Sunday, March 19, 2017

ေျမထဲပင္လယ္ကမ္းေျခရွိ ေအသင္ျမိဳ့ေဟာင္းဆီ ခရီးသြားျခင္း (၂)

The Voice Daily, 19-03-2017. (ယူနီကုုဒ္ကုုိ ေအာက္ဆုုံးမွာ ဖတ္နုုိင္ပါတယ္)

ေအသင္မွာ လည္ပတ္စရာ

မနက္အိပ္ရာနုုိးခ်ိန္ ရာသီဥတုုအေနအထားကိုု Check လုုိက္ေတာ့ ေနသာျပီး အပူခ်ိန္က ၁၈ ဒီဂရီေတာင္ ရွိေနပါတယ္။ ေရခဲျပင္ကေန ထြက္ေျပးလာသူတဦးအဖုုိ႔ Wow! ဆုုိျပီး ေအာ္ခ်င္စရာၾကိး။ ဥေရာပနုုိင္ငံခ်င္း တူရဲ့နဲ႔ ဘာေၾကာင့္ ဒီေလာက္ကြာသြားတာလဲ။ အင္း- ျမန္မာျပည္မွာေတာင္ ပူတာအုုိနဲ႔ ေကာ့ေသာင္က ဒီလုုိကြာေနတာပဲေလ။ ေျမာက္၀င္းရုုိးစြန္းနဲ႔နီးတဲ့ ေအာ္စလုုိနဲ႔ ေျမထဲပင္လယ္ကမ္ေျခေဘးက ေအသင္ဟာ ဒီေလာက္ေတာ့ကြာမွာေပါ့။ လြန္ခဲ့တဲ့နွစ္ ေဆာင္းတြင္းကာလေတြတုုန္းကေရာက္ခဲ့ဖူးတဲ့ စပိန္နဲ႔ ေပၚတူဂီ ထက္ေတာင္ ဂရိရာသီဥတုုက ပုုိေႏြးေနပါေသးတယ္။



ဘယ္ေနရာေတြသြားလည္ရင္ေကာင္းမလဲဆုုိျပီး ဟုုိတယ္ေကာင္တာမွာအၾကံေတာင္းေတာ့ Tourist Bus လုုိ႔ေခၚတဲ့ သၾကၤန္ကားလုုိ အမုုိးဖြင့္ ထပ္ကားကိုုစီးျပီးေလ်ာက္လည္တာ အေကာင္းဆုုံးလုုိ႔ဆုုိပါတယ္။ သူငယ္ခ်င္း ေယာက္ကေတာ့ ေျပာဖူးပါတယ္။ တုုိးရစ္ကားစီးျပီးေလ်ာက္လည္သူေတြဟာ Plan မရွိသူ၊ ဘယ္ေနရာကုုိသြားမယ္ဆုုိျပီး ၾကိဳတင္အစီစဥ္မဆဲြထားနုုိင္သူေတြတဲ့။ သူေ၀ဖန္ရင္လည္း ခံရမွာပါပဲ။ ေအသင္ေရာက္ရင္ ဘာလုုပ္မယ္ဆုုိျပီး အေသးစိပ္အစီစဥ္ဆဲြထားတာ မရွိပါ။

ေနာ္ေ၀းမွာ ေအးလြန္းလုုိ႔ ေဆာင္းကုုိေရွာင္ခ်င္တာရယ္၊ ျပီးေတာ့ သမၼတအုုိဘားမား ရာထူးကမဆင္းခင္ ၂၀၁၆ နုုိ၀င္ဘာမွာ ဥေရာပေနာက္ဆုုံးခရီးအျဖစ္ ေအသင္ကိုုလာလည္တာ။ BC ရာစုုကတည္းကရွိခဲ့တဲ့ ပါသီႏြန္ (Parthenon) ဘုုရားေက်ာင္းဆီသြားျပီး ဒီမုုိကေရစီသေဘာတရားအေၾကာင္းေျပာသြားတာကိုု အမွတ္ရေနပါတယ္။  တခါ အထက္တန္းေက်ာင္းသားဘ၀တုုန္းက သမုုိင္းထဲမွာသင္ဖူးတဲ့ ယုုံၾကည္ခ်က္ အတြက္ အဆိပ္ေသာက္ေသသြားသူ ဆုုိခေရတီးကိုု အမွတ္ရေနပါတယ္။ ဒီေတာ့ ေအသင္ေရာက္ရင္ အဲဒီေနရာ ခုုဆီေတာ့ ေရာက္ေအာင္သြားမယ္၊ ရာသီဥတုုက သိပ္ေႏြးမယ္ဆုုိရင္ေတာ့ ကမ္းေျခသြားျပီး ေရကူးမယ္ေပါ့။ ဒီထက္ ပုုိတဲ့အစီစဥ္မရွိပါဘူး။

အဲဒါဆုုိရင္ တုုိးရစ္ကားစီးျပီးလည္တာ အေကာင္းဆုုံးပဲတဲ့။ ကားခကလည္းေစ်းေပါသလားမေမးနဲ႔။ ၁၆ ယူရုုိဖုုိး ၀ယ္ထားရင္ ၄၈ နာရီစာ စီးလုုိ႔ရတယ္တဲ့။ အရင္ စပိန္၊ ေပၚတူဂီ၊ နယ္သာလန္၊ ဘလဂ်ီယံမွာ ၂၂ ယူရုုိေပးရတာေတာင္ ၂၄ နာရီပဲစီးခြင့္ရွိပါတယ္။ ၁၆ ယူရုုိဆုုိတာ ကားေပၚမွာ ၀ယ္တဲ့ေစ်း။ ဟုုိတယ္မွာ ၀ယ္ရင္ ၁၃ ယူရုုိနဲ႔ ပရုုိမုုိးရွင္းေပးပါတယ္။ ဒါေပမဲ့ ကုုိယ္တည္းတဲ့ဟုုိတယ္က ေစ်းနဲနဲေပါတဲ့ ေနရာဆုုိေတာ့ တုုိးရစ္ကားမွတ္တုုိင္ မရွိပါ။ ၁၀ မီနစ္ေလာက္ လမ္းေလ်ာက္ရတဲ့ အမ်ဳိးသားျပတုုိက္ဆီ အရင္သြားျပီး အဲဒီမွတ္တုုိင္မွာ ကားစီးပါလုုိ႔ သူကအၾကံေပးပါတယ္။

သာယာလုုိက္တဲ့ရာသီဥတုု။ တေဆာင္းလုုံးသိမ္းထားရတဲ့ ေနကာမ်က္မွန္လည္း ေအသင္ေရာက္မွပဲ တပ္ခြင့္ရပါေတာ့တယ္။ ဟုုိတယ္ေရွ႔မွာ ပထမဆုုံးေတြ႔မိတဲ့အပင္က ေအာ္စလုုိမွာဘယ္လုုိမွျမင္ခြင့္မရနုုိင္တဲ့ ဆီအုုန္းပင္ေတြ၊ ေတာထန္းပင္ေတြ။ လမ္းၾကားတခုုကိုုေက်ာ္ေတာ့ လိမ္ေမာ္သီးေတြအျပည့္နဲ႔လွပေနတဲ့ လမ္းေဘးသစ္ပင္ေတြ။ ေနာက္ထပ္ေတြ႔တဲ့အေဆာက္ဦတခုုေရွ႔မွာေတာ့ ဆီအုုန္းအျပင္ ယူကလစ္ပင္ၾကီး ေတြကိုုပါေတြ႔ရပါတယ္။ ေရခဲျပင္ အရပ္ ထင္းရူးေတာထဲက ထြက္လာသူတဦးအဖုုိ႔ အထူးအဆန္းျမင္ ကြင္းေတြပါပဲ။

ေနာက္ထပ္သတိထားမိတဲ့ ပတ္၀န္းက်င္အေနအထားက လမ္းစည္းကမ္းနဲ႔ လူစည္းကမ္းက အေနာက္ ဥေရာပလုုိမဟုုတ္။ ပလက္ေဖာင္းေပၚ ကုုိယ္တခ်မ္းတင္ျပီး ရပ္ထားတဲ့ကားေတြ မနဲဘူး။ လမ္းအကြ႔ေတြ၊ လူကူးလမ္းေတြေပၚ ရပ္ထားတဲ့ကားေတြကုုိလည္း ေတြ႔ရပါတယ္။ ျပီးေတာ့ ဆုုိင္ကယ္ေတြက လည္းေပါ သလားမေမးနဲ႔။ ခ်င္းမုုိင္တုုိ႔၊ မႏၱေလးတုုိ႔နဲ႔တူတယ္ေျပာရမယ္ထင္ပါတယ္။ ဆိုုင္ကယ္ဦးထုုတ္မေဆာင္း သူလဲ အမ်ားၾကီးပါပဲ စက္ဘီးသမားတခ်ဳိ႔ကုုိ ေတြ႔ရေပမဲ့ ဒီျမိဳ့မွာ စက္ဘီးလမ္းမရွိပါဘူး။ (အေနာက္ဥေရာပ နုုိင္ငံအားလုုံးနီးပါးမွာ စက္ဘီးလမ္းေတြ အေသခ်ာလုုပ္ေပးထားတာေတြ႔ရပါတယ္) 

