Sunday, January 10, 2016

အပျော်စီးသဘောင်္ဖြင့် ခရီးသွားခြင်း

Travel, The Voice Daily, 10-01-206

အားလပ်ရက်မှာ ဘယ်သွားခဲ့သလဲ

ခရစ်စမတ်နဲ့ နှစ်သစ်သစ်ကူးရုံးပိတ်ရက် ရာသီရောက်ပြီဆိုတော့ အနောက်တိုင်းသားအတော်များများ ခရီးတွေထွက်ကြ၊ မိသားစုတွေဆီပြန်ကြနဲ့ ရထားဂိတ်၊ ကားဂိတ်တွေမှာ လူတွေတိုးဝှေ့လို့။ ကျောင်းတွေက သတင်း နှစ်ပတ်ခန့်ပိတ်ပြီး အလုပ်အများစုကလည်း သတင်းတပတ်ခန့်ပိတ်တဲ့အတွက် ခရီးသွားသူ အတော်များပါတယ်။ 
(Oslo- Frederikshavn ပြေးတဲ့ အပျော်စီးသဘောင်္)

အနှုတ် ဒီဂရီစင်တီဂရိတ်အောက်ကျနေတဲ့ အအေးဒဏ်ကိုရှောင်ချင်တဲ့ နော်ဝေးနိုင်ငံသားအများစုဟာ ရာသီဥတုပူနွေးတဲ့ စပိန်တောင်ပိုင်း မြေထဲပင်လယ်ထဲကကျွန်းတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ ခရီးထွက်လေ့ ရှိကြပါတယ်။ အထူးသဖြင့် ပူနွေးပြီး ပင်လယ်ကမ်းခြေတွေပေါလှတဲ့ ထိုင်းနဲ့ မြန်မာအပါဝင် အရှေ့တောင်အာရှနိုင်ငံတွေဆီ ဒီအရပ်ကလူတွေ ခရီးထွက်ကြပါတယ်။ ဒီထဲမှာ တတိယ နိုင်ငံရောက် မြန်မာတွေလည်း ဘယ်နည်းပါ့မလဲ။

အားလပ်ရက် ၁၀ ရက်ခန့်သာရတဲ့ ကျနော်ကတော့ ဒီရာသီမှာ ပြည်တော်မပြန်ဖြစ်ပါ။ သာမန်ဟောလီးဒေးအတွက် ရက်၊ တပတ်နဲ့ ‘’အိုကေ’’ ပေမဲ့ မြန်မာနိုင်ငံဆီသွးမယ်ဆိုရင်တော့ သတင်း လေးပတ်လောက်မရရင် မတန်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆို မြန်မာပြည်ခရီးစဉ်က ဟောလီးဒေးသွားသလိုမျိုး မရောက်ဖူးတဲ့နေရာတွေဆီ အပျင်းဖြေသက်သက်  သွားတဲ့ခရီးစဉ်မဟုတ်ပါ။ 

မိဘဆွေမျိုးတွေနဲ့တွေ့၊ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေလေ့လာဆိုတော့ သီတင်းတပတ်တည်းနဲ့ ဘယ်လိုမှ မလုံလောက်နိုင်။ ဒါကြောင့် ဆောင်းရာသီအစား နွေရာသီမှပဲ သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့  ဆောင်းရာသီမှာ ဘယ်သွားရင်ကောင်းမလဲဆိုတဲ့ မေးခွန်းကပေါ်လာပါတယ်။ 

ဒီလိုတွေးနေတုန်း ဒီဇင်ဘာ တတိယ သတင်းပတ်အတွင်း ဒိန်းမတ်နိုင်ငံမှာ ရှမ်းနှစ်သစ်ကူးပွဲရှိတယ်ဆိုတာနဲ့ ခရီးစရိတ်လည်းကျဉ်း၊ ABSDF ရဲဘော် ဟောင်းတွေနဲ့လည်းတွေ့နိုင်ဖို့ဆိုပြီး ဒိန်းမတ်နဲ့ ဂျာမဏီနယ်စပ်အနီးက Esbjerg မြို့ဆီ သဘောင်္နဲ့ ခရီးထွက်လာခဲ့ပါတယ်။

