Friday, January 31, 2014

ရှမ်းပြည်နယ်နေ့ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း။

ဦးရွှေအုန်း








http://shanyoma.org တွင်ဖေါ်ပြထားသော (၁၉၈၇-၈၈ ခုနှစ်ထုတ် ကမ္ဗောဇမဂ္ဂဇင်းတွင် ပါသော) ဆောင်းပါးကို ပြန်လည် ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။

(၂၀၁၃ ဒီဇင်ဘာမှာမြင်ရတဲ့ ပင်လုံကျောက်တိုင်---ဓာတ်ပုံ- ထက်အောင်ကျော်)
...................................


...............................................................

ဦးရွှေအုန်းရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိကိုလဲ ဆက်ဖတ်နိုင်ပါတယ်...။

Wednesday, January 29, 2014

ဒုတိယ အကြိမ် ပြည်တော်ပြန်ခရီးစဉ် (၉)

ထက်အောင်ကျော် (၃၁-၀၁-၂၀၁၄)
ညောင်ရွှေ။

ထူးခြားတာက ဒီဖက်မှာစပါးကို ဘယ်လိုစိုက်သလဲမသိပါ။ ကျနော်တို့ ထားဝယ်ဖက်မှာတော့ လယ်ကွက် ဆိုတာ ရေပြင်ညီဖြစ်နေမှ။ မိုးရွာတဲ့အခါရေခံပြီး လယ်ထွန်စိုက်ရတဲ့အမျိုး။ ဒီမှာတော့ လယ်ကွက်တွေက ဥရောပက ဂျုံခင်းတွေလိုပါပဲ။ မညီမညာ တောင်စောင်းမှာ စပါးငုတ်တို ရိုးပြတ်တွေကို တွေ့ရပါတယ်။ လယ်တောအလွန်မှာတော့ လိမ်မော်ခြံကြီးတွေ။ ဒီရွာတွေက ပင်းတယမြို့နယ်ထဲ ရောက်နေပြီလို့ ကားဆရာကပြောပါတယ်။

(အောင်ပန်းမြို့က လမ်းဘေးဈေးတန်းတခု)

အဲဒီရွာတွေကိုလွန်တော့ အောင်ပန်းမြို့နယ်ထဲဝင်လာပါတယ်။ မြေကပိုပြန့်လာပြီး ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ အတော်များများမြင်လာရပါတယ်။ အောင်ပန်းမြို့လယ်က ဆိုင်တခုမှာကားရပ်ပြီး လဖက်ရည် သောက်ကြပါတယ်။ ဆိုင်ရှေ့မှာတော့ ဒေသထွက်သီးနှံတွေဖြစ်တဲ့ လိမ္မော်သီးနဲ့ထောပတ်သီး အကြီး ကြီးတွေရောင်းတဲ့ဈေးတန်း။ တောင်ပေါ်ဒေသဆိုပေမဲ့ မြင်းလှည်းတွေ၊ နွားလှည်းတွေကိုလဲ အောင်ပန်း မှာမြင်ခဲ့ရပါတယ်။

ပြီးတော့ ကားတွေကလဲ တ၀ီဝီ။ တကယ်ဆိုရင် အောင်ပန်းက မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ကြားမှာ အချက်ချာကျတဲ့နေရာတခုပါ။ ရှေ့မှာကျနော်သွားခွင့်မကြုံလိုက်ရတဲ့ ကျောက်ဆည်၊ ၀မ်းတွင်း၊ သာစည်၊ ကလောဖက်ကနေလာရင်လဲ ဒီအောင်ပန်းကိုပဲဝင်ပါတယ်။ ဒါတွေကို ကျနော်ကကြိုမသိ။ ကျနော် အောင်ပန်းကိုသိတာက ငြိမ်းချမ်းရေးကဗျာဆရာကြီး ဒဂုံတာရာ နေထိုင်တဲ့မြို့။ အာဏာရှင် ဦးနေ၀င်းနဲ့ ဝေးရာအရပ်မှာနေချင်လို့ သူ့ကိုယ်သူမဲဇာပို့တဲ့အနေနဲ့ အောင်ပန်းမှာနေတယ်ဆိုတော့ အောင်ပန်းဟာ အတော်ခေါင်တဲ့နေရာလို့ ကျနော်ကထင်ထားခဲ့တာပါ။

အခုတကယ်တွေ့နေရတဲ့ အောင်ပန်းက ဆရာပြောသလောက်မခေါင်လှပါ။ ဒါပေမဲ့ ရန်ကုန်၊ မန္တလေး နဲ့တော့ မိုင်ပေါင်းများစွာဝေးကွာတာပေါ့လေ။ ဒီလို ရာသီဥတုသာယာလှတဲ့၊ လူမျိုးလဲစုံလှတဲ့ မြို့လေးမှာ ဆရာကြီးဒဂုံတာရာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကမှ ကွယ်လွန်သွားတာပါ။ DVB မှာ တာဝန်ထမ်းစဉ်က တယ်လီဖုန်းခဏခဏခေါ်ပြီး ဆရာကြီးကို အင်တာဗျုးလုပ်ဖူးတဲ့ကျနော် အခုလူကိုယ်တိုင် အောင်ပန်းရောက်တဲ့အခါကျတော့ ဆရာကြီးရဲ့နေအိမ်ကိုသွားဖို့ အချိန်မရခဲ့ပါ။ ဒီလို ငြိမ်းချမ်းတဲ့မြို့လေးမှာနေခွင့်ရလို့ ငြိမ်းချမ်းတဲ့စာပေတွေ ဖန်တီးနိုင်ခဲ့လေသလားလို့ စဉ်းစားနေမိပါတယ်။   

အောင်ပန်းကနေ ထွက်လာတော့ နေ့လည်ပိုင်းဖြစ်နေပြီ။ ဒါပေမဲ့ လေတဖြူးဖြူးတိုက်နေတဲ့အတွက် သိပ်မပူ ပါ။ ရှမ်းပြည်နယ်ထဲရောက်လာကတည်းက အပူချိန်က တဖြေးဖြေးနဲ့ ကျလာသလိုခံစားရပါတယ်။ ရွာစဉ် တန်းတွေ၊ သစ်တောတွေ၊ တောင်တန်းတွေကိုကျော်ပြီးတဲ့နောက် ချိုင့်ဝှမ်းထဲမှာ လွင်ပြင်ကြီးတခုကို မြင်လိုက်ရပါတယ်။ အဲဒါ ဟဲဟိုးမြို့နယ်ထဲရောက်လာပြီလို့ ကားဆရာကပြောပါတယ်။ ''ဟိုး တောင်ပေါ်မှာ မြင်နေရတာ တောင်ကြီးပဲလေ'' လို့လဲ သူကလက်ညှိုးထိုးပြပါတယ်။   

ကျယ်ပြန့်လှတဲ့ ဟဲဟိုးချိုင့်ဝှမ်းကြီး။ စိုက်ခင်းတွေက အောင်ပန်းထက်တောင် ပိုများလာသလိုပဲ။ လမ်းကလဲ ပိုကျယ် ပိုကောင်းလာတယ်လို့ထင်ပါတယ်။ ကောင်းဆို ဒီလမ်းကို ကုပ္ပဏီတွေက ကန်ထရိုက်ယူ လုပ်ပေးထားတာလို့သိရပါတယ်။ ဒီတော့ ထုံးစံအတိုင်း Toll ဂိတ်အကောက်တွေရှိပါတယ်။ ရှေ့မှာ ပြောခဲ့တဲ့ ကျောက်ဆည်-ကလောလမ်းမှာလဲ ဒီလို Toll ဂိတ်တွေရှိတယ်လို့ဆိုပါတယ်။ ကျနော်တို့ဖြတ် လာတဲ့ ရွာငံလမ်းမှာတော့ Toll ဂိတ်မရှိတဲ့အတွက် မြို့ဝင်ကျေး ၃၀၀ ကျပ်စီပဲပေးတာကိုသာ မြင်ခဲ့ရပါ တယ်။

အခု ဒီဂိတ်မှာတော့ ၃၀၀ နဲ့ရပုံမပေါ်ပါ။ ကွန်ပြူတာစနစ်နဲ့အသေချာထိမ်းချုပ်ထားတဲ့ တောင်ကြီးမြို့ဝင်ခါနီး ပုဂ္ဂလိကပိုင် Toll ဂိတ်ဆိုတော့ အများကြီးပေးရမှာပေါ့။ ''ဟာ အကိုကြီးကလဲ အချင်းချင်းတွေကို ပိုက်ဆံ လာပေးနေပြန်ပြီ။ ပြန်လာမှ မုန့်ဝယ်လာခဲ့လေ'' လို့ Toll ဂိတ်ကောင်တာ ကွန်ပြူတာရှေ့မှာထိုင်နေတဲ့ ကောင်မလေးက ကားဆရာကို ပြန်ပြောသံကြားရတော့ ကျနော်အတော်အံသြသွားပါတယ်။

ကိုယ့်နားကိုယ်မယုံလို့ ကောင်မလေးရှေ့က ကွန်ပြူတာကိုအသေချာလှမ်းကြည့်ပါတယ်။ ဒါပေမဲ့ နဲနဲ လှမ်းနေတော့ ကောင်းကောင်းမမြင်ရ။ ကြည့်ရတာ ဒီကကွန်ပြူတာစနစ်က ဖြတ်သွားတဲ့ကားတွေကို Auto Record လုပ်ထားပုံမရ။ Record ရှိရင် ဒီလိုမုန့်ဝယ်ကျွေးခိုင်းလို့ ဘယ်ဖြစ်မလဲ။ 

ဒီ Toll ဂိတ်ကအတော်ထူးပါတယ်။ ရှေ့မှာဖေါ်ပြခဲ့တဲ့ စစ်ကိုင်းတံတားပေါ်ကဂိတ်နဲ့မတူ။ ကျနော်တို့ကားက ၀န်ထမ်းကားလဲမဟုတ်တော့ ဘာလို့အလကားလွတ်ပေးရမှာလဲ။ အင်း...Toll ဂိတ်စနစ်နဲ့ အကောက်ဝန် ထမ်းတွေ၊ ကားသမားတွေတွေရဲ့တာဝန်ယူမှု၊ ကိုယ်ကျင့်တရားတွေက ဘယ်လိုမျိုးကြီးလဲ။ ဒါပေမဲ့ ဒါကို လွဲချော်ခြင်းတခု။ ကိုယ်ကျင့်တရားခြစားခြင်းတခု။ လာဘ်စားမှုတခု ဖြစ်တယ်လို့ ကားသမားရော၊ Toll ဂိတ်ဝန်ထမ်းတွေကပါ ရှုမြင်ထားပုံမရပါဘူး။

အရာရာကိုသတင်းသမားအမြင်နဲ့ လိုက်ကြည်မိတဲ့ ကျနော်ရဲ့အမှားလိုပဲဆိုရတော့မလား။ ထားလိုက်တော့။ ဒီမိုကရေစီစနစ်က အခုမှအစပြုကာစဆိုတော့ တဖြေးဖြေး ဖြစ်လာမှာပါလို့ပဲ မျော်ရဦးမယ် ထင်ပါတယ်။  ဟဲဟိုးကနေ ထွက်လာတော့ ရွှေညောင်၊ ကျနော်က ရွှေညောင်နဲ့ညောင်ရွှေကိုသိပ်မကွဲလှ။ အခုလိုမြင်ရ တော့မှပဲ ရွှေညောင်ကလမ်းပေါ်မှာ။ ညောင်ရွှေက အင်လေးကန်ဘေးမှာဆိုတာကို သိခွင့်ရခဲ့ပါတယ်။

ရွှေညောင်ကိုလွန်တော့ အေးသာယာ။ ဒီမြို့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်၊ စစ်အစိုးရခေတ်မှာမှ ပေါ်လာတဲ့မြို့ သစ်တခုပေါ့။ ဂေါက်ကွင်းတွေရှိတယ်၊ ၀ိုင်စက်ရုံတွေရှိတယ်လို့ နာမည်ကြီးပါတယ်။ ပြီးတော့ အဝေး ပြေးကားတွေအားလုံးလဲ ဒီမြို့မှာပဲ ဂိတ်ထိုးရပြီး တောင်ကြီးမြို့ပေါ်တက်ခွင့်မရှိဘူးလို့ ကားဆရာကပြော ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကားက ဗင်ကားဆိုတော့ အေးဆေးပဲ။ တည်းတဲ့အိမ်အထိ၊ ဟိုတယ်အထိ လိုက်ပို့ ပေးမယ်လို့ဆိုပါတယ်။

အေးသာယာကိုကျော်လာတော့ တောင်တက်လမ်းကိုစတွေ့ရပြီး တချို့နေရာတွေမှာ အသွားတလမ်း၊ အပြန်တလမ်း စနစ်တကျ လုပ်ထားတာတွေ့ရပါတယ်။ တောင်ကြီးမြို့ဝင်ခါနီးလေ လမ်းကပိုကောင်း လာလေပါပဲ။ တောင်တက်လမ်းကအတော်စောက်ပြီး သစ်တောတွေကလဲ ထူထဲလှပါတယ်။ ပြီးတော့ သစ်တောသစ်ပင် တို့ချစ်ခင်။ ဥတုရာသီ တောကိုမှီ။ သစ်တပင်ကောင်း ငှက်တသောင်း စသဖြင့် သစ်တော ပညာပေးပိုစတာပေါင်းများစွာကိုလဲ လမ်းဘေးတလျောက်မှာစိုက်ထူထားတာတွေ့ရပါတယ်။

(တောင်ကြီးမြို့က စကားလုံးတစ္ဆေ ဆိုင်းဘုတ်တခု)

၁၅ မီနစ်လောက် တောင်တက်ပြီးတဲ့နောက်မှာတော့ ''လှိုက်လှဲစွာ ကြိုဆိုပါ၏၊ တောင်ကြီမြိှု့'' ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့ရပါတယ်။ တောင်ထိပ်နားရောက်ခါနီးတော့ ''မြို့ရွာများအမြန် ခေတ်မီဖွံ့ဖြိုး တိုးတက် ရမည်'' ဆိုတဲ့ကြွေးကြော်သံလား၊ ဆုတောင်းစာလား သိပ်မကွဲပြားလှတဲ့ဆိုင်းဘုတ်ကိုမြင်ရပါတယ်။ တောင်ပေါ်မြို့ဆိုတော့ အတော်သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ ကြော်ငြာဆိုင်းဘုတ်အကြီးကြီးတွေကိုလဲ တွေ့ရပါတယ်။

မြို့ထဲဝင်လာတော့ ရပခ လို့ခေါ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင်ဆုံးတွေ့ရပါတယ်။ ပြီးတော့ မြို့မဈေး။ အဲဒီဈေးရှေ့က ဆိုင်းဘုတ်ကတော့ ဘာကိုဆိုလိုမှန်းမသိ။ ''ဥပဒေကို မသိနားမလည်ဟု ဆို ကာမျှဖြင့် ဥပဒေကသင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်'' တဲ့။ ဈေးကိုလွန်လာတော့ ပြည်နယ်လွှတ် တော်ရုံးခန်း။ အဲဒီရှေ့မှာတော့ ပြည်သူ့သဘောထားဆိုတဲ့ အနီရောင်ဆိုင်းဘုတ်ကြီး ထောင်ထားပါတယ်။

တကယ်ဆို ''ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ'' ဆိုတဲ့ စာသားအပါဝင် ရန်လို တဲ့ကြွေးကြော်သံတွေဟာ အရင်အစိုးရဟောင်းခေတ်က ထုတ်ထားတာဆိုတော့ အခုအစိုးရသစ် ခေတ်မှာ အကြုံးမ၀င်တော့ဘူးလို့ ကျနော်ကထင်ထားတာပါ။ ဒါပေမဲ့ အဟောင်းအသစ်ပြောင်းလဲမှုဖြစ်စဉ်က ဒီအရပ်မှာ သိပ်ကွဲကွဲပြားပြားရှိပုံမရသေးပါ။ စစ်ယူနီဖောင်းနေရာမှာ အရပ်ဝတ်ပြောင်းလိုက်ပေ မဲ့ Mindset တွေ၊ ကြွေးကြော်သံတွေကတော့ အရင်တိုင်း သူတို့စိတ်ထဲ ရှိနေဆဲနဲ့တူပါတယ်။

မြို့လယ်လမ်းမကြိးအတိုင်း တပတ်ပတ်ပြီးတဲ့နောက် မြို့မဈေးနားက ဈေးပေါတဲ့တည်းခိုခန်းတခုမှာ ၀င်တည်းပါတယ်။ နိုင်ငံခြားသားဆိုတော့ တသောင်းခွဲတန်အခန်းကို သုံးသောင်းပေးလိုက်ရပြန်ပါတယ်။ မြို့လယ်ကနာရီစင်မှာပြထားတဲ့ အပူချိန်ကိုမကြည့်ဖြစ်ပေမဲ့ တောင်ကြီးအပူချိန်က ၁၀ ဒီဂရီစင်တီဂရိတ် အောက်တောင်ရောက်နေမလားပဲ။ ပြီးတော့တောင်ပေါ်ဆိုတော့ လေကလဲတိုက်နေပါတယ်။ နော်ဝေး ကလာတဲ့ ဧည့်သည်လဲ တောင်ကြိးဆောင်းလေအေးကို အတော်ဖြုံသွားပါတယ်။

တောင်ကြီးမှာကျနော်တို့အရင်ရောက်နေတဲ့ အော်စလိုသားတဦးက ''နတ်စိမ်းမြေမှသည်'' From the Land of Green Ghosts စာအုပ်ကိုရေးသားခဲ့သူ ပါစကယ်ခူးသွယ်။ အင်းလေးကန်ဆီသွားဖို့အတွက် သူနဲ့ညှိပြီး တဲ့နောက် မနက် ၉ နာရီလောက်မှာ တောင်ကြီးကနေ အင်းလေးကန်ရှိတဲ့ ညောင်ရွှေမြို့ဆီ လိုင်းကားစီးပြီး ထွက်လာပါတယ်။ စင်းလုံးဖြတ်ကားငှားရင်တသောင်းကျော် နှစ်သောင်းနီးပါး။ ဒါပေမဲ့ လိုင်းကားစီးရင် တယောက်မှ ၁၀၀၀ (တထောင်) ပဲပေးရပါတယ်။