ဟုုိေငးဒီေငးနဲ႔ ၁၀ မီနစ္ခန္႔အၾကာမွာေတာ့ အမ်ဳိးသားျပတုုိက္ေရွ႔ေရာက္လာပါတယ္။ ျပတုုိက္ေရွ႔မွာေတြ႔ရ တဲ့ ဆီအုုန္းပင္၊ ေပပင္၊ လိမ္ေမာ္ပင္ေတြနဲ႔ ငွက္ကေလးေတြကိုု ဓတ္ပံုုရုုိက္ဖိုု႔၊ တိမ္ကင္းျပီး ေတာက္ပေနတဲ့ ေနေရာင္ခ်ည္ေအာက္မွာ အေႏြးထည္ခ်ြတ္ျပီး ထုုိင္ဖုုိ႔အေရးသာ အားသန္ေနတဲ့အတြက္ ျပတုုိက္ထဲ မ၀င္ျဖစ္လုုိက္ပါဘူး။


(Parthenon) ပါသီႏြန္ ေက်ာင္းေတာ္ ဆီသုုိ႔

လာပါျပီ ေဟာဒီမွာ Tourist ကားေတြ။ မီနစ္ ၃၀ တစီးရွိျပီး အနီ၊ အ၀ါ၊ အျပာ လုုိင္းရွိပါတယ္။ တျခား ဥေရာပနုုိင္ငံေတြမွာ ဘယ္ကားျဖစ္ျဖစ္ တက္စီးလုုိ႔ရေပမဲ့ ဒီမွာေတာ့ မရဘူး။ ကုုိယ္၀ယ္မိတဲ့လက္မွတ္က အျပာလုုိင္းတခုုပဲ စီးခြင့္ရွိသတဲ့။ အမ်ဳိးသားျပတုုိက္ေရွ႔ကေန ျမိဳ့လယ္ဆီေရာက္လာပါတယ္။ တျခား ဥေရာပနုုိင္ငံေတြလုုိပဲ ေျမေအာက္ရထားဘူတာေတြ၊ ပန္းျခံေတြ၊ ေစ်း၀ယ္စင္တာေတြေရွ႔မွာ လူေတြစည္ ကားေနပါတယ္။ ဒါေပမဲ့ ထူးျခားတာက ဒီမွာေတြ႔မိတဲ့လူေတြဟာ အေနာက္ဥေရာပမွာလုုိ လူျဖဴ၊ လူမဲ၊ လူ၀ါေတြသိပ္မမ်ားပဲ မေန႔က အင္စတန္ဘူးလ္ ေလယဥ္ကြင္းမွာေတြ႔မိသလိုု ဥေရာပနဲ႔ အာဖရိကားၾကားက အေရာင္ေတြအေတာ္မ်ားေနတာ သတိထားမိပါတယ္။



လမ္းေဘး ေကာ္ဖီဆုုိင္ေတြမွာထုုိင္ေနတဲ့ ပင္စားအရြယ္အေတာ္မ်ားမ်ားကိုုေတြ႔ရသလုုိ အထုုပ္အပုုိး ကိ္ုုယ္စီနဲ႔ ပန္းျခံ ထဲထုုိင္ေနတဲ့ လူငယ္၊ လူရြယ္အေတာ္မ်ားမ်ားကိုုလည္းေတြ႔ရပါတယ္။ ၾကည့္ရတာ ဆုုိင္မွာထုုိင္ေနသူေတြက ေဒသခံဂရိေတြျဖစ္ပုုံရျပီး ပန္းျခံထဲက အထုုပ္အပုုိးနဲ႔လူငယ္ေတြကေတာ့ အာဖရိကဖက္ကေန ေလွစီးေျပး၀င္လာသူေတြ ျဖစ္ပုုံရပါတယ္။ ဒါေပမဲ့ ေသခ်ာေအာင္ ေမးျမန္းခြင့္ မရခဲ့ပါဘူး။ Tourist ကားေပၚရွိ စပီကာကလည္း အဲဒီလူေတြ ေၾကာင္းရွင္းျပတာမဟုုတ္။ လမ္း တေလ်ာက္ေတြ႔ရတဲ့ အထင္ကရ ေရွးေဟာင္းအေဆာက္ဦေတြအေၾကာင္းပဲ ရွင္းျပေနတာပါ။

ေအသင္ဟာ ေရွးေဟာင္းျမိဳ့ေတာ္ဆုုိတဲ့အတုုိင္း အိမ္အုုိေဟာင္း အေတာ္မ်ားမ်ားကိုု ျမိဳ့ထဲမွာေတြ႔ရပါတယ္။ - မွတ္တုုိင္စီးျပီးတဲ့အခါမွာေတာ့ ေတာင္ကုုန္းေပၚက ပါသီႏြန္ေက်ာင္းေတာ္ကုုိလွမ္းျမင္ရပါတယ္။ တကယ္က အဲဒီေက်ာင္းေတာင္ဟာ ျမိဳ့လယ္ေတာင္ကုုန္းေပၚမွာရွိေနလုုိ႔ တျမိဳ့လုုံးကေန လွမ္းျမင္နုုိင္တဲ့ သေဘာပါ။ ပါလီမန္ရင္ျပင္ ဆီမေရာက္ခင္ တမွတ္တုုိင္အလုုိမွာေတာ့ သား-ငါးေစ်းတန္းၾကီး တခုုကုုိေတြ႔ရပါတယ္။ ဥေရာပနဲ႔မတူပဲ အာရွေဒသဖက္က ေစ်းေတြနဲ႔ ပုုိတူေနသလုုိပါပဲ။

ေအသင္ပါလီမန္ကိုုအခုုမွ လူကုုိယ္တုုိင္ျမင္ဖူးေပမဲ့ လြန္ခဲ့တဲ့နွစ္ပုုိင္း ဂရိရဲ့စီးပြားေရးအက်ပ္အတည္း ကာလက ဒီပါလီမန္ေရွ႔မွာ ဆႏၵျပေနၾကတာကိုု TV မွာအၾကိမ္အေတာ္မ်ားမ်ားျမင္ဖူးျပီးသားပါ။ ပါလီမန္ေဘးက ပန္းျခံၾကီးကလည္းနဲတာမဟုုတ္။ အဲဒီပန္းျခံထဲက ေတာထန္းပင္တန္းဟာ အေတာ္လွ ပါေနပါတယ္။ ပန္းျခံအလြန္မွာ Temple of Zeus ေက်ာင္းေတာ္ေဟာင္းေနရာကိုုေတြ႔ေပမဲ့ မဆင္းျဖစ္ခဲ့ပါ။ ဒီေန႔အတြက္ ပထမ ဦးစားေပးက ပါသီႏြန္ေက်ာင္းေတာ္ျဖစ္ေနတယ္မဟုုတ္ပါလား။

ေနာက္တမွတ္တုုိင္အေက်ာ္မွာေတာ့ ကားက ေတာင္ေပၚစတက္ပါတယ္။ ေန႔လည္ ၁၂ နာရီခဲြဆုုိေတာ့ ဓတ္ပုုံရုုိက္ဖုုိ႔ ဘယ္လုုိမွမေကာင္းနုုိင္။ ဒါေပမဲ့ အခ်ိန္ေရြးေနလုုိ႔မရ။ ကားေပၚပါလာသူ အားလုုံးဆင္းၾကည့္ တဲ့ေနရာျဖစ္ျပီး ေအသင္မွာေတြ႔ရသမွ်ေနရာေတြထဲ အစည္းကားဆုုံးျဖစ္ပါတယ္။ ၀င္ေၾကးကလည္း အမ်ားဆုုံးေနရာျဖစ္ျပီး ယူရြန္ ၁၀ ေပးရပါတယ္။ ဒါေပမဲ့ တန္ပါတယ္။ BC ရာစုု (ခရစ္မေပၚမီ နွစ္ ၅၀၀) က သမုုိင္း၀င္အေဆာက္ဦတခုုကိုု ၾကည့္ခြင့္ရဖုုိ႔ဆုုိတာ လြယ္တာမဟုုတ္။ ျမန္မာနုုိင္ငံက ပုုဂံဘုုရားေတြ ထက္ နွစ္ ၁၀၀၀ နီးပါး ပုုိေရွးက်တဲ့ေနရာေပါ့။