အေပ်ာ္စီးသေဘာၤမ်ား

Cruise လို့ခေါ်တဲ့ အပျော်စီးသဘောင်္နဲ့ခရီးထွက်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ သိပ်မလွယ်ဘူးလို့ထင်ပါတယ်။ ကျနော် မြန်မာနိုင်ငံမှာ ရှိစဉ်ကရော၊ ပြီးခဲ့တဲ့ ပြည်တော်ပြန်ခရီးစဉ် ခုအတွင်းမှာပါ တခါမှ သဘောင်္စီးခွင့်မကြုံခဲ့ပါ။ မှတ်မှတ်ရရ သဘောင်္ဆိုလို့ ၁၉၈၈ တုန်းက ကျောင်းတွေအရေးပေါ်ပိတ်စဉ် ဟားခါးလား၊ မြစ်ကြီးနားလား မသိ။ မော်လမြိုင်ကနေ ထားဝယ်မြို့ဆီ တခါပဲစီးဖူးပါတယ်။

(Oslo- København ပြေးတဲ့ အပျော်စီးသဘောင်္)

နော်ဝေးကိုရောက်ပြီးနောက်ပိုင်း ပထမ ဆုံးအခေါက် နော်ဝေးကနေ ဒိန်းမတ်နိုင်ငံဆီသဘောင်္နဲ့ သွားမယ်ဆိုတော့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြန်မာနိုင်ငံက ကမ်းရိုးတန်းပြေးတဲ့ ဟားခါးသဘောင်္လိုပဲထင်ထားခဲ့တာပေါ့။ တကယ်က အဲဒီလို မဟုတ်။ ဆယ်ထပ်ကျော်ပါတဲ့ တကယ့်ဇိမ်ခံသဘောင်္ကြီးတွေ။ ‘’တိုင်တဲနစ်’’ သဘောင်္ကြီးနဲ့ ခပ်ဆင်ဆင်တူ တယ်လို့ပြောရင် ပရိသတ်မျက်စိထဲ ပိုမြင်သာမယ်လို့ထင်ပါတယ်။

‘’အလုပ်မရှိသေးဘူးလို့လည်းပြောတယ်၊ ဇိမ်ခံသဘောင်္လည်းစီးနိုင်တယ်၊ ဘယ်လိုကြီးလဲ’’ ဆိုပြီး ပရိတ်သတ်တချို့က မေးခွန်းထုတ်ကောင်းထုတ်နိုင်ပါတယ်။ ဒီမှာက မြန်မာနိုင်ငံမှာလို အဆင့်အတန်းခွဲထားတာမရှိ။ ဇိမ်ခံသဘောင်္ကို လူတိုင်းစီးနိုင်အောင် လုပ်ပေးထားပါတယ်။ အခု ကျနော်သွားမဲ့ Stenaline ကုပဏီပိုင် Oslo- Frederikshavn (အော်စလိုကနေ ဒိန်းမတ်နိုင်ငံ တောင်ဖက်စွန်းအငူမြို့) ခရီးစဉ် သဘောင်္ဆိုရင် တခါတလေ အခမဲ့ လက်မှတ်တောင် ပေးလေ့ရှိပါတယ်။ အထူးသဖြင့် လူသွားနည်းတဲ့ ဆောင်းတွင်းကာလတွေမှာပေါ့။

ဒါကလည်း ဈေးကွက်စီးပွါးရေးရဲ့ စိတ်ပညာရပ်တခုပါ။ သဘောင်္ခ သုံးရာလာက် သက်သာလို့ဆိုပြီး တက်လာတဲ့ ခရီးသည်တဦးဟာ သဘောင်္ပေါ်ရောက်ရင် သုံးထောင်မက ဈေးဝယ်တာ၊ သုံးဖြုန်းတာ လုပ်သွားနိုင်တယ်မဟုတ်ပါလား။ အပျော်စီးသဘောင်္ဆိုတဲ့အတိုင်း အခွန်လွတ်ဈေးဆိုင်တွေ၊ ကစီနိုကစားနိုင်တဲ့စက်တွေ၊ နိုင်ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ ရေကူးကန်တွေ၊ ကလေးကစားကွင်းတွေ အစုံပါတာကိုး။