မနေ့ကတက်လာတဲ့ အေးသာယာ၊ ရွှေညောင်ကိုဖြတ်ပြီးတဲ့နောက် ညောင်ရွှေလမ်းခွဲထဲ ကားက၀င် လာပါတယ်။ တောင်ပေါ်ကနေ ပင်လယ်ကမ်းစပ်ကိုရောက်သွားသလိုပါပဲ။ သဘာဝအခင်းအကျင်းက လုံးဝပြောင်းသွားပါတယ်။ စပါးခင်းတွေ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ အင်း အိုင် ချောင်းမြောင်းတွေ ကိုမြင်လာရပါတယ်။ ပြီးတော့ ''စပယ်ရှယ် ငါးကင်ရမည်'' ဆိုတဲ့ စားသောက်ဆိုင်လေးတွေကို ရေကန် လေးတွေဘေးမှာတွေ့ရပါတယ်။

ရေကန်ခပ်ကြီးကြီးတခုအဆုံးမှာတော့ ညောင်ရွှေမြို့ကိုတွေ့ရပါတယ်။ အဲဒီမှာ ခဏနား၊ နေ့လည်စာစား ပါတယ်။ ''ဟိုမှာမြင်နေရတဲ့ အစွယ်ချွန်ချွန်လေးကိုတွေ့လား၊ အဲဒါ ဦးဟန် (ညောင်ရွှေ) တို့ရဲ့ ဟော်နန်း ပဲလေ'' လို့ ကိုပါစကယ်ကပြောပါတယ်။ တိုင်းရင်းသားအရေးဆောင်ရွက်နေတဲ့ EU Burma ရုံးရဲ့ ညွန်မှုး။ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) မှာလဲ ညွန်မှုးတာဝန်ထမ်းခဲ့ဖူးတဲ့ ဦးဟန်ညောင်ရွှေကို ကျနော် တို့ပြည်ပရောက်နေသူအတော်များများက ဦးဟန်လို့ခေါ်ကြပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ရဲ့သားတဦးပေါ့။

(မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ညောင်ရွှေဟော်နန်း)

အင်းထဲမဆင်းခင် အဲဒီဟော်နန်းကိုတော့ ရောက်အောင်သွားကြည့်ဦးမှဆိုပြီး ကျနော်တို့အုပ်စု လမ်း လျောက်ချီတက်လာပါတယ်။ ဈေးတန်းအလွန် ဒီဖက်ရောက်တော့ သားနားလှပတဲ့ ဟိုတယ်တလုံး။ ပြီးတော့ စက်ဘီး၊ ဆိုင်ကယ်၊ ကား အငှားဆိုင်တွေ။ အဲဒီဆိုင်တွေအလွန်မှာတော့ ကုက္ကူပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ခြံဝင်းကြီးတခု၊ အဲဒီခြံထဲမှာတော့ ဘုန်းကြီးကျောင်းနဲ့ခပ်ဆင်ဆင်တူတဲ့ ရှေးဟောင်း နှစ်ထပ်အဆောက်ဦကြီးတခုကိုမြင်ရပါတယ်။

''အဲဒါ ညောင်ရွှေဟော်နန်းပဲလေ'' လို့ ကိုပါစကယ်ကပြောပါတယ်။ ဒါပေမဲ့ ၀င်ပေါက်ကဆိုင်းဘုတ်မှာတော့ အဲဒီလိုရေးမထားပါဘူး။ ''ယဉ်ကျေးမှုပြတိုက် (ညောင်ရွှေ)'' လို့သာ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးထား ပါတယ်။ ပြတိုက်ဖွင့်ချိန် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ၊ လူကြီး ၂၀၀ ကျပ်။ နိုင်ငံခြား သား ၂ ဒေါ်လာ လို့လဲ ရေးထားပါတယ်။ ခြံဝင်းတံတိုင်းကိုပြုပင်နေဆဲဖြစ်ပြီး အလုပ်သမားတချို့ အလုပ်ရှုပ်နေကြပါတယ်။

ခြံဝင်းထဲဝင်သွားတော့ ဟော်နန်းရှေ့က အလံတိုင်းမှာ ရှမ်းအလံတလူလူလွင့်နေတာတွေ့ရပါတယ်။ ဟော်နန်းကိုလက်ဝဲရစ်ပတ်လိုက်တော့ အမြောက်ဟောင်းတလက်ထောင်ထားတဲ့ဖက်ကို အရင်ရောက် ပါတယ်။ ဟိုဖက်တောအုပ်ထဲမှာတော့ ဟော်နန်းလုံခြုံရေးအစောင့်နေခဲ့ဖူးတဲ့ အဆောင်ဟောင်းတခုကို တွေ့ရပါတယ်။ ကွန်ကရစ် လူသွားလမ်းမှအပ ကျန်တဲ့တောအုပ်ကို မကြာသေးခင်ကမှ ခုတ်ထွင်ရှင်း လင်းထားတဲ့ပုံစံမျိုး။

(မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ညောင်ရွှေဟော်နန်း)

အနောက်ဖက်မှာတော့ ပြိုပျက်စပြုနေတဲ့သစ်သားလှေကားထစ်တွေကို အပြင်ကနေ လှမ်းမြင်နေရပါ တယ်။ အဲဒီလှေကားပျက်ရဲ့မျက်စောင်းထိုးမှာတော့ ဟော်နန်း (အခု ယဉ်ကျေးမှုပြတိုက်) ရဲ့ အထွေ ထွေလုပ်သားတွေနေပုံရတဲ့ တန်းလျားငယ်တခု။ ကလေးငယ်နှစ်ဦး ဆော့ကစားနေတာတွေ့ရပါတယ်။ ဒီဖက်မျက်နှာစာမှာတော့ ဟော်နန်းရဲ့လေသာဆောင်။ အားလုံးသစ်သားတွေနဲ့လုပ်ထားတာတွေ့ရပါတယ်။ အဲဒီလေသာဆောင်ရဲ့အောက်ထပ်မှာတော့ သံတိုင်တွေကာရံထားတဲ့အခန်းတခု။

ဒီဖက်ကိုထွက်လိုက်တော့ ဟော်နန်းရဲ့ အရှေ့ဖက်မျက်နှာစာနဲ့ ဟော်နန်း (ပြတိုက်) ထဲ ၀င်တဲ့အပေါက်။ အထဲကိုဝင်မှ ၂ ဒေါ်လာပေးရမှာဖြစ်ပြီး အပြင်ကလျောက်ကြည့်ရင် ဘာမှပေးစရာမလိုတဲ့သဘော။ ကျနော်တို့အုပ်စုလမ်းလျောက်ပြီး ဓာတ်ပုံရိုက်နေတာကိုလဲ ပြတိုက်တာဝန်ရှိသူတွေက ဘာမှလာမပြော၊ ဘာမှလာမေးခြင်းမရှိပါ။ အချိန်မရတဲ့အတွက် ဟော်နန်းထဲကိုတော့ ကျနော်တို့ မ၀င်ဖြစ်လိုက်ပါ။

အိုဟောင်းပြီး လက်ရာမြောက်လှတဲ့ ဟော်နန်းကိုကြည့်ပြီး အတိတ်ကိုလွမ်းသလိုလို၊ သမိုင်းကိုပြန်လေ့ လာချင်သလိုလို စိတ်ထဲမှာဖြစ်လာပါတယ်။ ပြီးတော့ တခြားဒေသက ဟော်နန်းတွေလဲ ဒီလိုပဲ ပြတိုက် ဖြစ်ကုန်ကြပြီလားလို့ တွေးမိပါတယ်။ ဘာဖြစ်ဖြစ် ဒီနေရာဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ နေထိုင် ခဲ့တဲ့နေရာဆိုတော့ အင်းလေးကိုသွားသူတိုင်း ၀င်ရောက်လေ့လာသင့်တဲ့နေရာတခုပေါ့။ ဒါပေမဲ့ ပြတိုက်ထဲမှာ သမ္မတစပ်ရွှေသိုက်နဲ့ ဒီဟော်နန်းရဲ့ရာဇ၀င်ကို ရှင်းပြထားခြင်းရှိ မရှိတော့ ကျနော်မသိပါ။

ဟော်နန်းကနေပြန်ထွက်လာတော့ နေ့လည်တနာရီလောက်ရှိနေပြီ။ မြို့အစွန်ဖက်ကနေ လမ်းလျောက် လာတော့ ကောင်းမွန်သန့်ပြန်လှတဲ့ဟိုတယ်တွေ၊ တည်းခိုခန်းတွေအတော်များများကိုတွေ့ရပါတယ်။ ''ဟိုမှာမြင်နေရတာက NLD က ဦးအုန်းမောင်ပိုင်တဲ့ အိမ်ပဲလေ၊ အခု အဲဒီမှာ NGO တခုရုံးခန်းဖွင့်ထားပြီး အင်္ဂလိပ်စာသင်ပေးနေတယ်'' လို့ ကိုပါစကယ်ကပြောပါတယ်။ ဦးအုန်းမောင်ဆိုတာ ကျနော်တို့ DVB မှာတာဝန်ထမ်းစဉ်က မကြာခဏဖုန်းခေါ်ပြီး အင်တာဗျုးလုပ်ဖူးသူ။ ဒီကိစ္စတွေကြောင့်ပဲ ထောင်ချ ခံခဲ့ရဖူးသူပေါ့။

(မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ညောင်ရွှေဟော်နန်း)

အဲဒီရုံးထဲဝင်လိုက်တော့ အနောက်တိုင်းသားတချို့ တီဗွီ ကင်မရာတွေနဲ့အလုပ်ရှုပ်နေပြီး တယောက် ယောက်ကို အင်တာဗျုးဖို့စောင့်နေတဲ့ပုံမျိုး။ အဲဒီအချိန်မှာ ပင်နီရောင် ရှမ်းဘောင်းဘီ၊ ရှမ်းအကျီ ၀မ်း ဆက်ကိုဝတ်ပြီး ပိန်ပိန်ပါးပါး အသားဖြူဖြူ အသက် ၆၀ ၀န်းကျင်လူတဦးဝင်လာပါတယ်။ အဲဒါ ဦးအုန်း မောင်ပါပဲ။ ကျနော်တို့ရောက်လာတယ်ဆိုတော့ သူအတော်အံ့သြနေပါတယ်။ ဒါပေမဲ့ တီဗွီ အင်တာဗျုးက အဆင့်သင့်စောင့်နေတာမို့ စကားပြောချိန်သိပ်မရလိုက်ပါ။

ကျနော်တို့ အင်းထဲဆင်းဖို့ပြင်တော့ ၂ နာရီနီးနေပြီ။ ဘယ်လှေငှားငှား ၁၈၀၀၀ (တသောင်းရှစ်ထောင်) ပေးရပ်တယ်။ ခရီးသွားအများစုဟာ ကမ္ဘာလှည့်ခရီးသည်တွေဖြစ်ပြီး တချို့ကအုပ်စုလိုက်၊ တချို့က နှစ် ဦးတည်း Honeymoon ။ တချို့ကတော့ တကိုယ်တော်။ အနောက်တိုင်းသားတွေကြားမှာ ထိုင်းတွေကိုလဲ အတော်များများတွေ့ရပါတယ်။ လှေမောင်းတဲ့လူက အင်းသား။

''ဖဲမျိုး နို့နွန်၊ နေကွန်းဘဲလား''။ (ဘယ်လိုလဲ အကို၊ နေကောင်းကျမ်းမာတယ်မို့လား) ဆိုပြိး ထားဝယ်လိုနဲ့ နှုတ်ဆက်တော့ သူကသဘောတွေကျပြီး အင်းလေသံနဲ့ပြန်ဖြေပါတယ်။ လေသံက ထပ်တူမကျပေမဲ့ အပြန်အလှန်နားလည်ကြပါတယ်။ ဒါကြောင့် အင်းသားတွေကို တောင်ပေါ်ထားဝယ်တွေလို့ တင်စား ခေါ်ဝေါ်ကြတာဖြစ်မယ်ထင်ပါတယ်။    ။

ငြိမ်းချမ်းရေးနှင် ပဋိပက္ခသတင်းရေးနည်းသင်တန်းဖွင့်မည်...။

မင်္ဂလာပါ။

Internews မှ နှုတ်ခွန်းဆက်သပါသည်။

“ငြိမ်းချမ်းရေးနှင့် ပဋိပက္ခသတင်းများရေးသားမည့် အလုပ်ခွင်သတင်းခန်း ၁၀ ပတ် သင်တန်း"  ကြော်ငြာ နှင့် လျှောက်လွှာ ပူးတွဲပါရှိပါသည်။

လျှောက်လွှာပိတ်ရက်မှာ ဖေဖော်ဝါရီလ ၆ ရက် နေ့  ဖြစ်ပါသည်။

လျှောက်လွှာပို့လျှင် လျှောက်လွှာဖိုင် အမည် News Lab Workshop -  ဖြင့် ပို့ ပေးပါရန်။ Subject တွင်လည်း Application - News Lab Workshop ဟု ရေးသား ပို့ ပေးပါရန်။
Microsoft Word File (ပူးတွဲပါ ဖောင်) ဖြင့်သာ ပြန်လည် ဖြည့်စွက်ပေးပို့ ပါရန်။


လေးစားလျှက်
J-School
Internews Myanmar

info@jschoolnewslab.com
....................................................

ပင်လုံညီလာခံနှင့် ဦးရွှေအုန်း...။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့၊ ပြည်ထောင်စုနေ့နီးလာတိုင်း ကျနော်သတိရမိသူတဦးကတော့ ရှမ်း ၀ါရင့်ခေါင်းဆောင် ဦးရွှေအုန်းပဲဖြစ်ပါတယ်။



DVB မှာတာဝန်ထမ်းစဉ်က သူနဲ့မကြာခဏမေးမြန်းခန်းလုပ်ဖူးပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ လွတ်လပ်စွာဝေဖန်တတ်သူတဦးလို့အမှတ်ရနေပါတယ်။

ဒီနှစ်ပြည်ထောင်စုနေ့အတွက် ပင်လုံစာချုပ်နဲ့ ပင်လုံမြေအကြောင်းရှာရင်းဖွေရင်း သူရဲ့ ကိုယ်တိုင်ရေး  စာအုပ်ကိုတွေ့ရလို့ နိုင်ငံရေးနဲ့ သမိုင်းရေးစိတ်ဝင်စားသူများ။ ပြည်ထောင်စုရဲ့နောက်ခံသမိုင်းကြောင်း ကို လေ့လာချင်သူများ ဖတ်ရှုနိုင်ရန် မျှဝေလိုက်ပါတယ်။

အားလုံးကို လေးစားခင်မင်လျက်...

http://www.shanyoma.org/yoma/Shwe-Ohn-Background-history-of-Shan-State-Day.pdf#page=1&zoom=auto,0,842

.............................
U_Shwe_Ohm by KornKaw

တနသာင်္ရီအပတ်စဉ် ၃၄။

Monday, January 27, 2014

ဒုတိယ အကြိမ် ပြည်တော်ပြန်ခရီးစဉ် (၈)

ထက်အောင်ကျော် (၂၈-၀၁-၂၀၁၄)
ရွာငံ။

ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားကိုဖြတ်ပြီး စစ်ကိုင်းတောင်ပေါ်တက်ဖို့ပြင်တော့ လာသမျှကားတွေ အားလုံးကိုရပ်ခိုင်းပြီး ဂိတ်ကြေးတောင်းနေတာတွေ့ရပါတယ်။ ဂိတ်ဘေးက နီနီပြောင်ပြောင်ဆိုင်း ဘုတ်တွေကိုကြည့်လိုက်တော့ ဌာနဆိုင်ရာကားတွေလဲ ရပ်ပေးပါလို့ရေးထားတာတွေ့ရပါတယ်။

(ဌာနဆိုင်ရာကားများ လမ်းခွန်ပေးစရာမလိုတဲ့သဘောရေးထားတဲ့ ဆိုင်းဘုတ်)

''ဌာနဆိုင်ရာမော်တော်ယာဉ်မှန် မမှန် စစ်ဆေးလိုပါသဖြင့်၊ မော်တော်ယာဉ်များ ခေတ္တရပ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်'' တဲ့။ တမျိုးကြီးပါလား။ နော်ဝေးမှာရော၊ ထိုင်းမှာပါ ဒီလိုမျိုးသတိပေးချက် မတွေ့မိ ပါဘူး။ အသေချာပြန်ဖတ်ကြည့်တော့ ''ဌာနဆိုင်ရာ တံဆိပ်များ အယောင်ဆောင်တပ်ဆင်၍ လမ်း/ တံတား၊ ဂိတ်ကြေးများမပေးပဲ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေလို့'' ဒီလိုမေတ္တာရပ်ခံရတာပါတဲ့။

ဆိုလိုတာက ဌာနဆိုင်ရာကားဆိုရင် တံတားကြေး၊ ဂိတ်ကြေးပေးစရာမလိုဘူးပေါ့။ ဘာကြောင့်လဲ။ ဒီကားတွေက မြေနဲ့မထိပဲ၊ လမ်းနဲ့မထိပဲ လေပေါ်မှာမောင်းသွားလို့လား။ လမ်းခွန်ကောက်တာပဲ။ ဘယ်ကားဖြစ်ဖြစ် လမ်းပေါ်ဖြတ်တဲ့ကားမှန်သမျှ ကောက်ရမှာပေါ့။ ကွန်ပြူတာစနစ်ထဲမှာ ဌာနဆိုင်ရာကား ဆိုရင် (screen) စခရင်မှာမပေါ်ပဲ ကိုယ်ဖျောက်စနစ်နဲ့ဖြတ်သွားလေရော့သလား။ တခြားနိုင်ငံတွေက ကွန်ပြူတာစနစ်နဲ့ မြန်မာနိုင်ငံကကွန်ပြူတာစနစ် မတူကြဘူးလားလို့တွေးချင်စရာကြီး။