၀င္၀မွာ စေတြ႔တဲ့အေဆာက္ဦအမည္က Odeon of Herodes Atticus တဲ့။ ေက်ာက္တုုံးေတြနဲ႔ေဆာက္ ထားတဲ့ လူေထာင္နဲ႔ခ်ီၾကည့္နုုိင္တဲ့ သမုုိင္းထဲက ေရွးေဟာင္းပဲြၾကည့္စင္ၾကီးဆုုိပါစုုိ႔။ အဲဒီကေန အေပၚကုုိ ဆက္တက္ေတာ့ ဧရာမေက်ာက္လုုံးတုုိင္ၾကီးေတြကိုုေတြ႔ရပါတယ္။ အေ၀းကၾကည့္ရင္ ကြန္ကရစ္ေလာင္း ထားတဲ့ ေက်ာက္တုုိင္ၾကီးလုုိ႔ထင္ရေပမဲ့ အနီးကပ္အေသခ်ာၾကည့္ေတာ့ ကြန္ကရစ္မဟုုတ္ပါ။ ေပစီ ေလာက္ အပုုိင္းလုုိက္ျဖတ္ေတာက္ထားတဲ့ ေက်ာက္တုုံးၾကီးေတြကိုု တခုုစီထပ္ျပီးလုုပ္ထားတဲ့ ေက်ာက္ တုုိင္ၾကီးေတြပါ။

အဲဒီတုုိင္ေတြေပၚက မျပိဳက်ေသးပဲက်န္ေနတဲ့ ေက်ာက္တုုံးအမုုိးအပုုိင္းအစကေတာ့ Propylaea ဘုုရား ေက်ာင္းရဲ့ ေခါင္းမုုိးေပါ့။ အဲဒီ၀င္ေပါက္အလြန္မွာေတာ့ ဒီေတာင္ကုုန္းရဲ့ အဓိကအေဆာက္ဦ ပါသီႏြန္ (Parthenon) ေက်ာင္း ေတာ္ၾကီးကိုုေတြ႔ရပါတယ္။ ေက်ာင္းဆုုိတာ temple ကုုိ အလြယ္ေခၚလုုိက္တာပါ။ တတယ္က goddess Athena နတ္မိမယ္ေနရာလိုု႔ဆုုိပါတယ္။ 447 BC မွာကတည္းက ဒီေက်ာင္းကုုိ စေဆာက္တာဆုုိေတာ့ လူ႔သမုုိင္းမွာ ကုုိးကြယ္ယုုံၾကည္မႈစတင္ေပၚကာစ (ဘုုရားေတြမေပၚခင္) အခ်ိ္န္ပဲရွိ ပါေသးတယ္။ ဒီေက်ာင္းမွာေနတဲ့ နတ္ဘုုရားက သူတုုိ႔ကုုိ ကူညီေစာင္မတယ္လုုိ႔ ေအသင္ျမိဳ့သားေတြက ယုုံၾကည္ၾကတယ္လိုု႔ဆုုိပါတယ္။

ဒါေတြက လြန္ခဲ့တဲ့ နွစ္ေပါင္း ၂၅၀၀ ေက်ာ္က ရာဇ၀င္ပါ။ အခုုေတာ့ ဒီသမုုိင္း၀င္အေဆာက္ဦကုုိ မူလ လက္ရာ တုုိင္းျပန္လည္ထိမ္းသိမ္းထားနုုိင္ေအာင္ EU အကူအညီန႔ဲျပဳျပင္ေနတယ္လုုိ႔ စာတန္းေရးထား တာေတြ႔ရပါတယ္။ ျပင္ဆင္မႈလုုပ္ေနတဲ့ ယႏၱယားေတြလည္းလုုပ္ငန္းခြင္ထဲရွိေနပါတယ္။ ေရွးေဟာင္း ေက်ာက္တုုိင္ေတြ ထုုိးထုုိးေထာင္ေထာင္ျဖစ္ေနတဲ့ အဲဒီအေဆာက္ဦေဘးမွာေတာ့ နတ္သမီးရုုပ္ ခုု ကထမ္းထားတဲ့ အေဆာက္ဦ၊ ဂရိနုုိင္ငံေတာ္ အလံတလူလူလႊင့္ေနတဲ့ေတာင္ကုုန္းနဲ႔ ဟုုိခတ္လွမ္းလွမ္းက Mount Lycabettus ကုုိ ျမင္ေနရပါတယ္။

သမၼတ အုုိဘားမားလာတုုန္းက တကူးတကာ့အခ်ိန္ေပး ေလ့လာခဲ့တဲ့ေနရာေပါ့။ ေရွးေဟာင္းဂရိယဥ္ ေက်းမႈ၊ ဒီမုုိက ေရစီအေတြးအေခၚနဲ႔ အေနာက္တုုိင္းလူအဖြဲ႔အစည္း western civilization အတြက္ သိပ္အေရးၾကီးတဲ့ေနရာတခုု ျဖစ္တယ္လိုု႔ဆုုိပါတယ္။ ဒီေတာင္ကုုန္းဟာ ေအသင္ျမိဳ့လယ္ေခါင္တည့္တည့္ မွာရွိေနတာေၾကာင့္ တျမိဳ့လုုံးကိုုလွမ္း ၾကည့္ခြင့္ရတဲ့ျမင္ကြင္းကလဲ လွပေနပါတယ္။ ေအသင္မွာ လူဦးေရ သိန္းနီးပါးရွိျပီး ဂရိတနုုိင္ငံလုုံးလူဦးေရက ၁၂ သန္းနီးပါးရွိပါတယ္။


ဆုုိခေရတီးနွင့္ ေတြ႔ဆုုံျခင္း

သမုုိင္း၀င္အေဆာက္ဦေတြကိုုေငးရင္း၊ ဓတ္ပုုံရုုိက္ရင္းနဲ႔ အခ်ိန္ေတြ ဘယ္လုုိကုုန္သြားမွန္းမသိလုုိက္။ ဘတ္စ္ကားဂိတ္ျပန္ေရာက္ေတာ့ ေန႔လည္ နာရီေက်ာ္ေနျပီ။ အျပာေရာင္ကားက ကမ္းနားဖက္သြား တာတစီး၊ ျမိဳ့ထဲျပန္၀င္ တာတစီးရွိတယ္လိုု႔ ကားဂိတ္မွာေစာင့္ေနတဲ့ ဧည့္လမ္းညႊန္ေကာင္မေလး ကေျပာပါတယ္။ ေကာင္မေလးဆုုိလုုိ႔ ဥေရာပသူအေတာ္မ်ားမ်ား ေဆးလိပ္ေသာက္ၾကပါတယ္။ ဒါေပမဲ့ ထူးျခားတာက အေနာက္ဥေရာပသူေတြက စီးကရက္ေသာက္ျပီး ေအသင္သူေတြက ပြတ္ခြ်န္း (လက္လုုပ္ ေဆးလိပ္) ေသာက္ေနျခင္းပါ။ စားေသာက္ဆုုိင္ေတြမွာလည္း ေဆးလိပ္ေသာက္သူေတြရွိေနဆဲမုုိ႔ ေနာ္ေ၀မွာလုုိ ေဆးလိပ္ဥပေဒ သိပ္တင္းက်ပ္ပံုုမရေသးပါ။



ေနသာတုုန္း ကမ္းနားဖက္အရင္သြားမယ္လိုု႔ဆုုံးျဖတ္လုုိက္ပါတယ္။ လွလုုိက္တဲ့ကမ္းေျခေတြ၊ အပူခ်ိန္က ၂၀ ေတာင္ေက်ာ္မလားမသိပါ။ ကမ္းေျခမွာ ေရကူးသူ၊ ေနစာလွံဴသူ၊ လမ္းေလ်ာက္ေနသူ၊ ဘာဘီက်ဳးကင္ ေနသူေတြအမ်ားၾကီး။ ေရမကူးရင္ေတာင္ သဲေသာင္ေပၚ လမ္းေတာ့ဆင္းေလ်ာက္ၾကည့္ဦးမွဆုုိျပီး ကားေပၚက ဆင္းလုုိက္ပါတယ္။ ပလက္ေဖာင္းေပၚေရာက္ျပီးမွ ေနာက္ဘတ္စ္ကားက ဘယ္ခ်ိန္လဲဆိုုျပီးေမး မိပါတယ္။ လမ္းေဘးဆုုိင္မွာ ေဆးလိပ္၀ယ္ျပီးျပန္လာတဲ့ ကားဆရာက ဒီကားဟာ ေနာက္ဆုုံးပဲတဲ့။ အမ္- အဲဒါနဲ႔ ကမ္းေျခေပၚ လမ္းေလ်ာက္ခြင့္မရပဲ ကားေပၚျပန္တက္ခဲ့ရတယ္ဆုုိပါေတာ့။