သဘောင်္တွေကကောင်းလွန်းတော့ ကမ်းရိုးတန်းပြေးသဘောင်္နဲ့မတူပဲ ရေပေါ်ဟိုတယ်ကြီး ရွေ့လျားနေသလိုပါပဲ။ အခန်းတွေကလည်း အတော်ကောင်းပါတယ်။ နှစ်ယောက်အိပ်ခန်း၊ လေးရောက်အိပ်ခန်း၊ ပြူတင်းပေါက်ပါတဲ့အခန်း စသဖြင့် ပေးနိုင်တဲ့ဈေးပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်။ နော်ဝေးရောက် မြန်မာအမျိုးသားအများစုကတော့ ဒီသဘောင်္ကိုစီးပြီး အခွန်လွတ်ဆိုင်မှာ အရက်နဲ့ ဆေးလိပ်ဝယ်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေကတော့ ရေမွှေး၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ အသား၊ ငါးတွေ ၀ယ်ကြပါတယ်။

ဒါက ဈေးအပေါဆုံးနဲ့ မြန်မာတွေအသွားအများဆုံး သဘောင်္လိုင်း (မြန်မာအခေါ် တောသဘောင်္လိုင်း) ကိုပြောတာပါ။ ဒီထက်ဈေးကြီး၊ ဒီထက်လူသိများတဲ့ တခြားနာမည်ကြီးသဘောင်္လိုင်း နှစ်ခုလည်းရှိပါသေးတယ်။ အဲဒါကတော့ Oslo- København (အော်စလိုနဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်) ပြေးတဲ့ DFDS ကုပဏီခရီးစဉ်နဲ့ Oslo-Kiel (အော်စလိုနဲ့ ဂျာမဏီနိုင်ငံ တောင်ပိုင်းမြို့တခု) ပြေးတဲ့ Colorline ကုပဏီပိုင်ခရီးစဉ်တွေဖြစ်ပါတယ်။

ဈေးအပေါဆုံးသဘောင်္က ညနေထွက်၊ နောက်တနေ့ညနေပြန်ဝင်တဲ့အတွက် သဘောင်္ပေါ်မှာ တညပဲအိပ်ရပါတယ်။ ကျန်နှစ်လိုင်းကတော့ နှစ်ညအိပ်ခရီးစဉ်တွေဖြစ်ပြီး အခွန်လွတ်ဈေးကလည်း ဈေးပိုသက်သာ၊ ကစီနိုတွေ၊ ကပွဲရုံတွေ၊ ရေကူးကန်တွေကလည်း ပိုကြီး၊ ပိုကောင်းတာကိုတွေ့ရပါတယ်။

အခွန်လွတ်ဈေးအကြောင်း ပေါ်လွင်အောင် ဥပမာတခုပေးရရင် မြန်မာအကြိုက် (Jackdaniels) ဂျက်ဒယ်နီရယ် အမေရိကန်ဝီစကီ တလီတာကို အော်စလိုဆိုင်တန်းမှာ ၅၀၀ ခရိုနာနီးနီးပေးရပေမဲ့ Oslo- Frederikshavn သဘောင်္ပေါ်မှာ ၃၀၀ ခရိုနာဝန်းကျင်နဲ့ရပါတယ်။ မြို့ကြီးတွေဆီပြေးတဲ့ København နဲ့ Kiel သဘောင်္တွေပေါ်မှာ ဆိုရင် ၂၀၀ ကျော်ကျော်လေးသာ ပေးရပါတယ်။ ‘’၀ီစကီတလီတာနဲ့ မာဘိုလိုလ် တထောင့်ဝယ်ရင်တောင် ခရီးစရိတ်ကျေနေပြီလို့’’  မြန်မာတွေကြား နောက်ပြောလေ့ရှိပါတယ်။