ထူးခြားလှတဲ့မြန်မာနိုင်ငံက လမ်းခွန်ကောက်တဲ့စနစ်ကိုစဉ်းစားရင်း စစ်ကိုင်းတောင်ပေါ်တက်လာပါတယ်။ စစ်ကိုင်းတောင်က အရင်လို လမ်းလျောက်စရာမလိုတော့။ တောင်ထိပ်က ဆွမ်းဦးပုညရှင် စေတီအထိ ကားလမ်းပေါက်နေပြီ။ အင်း...ကျိုက်ထီးရိုးမှာလဲ လမ်းလျောက်စရာမလို၊ စစ်ကိုင်းတောင်ကိုလဲ လမ်းလျောက်စရာမလိုအောင်လုပ်ပေးထားတဲ့ လူတွေကိုပဲကျေးဇူးတင်ရမလား။ သဘာဝအတိုင်း ခရီးသွားခွင့်ရအောင် မူလအတိုင်းထားပေးသင့်သလား။ ဓမ္မမိတ်ဆွေနဲ့ သဘာဝမိတ်ဆွေတွေ ဆက်ဆွေးနွေးသင့်တဲ့ကိစ္စတခုပေါ့။

(သနပ်ခါးလို မမွှေးနိုင်တဲ့ သနပ်ခါးဈေးသည်ဘ၀များ)

စစ်ကိုင်းတောင်ပေါ်ကပြန်ဆင်းတော့ ကောင်းမှုတော်စေတီ။ ကျနော်အတွက်တော့ သမိုင်းဝင်စေတီ ကြီးထက် စေတီဘေးမှာ သနပ်ခါးတုံးရောင်းနေရတဲ့ မိသားစုတွေရဲ့ဘ၀တွေက ပိုပြီးစိတ်ဝင်စားဘွယ် ဖြစ်နေပါတယ်။ ပြီးတော့ စေတီဘေးနားမှာစိုက်ထားတဲ့ အပူပိုင်းဒေသ သစ်တောစိုက်ခင်းတွေ။ အညာ မြေကို စိမ်းလမ်းစိုပြေစေဖို့ တတ်နိုင်သလောက်ဝိုင်းလုပ်ဖို့လိုနေတယ်ဆိုတဲ့သဘော။   

ကောင်းမှုတော်ကအပြန်မှာတော့ မန္တလေးရောက်ရင် လူတိုင်းမပျက်မကွက်သွားလေ့ရှိတဲ့ ဦးပိန်တံတား။ ''ဦးပိန်တံတားနီးမှာ ထိုင်းဘုရင်အုတ်ဂူရှိတယ်လို့ ကြားဖူးတယ်ဗျ'' ဆိုပြီး ကျနော်က ကားဆရာကိုမေး တော့ သူကသိပ်မသိ။ လမ်းဘေးကလူတွေကိုမေးကြည့်တော့ အမှိုက်ပုံတွေနဲ့ရှုပ်နေတဲ့ လမ်းသွယ်တခုထဲ ညွှန်လိုက်ပါတယ်။ အထဲရောက်တော့ သချိုင်းဟောင်းတခု။ ''လင်းဇင်းကုန်း'' သချိုင်းလို့လူသိများတဲ့ အဲဒီသချိုင်္င်းဟောင်းတွေထဲက စေတီလိုလို၊ အုတ်ဂူလိုလိုတခုကိုတော့ ခြံစည်းရုံးခတ်ပြီး ပြန်လည်တူးဖေါ်နေ တာတွေ့ရပါတယ်။

အဲဒါ ကျနော်ဧရာဝတီဂျာနယ်မှာဖတ်ဖူးတဲ့ ထိုင်းဘုရင်အုတ်ဂူပေါ့။ ဂိတ်ပေါက်ဝရောက်တော့ ''ဆ၀ါဒီ ခပ်'' ဆိုပြီး အစောင့်တဦးကနှုတ်ဆက်ပါတယ်။ အင်းပေါ့လေ။ ထိုင်းဘုရင်အုတ်ဂူဆီလာတယ်ဆိုတော့ ကျနော်တို့ကိုလဲ ထိုင်းလို့ပဲ သူတို့ကထင်နေမှာပေါ့။ ပြီးတော့ သမိုင်းအချက်လက်တွေကို သူက အသေးစိပ်ထပ်ရှင်းပြနေပါတယ်။

(ဆရာတာရာနှင့် ဆရာတင်မိုးတို့ရဲကျောက်စာတိုင်များ)

အဲဒီ ထိုင်းဘုရင်အုတ်ဂူကနေ ဒီဖက်ကိုလှည့်ထွက်လိုက်တော့ တောင်လုံးလေးကျောင်းတိုက်။ ဒီကျောင်းကို အခုမှလူကိုယ်တိုင်ရောက်ဖူးပေမဲ့ အရင် DVB မှာတာဝန်ထမ်းစဉ်က ခဏခဏဖုန်းဆက်ပြီး နိုင်ငံရေး၊ စာပေရေးအခန်းနားတွေအကြောင်းမေးနေကြ။ ကျနော့်စိတ်ထဲ ဒီကျောင်းက မန္တလေးက စာသင်တိုက်ကြီး တွေလို အကြီးကြီးလို့ထင်ထားပေမဲ့ တကယ်ရောက်သွားတော့ ထင်ထားသလို မကြီးပါ။ ဒါပေမဲ့ အဆောက်ဦးက မကြီးကျယ်ပေမဲ့ သမိုင်းတန်ဖိုး၊ စာပေတန်ဖိုးအရတော့ အတော်ကြီးကျယ်တယ်လို့ ထင်ပါတယ်။

ဆရာတော်ဦးပညာကိုကန်တော့ပြီးတဲ့နောက် ကျောင်းဘေးနားရှိ စေတီရှေ့က ကျောက်စာတိုင်တွေဆီ ရောက်သွားပါတယ်။ ကျောက်စာတိုင် ၂ ခုကိုတွေ့ရပြီး တခုက သြဂုတ်လ ၁၉ ရက်နေ့ကမှ ကွယ်လွန် သွားတဲ့ ငြိမ်ချးမ်းရေးကဗျာဆရာကြီး ဒဂုံတာရာရဲ့ ကျောက်စာတိုင်။ ''ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ'' လို့ပြောခဲ့တဲ့ ကဗျာဆရာကြီး။ DVB မှာ တာဝန် ထမ်းစဉ်က ခဏခဏဖုန်းခေါ်ပြီး အင်တာဗျုးလုပ်ခဲ့ဖူးတဲ့ သက်ရှိသမိုင်းစာအုပ်ကြီး။ အခု လူကိုယ်တိုင် ရောက်လာတဲ့အခါမှာတော့ ဆရာကသက်ရှိထင်ရှားမရှိတော့။ သူရဲ့ကျောက်စာတိုင်ကိုဂါရ၀ပြုရုံမှတပါး လူချင်းတွေ့ခွင့် မရနိုင်တော့ပါ။ 

ဆရာကြီးတာရာရဲ့ကျောက်စာတိုင်းဘေးမှာတော့ ကျနော်တို့ DVB မှာ တာဝန်ထမ်းသွားခဲ့ဖူးတဲ့၊ နိုင်ငံရေး ကဗျာ၊ ကလေးကဗျာ၊ လူသားအကျိုးပြုကဗျာပေါင်းများစွာကိုရေးခဲ့သူပြီး အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားသူ ကဗျာဆကြီးတင်မိုးရဲ့ ကျောက်စာတိုင်။ ဒီနှစ်ခုပဲတွေ့ရတော့ ကျန်တဲ့ကျောက်စာ တိုင်တွေကဘယ်မှာလဲဆိုပြီး ဆရာတော်ကိုမေးမိပါတယ်။

ကျောင်းနဲ့မျက်နှာချင်းဆိုင် လမ်းတဘက်မှာ ဆရာကြီးဦးညိုမြ၊ ဆရာမြသန်းတင့်၊ မဟာဆွေ၊ တက္ကသိုလ် မောင်စောလွင်၊ ငွေဥဒေါင်းတို့အတွက် သစ်ပင်၊ ကျောက်စာတိုင်နဲ့ ထိုင်ခုံတွေရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဒါပေမဲ့ အချိန်မရလို့ ကျနော်မ၀င်ဖြစ်ခဲ့ပါ။ ဦးပိန်တံတားဖက် ကားထွက်လာတော့မှ ဒါဆို ကျနော်တို့ အင်တာဗျုးခဏခဏလုပ်ဖူးတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ကျောက်စာတိုင်က ဘယ်မှာလဲ ဆိုပြီး မေးခွန်းကပေါ်လာပါတယ်။

'ဒီလိုကျောက်စာတိုင်လုပ်ဖို့ စတင်စိတ်ကူးပေါ်ခဲ့တဲ့ ဒေါက်တာသန်းထွန်းကိုယ်တိုင်ရဲ့ အမှတ်တရ သစ်ပင်နဲ့ ကျောက်စာက လုပ်ပြီးမှ အဖျက်ခံရတယ်'' ဆိုပြီး မန္တလေးဒေသခံ စာရေးဆရာတဦးက နောက်ပိုင်းကျမှ ကျနော်ကို ပြောပြခဲ့ပါတယ်။ လူထုဒေါ်အမာအတွက် ကျောက်စာတိုင်ကတော့ မလုပ်ရသေး ဘူးလို့ဆိုပါ တယ်။ ဒါမေပဲ့ လူထုဦးလှနဲ့ ရွှေကိုင်းသားအတွက် အမှတ်တရသစ်ပင်နဲ့ ကျောက်စာကတော့ မန္တလေး မြတောင်တိုက်မှာ ရှိပြီးသားဖြစ်တယ်လို့ အဲဒီဆရာကပြောပါတယ်။

(တောင်သမန်အင်းထဲက ငှက်)

နာမည်ကြီးလှတဲ့ ဦးပိန်တံတားထိပ်မှာတော့ နိုင်ငံခြားဧည့်သည်တွေ၊ ပြည်တွင်းဧည့်သည်တွေ၊ ဈေးဆိုင် တွေနဲ့စည်ကားဆူညံလို့။ တချို့က ကိုယ်ပိုင်ကား၊ တချို့ကဘတ်စ်ကား၊ တချို့ကမော်တော်ဆိုင်ကယ်တွေနဲ့။ ဒီဇင်ဘာဆိုတော့ ရေကနဲနဲခမ်းစပြုနေပြီ။ ဒါပေမဲ့ မြင်ကွင်းက ရေလျော့ချိန်မှ တောင်သမန်အင်းရဲ့ညနေက ပိုလှနေသလိုပါပဲ။

ထူးထူးခြားခြား ဒီတံတားပေါ်ရောက်မှ Tourist Police ဆိုတာကိုတွေ့ရပါတယ်။ ညနေ ၅ နာရီ လောက်ဖြစ် နေတော့ ဒီတံတားက ဘယ်အချိန်ထိဖွင့်သလဲဆိုပြီး အဲဒီရဲကိုသွားမေးမိပါတယ်။ ''ခင်ဗျားက ဘယ်အဖွဲ့ ကလဲ'' လို့ သူကပြန်မေးပါတယ်။ ''သတင်းမေးတာ ကျနော်ဘယ်အဖွဲ့ကလဲဆိုတာ ပြောဖို့လိုလို့လား'' ဆိုပြီး ကျနော်ပြန်မေးတော့ သူသိပ်ကျေနပ်ပုံမရ။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ခရီးစဉ်တုန်းက နေပြည်တော် လွှတ်တော်ရှေ့ရောက်စဉ်မှာလဲ သတင်းမေးတဲ့အခါ ရဲတွေက ဒီလိုပြန်မေးလေ့ရှိတာကို ကျနော်သတိ ထားမိပါတယ်။

ကျနော်ရောက်ခဲ့ဖူးတဲ့ တခြားနိုင်ငံတွေမှာတော့ သတင်းမေးတဲ့လူကို ဘယ်ကလဲ၊ ဘာကြောင့်မေးတာ လဲလို့ မေးခွန်းပြန်ထုတ်လေ့မရှိပါ။ ဒီရဲတွေရဲ့တာဝန်ကိုက သတင်းမေးတဲ့ Tourist တွေကို ဖြေကြားပေး ဖို့အတွက် Tourist Police ဆိုပြီး ပြည်သူ့အခွန်ငွေထဲကနေ သူတို့ကို လစာပေး ခန့်ထားတယ်မဟုတ်ပါ လား။ ဒါပေမဲ့ ခေတ်ပြောင်းစမြန်မာနိုင်ငံမှာတော့ ခေတ်ဟောင်းက Mindset (စဉ်းစားပုံ) တွေကို ချက် ချင်းဖျောက်ဖို့ခက်နေတုန်းနဲ့ တူပါတယ်။

ဒီရဲနဲ့စကားပြောရတာ တောင်သမန်အင်းနဲ့ ဦးပိန်တံတားရဲ့ ညနေခင်းအလှတောင် ပျောက်သွားရသလိုပါပဲ။ Tourist Police တွေကိုလဲ နိုင်ငံရပ်ခြားဆီ Tourist အဖြစ် အရင်လေ့လာရေး လွတ်ပေးဖို့လိုနေလေမလား လို့ စဉ်းစားမိပြန်ပါတယ်။ တံတားရဲ့ဟိုဖက်နားက မြေနုကျွန်းပေါ်ရှိ သစ်ပင်ငုတ်တိုကြီးတခု အောက်မှာတော့ ထန်းရည်ဝိုင်းလား၊ ရေနွေးကြမ်းဝိုင်းလားသိပ်မကွဲပြားလှတိုင်း ၀ိုင်း ၃-၄ ခု။ ဒီဖက်မှာတော့ အုန်းသီးနုရည်နဲ့ စားစရာတွေရောင်းတဲ့ဆိုင်တန်းတခု။ အဲဒီနောက်မှာတော့ ထန်းရွက်တွေနဲ့ကာထားတဲ့ ယာယီအိမ်သာ တလုံး။

(တောင်သမန်ရေပြင်ပေါ်က ဆိုင်တန်းတခု)

ဒီဖက်နားကိုကြည့်လိုက်တော့ ဘဲမွေးမြူရေးခြံနဲ့ ညစ်ထေးရေများ။ ဘေးပတ်ဝန်းကျင်ကို အသေးစိပ် ကြည့်မယ်ဆိုရင်တော့ ပလစတစ်အမှိုက်တွေကို အတော်များများတွေ့ရနိုင်ပါတယ်။ ရှေးဟောင်းသစ် သားတံတားပေါ် လမ်းလျောက်နေသူတွေထဲက တချို့ဟာလဲ ဆေးလိပ်သောက်ပြိး ဆေးလိပ်တိုကို ရေ ကန်ထဲပစ်ချနေတာမြင်ခဲ့ရပါတယ်။

ပိုဆိုးတာက ဦးပိန်တံတားကနေ မန္တလေးဖက်ပြန်ထွက်တဲ့လမ်းဘေးမှာ အမှိုက်ပုံကြီးက နဲတာမဟုတ်။ ကိုရင်ငယ်တပါးနဲ့သီလရှင်ငယ်တပါးတို့က အမှိုင်ခြင်းတလုံးကိုသယ်ပြီး တောင်သမန်အင်းထဲ ပစ်ချနေ တာကိုလဲတွေ့ခဲ့ရပါတယ်။ အဲဒီအမှိုက်ပစ်ချတဲ့ဘေးနားက ရေစပ်မှာ ငှားမျှားနေသူတွေရှိနေပေမဲ့ ဒီလို အမှိုက်ပစ်တာကို ဘယ်သူကမှအထူးအဆန်းလုပ် ကြည့်မနေကြပါ။ Tourist Police တွေရဲ့တာဝန်ထဲမှာလဲ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ အင်းထဲအမှိုက်ပစ်တာကို ကာကွယ်ရေးတွေ မပါဘူးထင်ပါရဲ့။

နောက်တနေ့မနက်မှာတော့ တခါမှမရောက်ဖူးသေးတဲ့ ရှမ်းပြည်ခရီး စတင်ပါတယ်။ မန္တလေး-တောင်ကြီး မီနီဘတ်စ် (အံစာတုန်းကားလို့လဲ ခေါ်ကြပါတယ်) မှာလူပြည့်သွားတဲ့အတွက် ဗင်ကားပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဗင်ကားနဲ့ မီနီဘတ်စ်ကို ကျနော်ကသိပ်မကွဲလို့ အသေချာမေးရပါတယ်။ နောက်ဆုံးတော့ ဗင်ကားဆိုတာ ရန်ကုန်ကတက္ကစီတွေလိုပါပဲ။ လူ ၄ ယောက်စီးနိုင်ပြီး တဦးကို ၁၆၀၀၀ (တသောင်းခြောက် ထောင်) ကျတယ်လို့ပြောပါတယ်။

တခါမှမရောက်ဖူးတော့ ဘယ်လမ်းကမောင်းမယ်ဆိုတာကို ကျနော်မသိပါ။ ဒါပေမဲ့ လမ်းကြောင်း တလျောက်ကမြို့ရွာတွေကို ကြည့်ချင်လို့ နေ့ခင်းဖက်ကားကို တမင်စီးတဲ့ကျနော်ဟာ မှန်းချက်နဲ့နှမ်းထွက် လွဲသွားပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ ဗင်ကားက ရိုးရိုးဘတ်စ်ကားတွေလို စစ်ကိုင်၊ ကျောက်ဆည်၊ ၀မ်းတွင်း၊ သာစည်၊ ကလော၊ အောင်ဘန်းလမ်းအတိုင်းမသွားပဲ ကျောက်ဆည်ကနေ ရွာငံဖက်ကိုဖြတ်ပြီး တောလမ်းအတိုင်းမောင်းလာတဲ့အတွက် ဘာမှမမြင်လိုက်ရပါ။

ဘာကြောင့်ဒီလမ်းကသွားတာလဲဆိုပြီး  ကားသမားကိုမေးကြည့်တော့ ဒီလမ်းက မူလလမ်းဟောင်းထက် မိုင် ၄၀ ခန့်ပိုနီးတယ်လို့ဆိုပါတယ်။ သေပြီဆရာပေါ့။ အဲလိုမှန်းကြိုသိရင် ဒီကားနဲ့မလိုက်ပါဘူး။ ဒါပေမဲ့ အခုမှတော့ ဘာမှမတက်နိုင်။ သူမောင်းတဲ့လမ်းအတိုင်း ဆက်လိုက်သွားရုံမှတပါး တခြားရွေးစရာမရှိ။ တကယ်တော့ ရွာငံဆိုတာ ရှမ်းပြည်ထဲကိုရောက်နေပြီ။ ကျောက်ဆည်ဆိုတာက မန္တလေးတိုင်းထဲမှာရှိပြီး န၀တ ဥက္ကဌဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေမွေးရပ်မြေပေါ့။