ကမ္းေျခတေလ်ာက္ ကားေမာင္းခ်ိန္ တနာရီနီးပါးၾကာတယ္ဆုုိေတာ့ အသြားအျပန္ နာရီေတာင္။ ဟုုိတယ္ျပန္ေရာက္ေတာ့ ညေန နာရီေလာက္ရွိေနျပီ။ ေအးရွားဆုုိင္ကုုိရွာမေတြ႔ေသးေတာ့ အီတလီ ပီဇာနဲ႔ပဲ ညစာကုုိ ဗုုိက္ျဖည့္လုုိက္ရပါတယ္။ ေနာက္တေန႔မနက္မွာေတာ့ မေန႔ကမေရာက္ျဖစ္ေသးတဲ့ ဆိုုခေရးတီး ျပတုုိက္ဆီေရာက္ ေအာင္သြားဖိုု႔ဆုုံးျဖတ္လုုိက္ပါတယ္။ ထုုံးစံအတုုိင္း Tourist ကားကိုု မေန႔ကအတုုိင္းျပန္စီး။ ျမိဳ့တပတ္ပတ္ျပီးမွ ဆိုုခေရတီးနဲ႔ပေလတုုိတုုိ႔ ရုုပ္တုုေတြရွိတဲ့ အမ်ဳိးသားစာၾကည့္ တုုိက္ဆီေရာက္ပါတယ္။

ပါသီႏြန္ေက်ာင္းေတာ္၊ Zeus ေက်ာင္းေတာ္နဲ႔ တျခားျပတုုိက္ေတြမွာ လူမ်ားသေလာက္ ဆုုိခေရးတီးတုုိ႔ ဆီမွာ လူနဲပါတယ္။ ခရစ္မေပၚခင္ကတည္းက ဒီမုုိကေရစီသေဘာတရားအေျခခံေတြကိုုျငင္းခုုန္ခဲ့ဖူးတဲ့ ေက်ာင္းေတာ္ေဟာင္းကီးရဲ့၀င္ေပါက္မွာ ေက်ာက္ရုုပ္ ခုုကိုုေတြ႔ရပါတယ္။ ဂရိဘာသာနဲ႔ေရးထား တာဆုုိေတာ့ ဘာေတြမွန္းမသိ။ ဒါလည္း ဂရိရဲ့ထူးျခားခ်က္ပါပဲ။ အေနာက္ဥေရာပနုုိင္ငံအေတာ္မ်ားမ်ားမွာ အဂၤလိပ္ဘာသာနဲ႔ဆုုိင္းဘုုတ္ေတြေရးထားသလုုိ လူတုုိင္းနီးပါး အဂၤလိပ္စကားေျပာတတ္ၾကပါတယ္။ ဒါေပမဲ့ ဂရိမွာ အဂၤလိပ္စကားေျပာနုုိင္သူနဲေနဆဲျဖစ္ပီး ဆုုိင္းဘုုတ္ေတြကလည္း ဂရိဘာသာတခုု တည္းနဲ႔ေရးထားတာက မ်ားေနပါတယ္။ 

အဲဒီရုုပ္တုု ခုုမွာ ဘယ္သူက ဆုုိခေရတီလဲ ဆုုိျပိးျပတုုိက္လုုံျခံဳေရး၀န္ထမ္းကိုုေမးၾကည့္ေတာ့ ညာလက္နဲ ႔ေမးေစ့ ကိုုေထာက္ျပပါတယ္။ လက္ယာဖက္ကတေယာက္လားဆုုိျပီး ေသခ်ာေအာင္ေမးေတာ့ မဟုုတ္ဘူး။ မုုတ္ဆိတ္ကိုု ကုုိင္ျပီးစဥ္းစားေနသူတေယာက္တဲ့။ အင္းတခ်ဳိ႔ေနရာေတြမွာ Body Language ကုုိလဲ ဖတ္နုုိင္ေအာင္ေလ့က်င့္ထားဦးမွ။

ခရစ္မေပၚမီ 399 BC မွာကတည္းက ဆုုိခေရတီကြယ္လြန္သြားခဲ့တယ္ဆုုိေပမဲ့ သူရဲ့ေခတ္မီတဲ့စဥ္းစား ေတြးေခၚပုုံေတြ၊ က်င့္၀တ္ဆုုိင္ရာစဥ္းစားပုုံတြက Western philosophy ေပၚလႊမ္းမုုိးေနဆဲပါ။ အထူးသျဖင့္ သူတပည့္တဦးဖစ္သူ ပေလတုုိရဲ့ေဟာေျပာမႈေတြေၾကာင့္ မွတ္တမ္းေတြက်န္ခဲ့တာျဖစ္ပါတယ္။ ဆုုိခေရတီနဲ႔ ပေလတုုိတုုိ႔ရဲ့ ရုုပ္တုုေရွ႔မွာ လြတ္လပ္စြာဓတ္ပုုံရုုိက္ခြင့္ရေပမဲ့ ေက်ာင္း၀င္းထဲကုုိေတာ့ ၀င္ေပါက္နားေလာက္ပဲေလ့လာခြင့္ရျပီး အထဲမွာ ျပင္ဆင္မႈေတြလုုပ္ေနလုုိ႔ ေပးမ၀င္ပါဘူး။

ပါသီႏြန္၊ ဆုုိခေရတီးနဲ႔ ပင္လယ္ျပာဆီေရာက္ျပီးျဖစ္တာေၾကာင့္ ေအသင္မွာအထူးအေထြကိစၥ မက်န္ေတာ့ ပါ။ နက္ျဖန္မနက္အိမ္မျပန္မီ ျမိဳ့ထဲတခ်က္လွည့္ၾကည့္ဦးမွဆုုိျပီး ပါလီမန္ဖက္ လမ္းျပန္ေလ်ာက္ခဲ့ပါတယ္။ ရက္တာလုုံးလုုံး တေန႔ကုုန္ Tourist ဘတ္စ္ပဲစီးေနတာဆုုိေတာ့ တခါမွျမိဳ့ထဲ လမ္းမေလ်ာက္ျဖစ္ေသး။ ေအသင္ပါလီမန္ေရွ႔ ကလမ္းဟာလည္း တျခားဥေရာပျမိဳ့ေတာ္ေတြရွိ ပါလီမန္ေရွ႕႔ကလမ္းလုုိပဲ အဓိပတိ လမ္း၊ အထူးသျဖင့္ ေအာ္စလုုိ ပါလီမန္ေရွ႔က Karl Johans လမ္းလုုိ စည္ကားေနတာေတြ႔ရပါတယ္။ 

အရင္ေန႔ေတြက ရွာမေတြ႔တဲ့ ေအးရွားဆုုိင္ေတြ၊ တျခားဆုုိင္ေတြ အစုုံအလင္ ဒီလမ္းေပၚမွာေတြ႔ရပါတယ္။ ထမင္းမရလုုိ႔ ပီဇာေတြ၊ ဟမ္ဘာဂါေတြနဲ႔တင္းတိမ္ေနရတဲ့ဗုုိက္ကိုုလည္း အခုုမွပဲ တရုုတ္ဆုုိင္က အစာေတြ နဲ႔မိတ္ဆက္ေပးခဲ့ရပါတယ္။ ဒါေပမဲ့ ထုုိင္းဆုုိင္ေတာ့ မေတြ႔မိပါဘူး။ ဂရိဟာ တူရကီနားကပ္ေနတယ္။ တနည္းအားျဖင့္ အာရွတုုိက္နဲ႔ အနီးဆုုံးဥေရာပနုုိင္ငံျဖစ္တယ္ဆုုိေပမဲ့ ေတာင္အာရွနဲ႔ အာဖရိကအစားစာ ေတြ၊ ယဥ္ေက်းမႈေတြ၊ လူေတြပဲမ်ားေနျပီး အေရွအာရွကလူေတြက အေနာက္ဥေရာပမွာပုုိမ်ားေနတာ ထူးျခားေနသလိုုပါပဲ။

တရုုတ္ဆုုိင္မွာ ထမင္းစားျပီးပါလီမန္ေရွ႔ျပန္လာေတာ့ ဆႏၵျပပြဲတခုုနဲ႔တုုိးေနပါတယ္။ ေအသင္ဆုုိတာ ဆုုိခေရးတီးတုုိ႔ ေခတ္ကတည္းက ဒီမုုိကေရစီသေဘာတရားထြန္းကားေနတဲ့အရပ္ဆုုိေတာ့ ဆႏၵျပတာ ဘာမွမထူးဆန္း။ ဘယ္သူမွလည္း ၀ုုိင္းအုုံျပီး လာၾကည့္မေနပါ။ ရဲကားေတြလဲမေတြ႔မိပါ။ ဒီမုုိကေရစီ အသြင္ကူးေျပာင္းေရးဆီ ခ်ီတက္ေနတဲ့ ျမန္မာ့ပါလီမန္နဲ႔ ဒီမုုိကေရစီစတင္ေမြးဖြားရာ ဂရိပါလီမန္ ဘာေတြကြာေနသလဲ။ 