သေဘာၤေပၚမွာ တညတာ

အခုု က်ေနာ္စီးမဲ့ Oslo- Frederikshavn သေဘာၤက ညေန နာရီခြဲမွာ အော်စလိုဆိပ်ကမ်းကနေခွာပြီး နောက်တနေ့မနက် ခွဲမှာ ဒိန်းမတ်ဆိပ်ကမ်းဆီဆိုက်ပါတယ်။ ဟိုမှာ တနာရီလောက်ဈေးဝယ်ပြီး ၁၀ နာရီမှာ ပြန်ထွက်၊ ညနေ နာရီလောက်မှာ အော်စလိုဆိပ်ကမ်းဆီ ပြန်ကပ်ပါတယ်။ ပုံမှန်အချိန်မှာ ခရိုနာ ၂၀၀ ကျော်ပေးရပါတယ်။
(သဘောင်္ပေါ်ကနေ အော်စလိုည မြင်ကွင်းတခု)

Oslo- København သဘောင်္က ညနေ နာရီခွဲမှာ အော်စလိုဆိပ်ကမ်းကနေခွာပြီး မနက် နာရီခွဲမှာ ကိုပင်ဟေဂင် ဆိပ်ကမ်းဆီဆိုက်ပါတယ်။ တနေကုန်နေပြီးတဲ့နောက် ညနေ နာရီခွဲမှာ ကိုပင်ဟေဂင်ကနေပြန်ထွက်၊  နောက်တရက်မနက် နာရီခွဲမှာ အော်စလိုဆိပ်ကမ်းဆီပြန်ကပ်ပါတယ်။ ရုံးချိန်ပြီးမှထွက်၊ ရုံးချိန်အမီပြန်လာနိုင်တဲ့အတွက် နှစ်ညအိပ် တရက်ခရီးစဉ်ဖြစ်ပြီး ပုံမှန်အချိန်မှာ ခရိုနာ ၄၀၀ ၀န်းကျင်ပေးရပါတယ်။

Oslo-Kiel သဘောင်္ကတော့ နေ့လည် နာရီမှာ အော်စလိုကနေထွက်ပြီး နောက်တနေ့မနက် ၁၀ နာရီမှာ Kiel ဆိပ်ကမ်းဆီဆိုက်ပါတယ်။ နာရီလောက် ဂျာမဏီမှာလည်ပြီးတဲ့နောက် နေ့လည် နာရီမှာ ပြန်ထွက်ပါတယ်။ နောက်တနေ့မနက် ၁၀ နာရီမှာ အော်စလိုဆိပ်ကမ်းဆီ ပြန်ဆိုက်ပါတယ်။ ညအိပ် ရက်ခရီးလို့ ပြောနိုင်ပြီး ပုံမှန်အချိန်မှာ ၆၀၀ ၀န်းကျင်ပေးရပါတယ်။ ကျနော့်အတွေ့အကြုံအရဆိုရင်တော့ ၁၂ ထပ်အထိရှိတဲ့ Oslo-Kiel သဘောင်္က အဆင့်မြင့်ဆုံးနဲ့ အကာင်းဆုံးပါ။ ဒါပေမဲ့ ဒီလို နှစ်သစ်ကူးရာသီမှာတော့ ဈေးက တထောင်ကျော်အထိ တက်သွားတတ်ပါတယ်။

အခု ကျနော်စီးမဲ့ တောသဘောင်္က အဲဒီလောက်အထိမကောင်းပေမဲ့လည်း သူဈေးနဲ့သူတော့ အတော့ကိုတန်ပါတယ်။ ဆောင်းတွင်းကြီးဆိုတော့ နာရီလောက်ကတည်းက မှောင်စပြုနေပြီ။ သဘောင်္ထွက်ချိန် နာရီခွဲဆို ဘာမှမမြင်နိုင်တော့ပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ မိုးရွာပြီးကာစမှာ နှင်းလည်းမကျပဲ ကောင်းကင်က နဲနဲ ကြည် လင်နေတဲ့အတွက် ပင်လယ်ထဲကနေ အော်စလိုမြို့ဆီ လှပတဲ့ ဓာတ်ပုံတချို့ ရိုက်ယူနိုင်ခဲ့ပါတယ်။

