Friday, October 28, 2016

ဗိုလ်ကြီးဟောင်းဝင်းထိန်ကိုစိန်ခေါ်ပါတယ်

ဗိုလ်ကြီးဟောင်းဝင်းထိန်ကိုစိန်ခေါ်ပါတယ်
၂၈-၁၀-၂၀၁၆
(မရေးမဖြစ်လို့၊ မရေးချင်ပေမယ့်၊ ရေးဖြစ်တာပါ။ ကျနော့်ရဲဘော်၊ မိတ်ဆွေ၊
သူငယ်ချင်းတွေကတော့ အရေးလုပ်တုန့်ပြန်တာကို အပြစ်မြင်ကောင်းမြင်
ပါလိမ့်မယ်။ ကျနော်ကတော့ နည်းနည်းလဲ စိန်ခေါ်ချင်တာကြောင့်ရေးရ
တာပါ။)

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ထုတ်တဲ့ မြန်မာသံတော်ဆင့်
ဂျာနယ်မှာ အာဏာရှင်ဦးဝင်းထိန်နှင့်အထူးတွေ့ဆုံခြင်းဆိုတာကို ဖော်ပြ
ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမေးမြန်းခန်းမှာ ဦးဝင်းထိန်က ကျနော်နဲ့ပတ်သက်
တဲ့အကြောင်းကို ထည့်ပြောသွားတာတွေ့ရပါတယ်။ အဲဒီပြောကြားချက်
တွေနဲ့ပတ်သက်လို့ ကျနော်ကလည်း နည်းနည်းပြန်ပြောဖို့လိုလာပါတယ်။
အဲဒါကြောင့် မရေးမဖြစ်ရေးလိုက်ရတဲ့စာလို့ပဲပြောချင်ပါတယ်။

၁၉၉၂ ခုနှစ်တုန်းက ထောင်ထဲမှာ ကိုယ်ရယ်၊ ရန်မျိုးသိမ်းရယ်ရှိတယ်ဆို
တာမှန်ပါတယ်။ တိတိကျကျပြောရရင် အင်းစိန်ဗဟိုအကျဉ်းထောင်မှာပါ။
ဒါပေမယ့် ကျနော်နဲ့ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)နဲ့က မရင်းနှီးပါ
ဘူး။ သူက အထူးတိုက်မှာပါ။ ကျနော်က အင်းစိန်ထောင်(၁)တိုက်မှာပါ။
ပုဒ်မကတော့ နှစ်ယောက်စလုံး ၁၀(က)ပါ။ အင်းစိန်ထောင်ထဲမှာ ကျနော်နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)တို့ တစ်ကြိမ်တော့ဆုံဖြစ်ခဲ့ပါတယ်။

အဲဒါက ဗမာပြည်ကွန်မြူနစ်ပါတီပေါ်လစ်ဗျူရိုအစည်းအဝေးမှတ်တမ်းဗီဒီ
ယိုအခွေကို အင်းစိန်ထောင်၊ အထူးတိုက်မှာ နိုင်ငံရေးအကျဉ်းသားတွေ
ကို သီးသန့်ထုတ်ပြီး၊ ပြတုန်းကပါ။ စကားပြောလို့မရပါဘူး။ လူချင်းမြင်
ရုံတွေ့ရုံပါ။ အဲဒီနောက် ၁၉၉၁ ခုနှစ်မှာ ကျနော်ကို ပုဒ်မ ၅(ည)နဲ့
တရားစွဲပြီး၊ နေ့ချင်း (၄)နှစ် ထောင်ချခဲ့ပါတယ်။ အဲဒီလို ထောင်မချခင်
ကျနော်တို့ အင်းစိန်ထောင်(၁)တိုက်မှာရှိတဲ့အချိန် ကျနော်တို့ကို တပ်
မတော်ထောက်လှမ်းရေးက စစ်ကြောရေးပြန်လုပ်ပါတယ်။ ကျနော်တို့
ရဲ့သဘောထားကို မေးမြန်းပါတယ်။ ပုဒ်မ ၁၀(က)နဲ့ထိန်းသိမ်းခံထား
ရတဲ့သူတွေအားလုံးနီးပါးကို စစ်ကြောရေးပြန်လုပ်ခဲ့ပါတယ်။ အဲဒီတုန်း
က ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)က အထူးတိုက်မှာဖြစ်ပါလိမ့်
မယ်။ ကျနော်က (၁)တိုက်မှာပါ။ အဲဒီ စစ်ကြောရေးလုပ်ပြီးမှ အနည်း
ငယ်ကိုပြန်လွတ်ပေးခဲ့ပါတယ်။ အများစုကိုတော့ ထောင်ချခဲ့ပါတယ်။