၁၉၄၈ လြတ္လပ္ေရးရကာစက ျမန္မာ့ပါ့လီမန္ဟာ ရန္ကုုန္ျမိဳ့လယ္က လူေနရပ္ကြက္ထဲမွာရွိေပမဲ့ မဆလ ေခတ္မွာေတာ့ ျပည္သူ႔ရင္ျပင္ဖက္ရွိ ကြင္းျပင္ထဲေရာက္သြားပါတယ္။ အဲ- နအဖ ေခတ္ေရာက္ေတာ့ ရန္ကုုန္နဲ႔ မုုိင္ ၃၀၀ ေက်ာ္ေ၀းတဲ့ ေနျပည္ေတာ္ျမိဳ့သစ္ဆီေရာက္သြားျပန္ပါတယ္။ အဲဒီျမိဳ့သစ္မွာမွတခါ လူေန႔ရပ္ကြက္နဲ႔ ပါလီမန္က ၁၀ ကီလိုုေက်ာ္ထပ္ေ၀းေနျပန္ပါတယ္။

ျပီးေတာ့ အစိုုးရရံုုးထုုိင္တဲ့ ေနျပည္ေတာ္ပါလီမန္ေရွ႔မွာဆႏၵျပတာ မသင့္ေတာ္ဘူးဆုုိျပီး ဆႏၵျပခြင့္ပိတ္ပင္ ထားျပန္ပါတယ္။ လြန္ခဲ့တဲ့ နွစ္ ၂၀၀၀ ေက်ာ္က ဒီမုုိကေရစီသေဘာတရားေတြကိုု ျငင္းခုုန္ခဲ့တဲ့၊ ေက်ာင္းသုုံး သမုုိင္းစာအုုပ္ထဲမွာ အခုုထိစုုိးမုုိးဆဲျဖစ္တဲ့ ဆုုိခေရတီးနဲ႔ ပေလတုုိတုုိ႔သာ ျမန္မာ့ပါလီမန္နဲ႔ ျမန္မာ့ ဒီမုုိကေရစီအေၾကာင္းသိရင္ ဘယ္လုုိမ်ားမွတ္ခ်က္ ေပးေလမလဲလုုိ႔စဥ္းစားရင္း ေရွးေဟာင္းေအသင္ျမိဳ့ ဆီကေန ျပန္လည္ထြက္ခြာလာခ့ဲပါ တယ္။        
========================================

အေသင်မှာ လည်ပတ်စရာ

မနက်အိပ်ရာနိုးချိန် ရာသီဥတုအနေအထားကို Check လိုက်တော့ နေသာပြီး အပူချိန်က ၁၈ ဒီဂရီတောင် ရှိနေပါတယ်။ ရေခဲပြင်ကနေ ထွက်ပြေးလာသူတဦးအဖို့ Wow! ဆိုပြီး အော်ချင်စရာကြိး။ ဥရောပနိုင်ငံချင်း တူရဲ့နဲ့ ဘာကြောင့် ဒီလောက်ကွာသွားတာလဲ။ အင်း- မြန်မာပြည်မှာတောင် ပူတာအိုနဲ့ ကော့သောင်က ဒီလိုကွာနေတာပဲလေ။ မြောက်ဝင်းရိုးစွန်းနဲ့နီးတဲ့ အော်စလိုနဲ့ မြေထဲပင်လယ်ကမ်ခြေဘေးက အေသင်ဟာ ဒီလောက်တော့ကွာမှာပေါ့။ လွန်ခဲ့တဲ့နှစ် ဆောင်းတွင်းကာလတွေတုန်းကရောက်ခဲ့ဖူးတဲ့ စပိန်နဲ့ ပေါ်တူဂီ ထက်တောင် ဂရိရာသီဥတုက ပိုနွေးနေပါသေးတယ်။




ဘယ်နေရာတွေသွားလည်ရင်ကောင်းမလဲဆိုပြီး ဟိုတယ်ကောင်တာမှာအကြံတောင်းတော့ Tourist Bus လို့ခေါ်တဲ့ သင်္ကြန်ကားလို အမိုးဖွင့် ၂ ထပ်ကားကိုစီးပြီးလျောက်လည်တာ အကောင်းဆုံးလို့ဆိုပါတယ်။ သူငယ်ချင်း တယောက်ကတော့ ပြောဖူးပါတယ်။ တိုးရစ်ကားစီးပြီးလျောက်လည်သူတွေဟာ Plan မရှိသူ၊ ဘယ်နေရာကိုသွားမယ်ဆိုပြီး ကြိုတင်အစီစဉ်မဆွဲထားနိုင်သူတွေတဲ့။ သူဝေဖန်ရင်လည်း ခံရမှာပါပဲ။ အေသင်ရောက်ရင် ဘာလုပ်မယ်ဆိုပြီး အသေးစိပ်အစီစဉ်ဆွဲထားတာ မရှိပါ။

နော်ဝေးမှာ အေးလွန်းလို့ ဆောင်းကိုရှောင်ချင်တာရယ်၊ ပြီးတော့ သမ္မတအိုဘားမား ရာထူးကမဆင်းခင် ၂၀၁၆ နိုဝင်ဘာမှာ ဥရောပနောက်ဆုံးခရီးအဖြစ် အေသင်ကိုလာလည်တာ။ BC ၅ ရာစုကတည်းကရှိခဲ့တဲ့ ပါသီနွန် (Parthenon) ဘုရားကျောင်းဆီသွားပြီး ဒီမိုကရေစီသဘောတရားအကြောင်းပြောသွားတာကို အမှတ်ရနေပါတယ်။  တခါ အထက်တန်းကျောင်းသားဘဝတုန်းက သမိုင်းထဲမှာသင်ဖူးတဲ့ ယုံကြည်ချက် အတွက် အဆိပ်သောက်သေသွားသူ ဆိုခရေတီးကို အမှတ်ရနေပါတယ်။ ဒီတော့ အေသင်ရောက်ရင် အဲဒီနေရာ ၂ ခုဆီတော့ ရောက်အောင်သွားမယ်၊ ရာသီဥတုက သိပ်နွေးမယ်ဆိုရင်တော့ ကမ်းခြေသွားပြီး ရေကူးမယ်ပေါ့။ ဒီထက် ပိုတဲ့အစီစဉ်မရှိပါဘူး။

အဲဒါဆိုရင် တိုးရစ်ကားစီးပြီးလည်တာ အကောင်းဆုံးပဲတဲ့။ ကားခကလည်းဈေးပေါသလားမမေးနဲ့။ ၁၆ ယူရိုဖိုး ဝယ်ထားရင် ၄၈ နာရီစာ စီးလို့ရတယ်တဲ့။ အရင် စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဘလဂျီယံမှာ ၂၂ ယူရိုပေးရတာတောင် ၂၄ နာရီပဲစီးခွင့်ရှိပါတယ်။ ၁၆ ယူရိုဆိုတာ ကားပေါ်မှာ ဝယ်တဲ့ဈေး။ ဟိုတယ်မှာ ဝယ်ရင် ၁၃ ယူရိုနဲ့ ပရိုမိုးရှင်းပေးပါတယ်။ ဒါပေမဲ့ ကိုယ်တည်းတဲ့ဟိုတယ်က ဈေးနဲနဲပေါတဲ့ နေရာဆိုတော့ တိုးရစ်ကားမှတ်တိုင် မရှိပါ။ ၁၀ မီနစ်လောက် လမ်းလျောက်ရတဲ့ အမျိုးသားပြတိုက်ဆီ အရင်သွားပြီး အဲဒီမှတ်တိုင်မှာ ကားစီးပါလို့ သူကအကြံပေးပါတယ်။

သာယာလိုက်တဲ့ရာသီဥတု။ တဆောင်းလုံးသိမ်းထားရတဲ့ နေကာမျက်မှန်လည်း အေသင်ရောက်မှပဲ တပ်ခွင့်ရပါတော့တယ်။ ဟိုတယ်ရှေ့မှာ ပထမဆုံးတွေ့မိတဲ့အပင်က အော်စလိုမှာဘယ်လိုမှမြင်ခွင့်မရနိုင်တဲ့ ဆီအုန်းပင်တွေ၊ တောထန်းပင်တွေ။ လမ်းကြားတခုကိုကျော်တော့ လိမ်မော်သီးတွေအပြည့်နဲ့လှပနေတဲ့ လမ်းဘေးသစ်ပင်တွေ။ နောက်ထပ်တွေ့တဲ့အဆောက်ဦတခုရှေ့မှာတော့ ဆီအုန်းအပြင် ယူကလစ်ပင်ကြီး တွေကိုပါတွေ့ရပါတယ်။ ရေခဲပြင် အရပ် ထင်းရူးတောထဲက ထွက်လာသူတဦးအဖို့ အထူးအဆန်းမြင် ကွင်းတွေပါပဲ။