ကျောက်ဆည်ကနေ ရွာငံဖက်ကိုထွက်လာကတည်းက တက်လိုက်ရတဲ့တောင်တန်းတွေက နဲတာမဟုတ်။ လမ်းကလဲကြမ်း၊ ကားကလဲခုန်။ ပြီးတော့ ဒီလမ်းမှာပြေးနေတဲ့ ကားကလဲ တစီးစ နှစ်စီးစ ထက်မပို။ ရွာတွေကိုမမြင်ရပဲ တောနဲ့တောင်တန်းချည်းဖြစ်နေတော့ စိတ်ထဲမှာကြောက်သလိုလို ဖြစ်လာပါတယ်။

''ဓားမြအတိုက်ခံရရင်တော့ ဒုက္ခပဲ'' လို့တွေးမိပါတယ်။ ရဲစခန်းတွေ၊ ရွာတွေကလဲအဝေးကြီးဆိုတော့ အကူညီတောင်းဖို့ကလဲမလွယ်။ ပြိးတော့မှ ''ဓားမြနဲ့တွေ့ရင်တောင် ဓာတ်ပုံမရိုက်ပဲနေနိုင်ပါ့မလား'' လို့ တွေးရင်းပြုံးမိပါသေးတယ်။

တောင်ကုန်းထိပ် တနေရာမှာတော့ လမ်းပြင်နေတဲ့အတွက် အတက်ကား၊ အဆင်းကားအားလုံး ၁၅ မီနစ်ခန့် ရပ်စောင့်ခဲ့ရပါတယ်။ ရပ်စောင့်ရင်းနဲ့ လမ်းခင်းမှုအခြေနေကိုလေ့လာကြည့်တော့ လွန်ခဲ့နှစ် ၃၀ ကထက် နည်းပညာပိုင်းမှာ ဘာမှတိုးတက်မှုမတွေ့ရသေးပါ။ လမ်းဘေးမှာ မီးဖိုပြီး ကတ္တရာစေးပတွေကို အရည် ပျော်အောင်လုပ်။ အဲဒီအရေကို သစ်ပင်ရေလောင်းတဲ့ ရေပန်းလိုခွက်ထဲထည့်ပြီး လမ်းပေါ်မှာလောင်းပေါ့။ အလုပ်သမားတွေထဲမှာတော့ အမျိုးသမီးငယ်တွေအများကြီး။ နေကပူတော့ သနပ်ခါး ပါးကွက်ကြားက နေထွက်လာတဲ့ ချွေးတွေကို ခေါင်းပေါင်းစနဲ့သုတ်နေကြပါတယ်။

(ရှေးဟောင်းနည်းအတိုင်း လမ်းပြင်နေရဆဲ...)

လမ်းပြင်တာ အရင်ခေတ်ဟောင်းနည်းအတိုင်းရှိနေဆဲဖြစ်ပေမဲ့ ကားတွေကတော့ အတော်တိုးတက် လာပါတယ်။ ကျနော်စီးလာတဲ့ ဗင်ကားဆိုရင် Toyota Corolla။ ကားရပ်ရင်းနဲ့ နောက်ကမှီလာတဲ့ ကားတွေကိုကြည့်တော့လဲ ဗင်ကားတွေအားလုံးက ဒီတံဆိပ်ချည်းပါပဲ။ ကားဆရာကတော့ ဒီတံဆိပ်က အကြမ်းခံတယ်၊ တောင်တက်ဆွဲတယ်လို့ပြောပါတယ်။

ကားအကြောင်းပြီးတော့ ကားပေါ်က လူ ၄ ဦးအကြောင်း။ မန္တလေးမှာတရုတ်တွေများတယ်ဆိုတာကို ဒီကားက သက်သေပြနေသလိုပါပဲ။ ဘာကြောင့်လဲဆိုရင် ၄ ဦးထဲက ၂ ဦးကတရုတ်။ တယောက်က အသက် ၆၀ ၀န်းကျင် ပိန်ပိန်ပါးပါး။ နောက်တယောက်က အသက် ၃၀ ၀န်းကျင် သားသားနားနား။ မန္တလေးကနေ ရွာငံတောင်တန်းအလွန် နေ့လည်စာစားတဲ့ဆိုင်တန်းရောက်တဲ့အထိ ဒီလူတွေက ကျနော် တို့ကို စကားတလုံးမှမပြော။ ပထမတော့ ကျနော်က ကင်မရာတကားကားနဲ့ရိုက်နေသူဆိုတော့ သတင်းထောက်ထင်ပြီး စကားမပြောချင်တာပဲလို့ထင်ထားခဲ့တာပါ။

စားသောက်ဆိုင်မှာ ထမင်းစားဖို့ထိုင်တော့မှ အဲဒီပုဂ္ဂိုလ်တွေက လက်ကိုင်ဖုန်းထုတ်ပြီး တရုတ်ဘာသာနဲ့ အဝေးကို လှမ်းပြောနေတာကြားလိုက်ရပါတယ်။ ဒီတော့မှ ကျနော်တို့လဲ ရယ်မိပါတယ်။ ဟုတ်တယ်လေ။ တရုတ်စကားပြောနေတဲ့လူတွေက မြန်မာနိုင်ငံသားကဒ်တွေနဲ့။ မြန်မာစကားပြောတဲ့ ကျနော်တို့က နိုင်ငံခြားသားစာအုပ်တွေနဲ့။ ကားသမားက တောင်ကြီးသားဆိုပေမဲ့ အညာရုပ်မျိုး။ အဆိုတော် ကိုခင်မောင်တိုးနဲ့အတော်ဆင်တဲ့လူ။

ခင်မောင်တိုးဆိုလို့ ဒီဖက်လမ်းမှာမောင်းတဲ့ကားတွေက အတော်ဟောင်းပါတယ်။ ကျနော်ပြောချင်တာက ခင်မောင်တိုးသီချင်း နားထောင်ချင်လို့ပါ။ ဒါပေမဲ့ ကားကဟောင်းနေတော့ ကက်ဆက်တွေ၊ စီဒီ တွေ၊ FM ရေဒီယိုတွေဖွင့်လို့မရ။ ဟွန်းကလွဲရင် ကျန်တဲ့နေရာအားလုံး အသံထွက်တဲ့ဆိုတဲ့အခြေနေမျိုးပေါ့။

(အောင်ပန်းမြို့အနီးက ဂေါ်ဖီလှည်းများ...)

ဒါပေမဲ့ ကားသမားက အတော်သဘောကောင်းပါတယ်။ တရုတ်နှစ်ယောက်နဲ့လဲ ''နိယောင်မ ရှဲရှဲ'' လုပ် ထားပြီးပြီဆိုတော့ ဓာတ်ပုံရိုက်လို့ကောင်းမဲ့နေရာတွေမှာ ကားဆရာကဖြေးဖြေးမောင်းပေးပါတယ်။ ရွာငံတောင်တန်းကြီးအလွန် စားသောက်ဆိုင် နောက်ပိုင်းမှာတော့ တောင်တန်းက သိပ်ကြီးကြီး မားမားမရှိ တော့ပါ။ မြေပြန့်သဘော၊ လွင်ပြင်သဘောမျိုးတွေ့လာရပါတယ်။ တချို့နေရာတွေမှာဆိုရင် ဂေါ်ဖီစိုက် ခင်းတွေ၊ စပါးငုတ်တို ရိုးပြတ်တောတွေကိုပါ တွေ့လာရပါတယ်။     ။

Sunday, January 26, 2014

ထားဝယ်ပါတီအကြောင်း တစေ့တစောင်း...။

အခုတလော ထားဝယ်မှာ လူစိတ်ဝင်စားမှုများနေတဲ့ ထားဝယ်တိုင်းရင်းသားများပါတီအကြောင်း ရထားသမျှ သတင်းတချို့ကို မျှဝေတင်ပြလိုက်ပါတယ်။


(သတင်းနှင့် ဓာတ်ပုံများကို Dawei Watch နဲ့ Tavoyan Voice မှယူထားပါတယ်)
....................................................................................................................

ထားဝယ်တိုင်းရင်းသားများပါတီ ဖေဖော်ဝါရီလတွင် အလုပ်အမှုဆောင်ရွေးမည်
|Dawei Watch| ထားဝယ်၊ ဒီဇင်ဘာ ၂၄


တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သော တိုင်းရင်းသားလူမျိုး အသီးသီး၏
အရေးကို လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သော
ထားဝယ်တိုင်းရင်းသားများပါတီ( Dawei Nationalities Party-DNP)၏
အလုပ်အမှုဆောင်များကို လာမည့် ဖေဖော်ဝါရီလအတွင်းတွင်
ရွေးချယ်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ရွှေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်း၍ ပါတီအလုပ်အမှုဆောင်များကို
ရွှေးကောက်တင်မြှောက်သွားမည့်အြ

ပင် တစ်ပြိုင်နက် တည်းတွင် ပါတီအား
ဒေသတွင်းရှိ ဂုဏ်သရေရှိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများထံ
အပ်နှင်းသွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပါတီကို အားကောင်းသော ပြည်ထောင်စုစနစ်ဖြင့် ဒေသန္တရအစိုးရဖြစ်လာရေး၊
လူထုပါဝင်ဦးဆောင်သော စီမံအုပ်ချုပ်မှုစနစ် ဖြစ်လာရေး၊
ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားပုံစံ ရရှိရေးကို
ဦးတည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ပါတီဝင်အင်အား တစ်ထောင်ကျော်ရရှိအောင် စုစည်းပြီး နိုင်ငံရေး
စိတ်ပါဝင်စားသူ၊  နိုင်ငံရေး အစဉ်အလာရှိသူများကို ဖိတ်ခေါ်၍ ပါတီ၏
ရည်ရွယ်ချက်နှင့် မူဝါဒများကိုချပြကာ အောက်ခြေပါတီဝင်များမှ ရွှေးချယ်သော
ဗဟိုကော်မတီနှင့် တိုင်း၊ မြို့နယ်၊ ရပ်ကျေး ကော်မတီ များကို ဖွဲ့စည်းကာ
တာဝန်အပ်နှံသွားမည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးမင်းက ပြောဆိုသည်။

“ခရိုင်ကော်မတီကို မဖွဲ့စည်းဘဲ၊ တိုင်း၊ မြို့နယ်၊ ရပ်ကျေးအဆင့်တွေကိုပဲ
ဖွဲ့စည်းပြီး လာမယ့် ၂၀၁၅မှာ ရွှေးကောက်ပွဲဝင်မယ်”ဟု ဦးအေးမင်းက ဆိုသည်။
ယင်းပါတီမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူဖြင့် စစ်မှန်သော
ပြည်ထောင်စု စနစ်ထူထောင်ရေး၊ တိုင်ရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုသမိုင်း
အမွေအနှစ်များ ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင်ရေးနှင့် လူမှုရေးဆိုင်ရာ
တရားမျှတမှုရှိရေး၊ ဒေသအတွင်းရှိ သဘာဝသယံဇာတ အရင်းအမြစ်များကို
ဒေသခံများအကျိုးအတွက် ပါဝင်စီမံခန့်ခွဲနိုင်ရေး ဟူသော
ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်သွားမည် ယင်းပါတီမှ သိရသည်။

ပါတီကို  ရည်ရွယ်ချက်တူသူ ပါတီတည်ထောင်သူ ၁၉ ဦးမှ
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရာ ယခုနှစ် ဒီဇင် ဘာလ ၁၇
ရက်နေ့တွင် မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
...........................................................................


ထားဝယ်လူမျိုး စာရင်းပေါက်ရေး လုပ်ဆောင်မည်

|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၁၃

သန်းခေါင်စာရင်းကောက်ယူသည့်အခါ ထားဝယ်လူမျိုးကို စာရင်းပေါက်ထည့်သွင်းနိုင်ရေး ထားဝယ်ဒေသ လေးမြို့နယ်မှ ကိုယ်စားလှယ်များဖြင့် အလုပ်မှုဆောင် အဖွဲ့တစ်ဖွဲ့ ကို ဇန်န၀ါရီလ ၁၂ ရက်နေ့က ထားဝယ်မြို့ ပျော်ဘွယ်ဘုန်းတော်ကြီးကျောင်းတွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ထားဝယ်ဒေသအတွင်းရှိ သံဃာတော်များကို နယကအဖြစ်တင်မြောက်ပြီး ထားဝယ်ဒေသရှိ အတတ်သိနားလည်သည့် ပညာရှင်များ လူထုခေါင်းဆောင်များနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဗဟိုကော်မတီများနှင့် အလုပ်အမှုဆောင်အဖွဲ့တို့ကို ဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော ၂၀၁၄ သန်းခေါင်စာရင်းနှင့် ထားဝယ်လူမျိုးအရေးဆွေးနွေးပွဲထံမှ သိရသည်။

ဗဟိုကော်မတီနှင့်အလုပ်အမှုဆောင်များသည် ယခုလအတွင်း အစည်းအဝေးပြန်လည် ပြုလုပ်မည်ဖြစ်ပြီး ကနဦး ၂၀၁၄ ခုနှစ် သန်း ခေါင်စာရင်းကောက်ယူသည့်အခါ လူမျိုးနေရာ၌ ထားဝယ်လူမျိုးအမည်ကို ဖော်ပြနိုင်ရန်အတွက် ဒေသခံပြည်သူများအား ကွင်းဆင်း အသိပေးလှုံ့ဆော်သွားမည်ဟု ထားဝယ်လူမျိုးဖော်ဆောင်ရေးလှုပ်ရှားဆောင်ရွက်နေသူ ဦးအောင်မျိုးက ပြောဆို သည်။

“လုပ်ငန်းဖော်ဆောင်ရေးအတွက် ရေတို ရေရှည် စီမံချက်ချမှတ် လုပ်ဆောင်သွားမယ်”ဟု ဦးအောင်မျိုးက ဆိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ၂၀၁၄ ခုနှစ်  မတ်လ ၃၀မှ ဧပြီလ ၁၀ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည်ဟု အသိပေးထားပြီးဖြစ်ပြီး အခြား မွန်၊ ရှမ်း စသည့်တိုင်းရင်းသားများက သန်းခေါင်စာရင်း တွင် မိမိလူမျိုး စာရင်းပေါက်ရေး စတင်ကြိုးပမ်းလာပြီးနောက်ပိုင်း ထားဝယ်တိုင်းရင်းသားများလည်း ထိုသို့လုပ်ဆောင်လာခြင်းဖြစ်သည်

“ထားဝယ်လူမျိုးဖော်ဆောင်ရေးအပိုင်းကဏ္ဍမှာ မိမိနဲ့မဆိုင်သလို လုပ်ဆောင်မနေဘဲ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် ဆိုင်ရာလူမှုရေးအဖွဲ့အစည်းများအားလုံး ပါဝင်ကြပါ”ဟု သရက်ချောင်းမြို့နယ် ပန်းတောကျေးရွာ ပေါ်တော်မူကျောင်းတိုက်ဆရာတော် ဦးဥာဏိသာရက တိုက်တွန်း မိန့်ကြားသည်။

ထားဝယ်ကို မြန်မာနိုင်ငံအတွင်းရှိ ၁၃၅ မျိုးအနက် တစ်မျိုးအဖြစ် စာရင်းထည့်သွင်းထားသော်လည်း ထားဝယ် တိုင်းရင်းသားအများအပြားမှာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စသည်တို့တွင် ဗမာဟုသာ ထည့်သွင်းခံထားရသည်။

ပြည်တွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးအမည် ၁၃၅ မျိုးတွင် မပါဝင်သည့် လူမျိုးများကိုလည်း ထည့်သွင်းသွားရန် အစီအစဉ်ရှိပြီး အမှန်တကယ်လက်ရှိတွင်  မရှိသည့် လူမျိုးများကိုလည်း စာရင်းမှပယ်ဖျက်ရန် အစီအစဉ်ရှိကြောင်း၊ သန်းခေါင်စာရင်းရလာဒ်အပေါ် မူတည်၍ အရေအတွက်အပြောင်းအလဲရှိမည်ဖြစ်ပြီး သန်ခေါင်းစာရင်းကောက်ယူပြီးသည့်အခါလည်း လူမျိုးစုစာရင်း ပြန်လည်ပြုစု မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန
ဒုတိယ၀န်ကြီး ဦးဝင်းမြင့် ပြောဆိုထားသည်။

အဆိုပါ ၂၀၁၄ သန်းခါင်စာရင်း နှင့် ထားဝယ်လူမျိုးအရေးဆွေးနွေးပွဲကို သံဃာတော်များ၊ ထားဝယ်တိုင်းရင်းသားများပါတီ အပါအ၀င် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များ၊ အရပ်ဖက်ဆိုင်ရာလူမှုရေး အဖွဲ့အစည်းများနှင့် ထားဝယ်ဒေသခံများ စုစုပေါင်း ၁၅၀ ကျော်တက်ရောက်ဆွေးနွေးပြောဆိုခဲ့သည်။
............................................................................

