံးတော့ နော်ဝေ-ဒိန်းမတ် ပြေးတဲ့ (ဇိမ်ခံသဘောင်္လို့ ခေါ်နိုင်ပါတယ်) သဘောင်္ကြီးကိုပဲ စီးခဲ့ရ ပြန်ပေါ့။ ဒီသဘောင်္ကို စီးဖူးနေတာ အခေါက်ပေါင်းမျာစွာရှိနေပြီဖြစ် ပေမဲ့ ဒီတခေါက်ကျမှ Spa ခေါ် ရေနွေးစိမ်အ ပန်းဖြေတဲ့အခန်းနဲ့ Sauna ခေါ် ချွေးထုတ်တဲ့အခန်းထဲ ၀င်မိပါ တယ်။

နော်ဝေးမှာနေတဲ့ ဆယ်နှစ်ကျော်ကာလအတွင်း ဒီသဘောင်္ကို တနှစ်တခေါက်မကစီးဖူးခဲ့ပေမဲ့ မြန်မာ အများစုရဲ့ ထုံးစံအတိုင်း ဂျုတီဖရီးဆိုင်မှာ အရက်ဝယ်ဖို့နဲ့ (နော်ဝေးမှာ အရက်နဲ့ဆေးလိပ်က အတော် ဈေးကြီးပါတယ်) မိတ်ဆွေတွေဝိုင်းဖွဲ့သောက်ဖို့လောက်သာစိတ်ဝင်စားပြီး ရေနွေးစိမ်အနားယူဖို့ တခါမှ မစဉ်းစားမိပါ။ spa တွေ၊ sauna တွေ သဘောင်္ပေါ်ရှိနေမှန်းတောင် မသိပါဘူး။ အခုတခေါက်ကျမှ မိတ်ဆွေတဦးရဲ့ သတင်းပေးမှုကြောင့် ဒါကို ကြိုတင်လက်မှတ်ဝယ်ပြီး ၀င်ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ကသွားခဲ့ဖူးတဲ့ ဖင်လန်ခရီးစဉ်အတွင်း (ရေခဲရဲတိုက်နှင့် အာတိတ်စက်ဝိုင်းဆီခရီးသွားခြင်း ဆောင်း ပါးထဲကလို) အပူချိန် ၁၀၀ ဒီဂရီလောက်ရှိတဲ့ ဆောင်နာမှာချွေးထုတ်၊ ပြီးရင် ရေခဲအမှတ်အောက် ၂၀ လောက်ကျနေတဲ့ ရေခဲရေအိုင်ထဲခုန်ချ၊ Shock ရိုက်တဲ့ အရသာကို ကျနော်မှတ်မိနေဆဲပါ။ အခု ဒီသဘောင်္ပေါ်မှာ အဲဒီလိုလုပ်လို့ရတယ်ဆိုတော့ အိုကေ ပေါ့။ ချွေးထုတ်၊ ရေခဲရေထဲခုန်ချတဲ့အပြင် ရေနွေးနဲ့ နှိပ်ပေးတဲ့စက်တောင်ရှိလိုက်ပါသေးတယ်။ ဒီနှစ် ခရစ်စမတ်ရာသီမှာ သဘောင်္စီးရတာ သိပ်တန်သွားတယ် ဆိုပါတော့။

နှစ်သစ်ကို ဘယ်လိုကြိုမလဲ

နှစ်သစ်မှာတော့ သဘောင်္ထပ်စီးလို့မဖြစ်တော့။ ဘာကြောင့်လဲဆို နှစ်သစ်ကူးည သဘောင်္ဈေးက မြေထဲ ပင်လယ်က ကျွန်းတွေဆီသွားတဲ့စရိတ်ထက်ပိုများနေလို့ဖြစ်ပါတယ်။ ဒီတော့ အရင်နှစ်တွေကလုပ်နေကြ အတိုင်း ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်မတိုင်ခင်လေးမှာ အိမ်နီးဝန်းကျင်က ဆီးနှင်းတွေခဲနေတဲ့ တောင်ကုန်းပေါ်တက်၊ မီးရှုးမီပန်း တွေလွှတ်၊ Happy New Year သို့မဟုတ် နော်ဝေးလို Godt Nytt År လို့အော်ပြီး နှစ်သစ်ကိုကြိုရမှာပေါ့။