နောက်ထပ်သတိထားမိတဲ့ ပတ်ဝန်းကျင်အနေအထားက လမ်းစည်းကမ်းနဲ့ လူစည်းကမ်းက အနောက် ဥရောပလိုမဟုတ်။ ပလက်ဖောင်းပေါ် ကိုယ်တချမ်းတင်ပြီး ရပ်ထားတဲ့ကားတွေ မနဲဘူး။ လမ်းအကွ့တွေ၊ လူကူးလမ်းတွေပေါ် ရပ်ထားတဲ့ကားတွေကိုလည်း တွေ့ရပါတယ်။ ပြီးတော့ ဆိုင်ကယ်တွေက လည်းပေါ သလားမမေးနဲ့။ ချင်းမိုင်တို့၊ မန္တလေးတို့နဲ့တူတယ်ပြောရမယ်ထင်ပါတယ်။ ဆိုင်ကယ်ဦးထုတ်မဆောင်း သူလဲ အများကြီးပါပဲ စက်ဘီးသမားတချို့ကို တွေ့ရပေမဲ့ ဒီမြို့မှာ စက်ဘီးလမ်းမရှိပါဘူး။ (အနောက်ဥရောပ နိုင်ငံအားလုံးနီးပါးမှာ စက်ဘီးလမ်းတွေ အသေချာလုပ်ပေးထားတာတွေ့ရပါတယ်)။ 

ဟိုငေးဒီငေးနဲ့ ၁၀ မီနစ်ခန့်အကြာမှာတော့ အမျိုးသားပြတိုက်ရှေ့ရောက်လာပါတယ်။ ပြတိုက်ရှေ့မှာတွေ့ရ တဲ့ ဆီအုန်းပင်၊ ပေပင်၊ လိမ်မော်ပင်တွေနဲ့ ငှက်ကလေးတွေကို ဓတ်ပုံရိုက်ဖို့၊ တိမ်ကင်းပြီး တောက်ပနေတဲ့ နေရောင်ချည်အောက်မှာ အနွေးထည်ချွတ်ပြီး ထိုင်ဖို့အရေးသာ အားသန်နေတဲ့အတွက် ပြတိုက်ထဲ မဝင်ဖြစ်လိုက်ပါဘူး။


(Parthenon) ပါသီနွန် ကျောင်းတော် ဆီသို့

လာပါပြီ ဟောဒီမှာ Tourist ကားတွေ။ မီနစ် ၃၀ တစီးရှိပြီး အနီ၊ အဝါ၊ အပြာ ၃ လိုင်းရှိပါတယ်။ တခြား ဥရောပနိုင်ငံတွေမှာ ဘယ်ကားဖြစ်ဖြစ် တက်စီးလို့ရပေမဲ့ ဒီမှာတော့ မရဘူး။ ကိုယ်ဝယ်မိတဲ့လက်မှတ်က အပြာလိုင်းတခုပဲ စီးခွင့်ရှိသတဲ့။ အမျိုးသားပြတိုက်ရှေ့ကနေ မြို့လယ်ဆီရောက်လာပါတယ်။ တခြား ဥရောပနိုင်ငံတွေလိုပဲ မြေအောက်ရထားဘူတာတွေ၊ ပန်းခြံတွေ၊ ဈေးဝယ်စင်တာတွေရှေ့မှာ လူတွေစည် ကားနေပါတယ်။ ဒါပေမဲ့ ထူးခြားတာက ဒီမှာတွေ့မိတဲ့လူတွေဟာ အနောက်ဥရောပမှာလို လူဖြူ၊ လူမဲ၊ လူဝါတွေသိပ်မများပဲ မနေ့က အင်စတန်ဘူးလ် လေယဉ်ကွင်းမှာတွေ့မိသလို ဥရောပနဲ့ အာဖရိကားကြားက အရောင်တွေအတော်များနေတာ သတိထားမိပါတယ်။




လမ်းဘေး ကော်ဖီဆိုင်တွေမှာထိုင်နေတဲ့ ပင်စားအရွယ်အတော်များများကိုတွေ့ရသလို အထုပ်အပိုး ကိုယ်စီနဲ့ ပန်းခြံ ထဲထိုင်နေတဲ့ လူငယ်၊ လူရွယ်အတော်များများကိုလည်းတွေ့ရပါတယ်။ ကြည့်ရတာ ဆိုင်မှာထိုင်နေသူတွေက ဒေသခံဂရိတွေဖြစ်ပုံရပြီး ပန်းခြံထဲက အထုပ်အပိုးနဲ့လူငယ်တွေကတော့ အာဖရိကဖက်ကနေ လှေစီးပြေးဝင်လာသူတွေ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ သေချာအောင် မေးမြန်းခွင့် မရခဲ့ပါဘူး။ Tourist ကားပေါ်ရှိ စပီကာကလည်း အဲဒီလူတွေ အကြောင်းရှင်းပြတာမဟုတ်။ လမ်း တလျောက်တွေ့ရတဲ့ အထင်ကရ ရှေးဟောင်းအဆောက်ဦတွေအကြောင်းပဲ ရှင်းပြနေတာပါ။

အေသင်ဟာ ရှေးဟောင်းမြို့တော်ဆိုတဲ့အတိုင်း အိမ်အိုဟောင်း အတော်များများကို မြို့ထဲမှာတွေ့ရပါတယ်။ ၄-၅ မှတ်တိုင်စီးပြီးတဲ့အခါမှာတော့ တောင်ကုန်းပေါ်က ပါသီနွန်ကျောင်းတော်ကိုလှမ်းမြင်ရပါတယ်။ တကယ်က အဲဒီကျောင်းတောင်ဟာ မြို့လယ်တောင်ကုန်းပေါ်မှာရှိနေလို့ တမြို့လုံးကနေ လှမ်းမြင်နိုင်တဲ့ သဘောပါ။ ပါလီမန်ရင်ပြင် ဆီမရောက်ခင် တမှတ်တိုင်အလိုမှာတော့ သား-ငါးဈေးတန်းကြီး တခုကိုတွေ့ရပါတယ်။ ဥရောပနဲ့မတူပဲ အာရှဒေသဖက်က ဈေးတွေနဲ့ ပိုတူနေသလိုပါပဲ။

အေသင်ပါလီမန်ကိုအခုမှ လူကိုယ်တိုင်မြင်ဖူးပေမဲ့ လွန်ခဲ့တဲ့နှစ်ပိုင်း ဂရိရဲ့စီးပွားရေးအကျပ်အတည်း ကာလက ဒီပါလီမန်ရှေ့မှာ ဆန္ဒပြနေကြတာကို TV မှာအကြိမ်အတော်များများမြင်ဖူးပြီးသားပါ။ ပါလီမန်ဘေးက ပန်းခြံကြီးကလည်းနဲတာမဟုတ်။ အဲဒီပန်းခြံထဲက တောထန်းပင်တန်းဟာ အတော်လှ ပါနေပါတယ်။ ပန်းခြံအလွန်မှာ Temple of Zeus ကျောင်းတော်ဟောင်းနေရာကိုတွေ့ပေမဲ့ မဆင်းဖြစ်ခဲ့ပါ။ ဒီနေ့အတွက် ပထမ ဦးစားပေးက ပါသီနွန်ကျောင်းတော်ဖြစ်နေတယ်မဟုတ်ပါလား။

နောက်တမှတ်တိုင်အကျော်မှာတော့ ကားက တောင်ပေါ်စတက်ပါတယ်။ နေ့လည် ၁၂ နာရီခွဲဆိုတော့ ဓတ်ပုံရိုက်ဖို့ ဘယ်လိုမှမကောင်းနိုင်။ ဒါပေမဲ့ အချိန်ရွေးနေလို့မရ။ ကားပေါ်ပါလာသူ အားလုံးဆင်းကြည့် တဲ့နေရာဖြစ်ပြီး အေသင်မှာတွေ့ရသမျှနေရာတွေထဲ အစည်းကားဆုံးဖြစ်ပါတယ်။ ဝင်ကြေးကလည်း အများဆုံးနေရာဖြစ်ပြီး ယူရွန် ၁၀ ပေးရပါတယ်။ ဒါပေမဲ့ တန်ပါတယ်။ BC ၅ ရာစု (ခရစ်မပေါ်မီ နှစ် ၅၀၀) က သမိုင်းဝင်အဆောက်ဦတခုကို ကြည့်ခွင့်ရဖို့ဆိုတာ လွယ်တာမဟုတ်။ မြန်မာနိုင်ငံက ပုဂံဘုရားတွေ ထက် နှစ် ၁၀၀၀ နီးပါး ပိုရှေးကျတဲ့နေရာပေါ့။