နောက် ထောင်ချပြီးတဲ့နောက် ၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အဲဒီတုန်း
က ဒီချုပ်ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟိုဦးစီးအဖွဲ့ဝင်တွေ၊ ဒီချုပ်ရဲ့
၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံရေး
အကျဉ်းကျသူအတော်များများကို မေးခွန်းတွေ ထပ်ဖြေခိုင်းခဲ့ပါတယ်။

အဲဒီတုန်းက ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)အနေနဲ့ ကိုယ်
ဘယ်လိုဖြေခဲ့တယ်ဆိုတာ ကိုယ်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကျ
နော်ကတော့ ကိုယ်ဘယ်လိုဖြေခဲ့တယ်ဆိုတာ အမြဲတမ်းအမှတ်ရ
နေပါတယ်။ အဲဒီနောက် ၁၉၉၂ ခုနှစ် မေလဆန်းမှာ ကျနော့်ကို ပြန်
လွှတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ဆရာမင်းသိင်္ခ၊ ၉၀ အမတ် ဦးဘ
ပွား၊ ဒေါ်ခင်စန်းလှိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ
ဆယ်ယောက်လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက
ကျနော်တို့ကို လာလွှတ်ပေးတဲ့တာဝန်ခံက တပ်မတော်ထောက်
လှမ်းရေးက ဒုတိယဗိုလ်မှူးကြီးထွန်းချွန်ပါ။

သူက ကျွန်တော့်ကို
စကားလာပြောတဲ့အခါ၊ ကျနော်က ဆေးတက္ကသိုလ်ပြန်တက်ခွင့်
ရနိုင်မလားလို့မေးခဲ့ပါတယ်။ သူက ပြန်တက်ခွင့်ရပါလိမ့်မယ်လို့
ပြန်ဖြေခဲ့တာပါ။ အဲဒါကြောင့် ကျနော်ပြန်လွတ်ပြီးနောက်ပိုင်း ကျ
နော်ဟာ တစ်ပိုင်းတစ်စပညာရေးကို ပြန်ဆက်ဖို့ ကြိုးစားခဲ့ရပါ
တယ်။ အခြားကျောင်းက အခြားသူတွေ တက်ခွင့်မရတာဘာ
ကြောင့်ဆိုတာ မသိနိုင်ပါ။ ကျနော်တို့ တက္ကသိုလ်မှာတော့ တက်
ခွင့်ရခဲ့ပါတယ်။ ကျနော်တစ်ယောက်တည်းမဟုတ်ပါ။ နောက်
စက်မှုတက္ကသိုလ်မှာလည်း ထောင်ကလွတ်လာပြီးတဲ့နောက်
အားလုံး ပြန်တက်ခွင့်ရခဲ့ကြပါတယ်။

နောက် ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)ပြောတဲ့ သူက
ဒေါ်စုဆီစာရေးတယ်။ ကျွန်တော့်ပညာရေးအတွက် နောက်
မိဘကိုကျေးဇူးဆပ်ချင်လို့ ဆေးတက္ကသိုလ်တက်ချင်လို့ သက်
ဆိုင်ရာနဲ့နားလည်မှုယူလိုက်ရတာပါပေါ့။ သူ့ကို အထင်မမှား
ပါနဲ့။ ဘာညာဘာညာပေါ့။ အဲဒီစာ ကိုယ့်ကိုပေးတော့၊ ကိုယ်
ကတစ်ဆင့် ဒေါ်စုကိုပေးတာ။ အဲဒီစာ ကိုယ်ရယ်၊ ဒေါ်စုရယ်
နှစ်ယောက်ပဲ ဖတ်ရတယ်။ ပြီးတော့ မီးရှို့ပစ်လိုက်တယ်။ အဲ
ဒီလိုကောင်။ လို့ပြောပါတယ်။

နည်းနည်းလေးတော့ ပြန်ရှင်းရင်း ပြောပြချင်မိပါတယ်။ အဲဒါ
က ကိုယ်ဖြတ်သန်းခဲ့တဲ့အကြောင်းနဲ့လည်းဆက်စပ်နေလို့ပါ။
ကျနော်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့နောက်ဆုံးတွေ့ဆုံဆွေး
နွေးငြင်းခုန်စကားပြောဖြစ်ခဲ့တာ ၁၉၈၉ ခုနှစ် ဇွန်လပါ။ အဲ
ဒီတုန်းက ဗကသများအဖွဲ့ချုပ် နဲ့ ဒီချုပ်ဗဟိုလူငယ်ပူးတွဲသတင်း
စာရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဝင်းထဲက
ပြန်ကြားရေးတဲမှာလုပ်ခဲ့တာပါ။