 
ထားဝယ်တိုင်းရင်းသားများ ပါတီ ပါတီဝင်များ စတင်လက်ခံ 
ဇန်နာဝါရီ ၁၆-၂၀၁၄။ Tayoyan Voice

ထားဝယ်တိုင်းရင်သားများပါတီသည် ပါတီဝင်များ စတင်လက်ခံနေပြီ ဖြစ်ကြောင်း ပါတီ တာဝန်ရှိက ထုတ်ပြန်ပြောကြားသည်။

လျှောက်လွှာများကို ပါတီ ရုံးချုပ် တည်ရှိရာ အမှတ် (၂၈၅ ) နိဗ္ဗာန်လမ်း၊ အိုးလုပ်ရပ်၊ထားဝယ်မြို့၊ အောင်စာပေ အနီးတွင် ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပါတီဝင်များ လက်ခံပြီးနောက် ပါတီကို ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ များထံ ဖေဖော်ဝါရီလတွင် အပ်နှံသွားမည်ဖြစ်ပြီး ဗဟိုအလုပ်မှုဆောင် ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

..........................................................................................
အမျိုးဆိုတာ ဖျောက်လို့ မရဘူး အမျိုးကို ပျောက်အောင်လုပ်ရင် အမျိုးဖျက်တွေပဲလို့ ထားဝယ်တိုင်းရင်းသားပါတီ ပြော

January 16, 2014/ Tayoyan Voice
 
ထားဝယ်တိုင်းရင်းသားများပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးမင်းနှင့် အင်တာဗျူး

လူထုအသံ။    ။ ပထမဦးဆုံးအနေနဲ့ ထားဝယ်တိုင်းရင်းသားများပါတီ ဘယ်လိုစဉ်းစားပြီးတော့ ဖွဲ့ဖြစ်သလဲ၊ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား။ ပါတီဝင်ဘယ်လောက်နဲ့ ဖွဲ့စည်းခဲ့တာလဲ။ အဖွဲ့မှာရှိတဲ့ တာဝန်ရှိတဲ့ သူတွေကို မိတ်ဆက်ပေးပါလား။

ဦးအေးမင်း။    ။ ထားဝယ်လူမျိုးတွေအတွက် ခိုင်ခိုင်မာမာရပ်တည်ပေးဖို့ ပါတီကြီးတခု လိုအပ်ပြီဆိုတာ အရင်ကတည်းက စိတ်ကူးရှိပေမယ့် အကောင်အထည် မဖော်ဖြစ်ဘူး။ အခုချိန်မှာတော့ ထားဝယ်လူမျိုးတွေအတွက် ရပ်တည်လုပ်ဆောင်ချင်တဲ့အတွက်  စိတ်ကူးမိပြီး လုပ်မယ်ဆိုပြီး စိတ်ကူးရပြီး တူညီသော တရားမျှတသော အခွင့်အရေး အဆင့်တန်းတို့နှင့် ကိုယ့်လူမျိုးကိုယ့်ဒေသနှင့်အတူ နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးရေးကိုပါ တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လိုသော ယုံကြည်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားများပါတီကို စတင်ထူထောင်ဖြစ်တယ်။ ပါတီကို ၁၉ ဦးနဲ့ ဖွဲ့ထားတယ်။ ပါတီမှာ ပထမ ခေါင်းဆောင်အနေနဲ့ ဦးမောင်မောင်အေးနဲ့ ဒုတိယခေါင်းဆောင်က ဦးသန်းဆွေ ကျန်တာတွေက နေရာမခွဲထားဘူး။ အားလုံးစည်းရုံးရေးလုပ်နေတယ်။ ပါတီရည်ရွယ်ကတော့
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူဖြင့် စစ်မှန်သော ပြည်ထောင်စုစနစ် ထူထောင်ရေး။
(ခ) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေးနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုရှိရေး။
(ဂ) ဒေသအတွင်းရှိ သဘာဝသယံဇာတ အရင်းအမြစ်များကို ဒေသခံများအကျိုးအတွက် ပါဝင်စီမံခန့် ခွဲနိုင်ရေးတို့ဖြစ်တယ်။

လူထုအသံ။    ။ အောက်တိုဘာ ၂၃ ရက်နေ့က အစိုးရက တရားဝင် နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုလိုက်ပြီဆိုတော့ ပထမဦးဆုံး ပါတီအနေနဲ့ ဘာတွေကို ဦးစားပေးပြီး လုပ်ဆောင်သွားမလဲ။

ဦးအေးမင်း။    ။ စည်းရုံးရေးလုပ်ငန်းတွေကို အရင်ဆုံးလုပ်ဆောင်ဖို့ ရှိတယ်။ ပါတီဝင် ၁၂၀၀ ပြည့်အောင် စည်းရုံးသွားမယ်။

လူထုအသံ။    ။ ထားဝယ်ဒေသက အခြားတိုင်း၊ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် နေရာတိုင်းလိုလိုမှာ နောက်ကျ ကျန်ခဲ့နေတာကို တွေ့နေပါတယ်။ အဲဒါက ဘာကြောင့်လဲ။

ဦးအေးမင်း။     ။ ထားဝယ်လူမျိုးတွေ သမိုင်းအစဉ်အလာမှာ အမျိုးသားရေးအတွက်ပဲ လုပ်ခဲ့ပြီး လူမျိုးအရေး မလုပ်ခဲ့ဘူး။

လူထုအသံ။     ။ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ဖို့ ထားဝယ်တိုင်းရင်းသားများ ပါတီအနေနဲ့ ဘာတွေ ဦးစားပေးလုပ်ဖို့ စီစဉ်ထားပါသလဲ။

ဦးအေးမင်း။    ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဓိက လုပ်မယ်။ စီးပွားရေးကိစ္စဒါကတော့ ပါတီဗဟို ကော်မတီဖွဲ့ပြီးမှ ပြောလို့ရမယ်။

လူထုအသံ။    ။ ထားဝယ်တိုင်းရင်းသားများ ပါတီဆိုတာက ထားဝယ်မှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံးကို ကိုယ်စားပြုတာလား ဒါမှမဟုတ် ထားဝယ်တိုင်းရင်းသားတခုကိုဘဲ ကိုယ်စားပြုတာလား။ အဲဒါနဲ့ပတ်သက်ပြီး အသေးစိပ် ရှင်းပြပေးပါလား။

ဦးအေးမင်း။    ။ တနသာင်္ရီတိုင်းအတွင်းမှာရှိတဲ့ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုတယ်။ လူမျိုးမရွေး ဘာသာမရွေးဘူး။  မိမိဆန္ဒအရ ပါချင်တယ်ဆိုရင် ပါဝင်ခွင့်ပြုတယ်။

လူထုအသံ။    ။ ထားဝယ်ဆိုတာ ဗမာလူမျိုးပါပဲ ထားဝယ်တိုင်းရင်းသားဆိုတာ မရှိဘူးလို့ ပြောနေကြတယ် အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်သလဲ။

ဦးအေးမင်း။     ။ ထားဝယ်တိုင်းရင်းသားဆိုတာ အရင်ကတည်းက ရှိပြီးသား။ ဗမာဆိုတာက မရှိဘူး။ အရင်က မြန်မာ(၇) မျိုးမှာ ဗမာ မပါဘူး။ မြန်မာ၊ ပျူ၊ ကမ်းယံ၊ ယော၊ ရခိုင်၊ တောင်သူ၊ ထားဝယ် ဆိုပြီးရှိတယ်။ စစ်အစိုးရ တက်လာပြီးမှ အရင်ကမရှိသေးတဲ့ သူတွေကိုပါ ထည့်ပြီး (၉) မျိုးဖြည့်လိုက်တယ်။ ရခိုင်ကတော့ ဗမထက် ဦးတယ်ဆိုတာ ပြသနိုင်တဲ့အတွက် ရခိုင်ဖြစ်လိုက်ရသွားတယ်။ ထားဝယ်တွေလည်း ဗမာထက် ဦးတယ်ဆိုတာ ပြသဖို့ လိုနေပြီ။ အစိုးရက ထားဝယ်တိုင်းရင်းသားဆိုတာ လက်ခံပြီးသားကို ထားဝယ်တွေက ကိုယ့်ကိုယ်ကို မသိဖြစ်နေတယ်။ လိုအပ်တဲ့အခါတော့ ဗမာ မလိုတဲ့အခါကျတော့ ထားဝယ်တွေဆိုပြီး ပြောတယ်။ ထားဝယ်မှာတော့ ဖွံ့ဖြိုးရေးတွေ မလုပ်ပေးဘူး။

လူထုအသံ။    ။ ထားဝယ်ဒေသအတွင်းမှာ အများစုက ထားဝယ်စကားပြောပေမဲ့ မှတ်ပုံတင်မှာ ကြည့်ရင် ဗမာဖြစ်နေတယ်။ အဲဒါကြောင့် ထားဝယ်တိုင်းရင်းသားဆိုတာ ဘယ်လိုပုံစံနဲ့သတ်မှတ်မလဲ။

ဦးအေးမင်း။     ။ ဆရာငယ်ငယ်တုန်းကဆို မြန်မာ ဗုဒ္ဓနဲ့ မှတ်ပုံတင်မှာ လုပ်ပေးပြီး ၁၉၉၀ နိုင်ငံသား စိစစ်ရေးလုပ်တဲ့အခါ ဗမာ ဗုဒ္ဓဆိုပြီး ပြောင်းထွက်လာတယ်။ ပြောခွင့် ပြင်ခွင့်လည်း မရှိဘူး။ အဲဒီတုန်းက ခပ်ပေါ့ပေါ့ပဲနေတယ်။ အဲဒီတုန်းက တတ်တဲ့သိတဲ့ သူတွေလည်း မပြောတော့ ဒီလိုပဲဖြစ်သွားတယ်။

လူထုအသံ။    ။ ပါတီနာမည်ကို ကြည့်ခြင်းအားဖြင့် ထားဝယ်တိုင်းရင်းပါတီက ထားဝယ်ဟာ တိုင်းရင်းသားလူမျိုးတခုအနေနဲ့ သီးသန့်ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ထားဝယ်တွေ တော်တော်များများက ကိုယ်က ဗမာပါပဲလို ခံယူထားကြတယ် ဒါနဲ့ပတ်သက်ပြီး ဘယ်ပြောချင်သလဲ။ ထားဝယ်လူထုကို ဘယ်လို စကားပါးချင်ပါသလဲ။

ဦးအေးမင်း။    ။ အမျိုးဆိုတာ ဖျောက်လို့ မရဘူး။ အမျိုးကို ပျောက်အောင်လုပ်ရင် အမျိုးဖျက်တွေပဲ။ ထားဝယ်တွေ အနေနဲ့ ထားဝယ်လူမျိုးဆိုတာ ရဲရဲပြောရဲရမယ်။

လူထုအသံ။    ။ တနင်္သာရီတိုင်းမှာ လူဦးရေ ဘယ်လောက်ရှိလဲ၊ ထားဝယ်လူမျိုးလူဦးရေရော ဘယ်လောက်ရှိလဲ။ ဘာလူမျိုးတွေ အများဆုံးနေထိုင်ကြလဲ။

ဦးအေးမင်း။    ။ သန်းခေါင်စားရင်းကောက်ပြီးမှ သိနိုင်မယ်။

လူထုအသံ။    ။ အခုဆိုရင် ထားဝယ်တိုင်းရင်းသားများပါတီက တရားဝင် နိုင်ငံရေးပါတီတခု ဖြစ်သွားပြီဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိလား။ ဘယ်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိသလဲ။

ဦးအေးမင်း။    ။ ၀င်ပြိုင်ဖို့ ရှိတယ်။ ၂၀၁၅ မတိုင်ခင် ကြားဖြတ်တခု ရှိတယ်။ အဲမှာလည်း ၀င်ပြိုင်ဖို့ ရှိတယ်။ ၀န်ကြီး ဦးသန်းဆွေနေရာနဲ့ ၀န်ကြီးချုပ် ဦးခင်ဇော်နေရာလည်းရှိတယ်။ လောင်းလုံဘက်က ဦးကျော်ကျော်ဌေးနေရာတခုသာ ၀င်သေးတယ်။

လူထုအသံ။    ။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ထားဝယ်လူထုကိုယ်စားပြုပြီး ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားမလဲ။

ဦးအေးမင်း။     ။ ပါတီဗဟို ကော်မတီဖွဲ့ပြီး ဗဟိုကော်မတီ ဆုံးဖြတ်ချက်နဲ့ လုပ်မယ်။

လူထုအသံ။    ။ ထားဝယ်တိုင်းရင်းသားပါတီနှင့် ပတ်သက်ပြီး ထားဝယ်လူထုတွေက ဘယ်လိုသဘောထားကြလဲ။ ဘယ်လိုမြင်ကြလဲ။ သူတို့ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိကြလဲ။

ဦးအေးမင်း။     ။ ထောက်ခံမှုက အားရတယ်။ စကတည်းက NLD နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်။ အခုဆို တော်တော်များများ ထားဝယ်ပါတီကို ၀င်လာနေလို့ NLD ကိုတောင် အားနာနေတယ်။

လူထုအသံ။    ။ ထားဝယ်ဒေသမှာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အများလုပ်ဆောင်နေတာတွေ ရှိပါတယ်။ အဲဒီရင်းနှီးမြှပ်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဦးအေးမင်း။    ။ ရင်းနှီးမြုပ်နှံမှုတွေလာတာ ကောင်းတယ်လို့ မြင်တယ်။ ဒါပေမယ့် ဆယ်စုနှစ်ထက် မကျော်စေဖို့ လိုတယ်။ ကျောက်မီးသွေးလို့မျိုးတော့ လက်မခံဘူး။

လူထုအသံ။    ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကော ဒေသခံလူထုတွေအတွက် တကယ်အကျိုးပြုနိုင်မလား။ ဒီစီမံကိန်းနှင့်ပတ်သက်ပြီး ထားဝယ်တိုင်းရင်းသားများပါတီအနေနဲ့ သုံးသပ်ပေးပါလား။

ဦးအေးမင်း။    ။ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်၍ ဒေသခံတွေအတွက် အကျိုးဖြစ်စေတယ်။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေ ညစ်ပတ်မှုကြောင့် လူအခွင့်အရေးချိုးဖောက်မှုတွေ မြေယာသိမ်းဆည်းမှုတွေဖြစ်တယ်။ ဒေသခံကိုတွေ မှန်မှန်ကန်ကန် မလုပ်ပေးဘူး။

လူထုအသံ။    ။ နောက်ပြီး စီမံကိန်းတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ဒေသခံတွေက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနေတယ်လို့ ကြားရတယ် အဲဒါတွေနဲ့ပတ်သက်ပြီး ထားဝယ်တိုင်းရင်းသားပါတီအနေနဲ့ ဘယ်လိုလုပ်ဆောင်ဖို့ စီစဉ်ရှိပါသလဲ။

ဦးအေးမင်း။    ။ အာဏာပိုင်တွေနဲ့  ဒေသခံတွေကြား အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးမယ်။

လူထုအသံ။    ။ လတ်တလော ဖြစ်ပေါ်နေတဲ့ လယ်မြေသိမ်းဆည်းမှု ပြဿနာက လယ်သမားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့နေမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ ထားဝယ်တိုင်းရင်းသားများပါတီအနေနဲ့ ဘယ်လို ကူညီပေးနိုင်မလဲ။

ဦးအေးမင်း။    ။ လယ်သမားတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးမယ်။ အာဏာပိုင်တွေနဲ့ ဒေသခံတွေကြား အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစီစဉ်ရှိတယ်။ နှစ်ဖက်စလုံးက အဆင်ပြေအောင် ဖြေလျော့ဖို့တော့ လိုမယ်။

လူထုအသံ။    ။ နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသလဲ။

ဦးအေးမင်း။    ။ ထားဝယ်ဒေသက ပြည်သူတွေ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်ပေးထားတဲ့အတွက် ကိုယ်တိုင်စီမံ ခန့်ခွဲခွင့်ရဖို့အတွက် လမ်းမှာ ကိုယ်တိုင်ပါဝင်လက်တွဲလျှောက်ဖို့အတွက် ထားဝယ်သူ/သားများကို မှာကြားလိုတယ်။ 

အခုလို အချိန်ပေးပြီး အင်တာဗျူးလက်ခံပေးတဲ့အတွက် ထားဝယ်လူထုအသံမှ အထူးပဲ ကျေးဇူးတင်ပါတယ်။
 

Thursday, January 23, 2014

ရှမ်းတောင်တန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်

သူ့အတွေး သူ့အမြင်

ဧရာဝတီ။
  
National Ethenic, SNLD, SNDP, စိုင်းထီးဆိုင်, ရှမ်းပြည်တောင်ပိုင်း, NLD
နမ့်စန်မြို့နယ်ရှိ အမှတ် ၇၁ အုပ် တပ်မတော် (လေ) တပ်စခန်း ဆိုင်းဘုတ်ကို တွေ့ရစဉ်

မကြာမီ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားဖို့ ပြင်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့ များဆီသို့ မကြာသေးခင်က ကျနော် ရောက်ရှိခဲ့ပါတယ်။ ဒီမြို့တွေဟာ ရှမ်းပြည် တောင်ပိုင်းမြို့တော် တောင်ကြီးနဲ့ မိုင် ၁၀၀ ကျော်ရုံလေးသာ ဝေးပေမယ့် ၆- နာရီကျော် ၇- နာရီနီးပါး မီနီဘတ်စ်ကား စီးရပါတယ်။ တောင်ကြီး ကနေ ဟိုပုန်းမြို့ အထိပဲ ပြည်မက ဘုရားဖူးခရီးသည်တွေ အသွားများ ကြပြီး လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုန် ဘက်သွားသူ အတော်နည်းတယ် လို့ ကားသမား တွေက ပြောပါတယ်။

သူတို့ ပြောတဲ့ အတိုင်းပါပဲ၊ ဟိုပုန်းလွန်တာနဲ့ လမ်းက ကြမ်းတမ်း၊ ကျဉ်းမြောင်းလာပြီး တောင်တက်လမ်း သက်သက် ဖြစ်ပါတယ်။ တဖက်က တောင်နံရံ၊ တဖက်က လျှိုမြှောင် ဆိုတော့ လမ်းချော်သွားရင်တော့ မချောင်ပါဘူး။ ဒါက တောင်ကြီးကနေ လင်းခေးကို ကားနဲ့ သွားမယ် ဆိုရင် ပြောတာပါ။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
ဒေါ်အောင်ဆန်းစုကြည် ကတော့ တောင်ကြီးကနေ ကားလမ်း အတိုင်း မလာဘဲ ရန်ကုန်ကနေ နမ့်စန်ကို လေယာဉ်နဲ့ တခါတည်း တန်းလာမယ်လို့ ယူဆရ ပါတယ်။ အဲဒီကမှ တဆင့် နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့တွေဆီ မော်တော်ယာဉ် တန်းနဲ့ သွားမယ် လို့ မှန်းဆရ ပါတယ်။ ဒီသုံးမြို့ဟာ ရှမ်းပြည်ထဲက မြန်မာပြည် လို့ ဒေသခံတွေက ခေါ်ကြတဲ့ တောင်ပေါ်က မြေပြန့်ဒေသ ဖြစ်ပါတယ်။