ဝင်ဝမှာ စတွေ့တဲ့အဆောက်ဦအမည်က Odeon of Herodes Atticus တဲ့။ ကျောက်တုံးတွေနဲ့ဆောက် ထားတဲ့ လူထောင်နဲ့ချီကြည့်နိုင်တဲ့ သမိုင်းထဲက ရှေးဟောင်းပွဲကြည့်စင်ကြီးဆိုပါစို့။ အဲဒီကနေ အပေါ်ကို ဆက်တက်တော့ ဧရာမကျောက်လုံးတိုင်ကြီးတွေကိုတွေ့ရပါတယ်။ အဝေးကကြည့်ရင် ကွန်ကရစ်လောင်း ထားတဲ့ ကျောက်တိုင်ကြီးလို့ထင်ရပေမဲ့ အနီးကပ်အသေချာကြည့်တော့ ကွန်ကရစ်မဟုတ်ပါ။ ၃ ပေစီ လောက် အပိုင်းလိုက်ဖြတ်တောက်ထားတဲ့ ကျောက်တုံးကြီးတွေကို တခုစီထပ်ပြီးလုပ်ထားတဲ့ ကျောက် တိုင်ကြီးတွေပါ။

အဲဒီတိုင်တွေပေါ်က မပြိုကျသေးပဲကျန်နေတဲ့ ကျောက်တုံးအမိုးအပိုင်းအစကတော့ Propylaea ဘုရား ကျောင်းရဲ့ ခေါင်းမိုးပေါ့။ အဲဒီဝင်ပေါက်အလွန်မှာတော့ ဒီတောင်ကုန်းရဲ့ အဓိကအဆောက်ဦ ပါသီနွန် (Parthenon) ကျောင်း တော်ကြီးကိုတွေ့ရပါတယ်။ ကျောင်းဆိုတာ temple ကို အလွယ်ခေါ်လိုက်တာပါ။ တတယ်က goddess Athena နတ်မိမယ်နေရာလို့ဆိုပါတယ်။ 447 BC မှာကတည်းက ဒီကျောင်းကို စဆောက်တာဆိုတော့ လူ့သမိုင်းမှာ ကိုးကွယ်ယုံကြည်မှုစတင်ပေါ်ကာစ (ဘုရားတွေမပေါ်ခင်) အချိန်ပဲရှိ ပါသေးတယ်။ ဒီကျောင်းမှာနေတဲ့ နတ်ဘုရားက သူတို့ကို ကူညီစောင်မတယ်လို့ အေသင်မြို့သားတွေက ယုံကြည်ကြတယ်လို့ဆိုပါတယ်။

ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ရာဇဝင်ပါ။ အခုတော့ ဒီသမိုင်းဝင်အဆောက်ဦကို မူလ လက်ရာ အတိုင်းပြန်လည်ထိမ်းသိမ်းထားနိုင်အောင် EU အကူအညီနဲ့ပြုပြင်နေတယ်လို့ စာတန်းရေးထား တာတွေ့ရပါတယ်။ ပြင်ဆင်မှုလုပ်နေတဲ့ ယန္တယားတွေလည်းလုပ်ငန်းခွင်ထဲရှိနေပါတယ်။ ရှေးဟောင်း ကျောက်တိုင်တွေ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ အဲဒီအဆောက်ဦဘေးမှာတော့ နတ်သမီးရုပ် ၅ ခု ကထမ်းထားတဲ့ အဆောက်ဦ၊ ဂရိနိုင်ငံတော် အလံတလူလူလွှင့်နေတဲ့တောင်ကုန်းနဲ့ ဟိုခတ်လှမ်းလှမ်းက Mount Lycabettus ကို မြင်နေရပါတယ်။

သမ္မတ အိုဘားမားလာတုန်းက တကူးတကာ့အချိန်ပေး လေ့လာခဲ့တဲ့နေရာပေါ့။ ရှေးဟောင်းဂရိယဉ် ကျေးမှု၊ ဒီမိုက ရေစီအတွေးအခေါ်နဲ့ အနောက်တိုင်းလူအဖွဲ့အစည်း western civilization အတွက် သိပ်အရေးကြီးတဲ့နေရာတခု ဖြစ်တယ်လို့ဆိုပါတယ်။ ဒီတောင်ကုန်းဟာ အေသင်မြို့လယ်ခေါင်တည့်တည့် မှာရှိနေတာကြောင့် တမြို့လုံးကိုလှမ်း ကြည့်ခွင့်ရတဲ့မြင်ကွင်းကလဲ လှပနေပါတယ်။ အေသင်မှာ လူဦးရေ ၇ သိန်းနီးပါးရှိပြီး ဂရိတနိုင်ငံလုံးလူဦးရေက ၁၂ သန်းနီးပါးရှိပါတယ်။


ဆိုခရေတီးနှင့် တွေ့ဆုံခြင်း

သမိုင်းဝင်အဆောက်ဦတွေကိုငေးရင်း၊ ဓတ်ပုံရိုက်ရင်းနဲ့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိလိုက်။ ဘတ်စ်ကားဂိတ်ပြန်ရောက်တော့ နေ့လည် ၂ နာရီကျော်နေပြီ။ အပြာရောင်ကားက ကမ်းနားဖက်သွား တာတစီး၊ မြို့ထဲပြန်ဝင် တာတစီးရှိတယ်လို့ ကားဂိတ်မှာစောင့်နေတဲ့ ဧည့်လမ်းညွှန်ကောင်မလေး ကပြောပါတယ်။ ကောင်မလေးဆိုလို့ ဥရောပသူအတော်များများ ဆေးလိပ်သောက်ကြပါတယ်။ ဒါပေမဲ့ ထူးခြားတာက အနောက်ဥရောပသူတွေက စီးကရက်သောက်ပြီး အေသင်သူတွေက ပွတ်ချွန်း (လက်လုပ် ဆေးလိပ်) သောက်နေခြင်းပါ။ စားသောက်ဆိုင်တွေမှာလည်း ဆေးလိပ်သောက်သူတွေရှိနေဆဲမို့ နော်ဝေမှာလို ဆေးလိပ်ဥပဒေ သိပ်တင်းကျပ်ပုံမရသေးပါ။




နေသာတုန်း ကမ်းနားဖက်အရင်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ လှလိုက်တဲ့ကမ်းခြေတွေ၊ အပူချိန်က ၂၀ တောင်ကျော်မလားမသိပါ။ ကမ်းခြေမှာ ရေကူးသူ၊ နေစာလှူံသူ၊ လမ်းလျောက်နေသူ၊ ဘာဘီကျုးကင် နေသူတွေအများကြီး။ ရေမကူးရင်တောင် သဲသောင်ပေါ် လမ်းတော့ဆင်းလျောက်ကြည့်ဦးမှဆိုပြီး ကားပေါ်က ဆင်းလိုက်ပါတယ်။ ပလက်ဖောင်းပေါ်ရောက်ပြီးမှ နောက်ဘတ်စ်ကားက ဘယ်ချိန်လဲဆိုပြီးမေး မိပါတယ်။ လမ်းဘေးဆိုင်မှာ ဆေးလိပ်ဝယ်ပြီးပြန်လာတဲ့ ကားဆရာက ဒီကားဟာ နောက်ဆုံးပဲတဲ့။ အမ်- အဲဒါနဲ့ ကမ်းခြေပေါ် လမ်းလျောက်ခွင့်မရပဲ ကားပေါ်ပြန်တက်ခဲ့ရတယ်ဆိုပါတော့။

ကမ်းခြေတလျောက် ကားမောင်းချိန် တနာရီနီးပါးကြာတယ်ဆိုတော့ အသွားအပြန် ၂ နာရီတောင်။ ဟိုတယ်ပြန်ရောက်တော့ ညနေ ၅ နာရီလောက်ရှိနေပြီ။ အေးရှားဆိုင်ကိုရှာမတွေ့သေးတော့ အီတလီ ပီဇာနဲ့ပဲ ညစာကို ဗိုက်ဖြည့်လိုက်ရပါတယ်။ နောက်တနေ့မနက်မှာတော့ မနေ့ကမရောက်ဖြစ်သေးတဲ့ ဆိုခရေးတီး ပြတိုက်ဆီရောက် အောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း Tourist ကားကို မနေ့ကအတိုင်းပြန်စီး။ မြို့တပတ်ပတ်ပြီးမှ ဆိုခရေတီးနဲ့ပလေတိုတို့ ရုပ်တုတွေရှိတဲ့ အမျိုးသားစာကြည့် တိုက်ဆီရောက်ပါတယ်။