နွေရာသီမှာ တိုးမပေါက်အောင် စည်ကားနေလေ့ရှိတဲ့ သဘောင်္အပေါ်ဆုံးထပ် ခေါင်မိုးပေါ်မှာ ဘယ်သူမှမရှိ။ မရှိဆို အအေးဓတ် အနှုတ် လောက်ရှိပြီး မှောမှောင်မဲမဲထဲမှာ ကျနော်လို ဓာတ်ပုံရူးသမားမှအပ ဘယ်သူကလာပြီး အေးလာခံနေမှာလဲ။ ကိုယ်လည်း သိပ်ကြာကြာမခံနိုင်။ မီနစ်အတွင်းအပြီးရိုက်ပြီး အောက်ထပ်ဆီပြန် ဆင်းပြေးရပါတယ်။

တောသဘောင်္ဆိုတဲ့အတိုင်း သောကြာ၊ စနေမှအပ ကျန်ရက်တွေမှာ နိုက်ကလပ်နဲ့ တခြားဖျော်ဖြေးရေးအစီစဉ်တွေ မရှိပါ။ ဒီတော့ ပင်စင်စားအများစုထိုင်တဲ့ သာမန်ရှိုးပွဲမှာပဲ ထိုင်ကြည့်ခဲ့ရပေါ့။ ကစီနိုစက်တွေရှိပေမဲ့ ဒီလိုကြားနေ့မျိုးမှာ သိပ်ပေါက်လေ့မရှိဘူးဆိုလို့ အနားမကပ်ရဲပါ။ ဒီတော့ ထုံးစံအတိုင်း အခွန်လွတ်ဆိုင်မှာ ယာမကာလေးဝယ် ပြီး အခန်းထဲမှာပဲ သူငယ်ချင်းတွေနဲ့ ၀ိုင်းသောက်၊ ၀ိုင်းပွားရင်း တညတာကို ကုန်လွန်ခဲ့ရပေါ့။

လေကိုရောင်းစားတဲ့နိုင်ငံ

မနက် နာရီခွဲမှာသဘောင်္ဆိုက်တော့ အိပ်ချင်မူးတူးနဲ့ မထချင်သေး။ ဒါပေမဲ့ ကျနော်တို့သွားမဲ့မြို့က နောက်ထပ် နာရီလောက် ရထားထပ်စီးရမှာမို့ မထလို့မဖြစ်။ သဘောင်္ဆိပ်ကနေ ဘူတာရုံဆီပြေးရပါသေးတယ်။ ရထားခက ဘောင်္ခထက် နှစ်ဆနီးနီးများနေလို့ နည်းနည်းစိတ်ညစ်သွားပေမဲ့ ရထားတွဲတွေက အဆင့်အတန်းမြင့်တာကြောင့် သက်တောင့်သက်သာတော့ ရှိပါတယ်။
(ဒိန်းမတ်နိုင်ငံ Esbjerg မြို့ကမ်းခြေရှိ နာမည်ကြီး ရုပ်တု ၄ ခု)

ဒိန်းမတ်ရဲ့ ထူခြားချက်က နော်ဝေးလို တောင်တန်းတွေမရှိပဲ မြေပြန်နဲ့ မြစ်ချောင်းတွေချည်းဖြစ်နေခြင်းပါပဲ။ ပင်လယ်ရေမျက်နှာပြင်ထက်နိမ့်နေတဲ့ နယ်သာလန်နဲ့တောင် မြေပြင်အနေအထားက ခပ်ဆင်ဆင်။ တောင်မရှိတဲ့ ပင်လယ်ပြင်ကြားက ကျွန်းနိုင်ငံလေးဆိုတော့ လေက တိုက်သလားမမေးနဲ့။ ဒါကြောင့်ဖြစ်မယ်၊ ရထားလမ်း တလျောက်မြင်ရသမျှ အိမ်အတော်များများဟာ တထပ်တိုက်အပုလေးတွေသာဖြစ်ပြီး လေကာအဖြစ် သစ်ပင်တန်း တချို့စိုက်ထားတာကိုလည်း သတိထားမိပါတယ်။