နမ့်စန်မှာ အမှတ် ၇၁ အုပ် တပ်မတော် (လေ) တပ်စခန်း အပါဝင် အစိုးရတပ်စခန်းတွေ၊ အစိုးရရုံးတွေ၊ ၀န်ထမ်းတွေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေရဲ့ ရုံးခန်းတွေ အတော်များများ ရှိပါတယ်။ ပြီးတော့ ဒီမြို့ဟာ လင်းခေး-မိုင်းတုန်ဘက် သွားတဲ့ လမ်းနဲ့ ကျိုင်းတုံ-တာချီလိတ်ဘက် သွားတဲ့ လမ်းဆုံ လမ်းခွလည်း ဖြစ်တဲ့ အတွက် အချက်အချာ ကျတဲ့မြို့လို့လည်း ဆိုနိုင်ပါ တယ်။ ဒီမြို့ကို ကျော်ပြီး ဆက်သွားရင်တော့ မိုးနဲမြို့ကို ရောက်ပါတယ်။

ဒီမြို့ ၃ ခု စလုံး မြေပြန့် ဆိုပေမယ့် လင်းခေး မ၀င်ခင်မှာတော့ လွိုင်လင်နဲ့ မိုင်းပွန်ကြားကလို တောင်တန်း အကွေ့ အကောက် တခုကို ဖြတ်ရပါ သေးတယ်။ အဲဒီ တောင်ကြော လွန်တာနဲ့ ခြံတံခါးကြီးရှိတဲ့ ထူးခြားတဲ့ လင်းခေးမြို့ ၀င် ဆိုင်းဘုတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဟိုဘက်ကို ကြည့်လိုက်တော့ မြင့်မားလှတဲ့ တောင်တန်းကြီး တခုက ကန့်လန့်ဖြတ်တည်ရှိနေပါတယ်။ အဲဒီ တောင်နဲ့ လင်းခေးမြို့ ကြားမှာတော့ နမ့်တိန်းချောင်း။ ၀ါးနဲ့ လုပ်ထားတဲ့ ရေဒလက်တွေနဲ့ ရေတင်ပြီး စိုက်ပျိုးရေး လုပ်နေကြတာ တွေ့ရပါတယ်။ ဆေးရွက်ကြီး စိုက်ခင်းတွေကို တွေ့နေပြီး တရုတ်ဘက်ကနေ အ၀ယ်လိုက်နေတယ်လို့ တောင်သူ တဦးက ပြောပါတယ်။


(လင်းခေးမြို့ရှိ ဗာဂျီးနီးယားစိုက်ခင်းတခု)


တောင်ပေါ်မှာ ပေါက်တဲ့ ထင်းရှူးတွေ၊ ယူကလစ်တွေ မရှိဘဲ မန်းကျည်းပင်၊ တမာပင်နဲ့ ထနှောင်းပင်တွေကို တွေ့မိတော့ အတော် အံ့သြသွား ပါတယ်။ ဒါကြောင့် လင်းခေးကို ရှမ်းပြည်ထဲက အညာမြို့လို့ ခေါ်ကြတာ ဖြစ်မယ် ထင်ပါတယ်။

ဒီမြို့မှာ ရှမ်းတိုင်းရင်းသား အများစု နေထိုင်ပါတယ်။ အဲဒီကနေ တောင်ပြာတန်းကြီးကို ကျော်ပြီး မိုင်းပန်-မိုင်းတုန်ဘက် ထွက်လိုက်ရင် နေ့တ၀က်လောက်နဲ့ ထိုင်းနယ်စပ်ကို ရောက်နိုင်ပါတယ်။ တခါ  နမ့်တိန်းချောင်း အဆုံးကနေ သံလွင်မြစ်ကိုဖြတ်၊ အရင်က နာမည်ကြီးခဲ့တဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့ နယ်မြေ ဟိုမုန်းမြို့ကနေဖြတ်ဝင်ရင် တရက်တည်းနဲ့ မယ်ဟောင်ဆောင် အထိ ရောက်သွားနိုင်ပါတယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ပြည်နယ်မြို့တော် တောင်ကြီးနဲ့ ရန်ကုန်က ၂ ရက်တာ ခရီးဝေးပေမယ့် ထိုင်းနိုင်ငံက မယ်ဟောင်ဆောင်နဲ့တော့ တနေ့တာ ခရီးသာရှိတဲ့ အတွက် ဒီမြို့က လူတွေ အတော်များများ ပြည်မထက် ထိုင်းနိုင်ငံဘက် သွားပြီး အလုပ်လုပ်ကြတာ ဖြစ်ပုံရပါတယ်။ ဒါက လင်းခေးမြို့မြင်ကွင်း အကြမ်းထည်ပါ။

အခု ဒေါ်အောင်ဆန်းစုကြည် သွားမှာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စဆိုတော့ ဒီမြို့ရဲ့ နိုင်ငံရေး နောက်ခံကိုပါ ပြောဖို့လိုမယ် ထင်ပါတယ်။ ခွန်ဆာရဲ့ ဌာနချုပ်ဟောင်းနဲ့ သိပ်မဝေးဘူး ဆိုကတည်းက ဒီဘက်မှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှု အားကောင်းခဲ့တယ် ဆိုတာ ရှင်းပြဖို့ လိုမယ် မထင်ပါ။

(မြူဆိုင်းနေတဲ့ လင်းခေးမြို့မနက်ခင်း)

၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ အဓိက မဟာမိတ်ဖြစ်ခဲ့တဲ့ SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်းပါတီလို့ ဒေသခံတွေက ခေါ်ကြပါတယ်) က ဒီမြို့မှာ အနိုင်ရခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ကျားခေါင်း ပါတီက ၀င်မပြိုင်ဘဲ ကျားဖြူပါတီလို့ ဒေသခံတွေက ခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ၀င်ပြိုင် အနိုင်ရခဲ့ပါတယ်။

အခု ၂၀၁၅ မှာတော့ လက်ရှိ အနိုင်ရထားတဲ့ SNDP ၊ ၂၀၁၀ ကို သပိတ်မှောက်ခဲ့တဲ့ SNLD၊ အခု ပါတီ ဥက္ကဌ ကိုယ်တိုင် ဒီမြို့ဆီ ရောက်လာမယ့် NLD ပါတီ၊ ၂၀၁၀ တုန်းက ဒုတိယနေရာက ကပ်လိုက်နေတဲ့ ကြံ့ခိုင်းရေး ပါတီ USDP နဲ့ တတိယ နေရာကလိုက်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) စသဖြင့် ပါတီ ၅ ခု စလုံး ၀င်ပြိုင်မယ်လို့ ယူဆရ ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီပါတီ ၅ ခုစလုံးရဲ့ ဆိုင်းဘုတ်တွေကို လင်းခေးမြို့မှာ တွေ့ခဲ့ရလို့ ပါ။

မိုးနဲနဲ့ နမ့်စန်ဘက်က အခြေနေကို ကြည့်မယ် ဆိုရင်တော့ ၁၉၉၀ တုန်းက SNLD က ၂ နေရာ စလုံးမှာ အနိုင်ရခဲ့ ပေမယ့် အခု ၂၀၁၀ မှာတော့ SNDP က မိုးနဲမှာပဲ နိုင်ပြီး နမ့်စန်မှာတော့ USDP က အနိုင်ရ သွားပါတယ်။ ဒါက မြို့နယ်တခုမှာ တဦးစီ ရွေးရတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာကို ပြောတာပါ။ ၂၀၁၀ မှာ ထပ်တိုးလာတဲ့ အမျိုးသားလွှတ်တော် တနေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ အခြေနေကိုပါ ပြောရမယ် ဆိုရင် လင်းခေးနဲ့ မိုးနဲမှာ နေရာအားလုံးကို ကျားဖြူပါတီက အနိုင်ရခဲ့ပေမယ့် နမ့်စန်မှာတော့ ကျားဖြူပါတီက ပြည်နယ်အမတ် တနေရာသာ နိုင်ပြီး ကျန်နေရာတွေကို ကြံ့ခိုင်ရေးက နိုင်သွားပါတယ်။

အခု ၂၀၁၅ မှာရော ဒီ ၃ မြို့မှာ ဘယ်ပါတီက အနိုင်ရဖွယ် ရှိမလဲ။ SNDP လား။ SNLD လား ။ ဒါမှ မဟုတ် ဒီ ရှမ်းပါတီ နှစ်ခု ပူးပေါင်းပြီး ၀င်ပြိုင်မှာ လား။ နောက်တခါ NLD ကရော ဒီသုံးမြို့မှာ ၀င် ပြိုင်ဖို့ စဉ်းစားထားသလား။ အခုချိန် အထိတော့ ရှင်းရှင်းလင်းလင်း မရှိလှသေးပါဘူး။

ဒါပေမယ့် ရှင်းနေတဲ့ အချက် တခုကတော့ လက်ရှိ လွှတ်တော် ၃ ခု စလုံးမှာ အမတ်နေရာ အများစု ယူထားတဲ့ ကြံ့ခိုင်ရေး ပါတီကတော့ ဒီသုံးမြို့နယ် အပါဝင် နေရာတိုင်းမှာ ၀င်ပြိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ တိုင်းရင်းသား ပါတီတွေနဲ့ရော တစည ပါတီနဲ့ပါ မဟာမိတ် ဖွဲ့မယ့်သဘော၊ အပေးယူလုပ်မယ့် သဘောလည်း မမြင်ရသေးပါဘူး။

အခု ဒီဒေသဆီ ရောက်လာတဲ့ NLD ပါတီက ဘယ်လိုလဲ။ ကြံ့ခိုင်ရေး ပါတီလိုပဲ မဲဆန္ဒနယ်အားလုံးမှာ ၀င်ပြိုင်မှာလား။ တိုင်းရင်းသား ဒေသတွေမှာ ၀င်မပြိုင်တော့ဘဲနဲ့ နိုင်ခြေရှိတဲ့ တိုင်းရင်းသားပါတီတွေကို မဟာမိတ်ဖွဲ့ပြီး အပေးအယူ လုပ်ဖို့ စိတ်ကူး ရှိသလား။ အခု သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က ရွေးကောက်ပွဲ မဲဆွယ်ရေး အတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စအဆင့်သာ ရှိသေးတဲ့ အတွက် ဒါကို ပြောဖို့ စောနေသေးတယ် လို့ ဆင်ခြေ ပေးကောင်း ပေးနိုင်ပါတယ်။

(''တိမ်လွှာတိမ်လိပ် အနားရောက်အောင် တောင်ပြာတွေအဆင့်ဆင့်'' ဆိုပြီး စိုင်းထီးစိုင် စပ်ဆိုခဲ့တဲ့ လင်းခေးအ၀င် သီးချင်းထဲက လွိုင်လုံတောင်တန်း)

သေချာတာ ကတော့ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား တန်းတူရေးကို တပြိုင်တည်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ မူကို လက်ခံတယ် ဆိုရင်တော့ ဒီလို မဟာမိတ်ဖွဲ့ရေး ကိစ္စ၊ မဲဆန္ဒနယ် တခုတည်းမှာ ဒီမိုကရေစီ လိုလားတဲ့ တိုင်းရင်း သား ပါတီ တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ထိပ်တိုက်ဝင် မပြိုင်မိဖို့ လိုပါပြီ။ အဲဒီလို ၀င်ပြိင်မိပြီး မဲကွဲသွားရင် တော့ ကြံ့ခိုင်ရေး ပါတီက ကြားချောင် အနိုင်ရသွားနိုင်ပါတယ်။ အဲဒီလို ဖြစ်မသွားစေဖို့ NLD နဲ့ တိုင်းရင်းသား ပါတီတွေကြား အသေချာ ဆွေးနွေးဖို့ လိုကိုလိုအပ် နေပြီ ဖြစ်ပါတယ်။     ။




ဒုတိယ အကြိမ်ပြည်တော်ပြန်ခရီးစဉ် (၇)

ထက်အောင်ကျော် (၂၄-၀၁-၂၀၁၄)
မန္တလေး။

ဒုတိယ တင်ပြချင်တဲ့တိုးတက်မှုကလဲ Mindset (စဉ်းစားပုံ) နဲ့ပဲဆိုင်ပါတယ်။ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်း ပထမဆုံးအကြိမ်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ထားဝယ်မှာပြန်တွေ့ ရပါတယ်။ သိမ်းပိုက်ထားတဲ့လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေက ဆန္ဒပြကြတာဖြစ်ပြီး ဒုတိယ အကြိမ်ဆန္ဒပြပွဲကိုလဲ အခုဇန်နာဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

(မောင်းမကန် ကမ်းခြေ)

ဆန္ဒပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့မဟုတ်ပဲ သမ္မတရွာဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒပြတာမျိုးလဲ ထားဝယ်ဒေသမှာဖြစ်ပွါး ခဲ့ပါသေးတယ်။ ထားဝယ်နဲ့ ရေဖြူမြို့နယ်အတွင်းရှိ ကန်ချနပူရီ-ထားဝယ် အဝေးပြေးကာလမ်းပေါ်က ကျေးရွာတချို့နဲ့ လောင်းလုံးမြို့နယ်တွင်းရှိ တရုတ်နိုင်ငံက ရေနံချက်စက်ရုံဆောက်မယ်ဆိုတဲ့ ရွာတွေမှာ ဖြစ်ပွါးခဲ့တာပါ။ သမ္မတဦးသိန်းစိန်ပြောထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူ ၄ ချက်နဲ့ အခုလက်ရှိ နိုင်ငံခြားစီမံကိန်းတွေ လွဲချော်နေတယ်။ ဒေသခံတွေ နစ်နာနေရတယ်ဆိုပြီး သမ္မတဓာတ်ပုံကိုရွာထိပ် မှာတင်ကာ အနုနည်းနဲ့ဆန္ဒထုတ်ဖေါ်ခဲ့တာဖြစ်ပါတယ်။

လူထုတွေဖက်က ဒီလို Mindset ပြောင်းပြီး ကိုယ့်အခွင့်ရေးအတွက်ကိုယ် တိုက်ပွဲဝင်ရဲလာသလို တိုင်းဒေသကြိး အစိုးရဖက်က။ အထူးသဖြင့် လွတ်တော်ဖက်ကလဲ Mindset ပြောင်းပြီး ပွင့်လင်းမြင်သာမှု ကိုပြရဲတဲ့ လက္ခာဏာအနဲအကျဉ်းတွေ့လာရပါတယ်။ အဒါကတော့ တိုင်းဒေသကြီးလွှတ်တော် အဟည်းအဝေးဆီ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို တက်ရောက်လေ့ လာခွင့်ပြုတာ၊ လွှတ်တော်သတင်းလွှာထုတ်တာတွေ အခုလပိုင်းအတွင်းမြင်လာရတဲ့အချက်ပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဖက်မှာတော့ လွှတ်တော်ဆိုတဲ့ ဥပဒေပြုရေးမဏ္ဍိုင်လောက် ပွင့်လင်းတာမျိုး မတွေ့ရသေးပါ။

တိုင်းဒေသကြီးရဲ့ မဏ္ဍိုင် ၃ ရပ်ပွင့်လင်းမှုအခြေနေအပြီးမှာတော့ အဲဒီမဏ္ဍိုင် ၃ ရပ်ကို ဝေဖန်ထောက်ပြ ထိမ်းကြောင်းရမဲ့ စတုတ္တမဏ္ဍိုင် မီဒီယာရဲ့တိုးတက်မှုအခြေနေကိုတင်ပြချင်ပါတယ်။ အခု ဒီဆောင်းပါးကို စာဖတ်သူတွေဖတ်နိုင်အောင် အပတ်စဉ်ထုတ်ဝေနေတဲ့ တနဿင်္ရီအပတ်စဉ်သတင်းစာဆိုတာ လွန်ခဲ့တဲ့ ၆ လအတွင်းကမှ ပေါ်လာတာပါ။ တကယ်တန်းပြောမယ်ဆိုရင် ထားဝယ်မှာအခြေစိုက်ပြီး သတင်းစာ တစောင်၊ ဂျာနယ်တစောင်ထုတ်ဖို့ဆိုတာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အနေထားပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ တနဿင်္ရီအပတ်စဉ် တကယ်ထွက်လာခဲ့ပါတယ်။

နောက်ထပ်တိုးတက်မှုတခုကတော့ ''ထားဝယ်တိုင်းရင်းသားများပါတီ'' ပေါ်လာခြင်းနဲ့ ထားဝယ်လူမျိုး၊ ထားဝယ်စာပေဆိုတာကို ပွင့်လင်းစွာ စတင်ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ထားဝယ်စကားက အသံပဲရှိပြီး စာနဲ့ချရေးလို့မရဘူးဆိုတဲ့အဆင့်ကနေ ထားဝယ်စာပေကိုအသေချာ သုတေသနလုပ်ထားတဲ့ စာအုပ်စာတန်းတွေထွက်လာပါတယ်။ ထားဝယ်ပါတီကဦးစီးပြီး ထားဝယ်အမျိုးသားအခွင့်ရေးအတွက် ဆွေးနွေးဆောင်ရွက်လာတာကို အခုလပိုင်းအတွင်းတွေ့လာရပါတယ်။

နောက်တချက်ကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တိုးတက်လာခြင်းပါ။ ထားဝယ်မြို့နဲ့ ကျနော်တို့ရွာဆီသွားတဲ့လမ်း၊ နောက်တခါ မောင်းမကန်ကမ်းခြေဆီသွားတဲ့လမ်းတွေဟာ လွန်ခဲ့တဲ့ ၆ လ အတွင်း ၂ ဆလောက်ကျယ်ဝန်းကောင်းမွန်လာပါတယ်။ မောင်းမကန်ကမ်းခြေမှာလဲ နိုင်ငံခြား ဧည့်သည်တွေပါ တည်းနိုင်တဲ့အဆင့်ထိ ဟိုတယ်တွေရှိလာပါတယ်။

(နဘုလယ် ရေနက်ဆိပ်ကမ်းမှ ထားဝယ်-ကန်ချနပူရီ အဝေးပြေးလမ်း အစ)