ပါသီနွန်ကျောင်းတော်၊ Zeus ကျောင်းတော်နဲ့ တခြားပြတိုက်တွေမှာ လူများသလောက် ဆိုခရေးတီးတို့ ဆီမှာ လူနဲပါတယ်။ ခရစ်မပေါ်ခင်ကတည်းက ဒီမိုကရေစီသဘောတရားအခြေခံတွေကိုငြင်းခုန်ခဲ့ဖူးတဲ့ ကျောင်းတော်ဟောင်းကြီးရဲ့ဝင်ပေါက်မှာ ကျောက်ရုပ် ၂ ခုကိုတွေ့ရပါတယ်။ ဂရိဘာသာနဲ့ရေးထား တာဆိုတော့ ဘာတွေမှန်းမသိ။ ဒါလည်း ဂရိရဲ့ထူးခြားချက်ပါပဲ။ အနောက်ဥရောပနိုင်ငံအတော်များများမှာ အင်္ဂလိပ်ဘာသာနဲ့ဆိုင်းဘုတ်တွေရေးထားသလို လူတိုင်းနီးပါး အင်္ဂလိပ်စကားပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဂရိမှာ အင်္ဂလိပ်စကားပြောနိုင်သူနဲနေဆဲဖြစ်ပြီး ဆိုင်းဘုတ်တွေကလည်း ဂရိဘာသာတခု တည်းနဲ့ရေးထားတာက များနေပါတယ်။ 

အဲဒီရုပ်တု ၂ ခုမှာ ဘယ်သူက ဆိုခရေတီလဲ ဆိုပြိးပြတိုက်လုံခြုံရေးဝန်ထမ်းကိုမေးကြည့်တော့ ညာလက်နဲ့မေးစေ့ ကိုထောက်ပြပါတယ်။ လက်ယာဖက်ကတယောက်လားဆိုပြီး သေချာအောင်မေးတော့ မဟုတ်ဘူး။ မုတ်ဆိတ်ကို ကိုင်ပြီးစဉ်းစားနေသူတယောက်တဲ့။ အင်း…တချို့နေရာတွေမှာ Body Language ကိုလဲ ဖတ်နိုင်အောင်လေ့ကျင့်ထားဦးမှ။

ခရစ်မပေါ်မီ 399 BC မှာကတည်းက ဆိုခရေတီကွယ်လွန်သွားခဲ့တယ်ဆိုပေမဲ့ သူရဲ့ခေတ်မီတဲ့စဉ်းစား တွေးခေါ်ပုံတွေ၊ ကျင့်ဝတ်ဆိုင်ရာစဉ်းစားပုံတွက Western philosophy ပေါ်လွှမ်းမိုးနေဆဲပါ။ အထူးသဖြင့် သူတပည့်တဦးဖြစ်သူ ပလေတိုရဲ့ဟောပြောမှုတွေကြောင့် မှတ်တမ်းတွေကျန်ခဲ့တာဖြစ်ပါတယ်။ ဆိုခရေတီနဲ့ ပလေတိုတို့ရဲ့ ရုပ်တုရှေ့မှာ လွတ်လပ်စွာဓတ်ပုံရိုက်ခွင့်ရပေမဲ့ ကျောင်းဝင်းထဲကိုတော့ ဝင်ပေါက်နားလောက်ပဲလေ့လာခွင့်ရပြီး အထဲမှာ ပြင်ဆင်မှုတွေလုပ်နေလို့ ပေးမဝင်ပါဘူး။

ပါသီနွန်၊ ဆိုခရေတီးနဲ့ ပင်လယ်ပြာဆီရောက်ပြီးဖြစ်တာကြောင့် အေသင်မှာအထူးအထွေကိစ္စ မကျန်တော့ ပါ။ မနက်ဖြန်မနက်အိမ်မပြန်မီ မြို့ထဲတချက်လှည့်ကြည့်ဦးမှဆိုပြီး ပါလီမန်ဖက် လမ်းပြန်လျောက်ခဲ့ပါတယ်။ ၂ ရက်တာလုံးလုံး တနေ့ကုန် Tourist ဘတ်စ်ပဲစီးနေတာဆိုတော့ တခါမှမြို့ထဲ လမ်းမလျောက်ဖြစ်သေး။ အေသင်ပါလီမန်ရှေ့ ကလမ်းဟာလည်း တခြားဥရောပမြို့တော်တွေရှိ ပါလီမန်ရှေ့ကလမ်းလိုပဲ အဓိပတိ လမ်း၊ အထူးသဖြင့် အော်စလို ပါလီမန်ရှေ့က Karl Johans လမ်းလို စည်ကားနေတာတွေ့ရပါတယ်။ 

အရင်နေ့တွေက ရှာမတွေ့တဲ့ အေးရှားဆိုင်တွေ၊ တခြားဆိုင်တွေ အစုံအလင် ဒီလမ်းပေါ်မှာတွေ့ရပါတယ်။ ထမင်းမရလို့ ပီဇာတွေ၊ ဟမ်ဘာဂါတွေနဲ့တင်းတိမ်နေရတဲ့ဗိုက်ကိုလည်း အခုမှပဲ တရုတ်ဆိုင်က အစာတွေ နဲ့မိတ်ဆက်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ထိုင်းဆိုင်တော့ မတွေ့မိပါဘူး။ ဂရိဟာ တူရကီနားကပ်နေတယ်။ တနည်းအားဖြင့် အာရှတိုက်နဲ့ အနီးဆုံးဥရောပနိုင်ငံဖြစ်တယ်ဆိုပေမဲ့ တောင်အာရှနဲ့ အာဖရိကအစားစာ တွေ၊ ယဉ်ကျေးမှုတွေ၊ လူတွေပဲများနေပြီး အရှေအာရှကလူတွေက အနောက်ဥရောပမှာပိုများနေတာ ထူးခြားနေသလိုပါပဲ။

တရုတ်ဆိုင်မှာ ထမင်းစားပြီးပါလီမန်ရှေ့ပြန်လာတော့ ဆန္ဒပြပွဲတခုနဲ့တိုးနေပါတယ်။ အေသင်ဆိုတာ ဆိုခရေးတီးတို့ ခေတ်ကတည်းက ဒီမိုကရေစီသဘောတရားထွန်းကားနေတဲ့အရပ်ဆိုတော့ ဆန္ဒပြတာ ဘာမှမထူးဆန်း။ ဘယ်သူမှလည်း ဝိုင်းအုံပြီး လာကြည့်မနေပါ။ ရဲကားတွေလဲမတွေ့မိပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆီ ချီတက်နေတဲ့ မြန်မာ့ပါလီမန်နဲ့ ဒီမိုကရေစီစတင်မွေးဖွားရာ ဂရိပါလီမန် ဘာတွေကွာနေသလဲ။ 

၁၉၄၈ လွတ်လပ်ရေးရကာစက မြန်မာ့ပါ့လီမန်ဟာ ရန်ကုန်မြို့လယ်က လူနေရပ်ကွက်ထဲမှာရှိပေမဲ့ မဆလ ခေတ်မှာတော့ ပြည်သူ့ရင်ပြင်ဖက်ရှိ ကွင်းပြင်ထဲရောက်သွားပါတယ်။ အဲ- နအဖ ခေတ်ရောက်တော့ ရန်ကုန်နဲ့ မိုင် ၃၀၀ ကျော်ဝေးတဲ့ နေပြည်တော်မြို့သစ်ဆီရောက်သွားပြန်ပါတယ်။ အဲဒီမြို့သစ်မှာမှတခါ လူနေ့ရပ်ကွက်နဲ့ ပါလီမန်က ၁၀ ကီလိုကျော်ထပ်ဝေးနေပြန်ပါတယ်။

ပြီးတော့ အစိုးရရုံးထိုင်တဲ့ နေပြည်တော်ပါလီမန်ရှေ့မှာဆန္ဒပြတာ မသင့်တော်ဘူးဆိုပြီး ဆန္ဒပြခွင့်ပိတ်ပင် ထားပြန်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က ဒီမိုကရေစီသဘောတရားတွေကို ငြင်းခုန်ခဲ့တဲ့၊ ကျောင်းသုံး သမိုင်းစာအုပ်ထဲမှာ အခုထိစိုးမိုးဆဲဖြစ်တဲ့ ဆိုခရေတီးနဲ့ ပလေတိုတို့သာ မြန်မာ့ပါလီမန်နဲ့ မြန်မာ့ ဒီမိုကရေစီအကြောင်းသိရင် ဘယ်လိုများမှတ်ချက် ပေးလေမလဲလို့စဉ်းစားရင်း ရှေးဟောင်းအေသင်မြို့ ဆီကနေ ပြန်လည်ထွက်ခွာလာခဲ့ပါ တယ်။  


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More