နောက်ထပ် ထူးထူးခြားခြားတွေ့ရတာက ဧရာမ လေရဟတ်တိုင်ကြီးတွေ။ နည်းတဲ့တိုင်ကြီးတွေ မဟုတ်၊ မြန်မာနိုင်ငံက မိုက်ကရိုဝေ့တိုင်တွေလောက်တောင်ရှိနိုင်ပါတယ်။ လေတိုက်လို့ လည်နေတဲ့ ပန်ကာအားကိုယူပြီး အဲဒီကတဆင့် လျှပ်စစ်ထုတ်ပါတယ်။ ကျနော်တို့ငယ်ငယ်တုန်းက စက်ဘီးလည်ပြီး ဘက်ထရီနဲ့မီးထွန်းတဲ့ သဘောတရားနဲ့ဆင် မယ်ထင်ပါတယ်။ 

သုတေသနသမားတွေရဲ့အဆိုအရ တနိုင်ငံလုံးရဲ့လျှပ်စစ်စွမ်း ၃၉ ရာခိုင်းနှုန်းကို ဒီလေရဟတ်တိုင်ကြီးတွေကနေ ထုတ်ပေးနေနိုင်ပြီလို့သိရပါတယ်။ ဒိန်းမတ်ဟာ လေအားလျှပ်စစ်ရဲ့ စွန့်ဦးတည်ထွင်သူဖြစ်ပြီး အခုဆိုရင် အမေရိကန် နဲ့ အနောက်နိုင်ငံတွေဆီ နည်းပညာနဲ့ လေရဟတ်ကြီးတွေကို စီးပွါးဖြစ်တင်ပို့ရောင်းချနေပြီဖြစ်ပါတယ်။ ဖုရောင်းတိုင်မီး၊ ရေနံဆီမီးခွက်တွေနဲ့ စာကျက်ပြီး ကြီးပြင်းလာရတဲ့ ကျနော့်အဖို့တော့ လေစွမ်းအင်၊ နေစွမ်းအင်၊ ရေစွမ်းအင် ဆိုတဲ့ Clean Energy တွေဟာ အထူးအဆန်းတွေပါ။
(ဒိန်းမတ်က လေရဟတ်တိုင်တချို့၊ မိုးရွာနေလို့ ပုံကောင်းကောင်းမရလိုက်ပါ)

ဒါကြောင့်ဖြစ်မယ်။ ဒိန်းမတ်ရှိရဲဘော်ဟောင်းတွေနဲ့စကားဝိုင်းဖွဲ့စဉ်မှာ ’’လေ သိပ်မပွားနဲ့၊ ဒီနိုင်ငံက လေကိုရောင်းစားပြီး သူဌေးဖြစ်နေတဲ့နိုင်ငံ’’ လို့ နောက်ပြောတာကို အမှတ်ရနေပါတယ်။ နောက်ထပ် ထူးခြားချက်က ဒိန်းမတ်က အီးယူ အဖွဲ့ဝင်ဖြစ်လို့လားမသိပါဘူး။ (နော်ဝေးက အီးယူ အဖွဲ့ဝင်မဟုတ်ပါ) ယာမကာ၊ အ၀တ်အထည်၊ အသုံးအဆောင်ပစ္စည်းအားလုံး ဈေးအတော်ပေါပါတယ်။ ပြီးတော့ နော်ဝေးမှာလို ယာမကာအပေါ် ကန့်သတ်ထားတာ သိပ်မရှိ။

တကယ်တော့ နော်ဝေးကလာတဲ့ ကျနော်တို့ကသာ ဒိန်းမတ်မှာဈေးပေါလှပြီးဆိုပြီးပြောနေတာပါ။ ထားဝယ်ဖက်နေ ဒီနိုင်ငံဆီရောက်လာပြီး Esbjerg မြို့ကြီးရဲ့ဘေးနားက Bramming မြို့မှာနေထိုင်တဲ့ ABSDF ရဲဘော်ဟောင်းတွေကတော့ ‘’ဒီမှာ ဈေးကြီးတယ်။ ဂျာမဏီရောက်မှ ၀ယ်ပါ’’ လို့ ပြောကြပါတယ်။ ဒီလိုနဲ့ ရှမ်းနှစ်သစ်ကူးပွဲအပြီး နောက်တရက်မှာ နယ်စပ်ကိုဖြတ်ပြီး ဂျာမဏီထဲရောက်သွားပါတယ်။