ထားဝယ်ဒေသကိုကျော်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ ထီးခီး-ဖုနန်းလွန် ဆိုတဲ့ ထိုင်း-မြန်မာ နယ်စပ် ဂိတ်ဟာ လွန်ခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကမှ တရားဝင်ဖွှင့်လိုက်တာပါ။ ဒီဂိတ်ဟာ မြန်မာနိုင်ငံ အတွက်အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ဆက်စပ်နေပြီး ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းပေါ်မှာတည်ရှိပါတယ်။ ဒီလမ်းကနေ ထိုင်းနဲ့မြန်မာဒေသခံ တွေအပြင် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ၀င်ခွင့်ပေးထားပါတယ်။

ဒါဟာလဲ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေပါ။ ဒီတိုးတက်မှုဟာ တခုတလော လူ ပြောများနေတဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်နေပါတယ်။ ထီးခီးဆိုတာ အရင်က KUN (ကရင့်အမျိုးသားအစည်းရုံး) နဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး) ထိမ်းချုပ်ထားတဲ့နေရာ။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) တို့ ပါလီမာန်ထဲဝင်လာပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ဒီလိုရလာဒ်ထွက်လာတာပါ။

၆ လတာအတွင်း ထားဝယ်ဒေသရဲ့တိုးတက်မှုတွေကိုစဉ်းစားနေတုန်း ကျနော်ထိုင်နေတဲ့ လဖက်ရည် ဆိုင်ဆီ ရောက်လာသူတဦးက အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ စာရေးဆရာ မောင်လေးတင့်။ ''ထားဝယ် ဒေသိယစကား ရှေ့ပြေးလေ့လာချက်'' ဆိုတဲ့စာအုပ်ကို သူကိုယ်တိုင်လက်မှတ်ထိုးပြီး ကျနော်ကို  တကူးတကာ့လာပေးတာပါ။ သူ့စာအုပ်ကိုဖတ်ကြည့်တော့ ထားဝယ်စကားအပေါ် တကယ့်ကို အသေ ချာလေ့လာပြီး သုတေသနလုပ်ထားတဲ့ စာအုပ်။

ကျနော်ကိုယ်တိုင် ထားဝယ်သားဆိုပေမဲ့ ''ထားဝယ်စကား စာရေးလို့မရဘူး'' ဆိုတဲ့ ကြားဖူးနားဝ အတိုင်း ထားဝယ်တွေထွက်တဲ့အသံတိုင်း စာနဲ့ချရေးလို့မဘူးလို့ပဲ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ ဒီဆရာကြီးရဲ့ စာအုပ်ကိုဖတ်ကြည့်တော့ အဲဒီလိုမဟုတ်။ ထားဝယ်အသံ (စာပေ) ရဲ့ထူးခြားချက်တွေကို အသေချာ မှတ်တန်းမှတ်ရာတွေ၊ သာဓကတွေ၊ အကိုးအကားတွေနဲ့တင်ပြထားတဲ့အတွက် ဒီစာအုပ်ဟာ ထားဝယ် စာပေအတွက် အထူးအရေးပါတယ်လို့ ကျနော်ထင်ပါတယ်။

ထားဝယ်ကအပြန် လေယဉ်တစီးတည်းစီးမိသူ နိုင်ငံခြားသားတချို့နဲလဲ ကျနော်စကားပြောခွင့်ရခဲ့ပါတယ်။ ''မင်းတို့ထားဝယ်တွေက အတော်သဘောကောင်းကြတာပဲ။ ငါတို့ကို လိုအပ်တာထက်တောင် ပို အလေးပေးနေကြသလိုပဲ'' ဆိုပြီး အသက် ၃၀ ၀န်းကျင်အရွယ် အနောက်တိုင်းသားတဦးကပြောပါတယ်။ ခင်ဗျားက Tourist (ကမ္ဘာလှည့်ခရီးသည်) လား၊ ထားဝယ်ရေနက်စီမံကိန်းက Investor (နိုင်ငံ ခြားရင်းနှီးမြှုပ် နှံသူလား) ဆိုပြီးမေးတော့ တခုမှမဟုတ်။

(နိုင်ငံခြားသား အလာများလာပြီဖြစ်တဲ့ ထားဝယ်လေဆိပ်)

''ကျနော်တို့က NGO ၀န်ထမ်းတွေပါ။ ထားဝယ်ဒေသမှာ ကွင်းဆင်းလေ့လာပြီးလို့ အခု ရန်ကုန်ပြန်လာ တာပါ'' လို့သာပြောဆိုပြီး ဒီထက်ပို အသေးစိပ်ပြောချင်ပုံမရ။ ထားဝယ်မှာဘယ်လိုလဲ၊ နိုင်ငံခြားသားတွေ ကျေးရွာတွေမှာတည်းလို့ရပြီဆိုတာ ဟုတ်လားဆိုပြီးကျနော်ကထပ်မေးတော့ ''မရသေးဘူး၊ ညဖက်မှာ ထားဝယ်မြို့ပေါ်က ဟိုတယ်တွေမှာပြန်အိပ်ရတယ်'' လို့သူကဆိုပါတယ်။

နိုင်ငံခြားသားစာအုပ်ကိုင်ထားတဲ့ ကျနော်ရဲ့အခြေနေကိုရှင်းပြတော့ သူတို့အတော်အံ့သြနေကြပါတယ်။ ပြီးတော့ ထားဝယ်ဖက်မှာ နိုင်ငံခြားသားတွေ ဟိုတယ်မှာပဲနေခွင့်ရှိပြီး အခန်းငှားနေထိုင်ခွင့်မရှိသေးတဲ့ အကြောင်း၊ ရန်ကုန်မှာတော့ အခန်းငှားနေခွင့်ပေးထားပေမဲ့ ဈေးနှုံးတွေက တလဒေါ်လာ ၁၀၀၀ ကျော် ၁၅၀၀ ဆိုတော့ နယူယောက်တို့၊ လန်ဒန်တို့ထက် တောင်ပိုဈေးကြီးနေတယ်ဆိုပြီး သူကညီးပြနေပါတယ်။

ကျနော်ဟာ ညပိုင်းမှာ မန္တလေးသွားဖို့ ဘတ်စ်ကားလက်မှတ်ဝယ်ထားပြီးဖြစ်ပေမဲ့ လေယဉ်က ညနေပိုင်း မရှိ။ အခုနေ့လည်ပိုင်းလေယဉ်နဲ့လိုက်လာတော့ ရန်ကုန်လေဆိပ်ရောက်ချိန်မှာ အချိန်က ၃ နာရီ ၀န်းကျင်ပဲရှိပါသေးတယ်။ ဒီတော့ တည်းနေကြ တာမွေဖက်ကအိမ်ဆီ ခဏပြန်နားဦးမှဆိုပြီး တက္ကစီနဲ့ ထွက်လာပါတယ်။

''ဒီလမ်းထဲမှာ နိုင်/ကျဉ်း ရုံးရှိတယ်၊ တနေ့ကတောင် မိုးသီးဇွန် လာသွားတာ မြင်လိုက်ရတယ်'' လို့ အိမ် ရှင်ကပြောတော့ ကျနော်အံ့သြသွားပါတယ်။ နိုင်/ကျဉ်းရုံးရှိနေတယ်ဆိုတာကို အံ့သြတာထက် ဒီမှာလဲ နိုင်/ကျဉ်း လို့ခေါ်တဲ့အသံနဲ့ အသုံးအနှုံးကို ပိုအံ့သြမိတာပါ။ ပြီးတော့ ရှစ်ပူး၊ တစ်ပူး ဆိုတဲ့အသုံး အနှုံးတွေ။ ပြည်ပက ကျနော်တို့ကြားမှာသာ အသုံးများနေတယ်လို့ထင်ရတဲ့ ဝေါဟာရတွေဟာ ရန်ကုန်မှာလဲ အတော်ခေတ်စားနေပါလား။

အချိန်ရတုန်း နိုင်/ကျဉ်းရုံးဆီ ခဏသွားလည်ဦးမှဆိုပြီး လမ်းထဲဟိုငေးဒီငေးနဲ့ လျောက်လာတုန့်း တိုက်ဝရံ တာတခုမှာ မထင်မှတ်ပဲမြင်လိုက်ရသူတဦးက ABSDF မှ ဗိုလ်ကျောက် (မိုးကျော်ဦး)။ ''ဟေ့လူ ဘယ်လို လုပ် ဒီကိုရောက်နေတာလဲ'' ဆိုပြီးသူ့ဆီတက်သွားတော့ သူရောက်နေတဲ့အခန်းဟာ နိုင်/ ကျဉ်း ရုံးဖြစ်နေ ပါတယ်။ နောက်တဦးက ABSDF ဗဟိုကော်မီတီဝင် ကိုလွမ်းဏီ။ နှစ် ၂၅ နှစ်ပြည့် ဒေါင်းအိုဝေစာစောင်နဲ့ ပြက္ခဒိန်ထုတ်ဖို့ ဒီနေ့ပဲ မဲဆောက်ကနေ ရန်ကုန်ကိုရောက်လာကြတယ်လို့ သိရပါတယ်။

ဒီလူတွေရှိနေပြီဆိုတော့ သိပ်မိတ်ဆက်စရာမလိုပဲနဲ့ နိုင်/ကျဉ်း ရုံးသားအားလုံးနဲ့ ခင်မင်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်အတော်များများကို ဒီရုံးမှာတွေ့ရပြီး လက်ကျန်အကျဉ်းသားစီစစ်ရေးကိစ္စကို အလေးထားဆောင်ရွက်နေတယ်လို့ သူတို့ကပြောပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့နဲ့ ဒီအဖွဲ့ ဘာကွာသလဲဆိုပြီးမေးကြည့်တော့ သူတို့က မကြာသေး ခင်ကမှ ဖွဲ့ထားတဲ့အဖွဲ့သစ်ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးတော့ သူတို့ဟာ အကျဉ်းသားကူညီရေးအပြင် နိုင်ငံရေးဆွေးနွေးမှုတွေကိုလဲ အတော်စိတ်ဝင်စားပုံရ ပါတယ်။ ''ကျနော်တို့ Debate အကြီးကြီးတခုလုပ်ဖို့ပြင်နေတယ်ဗျ။ ခင်ဗျား Moderator လုပ်ပေးနိုင်မလား'' လို့ ကျနော်ကိုဖိတ်ခေါ်နေပါတယ်။ သူတို့ပွဲလုပ်မဲ့ ဇန်နာဝါရီအထိ ကျနော်က မနေနိုင်တဲ့ အတွက် ဘယ်လိုမှ မကူညီနိုင်ခဲ့ပါ။ ပြီးခဲ့တဲ့ ဇန်နာဝါရီဒုတိယပတ်ထဲကတော့ အဲဒီ ဒီဘိတ်ပွဲကို တော်ဝင်နှင်းဆီမှာ ကျင်းပသွား တာကို သတင်းတွေထဲ ဖတ်လိုက်ရပါတယ်။

နိုင်/ကျဉ်းရုံးကအပြန် ညနေ ၉ နာရီမှာတော့ ရန်ကုန်-မန္တလေး အထူးဘတ်စ်ကားနဲ့ မန္တလေးမြို့ဆီ ကျနော်ချီတက်လာပါတယ်။ မှောင်မှောင်မဲမဲဆိုတော့ လမ်းတလျောက် ဘာမှမမြင်ရ။ ဒါပေမဲ့ အရင် တခေါက်သွားဖူးတဲ့ ရန်ကုန်-နေပြည်တော်လမ်းအတိုင်း မောင်းနေတယ်ဆိုတာကိုတော့ သတိထားမိပါ တယ်။ ၁၁၅ မိုင်မှာခဏနားပြီး Feel ဆိုင်ထဲဝင်ကြပါတယ်။ ဒီယဉ်ရပ်နားစခန်းက အိမ်သာတွေသိပ် ကောင်းတယ်လို့ လွန်ခဲ့တဲ့ ၆ လတုန်းက ကျနော်ရေးခဲ့ဖူးပေမဲ့ အခုတော့ အဲဒီလောက်အထိမကောင်း တော့။ အိမ်သာတွေ ရေဆွဲလို့မကျပဲ ပျက်စပြုနေပါပြီ။

နိုးတ၀က် အိပ်တ၀က်နဲ့ မန္တလေးကိုကားဆိုက်တော့ မနက် ၅ နာရီတောင်မထိုးသေး။ ဒုက္ခပဲ။ ဘာမှ မမြင်ရတော့ ဘယ်ကိုရောက်နေမှန်းမသိ။ မန္တလေးဆိုတာ လွန်ခဲ့တဲ့ နှစ် ၃၀ ၀န်းကျင်က ဖြတ်သွားရုံသာ ခဏရောက်ခဲ့ဖူးတဲ့နေရာ။ ကားပေါ်ကဆင်းတော့ ပေါက်ဝမှာ ဖေါက်သည်ခေါ်နေ (တကယ်တော့ ခေါ် ရုံမက၊ လူကိုပါဆွဲချနေတာမျိုး) တဲ့ ဆိုင်ကယ်သမားတွေက အလုအယက်။ အရင်က မီးရထားနဲ့သာ ရောက်ဖူးသူ ဆိုတော့ ကားဂိတ်ကမြို့ထဲနဲ့ ဘယ်လောက်ဝေးမှန်းလဲ မမှန်းတတ်။ ပြီးတော့ ဘယ်မှာ သွားတည်းရမှန်းလဲ အတိအကျမသိသေး။

ကျုံးဘေးဝန်းကျင်က ဟိုတယ်တခုဆီသွားမယ်လို့ပြောလိုက်တော့ ၆၀၀၀ တဲ့။ များလှချည်လား၊ ရန်ကုန်မှာ တောင် အဲလောက်မပေးရဘူးဆိုပြီးဈေးဆင့်တော့ ''တန်မှပေးပါ။ မတန်ရင် ပြန်အမ်းပေးမယ်အကို'' ဆိုတဲ့ မန္တလေးသားလေနဲ့ မိသွားပါတယ်။ မှောင်မှောင်မဲမဲထဲ ဒီတိုင်းနေလို့ကလဲမဖြစ်သေးတော့ သူ့ကားပေါ်ပဲ တက်လိုက်ရပါတယ်။ ကားဂိတ်နဲ့မြို့ထဲက အတော်တော့ဝေးသား။ ရန်ကုန်က ကားဂိတ်တွေလောက် အထိမဝေးပေမဲ့ ဈေးကတော့ ရန်ကုန်နှုံးအတိုင်းပေးလိုက်ရပါတယ်။

ဟိုတယ်ရောက်တော့ ထုံးစံအတိုင်း ၃ သောင်းတန်အခန်းကို နိုင်ငံခြားသားဖြစ်တဲ့အတွက် ၆ သောင်း ပေးလိုက်ရပြန်ပါတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာကတော့ တရုတ်စကားပြောနိုင်ငံခြားသားတွေကျတော့ ၂ ဆပေးစရာမလို။ မြန်မာနှုန်းအတိုင်းပေးနေကြတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုပြီး ကောင်တာမှာ သွားမေးတော့ ''သူတို့က မြန်မာနိုင်ငံသား စီစစ်ရေးကဒ်တွေကိုင်ထားလို့ပါ'' တဲ့။ သေပြီဆရာပေါ့။ ဒီလိုလူတွေမန္တလေးမှာ အတော်များမဲ့ပုံပါပဲ။ ဟိုတယ်တခုလုံး ဒီအသံတွေကြားနေရပြီး ဟိုတယ်အပြင် အဆင်ကလဲ တရုတ်ဒီဇိုင်းတွေနဲ့။

အင်း မန္တလေးဆိုတာ မြန်မာတွေရဲ့နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူသွားတဲ့မြို့၊ မင်းတုန်းမင်းကြီး ကိုယ်တိုင်တည်ထားခဲ့တဲ့မြို့၊ မြန်မာတွေရဲ့ယဉ်ကျေးမှုမြို့တော်ဆိုတာကို စာအုပ်ထဲမှာသာ ဖတ်မထားမိ ဘူးဆိုရင် ဒီမြို့ကို မြန်မာ့ယဉ်ကျေးမှုမြို့တော်လို့သိဖို့မလွယ်တော့ပါလား။

ဒီတိုင်းဆိုရင်တော့မဖြစ်သေးဘူး။ ဒေသခံအသိတွေကိုအကူညီတောင်းမှဆိုပြီး ကျနော်နဲ့သိတဲ့ မီဒီယာ သမားတွေကိုဖုန်းဆက်တော့ ဘယ်သူမှမရိ။ အားလုံးခရီးလွန်နေကြပါတယ်။ နောက်ဆုံးတော့ နိုင်ငံရေး မိတ်ဆွေ၊ တော်လှန်ရေးမိတ်ဆွေလို့ပြောနိုင်တဲ့၊ DVB မှာတာဝန်ထမ်းစဉ်က နေစဉ်လိုလို တယ်လီဖုန်းခေါ် သတင်းမေးရင်းနဲ့ ရင်းနှီးနေတဲ့ မန္တလေးတိုင်း NLD မှ ဒေါ်ဝင်းမြမြနဲ့ဖုန်းရပါတယ်။

''အမိန့်ရှိပါ။ စန်းရောင်ရှင်တိုက်ကပါရှင်'' ဆိုတဲ့ အသံပိုင်ရှင်တွေဆီ ကျနော်ရောက်သွားတော့ သူတို့ မောင်နှမ ၃ ဦးစလုံးနဲ့တွေ့ရပါတယ်။ အစိုးရကသိမ်းလိုက်တဲ့ ဈေးချိုကအခန်းက အခုထိပြန်မရသေးတဲ့ အတွက် အိမ်မှာပဲ အထည်အရောင်းအ၀ယ်လုပ်ငန်း လုပ်နေရတယ်လို့သူတို့ကရှင်းပြပါတယ်။ တကယ်တော့ သူတို့အကြောင်းရှင်းပြတာက နည်းနည်း၊ DVB ကနေ ကျနော်တို့ ဘယ်လို အလုပ်ထုတ်ခံ ရတယ်ဆိုတဲ့အကြောင်း ရှင်းပြရတာကများများပါ။

(စစ်ကိုင်းတောင်ကို ဧရာဝတီမြစ်ကူးတံတားပေါ်က မြင်ရစဉ်)

