Friday, September 16, 2011

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ။

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ
၁၇၀၉၁၁ (ထက်အောင်ကျော်)

မနက်ဖြန် တနင်္ဂနွေ။ စက်တင်ဘာ ၁၈ ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာနာသိမ်းခဲ့တာ။ ဒါမှ မဟုတ် အဲဒီ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပီး တော်လှန်မှရမယ်ဆိုပီး ကျနော်တို့တတွေ အိမ် ကနေထွက်ခွါ တောခိုလာခဲ့တာ ၂၃-နှစ်ပြည့်တော့မှာပါ။ အခု ၂၃-နှစ်ကြာပြီးတဲ့အခါမှာ ကျနော် အပါဝင် တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲ။



တော်လှန်ရေး ဆက်လုပ်နေသလား။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသလား။ ဒါမှမဟုတ် တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသလား။ ဒါမှမဟုတ် အခြေခံ လူမှုအဖွဲ့ စည်းတွေကိုပြောင်းလဲနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းနဲ့ အန်ဂျီအို-လုပ်ငန်းခွင်ကို လေ့လာ နေကြသလား။ ဒါမှမဟုတ် စားဝတ်နေရေးကိစ္စ။ မိသားစုကိစ္စနဲ့ဘဲ့ လုံးချာလိုက်ပီး ၂၃-နှစ်ခရီးက ပန်း တိုင် နဲ့ပိုနီးလာသလား။ ပိုဝေးသွားသလား ဆိုတာကိုတောင် စဉ်းစားဖို့အချိန်မရဖြစ်နေတာလား..။

သေချာတာတခုကတော့ လွန်ခဲ့တဲ့ ၂၃-နှစ်က တောခိုလာတဲ့ကျောင်းသားအင်အားအများစု ကြီးဟာ အခုချိန်မှာတော့ မူလရည်ရွယ်ချက်ဖြစ်တဲ့ လက်နက်ကိုင်တော် လှန်ရေးနဲ့ အလှမ်းဝေးရာ။ သူတို့အိမ်ကထွက်ခွါလာစဉ်က နေထိုင်ခဲ့ဖူးတဲ့ နယ်စပ်ကတောတောင်တွေနဲ့ ဝေးကွာရာ။ ရေခဲပြင် တွေ။ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ မြောက်အမေရိကတိုက်။ ဥရောပတိုက်နဲ့ သြစတေလျတိုက်တွေဆီ ရောက်ရှိနေတာ ဆယ်စုနှစ်တခုကျော်စပြုလာခဲ့ပါပြီ။

ကုလသမဂ-ကထုတ်ပြန်ထားတဲ့စာရင်းဇယားတွေ။ နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေကပြော တဲ့ စာရင်းဇယားတွေအရဆိုရင် မနီလွိုင်အပါဝင် နယ်စပ်တကျောရှိ ဒုက္ခသည်စခန်းအသီးသီးကနေ တတိယနိုင်ငံတွေဆီထွက်သွားတဲ့ဦးရေဟာ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလအတွင်း ၅-သောင်းကျော် နေပီဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်က အမေရိကန်နဲ့ ကနေဒါက အများဆုံးလက်ခံထားတယ် လို့ယူဆရပီး သြစတေလျနဲ့ ဥရောပက ဒုတိယနဲ့ တတိယ-နေရာတွေမှာရှိနေတယ်လို့ ခန့်မှန်းရပါ တယ်။

Friday, September 9, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၃

ထက်အောင်ကျော်
Friday, 09 September 2011 17:07
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။