အဲဒီတုန်းက ကျနော်ဗိုလ်ကြီး
ဟောင်းဝင်းထိန်(ဦးဝင်းထိန်)နဲ့လည်း မသိပါ။ စကားလည်းမ
ပြောဖူးပါ။ ဒေါ်စုနဲ့ကျနော်တို့ဆွေးနွေးတဲ့အခါမှာလည်း ဘယ်
တုန်းကမှ မပါခဲ့ဘူးပါ။ အဲဒီနောက်ပိုင်း ကျနော်ဒေါ်အောင်ဆန်း
စုကြည်နဲ့သီးသန့်မတွေ့ဖြစ်တာ ဒီနေ့အထိပါ။ ၁၉၈၉ ခုနှစ်
တုန်းက ကျနော့်ပုံစံက ပိန်ပိန်ပါးပါး ပါ။

၁၉၉၅ ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေ
အိမ်အကျယ်ချုပ်ကနေ လွတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ
ကျနော်က တတိယနှစ်ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့လုပ်ဖော်
ကိုင်ဖက်၊ ရဲဘော်ရဲဘက် စက်မှုတက္ကသိုလ်က ကျောင်းသား
တွေလည်း ကျောင်းပြန်တက်နေကြပါပြီ။ အဲဒီကာလနောက်
ပိုင်းမှာ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဆက်
အသွယ်တွေလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တာဟာ သခင်
အုန်းမြင့်(အဘဦးအုန်းမြင့်)(ကွယ်လွန်)ကနေတဆင့် ဒေါ်
အောင်ဆန်းစုကြည်ဆီကို သတင်းတွေ၊ အချက်အလက်
တွေစတာတွေကို ပံ့ပိုးပေးခဲ့ပါတယ်။

သခင်အုန်းမြင့်က
အကူအညီတောင်းတဲ့အကြောင်းအရာတွေကိုလည်း ကျ
နော်တို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့ပါတယ်။ ဒါပေ
မယ့် အဲဒီကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဆီကို
ကျနော့်ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့စာတစ်စောင်မှ မရေးခဲ့
ဘူးပါ။ ဒီမိုကရေစီရေးနဲ့ပတ်သက်တဲ့စာတွေ၊ သတင်း
တွေ၊ အထောက်အထားတွေ၊ အချက်အလက်တွေကို
ပဲ သခင်အုန်းမြင့်(အဘဦးအုန်းမြင့်)ကနေတဆင့် ပို့
ပေးခဲ့တာပါ။ အဲဒီတုန်းက စစ်ထောက်လှမ်းရေးအနေ
အထားအရ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့
လုံးဝတွေ့ဆုံခဲ့ခြင်းမရှိတဲ့အပြင်၊ ဗိုလ်ကြီးဟောင်းဝင်း
ထိန်(ဦးဝင်းထိန်)နဲ့လည်း တွေ့ဆုံခဲ့တာမရှိပါဘူး။

အဲဒီတုန်းက ကျနော်အမြဲတွေ့ဖြစ်တာက သခင်အုန်း
မြင့်ပါ။ အဘဦးအုန်းမြင့်က ဒေါ်စုခြံထဲကို တံခါးမရှိ
ဓားမရှိဝင်နိုင်၊ ထွက်နိုင်တဲ့အပြင်၊ သခင်အုန်းမြင့်ကို
အပြည့်အ၀ယုံကြည်တာမို့ သူတစ်ယောက်တည်းနဲ့
ဆက်သွယ်အလုပ်လုပ်ခဲ့တာပါ။ ကျနော်ဟာ ဒီချုပ်
ပါတီဝင်တစ်ယောက်လဲမဟုတ်တဲ့အပြင်၊ ဒေါ်စုနဲ့
တောင် တွေ့ဖို့စိတ်မကူးခဲ့ပါဘူး။ အဲဒါ အဲဒီကာလ
လုံခြုံရေးအနေအထားအရပါ။ အဲဒီကာလတုန်းက
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်မျိုးသိမ်းဆိုတဲ့
နာမည်ကို သိကောင်းသိနိုင်ပေမယ့်၊ လူနဲ့နာမည်နဲ့
တွဲသိဖို့ မလွယ်လောက်ပါဘူး။