နယ်စပ်ဖြတ်တယ်ဆိုလို့ ဂိတ်တွေမှာအစစ်အဆေးခံပြီး နိုင်ငံကူးလက်မှတ်တွေ ဘာတွေပြရတယ်လို့ မထင်လိုက်ပါနဲ့။ ဥရောပမှာနယ်စပ်ဖြတ်တာ အာရှနဲ့မတူပါ။ မြန်ဖက်ကနေ ထိုင်းထဲဝင်သလိုမျိုး နိုင်ငံကူးလက်မှတ်ပြစရာ မလိုသလို လ၀က တွေရဲ့ ဟိုစစ်ဒီမေးကိုလည်း ဖြေနေစရာမလိုပါ။ ဘာအစစ်အဆေးမှမရှိ။ ဘာဂိတ်မှလည်း မရှိ။ လိုက်ပို့တဲ့ လူတွေကသာ မပြောဘူးဆိုရင် နယ်စပ်မှန်းတောင် သိလိုက်မှာမဟုတ်။

ဒါပေမဲ့ ဆိုင်းဘုတ်စားသားတွေကတော့ ဒိန်းမတ်စာကနေ ဂျာမန်စာအဖြစ်ပြောင်းသွားပါတယ်။ လမ်းတွေက နည်းနည်းပိုကျယ်လာပါတယ်။ စက်ရုံတွေ၊ အိမ်တွေက နည်းနည်းပိုကြီးလာတယ်လို့ ထင်မိပါတယ်။ Flensburg နယ်စပ်မြို့လေးရှိ Shopping Center က နော်ဝေ-ဆွီဒင်နယ်စပ်ရှိ စင်တာတွေထက်ကြီးပါတယ်။ ဈေးကလည်း အများကြီးသက်သာနေတာတွေ့ရပါတယ်။
(ကိုပင်ဟေဂင်ဆီ သဘောင်္နဲ့ရောက်ခဲ့စဉ်က လေရဟတ်နောက်ခံနဲ့ပုံ)

အော်စလိုမှာ ထိုင်း ကွိတီယိုတပွဲကို ခရိုနာ ၁၀၀ ပေးပြီးဝယ်စားနေရသူတွေ ဒီမြို့မှာ ခေါက်ဆွဲကျော်တပွဲမှ ယူရို (၄၀ ခရိုနာ) ဆိုတော့ တအံတသြကိုဖြစ်လို့။ အ၀တ်အစားတွေ၊ လျှပ်စစ်ပစ္စည်းတွေကလည်း ဈေးပေါသလားမမေးနဲ့။ အင်းမြန်မာအကြိုက် ဂျက်ဒယ်နီရယ် တပုလင်းတောင် ယူရွန် ၂၀ တည်းရယ်။ တောသဘောင်္ပေါ်က အခွန်လွတ်ဆိုင်ထက်တောင် ပိုသက်သာနေပါရော့လား။


နိုင်ငံကြီးလေ ဈေးသက်သာလေ ဖြစ်သွားတာမျိုးလား။ စားသုံးသူများသွားတဲ့အတွက် ဈေးလျော့ရောင်းနိုင်တဲ့ ဘောလား။ တကယ်တော့ ဂျာမဏီဆိုတာ အီးယူရဲ့ ဦးဆောင်နိုင်ငံကြီး၊ ဥရောပရဲ့ စက်မှုအဖွံ့ဖြိုးဆုံးနိုင်ငံကြီးဆိုတော့ ဒီလောက်တော့ရှိမှာပေါ့။ ကိုယ့်အတွက်တော့ ဈေးသက်သာတဲ့ ပစ္စည်းတွေကို အမြန်ဝယ်ယူပြီးတဲ့နောက် လာလမ်းအတိုင်း ပြန်လှည့်ကာ ခရစ်စမတ်ရာသီ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတော့တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More