ကျနော်တို့ကို ခရိုင် နိုင်ငံရေးမှူးရဲဘော် တင်ရှိန်၊ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်း ဆိုတဲ့ ညီအစ်ကို နှစ်ဦး ဦးဆောင်တဲ့ အဖွဲ့က ကြိုဆို စကားပြောခဲ့ ပါတယ် (ဗကပ – တင်္သာရီတိုင်း ဟာ နောက်ပိုင်းမှာ မြိတ်-ထားဝယ် ညီညွတ်ရေး တပ်ဦး အဖြစ် အသွင် ပြောင်းလိုက်ပြီး ရဲဘော်တင်ထွန်းက တိုက်ပွဲမှာကျဆုံးသွားခဲ့ပါတယ်) အဲဒီတုန်းကတော့ သူတို့ပြောတဲ့ အထဲမှာ သူတို့ပါတီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထားဝယ်လူထုရဲ့ ထောက်ခံမှုအခြေနေတွေ၊ လက်နက်ကိုင် လှုပ်ရှားမှု အခြေအနေ အတော်လေး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက် တခုကတော့ KNU နယ်မြေဆီမသွားဘဲ သူတို့ နယ်မြေမှာ အခြေစိုက်ပြီး ကျောင်းသားလှုပ်ရှားမှု လုပ်လည်းရပါတယ်၊ သူတို့မှာလည်း လက်နက်တွေရှိပါတယ် ဆိုတဲ့ အချက်အဖြစ် ကျနော် မှတ်မိနေပါတယ်။


ကျောင်းသားရဲဘော်သစ်များ ဝါးရင်းတုတ်ဖြင့် စစ်ရေးလေ့ကျင့်စဉ် (ဓါတ်ပုံ...စာရေးသူရဲ့ Face Book မှ)


ဒါပေမယ့် ကျနော်တို့က အဲဒါကိုလက်မခံဘဲ KNU နယ်မြေကိုဖြတ်ပြီး ထိုင်းနယ်စပ်ကို အမြန်ဆုံး အရောက်သွားမှဖြစ်မယ်၊ အဲဒီမှာ ကျောင်းသားအားလုံးဆုံပြီး ကျောင်းသားတပ်ဖွဲ့မယ်၊ ဒါ ကြောင့် KNU နယ်မြေကိုသာ အမြန်ဆုံးပို့ပေးပါ ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ နောက်တနေ့မနက် မှာတော့ မကဲ - ကျောက်အိုင်ကနေ KNU နယ်မြေဆီ ခရီးဆက်ဖို့ ကျနော်တို့ ပြင်ပါတယ်။ တချိန်တည်းမှာပဲ ကိုတင်လေးနဲ့ ရန်ကုန်ကနေရောက်နေတဲ့ ဗကသ က ဆလိုင်းကိုကိုဦးတို့ အဖွဲ့ကလည်း ကျနော်တို့နဲ့ အတူသွားနေရင် မဲဆောက်နဲ့ သီဘောဘိုးဆီ အချိန်မီ မရောက်မှာစိုးတဲ့အတွက် ရနောင်းကို အမြန်ဆုံး ဆင်းပြီး အဲဒီက တဆင့် မဲဆောက်ဘက် အမြန်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

မနက် ၇ နာရီ ကျော်ကျော်လောက်မှာတော့ ကိုတင်လေးနဲ့ ကိုကျော်အောင်၊ ကိုအောင်မိုးမြတ် (သူတို့ ၂ ဦးဟာလည်း နောက်ပိုင်း မင်းသမီး ဒေသမှာ အသတ်ခံရသလိုလိုနဲ့ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားပါတယ်) အတိုး အပါအ၀င် ထားဝယ် ကျောင်းသား ကိုယ်စားလှယ်အဖွဲ့။ ကိုကိုဦး၊ မင်းသူ၊ ကျော်ဇော၊ ထွန်းလင်းနဲ့ တခြားတဦးအပါဝင် ဗကသ-ရန်ကုန် ကိုယ်စားလှယ် အဖွဲ့နဲ့ ထားဝယ်ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ထိုင်း TV ချယ်နယ် တခုက မောင်မောင်လို့ ခေါ်တဲ့ ထိုင်းသတင်းထောက် တဦးအပါအ၀င် လူတဒါဇင်လောက်ဟာ ရနောင်းသွားရေးအတွက် မကဲ - ကျောက်အိုင်ကနေ သရက်ချောင်းဘက် ထွက်သွားပါတယ်။ ကျနော်တို့အုပ်စုလည်း မကဲ ချောင်းကို ဖြတ်ပြီး KNU နယ်မြေဆီသွားဖို့ ထွက်လာခဲ့ပါတယ်။


Share

Twitter Delicious Facebook Digg Stumbleupon Favorites More