''အတိုက်ခံမီဒီယာက အခုချိန်ထိ လိုနေသေးတယ်နော်'' ဆိုတဲ့ ဒေါ်ဝင်းမြမြရဲ့ စကားက ကျနော့်အတွက် အတော်စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ စစ်ကိုင်းတောင်ပေါ်တက်မယ်ဆိုပြီး သူတို့အိမ်ကနေ ထွက်လာတော့ လူတွေထောင်နဲ့ချီ လမ်းမပေါ်တန်းစိတိုးနေတာကိုတွေ့ရပါတယ်။ ဘာလုပ်နေကြတာလဲလို့မေးကြည့်တော့ အမျိုးသမီးဘောလုံးပွဲကြည့်ဖို့ လက်မှတ်တန်းစီတိုးနေကြတာတဲ့။ ဒီတော့မှ အ ရှေ့တောင်အာရှ အားကစားပွဲထဲက အမျိုးသမီးဘောလုံးပွဲကို မန္တလေးမှာကျင်းပနေမှန်းသိရပါတယ်။

ကျနော်စိတ်ထဲမှာတော့ မန္တလေးမြို့က အိမ်တွေ၊ လမ်းတွေက ရန်ကုန်ထက် ပိုသစ်လွင်၊ ကျယ်ပြန့် သန့်ရှင်း နေသလိုပါပဲ။ ရန်ကုန်မှာနေတာထက် ပိုလွတ်လပ်ပေါ့ပါးသလို ခံစားရပါတယ်။ ရန်ကုန်မှာ စီးခွင့်ပိတ်ထား တဲ့ မော်တော်ဆိုင်ကယ်တွေကို မန္တလေးမှာအများအပြားတွေ့ရတော့ ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့ရဲ့ ''မန္တလေးရောက် ရှမ်းတယောက်'' နဲ့ ''ဘီးနံပတ် OK 0122L'' သီချင်းတွေကို သွားသတိရမိပါတယ်။

''ဈေးချိုက ထွက်တိုင်းလည်း မြင်းလှည်းသမားတွေက ဘုရားကြီးလားလို့မေးကြတယ်...'' ဆိုတဲ့သီချင်း စာသားက ဒီနေ့မန္တလေးကို ကိုယ်စားမပြုတော့ပါ။ မြင်းလှည်းနဲ့စက်ဘီး မန္တလေးမှာအတော်ကိုနည်း သွားပါပြီ။ ဈေးချိုကလဲ အထပ် ၂၀ လောက်မြင့်တဲ့ကုန်တိုက်လိုလို၊ ဟိုတယ်လိုလိုဖြစ်သွားပြီ။ ''ဘီးနံ ပတ် OK 0122L'' နဲ့ ''မောတော့မောတာပေါ့၊ ဒါပေမဲ့ မမောဘူး'' ဆိုတဲ့  တချိန်က မန္တလေး စက်ဘီးလောက အကြောင်းစဉ်းစားရင်း စစ်ကိုင်းတံတားဖက်ရောက်လာပါတယ်။     ။

Wednesday, January 22, 2014

အစိုးရကို ကလိတဲ့ နောက်ဆုံးပေါ် သီချင်းများ...။

မုံရွာက ဆရာသမားတွေရဲ့ သီချင်းတွေကို ကြိုက်လွန်းလို့ပြန်တင်ထားပါတယ်။

ဘယ်လိုကူးရမှန်းမသိလို့ ဒီတိုင်း F/B ကနေ ကော်ပီကူးတင်ထားပါကြောင်း...။







.................




..............................



.............................



.....................



..........................



......................


(၆ လအတွင်း တိုးတက်ခြင်းတချို့ ) တနသာင်္ရီ အပတ်စဉ် ၃၃။

ထက်အောင်ကျော်။  (ဇန်နာဝါရီ ၂၀- ၂၆-၂၀၁၄)

တနသာင်္ရီအပတ်စဉ် ၃၃။ စာမျက်နှာ ၁၁


၆ လအတွင်း တိုးတက်ခြင်းတချို့ 

ကုန်လွန်သွားခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မွေးရပ်မြေဆီ ၂ ခေါက်ပြန်ရောက်ခဲ့ပါတယ်။ ပထမ တခေါက် ကမေလ၊ ဒုတိယအခေါက်က ဒီဇင်ဘာဆိုတော့ ၆ လအတွင်း ၂ ခေါက်ရောက်ခဲ့တဲ့သဘော။ ဒီခရီးစဉ် ရဲ့ ရည်ရွယ်ချက်ကတော့ သမ္မတဦးသိန်းစိန်ဖိတ်ကြားခဲ့တဲ့အတိုင်း သူတို့အစိုးရက ဦးစီးဆောင်ရွက်နေ တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဆိုတာကို လေ့လာဖို့ပါ။

ခရီးစဉ်အတွင်း တွေ့ရှိချက်တွေထဲက လိုအပ်ချက်တွေ၊ အားနဲချက်တွေအတော်များများကို ထောက်ပြခဲ့ ပြီးဖြစ်တဲ့အတွက် ဒီတပတ်မှာတော့ တိုးတက်မှုတချို့ကို ရှာဖွေတင်ပြမလားလို့ စဉ်းစားထားပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း တိုးတက်မှုတွေအများကြီးရှိကောင်းရှိနိုင်ပေမဲ့ ကိုယ်တွေ့ အဖြစ်အပျက် တချို့ကို သာ ဒီနေရာမှာတင်ပြနိုင်မှာဖြစ်ပါတယ်။

ပထမ ဆုံးတင်ပြချင်တာကတော့ ကျနော်မကြာခဏရေးဖူးတဲ့ Mindset (စဉ်းစားပုံ) ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ဖြစ်စဉ်တခုကို ကျနော်တို့ရွာမှာတွေ့ရပါတယ်။ ''ငါ လူမှုရေးလုပ်ငန်းတခုလုပ် ချင်လို့ကွ။ အဲဒါ ဘယ်လိုလုပ်ငန်းမျိုး လုပ်ရင်ကောင်းမလဲ'' ဆိုပြီး ရွာကမိတ်ဆွေတဦးက ကျနော်ကို အကြံဥာဏ်တောင်းပါတယ်။ အဲဒါ လွန်ခဲ့တဲ့ မေလခရီးစဉ်တုန်းကပါ။ ရွာကမိတ်ဆွေဆိုပေမဲ့ လော လောဆယ်ရွာမှာနေတာမဟုတ်ပဲ ရန်ကုန်မှာ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ။

သူ့အမည်က ဦးစစ်ထွေး။ ကျနော်ထက် အသက် ၁၀ နှစ်ခန့်ကြီးပါတယ်။ ဒါပေမဲ့ သူဟာ ကျနော်တို့ ကျောင်းသားတွေနဲ့ ဘော်လုံးကန်ဖေါ်ကန်ဖက်။ သူ့အိမ်ကကျနော်တို့အိမ်နဲ့သိပ်မဝေး။ အလုပ်အကိုင် ကတော့ ရွာကလူတွေရဲ့ထုံးစံအတိုင်း လယ်ယာလုပ်ငန်းပေါ့။ သူလိုကိုယ်လို လူတဦးထက် ဘာမှမပို။ ဒါက လွန်ခဲ့တဲ့ ၂၅ နှစ်၊ ကျနော်အိမ်ကမထွက်လာခင်အချိန်က အနေထားကိုပြောတာပါ။ အခုတော့ ဒီလူ့ဆီက ထူးခြားတဲ့ စိတ်ကူးတခုထွက်လာနေပါပြီ။

၆ လကြာပြီးလို့အခုတခေါက် ကျနော်ရွာပြန်ရောက်တော့ ''လင်းလက်ကြယ်စင်'' ဆိုတဲ့ ပညာရေး ဖောင်ဒေးရှင်းတခု ဖွဲ့ထားတာကိုတွေ့ရပါတယ်။ ငွေကြေးမတတ်နိုင်လို့ ကျောင်းမနေနိုင်တဲ့ ကလေး ငယ် ၃၀ ခန့်ကို ကျောင်းထားပေးထားတယ်လို့ ရွာရှိကျောင်းဆရာမတွေက ပြောပါတယ်။ ဒီ ဖောင်ဒေး ရှင်းအတွက် သိန်း ၁၀၀ မတည်ငွေထည့်ထားသူက ရှေ့မှာကျနော်ပြောခဲ့တဲ့ ဦးစစ်ထွေးပါပဲ။

ထူးခြားတာက ဒီလုပ်ငန်းအတွက် သူစိတ်ကူးရလာပုံ။ သိန်း ၁၀၀ လောက်ကုန်ကျမဲ့ အလှူပွဲတခုကို ဆင်တွေ၊ မြင်းတွေနဲ့ကြီးကျယ်ခန်းနားစွာကျင်းပဖို့ပြင်နေစဉ် အဲဒီလိုလှူလိုက်မယ်ဆိုရင် အလှူပွဲကို လာတဲ့လူ ၁၀၀၀ လောက် တနပ်စားပြီးတာနဲ့ ဒီငွေတွေကုန်သွားမယ်။ ဒီငွေတွေကိုစုပြီး ပညာရေး ဖောင်ဒေးရှင်းလေးလုပ်လိုက်မယ်ဆိုရင် လူအများကြီးအတွက် ရေရှည်အကျိုးရှိနိုင်တယ်ဆိုတဲ့ အတွေး ၀င်လာတယ်ဆိုတဲ့ အချက်ပါ။

ဒုတိယ တင်ပြချင်တဲ့တိုးတက်မှုကလဲ Mindset (စဉ်းစားပုံ) နဲ့ပဲဆိုင်ပါတယ်။ ၈ လေးလုံးအရေးတော် ပုံနောက်ပိုင်း ပထမဆုံးအကြိမ်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က ထားဝယ်မှာပြန်တွေ့ရပါ တယ်။ သိမ်းပိုက်ထားတဲ့လယ်ယာမြေတွေပြန်ပေးဖို့ လယ်သမားတွေက ဆန္ဒပြကြတာဖြစ်ပြီး ဒုတိယ အကြိမ်ဆန္ဒပြပွဲကိုလဲ ပြီးခဲ့တဲ့သောကြာနေ့ (၁၇-၀၁-၂၀၁၄) က ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့မဟုတ်ပဲ သမ္မတရွာဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒပြတာမျိုးလဲ ထားဝယ်ဒေသမှာဖြစ်ပွါး ခဲ့ပါသေးတယ်။ ထားဝယ်နဲ့ ရေဖြူမြို့နယ်အတွင်းရှိ ကန်ချနပူရီ-ထားဝယ် အဝေးပြေးကာလမ်းပေါ်က ကျေးရွာတချို့နဲ့ လောင်းလုံးမြို့နယ်တွင်းရှိ တရုတ်နိုင်ငံက ရေနံချက်စက်ရုံဆောက်မယ်ဆိုတဲ့ ရွာတွေမှာ ဖြစ်ပွါးခဲ့တာပါ။ သမ္မတဦးသိန်းစိန်ပြောထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူ ၄ ချက်နဲ့ အခုလက်ရှိ နိုင်ငံခြားစီမံကိန်းတွေ လွဲချော်နေတယ်။ ဒေသခံတွေ နစ်နာနေရတယ်ဆိုပြီး သမ္မတဓာတ်ပုံကိုရွာထိပ် မှာတင်ကာ အနုနည်းနဲ့ဆန္ဒထုတ်ဖေါ်ခဲ့တာဖြစ်ပါတယ်။


လူထုတွေဖက်က ဒီလို Mindset ပြောင်းပြီး ကိုယ့်အခွင့်ရေးအတွက်ကိုယ် တိုက်ပွဲဝင်ရဲလာသလို အစိုး ရဖက်က။ အထူးသဖြင့် လွတ်တော်ဖက်ကလဲ Mindset ပြောင်းပြီး ပွင့်လင်းမြင်သာမှုကိုပြရဲတဲ့ လက္ခာ ဏာအနဲအကျဉ်း တွေ့လာရပါတယ်။ အဒါကတော့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးဆီ နိုင်ငံ ရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို တက်ရောက်လေ့လာခွင့်ပြုတာ၊ လွှတ် တော်သတင်းလွှာထုတ်တာတွေ အခုလပိုင်းအတွင်းမြင်လာရတဲ့အချက်ပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့ တ ရားစီရင်ရေးဖက်မှာတော့ လွှတ်တော်ဆိုတဲ့ ဥပဒေပြုရေးမဏ္ဍိုင်လောက် ပွင့်လင်းတာမျိုးမတွေ့ရသေး ပါ။

တိုင်းဒေသကြီးရဲ့ မဏ္ဍိုင် ၃ ရပ်ပွင့်လင်းမှုအခြေနေအပြီးမှာတော့ အဲဒီမဏ္ဍိုင် ၃ ရပ်ကို ဝေဖန်ထောက်ပြ ထိမ်းကြောင်းရမဲ့ စတုတ္တမဏ္ဍိုင် မီဒီယာရဲ့တိုးတက်မှုအခြေနေကိုတင်ပြချင်ပါတယ်။ အခု ဒီဆောင်းပါး ကို စာဖတ်သူတွေဖတ်နိုင်အောင် အပတ်စဉ်ထုတ်ဝေနေတဲ့ တနဿင်္ရီအပတ်စဉ်သတင်းစာဆိုတာ လွန်ခဲ့တဲ့ ၆ လအတွင်းကမှ ပေါ်လာတာပါ။ တကယ်တန်းပြောမယ်ဆိုရင် ထားဝယ်မှာအခြေစိုက်ပြီး သတင်းစာတစောင်၊ ဂျာနယ်တစောင်ထုတ်ဖို့ဆိုတာ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အနေ ထား။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ တနဿင်္ရီအပတ်စဉ် တကယ်ထွက်လာခဲ့ပါတယ်။

နံပတ် ၅ အချက်အဖြစ်တင်ပြချင်တာကတော့ ''ထားဝယ်တိုင်းရင်းသားများပါတီ'' ပေါ်လာခြင်းနဲ့ ထား ၀ယ်လူမျိုး၊ ထားဝယ်စာပေဆိုတာကို ပွင့်လင်းစွာ စတင်ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ထားဝယ်စကား က အသံပဲရှိပြီး စာနဲ့ချရေးလို့မရဘူးဆိုတဲ့အဆင့်ကနေ ထားဝယ်စာပေကိုအသေချာသုတေသနလုပ် ထားတဲ့ စာအုပ်စာတန်းတွေထွက်လာပါတယ်။ ထားဝယ်ပါတီကဦးစီးပြီး ထားဝယ်အမျိုးသားအခွင့်ရေး အတွက် ဆွေးနွေးဆောင်ရွက်လာတာကို အခုလပိုင်းအတွင်းတွေ့လာရပါတယ်။

နံပတ် ၆ ကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တိုးတက်လာခြင်းပါ။ ထားဝယ်မြို့နဲ့ ကျနော်တို့ ရွာဆီသွားတဲ့လမ်း၊ နောက်တခါ မောင်းမကန်ကမ်းခြေဆီသွားတဲ့လမ်းတွေဟာ လွန်ခဲ့တဲ့ ၆ လအတွင်း ၂ ဆလောက်ကျယ်ဝန်းကောင်းမွန်လာပါတယ်။ မောင်းမကန်ကမ်းခြေမှာလဲ နိုင်ငံခြားဧည့်သည်တွေပါ တည်းနိုင်တဲ့အဆင့်ထိ ဟိုတယ်တွေရှိလာပါတယ်။

ထားဝယ်ဒေသကိုကျော်ပြီးကြည့်လိုက်မယ်ဆိုရင်တော့ ထီးခီး-ဖုနန်းလွန် ဆိုတဲ့နယ်စပ်ဂိတ်ဟာ လွန်ခဲ့ တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကမှ တရားဝင်ဖွှင့်လိုက်တာပါ။ ဒီဂိတ်ဟာ မြန်မာနိုင်ငံအတွက်အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ဆက်စပ်နေပြီး ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းပေါ်မှာတည်ရှိပါတယ်။ ဒီလမ်းကနေ ထိုင်းနဲ့မြန်မာဒေသခံတွေအပြင် နိုင်ငံတကာ မှ ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ၀င်ခွင့်ပေးထားပါတယ်။

ဒါဟာလဲ လွန်ခဲ့တဲ့ ၂၅ နှစ်က ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေပါ။ ဒီတိုးတက်မှုဟာ တခုတလော လူ ပြောများနေတဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်နေပါတယ်။ ထီးခီးဆိုတာ အရင်က KUN (ကရင့်အမျိုးသားအစည်းရုံး) နဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး) ထိမ်းချုပ်ထားတဲ့နေရာ။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း၊ အ ထူးသဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD (အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်) တို့ ပါလီမာန်ထဲဝင်လာပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ဒီလိုရလာဒ်ထွက်လာတာပါ။

အခုလ ၁၂ ရက်နေ့ကတော့ ထီးခီးနယ်စပ်မှာ ထိုင်း-မြန်မာ ၂ နိုင်ငံစီးပွါးရေးသမားတွေ၊ အစိုးရတာဝန် ရှိသူတွေ ဆွေးနွေးပွဲလုပ်ပြီးပြန်လာတဲ့ မြန်မာဖက်ကကားတစီး ဒီလမ်းပေါ်တိမ်းမှောက်ခဲ့ပါတယ်။ အစိုး ရအရာရှိတဦး သေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီလမ်းနဲ့နယ်စပ်ဂိတ်ဟာ အလုပ်ဖြစ်ရုံဖွင့်ထားရုံနဲ့မပြီး။ ဒေသ တွင်းကလမ်းတွေရဲ့စံချိန်စံညွှန်းတွေ၊ နိုင်ငံတကစံချိန်စံညွှန်းတွေမှီအောင် ဆက်လုပ်ဖို့လိုနေသေးတယ် ဆိုတာကို အချက်ပေးလိုက်တာဖြစ်ပါတယ်။ အလားတူ ရှေ့မှာတင်ပြခဲ့တဲ့ ၆ လအတွင်း တိုးတက်မှု တွေကိုလဲ ဒီထက်မကတိုးတက်လာအောင် ဒေသခံတွေအားလုံး ၀ိုင်းဝန်းကြိုးပန်းသွားဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။    ။
.................................

Share

Twitter Delicious Facebook Digg Stumbleupon Favorites More