အဲဒီကာလတုန်းက
ကျနော်နဲ့ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)နဲ့
အပြင်မှာလုံးဝမတွေ့ဘူးတာကို ကျနော်က ဘယ်
လိုသူ့ဆီကတဆင့် ဒေါ်စုဆီ စာပေးလို့ရမလဲ ကျ
နော်မစဉ်းစားတတ်ပါ။ သူပြောပုံအရ ဒေါ်စုရယ်၊
သူရယ်၊ ကျနော်ရယ်ပဲသိတဲ့ ကိစ္စကြီးဖြစ်နေပါတယ်။
ပြီးတော့ စာကိုတောင် မီးရှို့ပစ်လိုက်တယ်လို့ဆို
ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့
ကျနော့်ကိုတောင် ကောင်းကောင်းမှတ်မိမှာမဟုတ်
ပါဘူး။


နောက် ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦးဝင်းထိန်)ပြော
တဲ့ ကိုယ်နဲ့နှစ်ယောက်ထဲဆို ဒီကောင်မပြောရဲဘူး။
ကွယ်ရာကနေသာ လှမ်းကစ်နေတာဆိုတာကတော့
လွဲနေပြီထင်ပါတယ်။ ကျနော်က မပြောရဲစရာအကြောင်း
မရှိပါဘူး။ တကယ်သာ ဗိုလ်ကြီးဟောင်းဝင်းထိန်(ဦး
ဝင်းထိန်)အနေနဲ့ သတ္တိရှိမယ်ဆိုရင် ကျနော်နဲ့နှစ်ယောက်
တည်း စကားစစ်ထိုးကြရအောင်ပါ။ တခြားအကြောင်း
မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လက်ငင်း
အခြေအနေနဲ့ပတ်သက်လို့ပါ။

သတ္တိတကယ်ရှိတယ်။
သွေးရဲတယ်ဆိုရင် ရန်ကုန်မှာ တစ်ပွဲတစ်လမ်းလောက်
အကဲစမ်းချင်ပါတယ်။ အဲဒီစကားစစ်ထိုးပွဲမှာ ပြောမယ့်၊
ဆွေးနွေးမယ့် အကြောင်းအရာတွေက ဒီချုပ်ပါတီရဲ့
ပိုအားကောင်းတဲ့ခေါင်းဆောင်မှုနဲ့ပိုအားကောင်းတဲ့
အနာဂတ်အတွက်ပြောမှာနော်။ နိုင်ငံရေးသိက္ခာရှိရှိ၊
အရည်အသွေးရှိရှိ ပြောမှာနော်။ သတ္တိနည်းနည်းဖြစ်
ဖြစ်ရှိရင် ကျနော် ရန်မျိုးသိမ်းက ဗိုလ်ကြီးဟောင်းဝင်း
ထိန်(ဦးဝင်းထိန်)ကို စိန်ခေါ်ပါတယ်လို့။

အပြီးသတ်အနေနဲ့ပြောပြချင်တာက-
ကျနော်ဟာ အစိုးရသက်သေမလုပ်ခဲ့ဘူးပါ။
ကျနော်ဟာ ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်
အချင်းချင်းအကြား သစ္စာမဖောက်ခဲ့ဘူးပါ။
ကျနော်ဟာ စစ်အစိုးရအဆက်ဆက်ဆီက
ကိုယ်ကျိုးအတွက် အခွင့်အရေးမယူခဲ့ဘူးပါ။
ထောင်ထဲမှာနေခဲ့တုန်းကလဲ ကိုယ်အနေချောင်
ဖို့ကိုယ်အဆင်ပြေဖို့ အာဏာပိုင်နဲ့မပေါင်းခဲ့ပါ။
ထောင်ထဲမှာ ကိုယ်အနေချောင်ဖို့၊ ကိုယ်အဆင်
ပြေဖို့ အချင်းချင်းအကြား ဖောက်လွဲဖောက်ပြန်
မလုပ်ခဲ့ဘူးပါ။

ကျနော်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းပါဆိုပြီး၊
ဘာအခွင့်အရေးမှမယူခဲ့ဘူးပါ။
ကျနော်ကိုယ်တိုင်ရော၊ ဆွေမျိုးသားချင်းတွေရော
နိုင်ငံခြားမှာပညာသင်ခွင့်ရအောင်မလုပ်ခဲ့ဘူးပါ။
နိုင်ငံရေးအကျဉ်းသားအနေနဲ့ ဘယ်သူ၊ ဘယ်အဖွဲ့
အစည်းဆီကမှ ဘာအကူအညီမှမယူခဲ့ဘူးပါ။
လေးစားလျက်-
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More