ဒါက ကျနော်တို့လို ခရီးဝေးထွက်ဖို့ ဘတ်ဂျက်မရှိသူတွေကိုပြောတာပါ။ ငွေပိုငွေလျှံလည်းရှိမယ်။ Romantic လည်း ဖြစ်ချင်တယ်ဆိုတဲ့လူတွေကတော့ ဟိုးနော်ဝေးမြောက်ပိုင်း၊ ဖင်လန်မြောက်ပိုင်းက ရေခဲဟိုတယ်တွေဆီသွားပြီး မြောက်ပိုင်းရောင်ချည် (Northern Light) ကိုကြည့်ကာ နှစ်သစ်ကို ကြိုလေ့ရှိ တယ်ဆိုပါတယ်။

စာရေးသူ ထိုင်းမှာနေစဉ်တုန်းကတော့ နှစ်သစ်ရဲ့ ပထမဆုံးနေ့ နေထွက်ချိန် Sunrise ကို မြင်ခွင့်ရဖို့ဆိုပြီး ထိုင်း အလယ်ပိုင်းရှိ သဘာဝဥယဉ်တောတန်းထဲက တောင်ပေါ်မှာ တဲထိုးပြီး ညအိပ်စောင့်ဖူးပါတယ်။ ကိုယ့်လိုပဲ ရွက်ဖျင် တဲငယ်တွေထိုးပြီး နှစ်သစ်ကိုစောင့်နေသူ ထောင်နဲ့ချီရှိမယ်ထင်ပါတယ်။ တချို့ကတော့ ပင်လယ်ကမ်းခြေက သဲ သောင်ပြင်မှာ ရွက်ဖျင်တဲထိုးပြီးစောင့်နေတာတွေ့ရပါတယ်။ အခုတော့ မြန်မာနိုင်ငံက လူငယ်တွေ (လူလတ်တွေ လည်းပါ ပါတယ်) လည်း ထိုင်းကလူငယ်တွေလိုပဲ တောင်ပေါ်နဲ့ ကမ်းခြေတွေဆီသွားပြီး ရွက်ဖျင်တဲထိုးကာ နှစ်သစ် ကိုကြိုဖို့ပြင်နေတဲ့ ဓတ်ပုံတွေကို Fcaebook မှာ မြင်နေရပါတယ်။

ဒီဇင်ဘာ ၃၁ ညဟာ ခရစ်ယန်ဘာသာဝင်တွေအတွက် နှစ်သစ်ကူးပွဲဆိုပေမဲ့ အခုတော့ တကမ္ဘာလုံးရဲ့ နှစ်သစ်ကူးပွဲ ဖြစ်နေပါပြီ။ မြန်မာအပါဝင် တကမ္ဘာလုံးနီးပါးမှာ ခရစ်နှစ်နဲ့ ခရစ်ပြက္ခဒိန်ကို ကမ္ဘာ့ပြကဒိန် အဖြစ် အသုံးပြုကြနေပြီ မဟုတ်ပါလား။ မနက်ဖြန် နှစ်ဆန်းတရက်နေ့ကို ၂၀၁၇ ခုနှစ် ဇန်နာဝါရီလ ရက်နေ့လို့ပြောတာကိုက ခရစ်နှစ်ကို ကျနော်တို့လက်ခံထားတဲ့သဘော၊ grobalization ထဲ ကျနော်တို့ အားလုံး ရောက်သွားတဲ့သဘောပဲ မဟုတ်ပါလား။ 


ဘယ်လိုပုံစံနဲ့ပဲ နှစ်သစ်ကိုကြိုကြို၊ အရေးကြီးတာက Happy New Year! လို့ အော်ကြတဲ့အတိုင်း နှစ်သစ် မှာ နှစ်ဟောင်းထက်ပိုပြီး  Happy ဖြစ်ဖို့မျှော်လင့်ကြပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ၊ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ လူ့အခွင့်အရေးတွေ ပိုကောင်းလာဖို့မျှော်လင့် ရင်း ၂၀၁၇ ကို ကြိုဆိုလိုက်ရပါတယ်။      

http://thevoicemyanmar.com/travel-log/4894-ntk

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More