Thursday, November 1, 2012

ABSDF ၂၄-နှစ်ပြည့်အခန်းနားကျင်းပ။

(ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2012/11/blog-post_6100.html မှ ကူးယူဖေါ်ပြပါသည်)

 ပြည်တော်မြင့် ~


ယနေ့လှိုင်းဘွဲနယ်စပ်တွင်ပြုလုပ်သည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

ဒီနေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်းခြင်း ၂၄ နှစ်မြောက် အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ တပ်စခန်းတခုမှာ ကျင်းပခဲ့ပါတယ်။

ဥက္ကဋ္ဌ ရဲဘော်သံခဲ တက်ရောက်ပြီး ၂၄ နှစ်တာ ကာလအတွင်းမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ အဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။



ABSDF အဖွဲ့ဟာ လက်ရှိမြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ စကားပြောမှုတွေ ရှိနေသလို ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး တပြည်လုံး လက္ခဏာ ဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေလိုလားနေတဲ့ အပြောင်းအလဲများ မရရှိသေးသလို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလည်း အပြည့်အ၀ရသေးတာမဟုတ်ဘူးလို့ အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

အစိုးရငြိမ်းအဖွဲ့ရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ရဲဘော်သံခဲက ”အခု တွေ့ဆုံ ဆွေးနွေးနေတာတွေက အကန့်အသတ်ကြားတွေကနေ ပြောနေရတာဖြစ်တယ်။ ပြောချင်တာကတော့ ဂုဏ်သိက္ခာနဲ့ အာမခံချက် ရှိတဲ့ ဆွေးနွေးပွဲ မျိုးဖြစ်စေချင်တယ် တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့ကတော့ လက်ရှိအစိုးရရဲ့တာဝန်ပဲ ဖြစ်တယ်” လို့ ဧရာဝတီ သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

၂၄ နှစ်တာခရီးမှာ တပ်ဖွဲ့ဝင် ၆၂၉ ဦး ကျဆုံးခဲ့တယ် လို့လည်း ဒီနေ့ထုတ်တဲ့ နှစ်ပတ်လည်  ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကော့မူးရာမြို့နယ်ရှိ ၀မ်ခ တပ်စခန်းတွင် စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။





































0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More